ကင်ဆာရောဂါများ

ကင်ဆာကို သိရှိနိုင်စေမယ့် နည်းလမ်းတွေက အများကြီးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်လည်း မတူနိုင်ပါဘူး။ လူတိုင်း အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတိုင်း ကင်ဆာ ဖြစ်စေနိုင်တဲ့ အရာတွေ၊ ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ၊ လက္ခဏာတွေ၊ စစ်ဆေး အဖြေရှာနည်းတွေ၊ ကုထုံးတွေ၊ ကာကွယ်နည်းတွေကို သိထားဖို့ လိုပါမယ်။ အဆိုပါ အကြောင်းအရာတွေအားလုံးကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကင်ဆာရောဂါများ

ခုခံအားကုထုံး နဲ့ပတ်သက်ပြီး သင်ဘာတွေ သိထားသင့်သလဲ။

ခုခံအားကုထုံး ဆိုတာ ကင်ဆာကုထုံးတစ်ခုပါ။ ဆေးပညာတွေ အဆင့်မြင့်လာတာနဲ့အမျှ ကင်ဆာရောဂါကို ကုသရာမှာ အစွမ်းထက်ပြီး လူနာကို ထိခိုက်မှု နည်းစေတဲ့ ကုထုံးတွေကို ရှာဖွေလာကြပါတယ်။ ဒီထဲမှာ ခုခံအား ကုထုံးလည်း ပါဝင်ပါတယ်။ ခုခံအားကုထုံး ဆိုတာ ခုခံအားကုထုံးဆိုတာ လူနာရဲ့ ကိုယ်ပိုင် ခုခံအားကို သုံးပြီး ကင်ဆာဆဲလ်တွေကို တိုက်ခိုက်စေတာပဲ ဖြစ်ပါတယ်။ ခုခံအားကုထုံးကို ပေးလိုက်တာက လူနာရဲ့ ခုခံအားစနစ်ကို မြှင့်တင် ဒါမှမဟုတ် အပြောင်းအလဲဖြစ်စေတဲ့အတွက် ကင်ဆာဆဲလ်တွေကို ပိုပြီး တိုက်ခိုက်စေနိုင်ပါတယ်။ ခုခံအားကုထုံးက ဘယ်လိုအလုပ်လုပ်သလဲ။ ခုခံအားက ပုံမှန်ဆိုရင် ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကို တိုက်ခိုက်ဖျက်ဆီးပေးပါတယ်။ ဒီလိုဖျက်ဆီးခံရတဲ့ အထဲမှာ ပုံမှန်အတိုင်း မဟုတ်ဘဲ ပွားနေတဲ့ ကင်ဆာဆဲလ်တွေလည်း ပါပါတယ်။ ခုခံအားက ကင်ဆာဆဲလ်တွေကို တိုက်ခိုက်တဲ့အခါ ခုခံအားဆဲလ်တွေကို ကင်ဆာကျိတ်ရဲ့ အထဲ […]

ကင်ဆာရောဂါများ ကို ရှာဖွေမည်။

ရင်သားကင်ဆာ

ရင်သားကင်ဆာခွဲစိတ်မှု ရွေးချယ်စရာနည်းလမ်းများ

ရင်သားကင်ဆာကို များသောအားဖြင့် ခွဲစိတ်ကုသလေ့ရှိပြီး ခွဲစိတ်ကုသနည်းပေါင်းများစွာ ရှိပါတယ်။ အသင့်လျော်ဆုံး ခွဲစိတ်မှုကို ရရှိဖို့ အချက်အလက်တွေ အတော်များများကို ထည့်သွင်း စဉ်းစားသင့်ပါတယ်။ ရင်သားကင်ဆာကို စောစောတွေ့ရှိရင် များသောအားဖြင့် ခွဲစိတ်ကုသကြပါတယ်။ ဘယ်လို ခွဲစိတ်မှုမျိုးကြုံရမလဲဆိုတာတော့ အချက်အလက်တွေ အတော်များများပေါ် မူတည်ပါတယ်။ အဓိက အချက်နှစ်ချက်ကတော့ ကင်ဆာရဲ့ အရွယ်အစားနဲ့ ပြန်ရည်ကျိတ်တွေ၊ အခြားနေရာတွေကို ပြန့်သွားပြီလားဆိုတာပဲ ဖြစ်ပါတယ်။ သင့်ရင်သားအရွယ်အစားနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကိုလည်း ကုသမှု စီစဉ်ခြင်းမှာ ထည့်သွင်း စဉ်းစားသင့်ပါတယ်။ ခွဲစိတ်ကုသမှု နှစ်မျိုး ရှိပါတယ်။ ကင်ဆာ တစ်ရှူးတွေကို ဖယ်ထုတ်မယ့် ခွဲစိတ်မှုနဲ့ ကင်ဆာဟာ ပြန်ရည်ကျိတ်တွေကို ပြန့်သွားပြီလားဆိုတာကို ဆုံးဖြတ်မယ့် ခွဲစိတ်မှု ဆိုပြီး ရှိပါတယ်။ တကယ်လို့ ခွဲစိတ်အထူးကု ဆရာဝန်က သင့်ပြန်ရည်ကျိတ်တွေထဲမှာ ကင်ဆာတွေ့ခဲ့ရင် သူတို့ကိုပါ တစ်ခါတည်း ထုတ်မှာ […]


ရင်သားကင်ဆာ

ရင်သားကင်ဆာ လက္ခဏာများ

ကင်ဆာဟာ ကမ္ဘာပေါ်မှာ အဖြစ်အများဆုံးရောဂါတစ်ခု ဖြစ်ပါတယ်။ အခြားကင်ဆာတွေနဲ့ ယှဉ်ရင် ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ကင်ဆာတစ်ခုဖြစ်ပါတယ်။ ရင်သားကင်ဆာရောဂါကို စောစီးစွာတွေ့ရှိမယ်ဆိုရင် ကုသပျောက်ကင်းနိုင်ဖို့က ၉၀ ရာခိုင်နှုန်း ရှိပါတယ်။ ဒါကြောင့် ရင်သားကင်ဆာ လက္ခဏာတွေကို စောစီးစွာတွေ့ရှိနိုင်ဖို့ဟာ အလွန်အရေးကြီးပါတယ်။     ရင်သား (သို့) ရင်ဘတ် နာကျင်ခြင်း ရင်သားနာကျင်ခြင်းဟာ ရင်သားကင်ဆာနဲ့ ဆက်စပ်မှု ရှိနိုင်ပါတယ်။ အချို့လူနာတွေမှာ ပျော့ပြောင်းတဲ့ ဓါတ်လိုက်မှု တစ်ခုလိုမျိုးကို ဘယ်ဘက်ကနေ ဘာဘက်အထိ ဖြတ်သွားသလို ခံစားရနိုင်ပါတယ်။ အသက် ၅၀ အထက် အမျိုးသမီးတွေမှာ နာကျင်မှုရှိရင် ရင်သားကင်ဆာကို စစ်ဆေးသင့်ပါတယ်။ ရင်သားကင်ဆာ နာကျင်မှု ရောဂါလက္ခဏာတွေဟာ သွေးဆုံးပြီးသူတွေမှာ အဖြစ်နည်းတတ်ပါတယ်။ သူဟာ ကင်ဆာဖြစ်စေတဲ့ အကြောင်းရင်းတွေ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ရင်သားအကျိတ် ရင်သားကို စက်ဝိုင်းပုံစံ လှည့်လည်ပြီး စမ်းကြည့်မယ်ဆိုရင် အကျိတ်တွေကို မြင်ရနိုင်ပြီး များသောအားဖြင့် […]


ရင်သားကင်ဆာ

ရင်သားကင်ဆာခွဲစိတ်ဆရာဝန်ကို မေးရမည့် မေးခွန်း(၁၀)မျိုး

ရင်သားကင်ဆာခွဲစိတ်မှုသည် စိုးရိမ်ရသောလုပ်ဆောင်မှုတစ်ခုဖြစ်ကာ ကျွမ်းကျင်သည့် ဆရာဝန်နှင့် လေးလေးနက်နက်ဆွေးနွေးဖို့ လိုပါသည်။ မခွဲစိတ်ခင် သင့်ဆရာဝန်နှင့် လေးလေးနက်နက်ဆွေးနွေးရန် အနည်းဆုံး၁ခေါက်လောက် ချိန်းဆိုသင့်သည်။ သို့သော်တွေ့ရှိရချိန်သည် တိုတောင်းနိုင်ပါသည်။ သင့်အတွက် အကောင်းဆုံးဖြစ်နေရန် အပြည့်အဝပြင်ဆင်ပြီးမှလာဖို့အရေးကြီးသည်။ အကယ်၍သင်သည် ဘာမေးရမည်ကိုမသေချာလျှင် သင့်ပိုက်ဆံအိတ်ထဲ ထည့်ထားရမည့်မေးခွန်း၁၀ခုမှာ အောက်ပါအတိုင်းဖြစ်သည်။ ၁။ ဘာကြောင့်ခွဲစိတ်ဆရာဝန်က ဒီလုပ်ဆောင်ချက်ကို ထောက်ခံတာလဲ။ ပထမဆုံးသင့်ဆီမှာ ဆရာဝန်တစ်ယောက် ရှိနေရခြင်းမှာ ကျွမ်းကျင်သူ၏ အကြံပြုချက်ကို သင်လိုအပ်သောကြောင့်ဖြစ်သည်။ သို့သော် အကြံပြုချက်၏ အကြောင်းရင်းများသည်လည်း သူတို့ဘာကို အကြံပြုသလဲဆိုသည်နှင့် အတူတူ အရေးကြီးပါသည်။ ၂။ သင့်အတွက် ရွေးချယ်နိုင်သည့် နည်းလမ်းတွေက ဘာတွေလဲ။ သင့်အခြေအနေပေါ်မူတည်၍ သင့်ကို ကုသရမည့်လမ်းညွှန်ချက်များ ပေးပါလိမ့်မည်။ သင့်အနေနှင့် သင့်တော်သည့် ဆုံးဖြတ်ချက်ပြုလုပ်နိုင်ရန် ရွေးချယ်နိုင်သည့် အခွင့်အလမ်းအားလုံးကို သိရှိထားရန်လိုအပ်ပါသည်။ ၃။ နည်းလမ်းများ၏ ကောင်းကျိုးများနှင့် ဆိုးကျိုးများက ဘာတွေလဲ။ ကင်ဆာဖြစ်လျှင် မည်သည့်ကုသမှုမဆို ဆိုးကျိုးများရှိပါသည်။ ထိုဆိုးကျိုးများကို သိထားခြင်းအားဖြင့် […]


ရင်သားကင်ဆာ

ကိုယ်ဝန်ဆောင်စဉ် ရင်သားကင်ဆာဟုသိရှိပြီးနောက် သင့်ခင်ပွန်းသည်(သို့) ဘဝလက်တွဲဖော်ကို ဖွင့်ပါပြာရန် အကြံပြုချက် ၈မျိုး

ကိုယ်ဝန်ဆောင်စဉ် ရင်သားကင်ဆာဟုသိရှိပြီးနောက် သင့်ခင်ပွန်းသည်(သို့) ဘဝလက်တွဲဖော်ကို ပြောပြရန် အကြံပြုချက် ၈မျိုး   ရင်သားကင်ဆာသည် သင့်ဘဝကိုခြိမ်းခြောက်ရုံသာမက သင့်ကိုစောင့်ရှောက်သူ အထူးသဖြင့် ခင်ပွန်းသည်ပေါ်တွင် စိတ်ပိုင်းဆိုင်ရာထိခိုက်မှု ဖြစ်စေပါသည်။ အကယ်၍ အသက်အန္တရာယ် ခြိမ်းခြောက်သည့် ဤရောဂါကို ကိုယ်ဝန်ဆောင်စဉ်သိရှိပါက သင်နှင့် သင့်ဘဝလက်တွဲဖော်တွင် ရောဂါကို အတူတကွ ဘယ်လိုအနိုင်ယူမလဲဆိုသည့် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုရှိရမည်။ ကိုယ်ဝန်ဆောင်စဉ်ဖြစ်သည့် ရင်သားကင်ဆာကို သင့်လက်တွဲဖော်နှင့် ကိုင်တွယ်ရန် အောက်ပါအကြံပြုချက် ၈မျိုးက ကူညီပေးနိုင်ပါသည်။ ၁။ ဖြစ်နိုင်လျှင် လက်တွဲဖော်ကို သင်နှင့် အတူ ဆေးပညာတွေ့ဆုံမှုတွင် လာနိုင်အောင် တောင်းဆိုပါ။ သို့မှသာ သင့်ခင်ပွန်းသည် ရောဂါအကြောင်းနားလည်ရန် အခွင့်အရေးရနိုင်မည်ဖြစ်သည်။ ဆက်လက်ပြီး ကုသမှုနည်းလမ်းများနှင့် သင်ခံစားရမည့်ဆိုးကျိုးများကိုသိရှိကာ ကောင်းကောင်းပြင်ဆင်နိုင်မည်။ ထို့ပြင် ကျန်းမာရေးစောင့်ရှောက်သူက ဘာပြောသည်ကို ထပ်၍ရှင်းပြစရာ မလိုသည့်အပြင် သူတို့သောကကို ဆရာဝန်ထံတိုက်ရိုက်မေးမြန်းနိုင်ပါသည်။ ၂။ လိင်ကိစ္စတွင် အပြောင်းအလဲများကို ပြင်ဆင်ခြင်သည်လည်း သင့်လက်တွဲဖော်နှင့် […]


ရင်သားကင်ဆာ

ရင်သားကင်ဆာအတွက် အစားအစာပြောင်းလဲရွေးချယ်မှုများ

လေ့လာမှုများစွာအရ နေ့စဉ်စားသုံးနေကျ အစားအစာများသည် ကမ္ဘာတစ်ဝှမ်းရှိ ကင်ဆာဖြစ်စေသောအကြောင်း၏ တစ်ဝက်နီးပါးနှင့် သက်ဆိုင်ပါသည်။ ထို့ကြောင့် ရင်သားကင်ဆာရှိသူများတွင် ကင်ဆာပြန်ဖြစ်နှုန်းလျှော့ချနိုင်သည့် မျှော်လင့်ချက်များနှင့် အောက်ပါအစားသောက်ပုံစံများကို ပြောင်းပေးသင့်သည်။ ပြောင်းလဲသင့်သော အစာအာဟာရများဆိုသည်မှာ စားသောက်ခြင်းနှင့် အချို့အစားအစာများကို ရှောင်ရှားခြင်းဟု အများကသိကြသည်။ သို့သော်ဤအာဟာရမှကင်ဆာနှုန်းလျှော့ချပေးမပေးမှာ သေချာမသိနိုင်ကြသေးပါ။ ရင်သားကင်ဆာလူနာအတွက် အစားထိုရမည့်အာဟာရအနေဖြင့် ဟင်းသီးဟင်းရွက်များမှာ အဓိကဖြစ်သည်။ ၎င်းတွင် အစေ့အဆံ၊ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ နှံစားပြောင်း၊ ပင်ပျော့၊ ဟင်းခတ်အမွှေးအကြိုင်တို့ ပါဝင်သည်။ လူနာများသည် အသားနှင့် နို့ထွက်ပစ္စည်းများကို စားနိုင်သော်လည်း အကန့်အသတ်ဖြင့်သာ စားသင့်သည်။ အောက်တွင် ရင်သားကင်ဆာလူနာများအတွက် ကျန်းမာရေးကောင်းမွန်စေသည့် အစားထိုးအာဟာရ၂မျိုးရှိသည်။ နို့ထွက်ပစ္စည်းများကို ရှောင်ရှားခြင်း ရင်သားကင်ဆာဟု သိရှိပြီးနောက် လူအချို့တွင် နို့ထွက်ပစ္စည်များကို ဖြတ်ခြင်းအားဖြင့် အစာအာဟာရပြောင်းလဲခြင်းကို ချက်ချင်းစကြသည်။ နို့ထွက်ပစ္စည်းများစားသုံခြင်းမှ ရှောင်ကြဉ်ခြင်းသည် ကင်ဆာဖြစ်နိုင်ချေကို လျှော့ချပေးသည်ဟု ယုံကြည်ကြသည်။ သူတို့၏ […]


ရင်သားကင်ဆာ

ရင်သားကင်ဆာကာကွယ်ဖို့ ရင်သားနှစ်ဖက်လုံးကို ကြိုတင်ခွဲစိတ်ဖြတ်ခြင်း

ရင်သားကင်ဆာကိုရှောင်ကြဉ်ရန် ရင်သား၂ဖက်လုံးကို ဖယ်ရှားသည့် လုပ်ဆောင်ချက်ကို ကြိုတင်၍ ရင်သားဖြတ်ခြင်း(mastectomy) ဟုခေါ်ပါသည်။ ရင်သားကင်ဆာဖြစ်နှုန်းမြင့်သည့် အမျိုးသမီးအချို့သည် နောင်ဖြစ်မည့် ရောဂါကိုရှောင်ကြဉ်ရန် ရည်ရွယ်ချက်ဖြင့် ဤခက်ခဲသည့် ဆုံးဖြတ်ချက်ကို ပြုလုပ်ကြသည်။ ကြိုတင်ကာကွယ်၍ ရင်သားဖြတ်ခြင်းတွင် ရင်သားကင်ဆာဖြစ်လာနိုင်သည့် ရင်သားရှိကင်ဆာတစ်ရှူးအားလုံးကိုဖယ်ရှားခြင်းဖြစ်သည်။ ကြိုတင်ကာကွယ်၍ ရင်သားဖြတ်ခြင်းဆိုသည်မှာဘာလဲ။ ရင်သားကင်ဆာဖြစ်နှုန်းမြင့်သူများသည် ရင်သားတစ်ဖက်(သို့) ၂ဖက်လုံးကို ဖြတ်ခြင်းပြုလုပ်ရမည်။ ရင်သားကင်ဆာ မိသားစုရာဇဝင်ရှိသည့် အမျိုးသမီးများတွင် ကြိုတင်ရင်သားဖြတ်ထုတ်ခြင်းကရင်သားကင်ဆာဖြစ်နှုန်းကို ၉၀ရာခိုင်နှုန်းထိလျှော့ချနိုင်သည်။ သိပ္ပံသုတေသနနည်းအရ BRCA1 (သို့) BRCA2 ချို့ယွင်းဗီဇကိုသယ်ဆောင်ထားသည့် အမျိုးသမီးများတွင် ရင်သားကိုဖယ်ထုတ်ပြီးနောက် ၉၅ရာခိုင်နှုန်းထိအသက်ရှင်နှုန်းမြင့်လာသည်ကိုတွေ့ရသည်။ ရင်သားကင်ဆာဖြစ်နှုန်းလျှော့ချရန် ကြိုတင်၍ ရင်သားဖြတ်သင့်သလား။ အသက်အရွယ်ကြီးမှုနှင့် လိင်အမျိုးအစားကအမျိုးသမီးများတွင် ရင်သားကင်ဆာဖြစ်နှုန်းမြင့်စေသည် ဖြစ်သည်။ အခြားဖြစ်နိုင်သည့် အချက်များရှိသော်လည်းအောက်ပါအချက်များကိုစဉ်းစားသင့်ပါသည်။ ရင်သားကင်ဆာရာဇဝင်ရှိသည့် မိသားစုရှိခြင်း။ သင့်တွင် ရင်သားကင်ဆာဖြစ်ဖူးသည့် ဆွေမျိုးတစ်ယောက်နှင့် အထက်ရှိပါက ဖြစ်နှုန်းပိုမြင့်ပါသည်။ ရင်သားတစ်ဘက်တွင် ကင်ဆာရှိခဲ့ခြင်း။ ကင်ဆာမဖြစ်သည့် ရင်သားကိုကင်ဆာဆဲလ်ရှိသည့် ရင်သားနှင့် […]


ရင်သားကင်ဆာ

ရင်သားကင်ဆာခံစားနေရသော လူနာ၏ လက်တွဲဖော် အနေနဲ ဘယ်လိုကူညီပေးနိုင်မလဲ

ရင်သားကင်ဆာ ဖြစ်နေပြီဆိုတဲ့ အဖြစ်အပျက်ဟာ သင့်ချစ်သူအတွက် ကြောက်မယ်ဖွယ်ကောင်းတဲ့ အတွေ့အကြုံဖြစ်နိုင်ပါတယ်။ သူမရဲ့ ချစ်သူဖြစ်တဲ့အလျောက် သင့်မှာလဲ အခက်အခဲတွေ ရင်ဆိုင်ရနိုင်ပါတယ်။ သူမကို အားပေးဖို့၊ သင်တို့ဆက်ဆံမှုကို ကာကွယ်ဖို့နဲ့ သင့်ကိုယ်ပိုင် ခံစားချက်တွေကို ဖုံးကွယ်ဖို့ အတွက် သင်ဟာ သန်စွမ်းဖို့လိုပါတယ်။ အောက်ဖေါ်ပြပါ အချက်တွေကတော့ သင့်အမျိုးသမီးကို ဘယ်လို ကူညီပေးမလဲဆိုတာတွေ ဖြစ်ပါတယ်။ ၁။ သူမအတွက် အဆင်သင့်ရှိပါစေ။ ချစ်တယ်ဆိုတဲ့ စကားလေးနဲ့ပဲ ဟာ ဒီအချိန်မှာ မလုံလောက်တော့ပါဘူး။ ဆရာဝန်နဲ့ ပြသဖို့ အလုပ်မှာ ခွင့်တွေ စယူသင့်ပါပြီ။ ရင်သားကင်ဆာဟာ ကြောက်စရာ ကောင်းတာကြောင့် သူမကို တစ်ယောက်တည်း ရင်မဆိုင်စေသင့်ပါဘူး။ ဆရာဝန်ဆီကို သူမနဲ့ အတူသွားခြင်းဟာ သူမကို ချစ်ကြောင်းပြရုံတင်သာမက သူမရဲ့ အခြေအနေတွေကိုလည်း သိရှိရမှာဖြစ်ပါတယ်။ သင်တစ်ခုခု နားမလည်ရင်လည်း ဆရာဝန်ကို […]


ရင်သားကင်ဆာ

ရင်သားကင်ဆာ အသားစယူခြင်း အကြောင်းသိကောင်းစရာ

ရင်သား အသားစယူတယ်ဆိုတာ ဘာလဲ။ ရင်သား အသားစယူခြင်းဟာ ရိုးရှင်းတဲ့ ကျန်းမာရေးဆောင်ရွက်မှု တစ်ခုဖြစ်ပြီး ရင်သားတစ်ရှူး တစ်စိတ်တစ်ပိုင်းကို ဖြတ်ထုတ်ပြီး ဓါတ်ခွဲခန်းမှာ စစ်ဆေးခြင်း ဖြစ်ပါတယ်။ Mayo Clinic အရ ရင်သားအသားစယူမှုဟာ သံသယဖြစ်ဖွယ် အကျိတ်တွေက ကင်ဆာ ဖြစ်မဖြစ်ဖေါ်ပြဖို့ အကောင်းဆုံး စစ်ဆေးမှု ဖြစ်တယ်လို့ ဆိုပါတယ်။ ရင်သားအကျိတ်တွေဟာ အမြဲတမ်းကင်ဆာ မဟုတ်ပါဘူး။ ရင်သားအကျိတ်တွေ ဖြစ်ပေါ်စေတဲ့ အခြေအနေတွေ အများကြီး ရှိပါသေးတယ်။ ရင်သားအသားစယူခြင်းဟာ ရင်သားအကျိတ်က ကင်ဆာလား ရိုးရိုးလားဆိုတာ သိရှိဖို့ ကူညီပေးမှာပါ။ ရင်သားအသားစ ယူခြင်းကို ဘာလို့ ဆောင်ရွက်ကြတာလဲ။ ရင်သားအသားစယူခြင်းကို များသောအားဖြင့် ရင်သားအကျိတ်ကို စစ်ဆေးဖို့ အသုံးပြုကြပါတယ်။ Mayo clinic အရ ရင်သားအကျိတ်တွေဟာ ငါးယောက်မှာ တစ်ယောက်က ကင်ဆာဖြစ်နိုင်တာကြောင့် ကြောက်စရာကောင်းပါတယ်။ ဒါကြောင့် ရင်သားအသားစ ယူခြင်းဟာ […]


ရင်သားကင်ဆာ

ရင်သားကင်ဆာ မျိုးရိုးဗီဇ စစ်ဆေးခြင်း

ရင်သားကင်ဆာ မျိုးရိုးဗီဇ စစ်ဆေးခြင်း ဆိုတာဘာလဲ။ BRCA မျိုးရိုးဗီဇ စစ်ဆေးခြင်းဟာ ပုံမှန်ဆဲလ် ဖွံ့ဖြိုးမှုကို ထိန်းချုပ်ပေးတဲ့ မျိုးရိုးဗီဇများ သန္ဓေပြောင်းခြင်း ရှိမရှိကို လေ့လာတဲ့ သွေးစစ်ဆေးမှု တစ်ခုဖြစ်ပါတယ်။ ဒီ မျိုးရိုးဗီဇ တွေဖြစ်တဲ့ BRCA 1 နဲ့ BRCA 2 တို့မှာ ရင်သားကင်ဆာနဲ့ သားဥအိမ်ကင်ဆာအတွက် ပြောင်းလဲမှုကို ရှာဖွေတာဖြစ်ပါတယ်။ BRCA မျိုးရိုးဗီဇစစ်ဆေးမှု ဟာ လူတိုင်းကို စစ်ဆေးခြင်းမဟုတ်ဘဲ မိသားစုထဲမှာ ကင်ဆာရာဇဝင်ရှိပြီးသား လူတွေကို သာ စစ်ဆေးခြင်း ဖြစ်ပါတယ်။ မစစ်ဆေးခင်နဲ့ စစ်ဆေးအပြီးမှာ မျိုးရိုးဗီဇဆိုင်ရာဆွေးနွေးအကြံပေးခြင်းဟာ ကောင်းကျိုး၊ ဆိုးကျိုးနဲ့ စစ်ဆေးမှု အဖြေတွေကို ကောင်းစွာ သဘောပေါက် နားလည်စေနိုင်တာကြောင့် အလွန် အရေးကြီးပါတယ်။ အမျိုးသမီးတစ်ယောက်မှာ BRCA 1 နဲ့ BRCA 2 […]


ရင်သားကင်ဆာ

ရင်သားကင်ဆာနှင့်ဟော်မုန်းကုထုံး

သွေးဟော်မုန်းတွေ သက်ရောက်မှုပေါ်မူတည်ပြီး ရင်သားကင်ဆာ အမျိုးအစား အများကြီးရှိပါတယ်။ ဒီရင်သားကင်ဆာ အမျိုးအစားတွေကို ကုသဖို့ ဆရာဝန်က သင့်ကို ဟော်မုန်းကုသမှု ယူစေပါလိမ့်မယ်။ ဒါဟာ ရင်သားက ဆဲလ်တွေကိုသာမ က တစ်ကိုယ်လုံးမှာရှိတဲ့ ကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေကိုပါ သက်ရောက်တဲ့ ကုသမှု ဖြစ်ပါတယ်။ ဟော်မုန်း ကုသမှုဟာ ဟော်မုန်း receptor ရှိတဲ့ ရင်သားကင်ဆာ အမျိုးသမီးတွေအတွက်ပဲ အသုံးဝင်တာဖြစ်ပါတယ်။   ဟော်မုန်းကုသမှုဆိုတာ ဘာကို ဆိုလိုတာလဲ။ ဟော်မုန်း ထုတ်လုပ်မှု စွမ်းအင်ကို ပိတ်ဆို့ပြီး ကိုယ်ခန္ဓါပေါ်မှာ သက်ရောက်တဲ့ ဟော်မုန်းတွေရဲ့ အာနိသင်ကို တားမြစ်ခြင်းကြောင့် ဟော်မုန်းကုသမှုဟာ ဟော်မုန်းကြောင့် ဖြစ်စေတဲ့ အကျိတ်တွေ ကြီးထွားမှုကို ရပ်တန့်စေ (သို့) လျော့ကျစေပါတယ်။ ဟော်မုန်းကြောင့် ဖြစ်တဲ့ (သို့) ဟော်မုန်းကို တုန့်ပြန်ခြင်းမရှိတဲ့ အကျိတ်တွေကို ဒီနည်းနဲ့ ကုသလို့ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်