ဦးနှောက်နဲ့အာရုံကြော ကျန်းမာစေဖို့ မွေးမြူသင့်တဲ့ အလေ့အထများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 13, 2020 . 2 mins read
Share now

ကျန်းမာတဲ့ အလေ့အထလေးတွေကို မွေးမြူတာက နှလုံး ကျန်းမာစေသလို ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အထကို မွေးမြူပေးတာက လေဖြတ်တာ၊ အမျိုးစား (၂) ဆီးချိုရောဂါ နဲ့ Alzheimer’s ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးရာ ရောက်ပါတယ်။ အာရုံကြောစနစ်ကို ကျန်းမာစေပြီး ပျော်ရွှင်စရာကောင်းတဲ့ အမှတ်တရတွေကို မှတ်မိနေနိုင်မှာ ဖြစ်သလို ဆုံးဖြတ်ချက်တွေကိုလည်း အကောင်းဆုံး ချမှတ်နိုင်မှာ ဖြစ်ပါတယ်။

ဦးနှောက်က အရွယ်ရောက်ပြီးသူ ကိုယ်အလေးချိန်ရဲ့ ၂ ရာခိုင်နှုန်းသာရှိပေမယ့် ခန္ဓာကိုယ်က ထုတ်လုပ်တဲ့ စွမ်းအင်ရဲ့ ၂၀ ရာခိုင်နှုန်းကို အသုံးပြု ရပါတယ်။ စွမ်းအင် မလုံလောက်တဲ့အခါ မှတ်ဉာဏ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ ခြေကုန်လက်ပမ်း ကျတာ အပါအဝင်၊ အာရုံစူးစိုက်မှုဆိုင်ရာ အခက်အခဲရှိတာမျိုးတွေ ခံစားရနိုင်ပါတယ်။

ဒီတော့ အာရုံကြောစနစ် ကျန်းမာစေဖို့အတွက် မွေးမြူသင့်တဲ့ အလေ့အထလေးတွေကို ပြောပြပေးပါရစေ။

အာရုံကြော စနစ် ကျန်းမာစေဖို့ မွေးမြူသင့်တဲ့ အလေ့အထ အချို့

အာရုံကြောစနစ် ကျန်းမာနေစေဖို့ဆိုရင်

အာဟာရ မျှတအောင် စားသုံးပါ

အာရုံကြောစနစ် ကျန်းမာစေဖို့အတွက် အာဟာရ သင့်တင့်မျှတမှုက တော်တော်လေး အရေးပါ ပါတယ်။ ဒါကြောင့် တစ်နေ့တာမှာ

ဆား၊ အငန်စာ၊ အချိုစာ၊ သကြား၊ အယ်လ်ကိုဟောတို့ကို လျှော့ပါ။

အိပ်ရေး ဝဝအိပ်ပါ

ညတိုင်းမှာ လုံလောက်တဲ့ အိပ်စက်ချိန် ရရှိစေဖို့ သတိပြုပါ။ အိပ်ရေး မဝတာက အာရုံစူးစိုက်မှု၊ မှတ်ဉာဏ်၊ စိတ်ခံစားမှုတွေ အပေါ်မှာ သက်ရောက်မှု ရှိပါတယ်။ အိပ်ရေးပျက်တာ နည်းတူ အရမ်း အိပ်လွန်းတာကလည်း ပင်ပန်းတယ်လို့ ခံစားရစေနိုင်ပါတယ်။ မပိုမလိုဘဲ ပြည့်ဝတဲ့ အိပ်စက်ချိန် ရှိစေဖို့ သတိပြုပါ။

လေ့ကျင့်ခန်း လုပ်ပါ

လေ့ကျင့်ခန်း လုပ်တာက ခန္ဓာကိုယ်ကို ကျန်းမာစေသလို ဦးနှောက်ထဲကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေတာကြောင့် ဦးနှောက်ကိုလည်း ကျန်းမာစေပါတယ်။လေ့ကျင့်ခန်းလုပ်တာက တက်ကြွလန်းဆန်းစေပြီး စိတ်ခံစားမှုကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။

ဦးနှောက်ကို အလုပ်ပေးပါ

အသစ်အသစ်သော အရာတွေကို သင်ယူပြီး ဦးနှောက်ကို အလုပ်ပေးပါ။ ဒါက အာရုံကြောစနစ်ကို ကျန်းမာစေဖို့ တော်တော်လေး အထောက်အကူပြုနိုင်ပါတယ်။

စိတ်အပြောင်းအလဲ ဖြစ်စေဖို့ ဝါသနာပါရာ အလုပ်လေးတွေဖြစ်တဲ့ ပန်းထိုးတာ၊ လက်မှု အနုပညာ တစ်ခုခု ဖန်တီးတာ အပြင် သီချင်းနားထောင်တာ၊ ဉာဏ်စမ်း ဖြေတာတွေ လုပ်ကြည့်ပါ။

အနားပေးပါ

နေမကောင်းဖြစ်နေတဲ့အခါမျိုး စိတ်တအားတိုနေတဲ့ အခါမျိုးမှာ အတင်း မတွေးပါနဲ့။ အနားပေးပါ။ ခန္ဓာကိုယ် အနားယူဖို့ လိုသလို စိတ်လေးကိုလည်း အနားပေးဖို့ လိုပါမယ်။ ဒါကြောင့် အရမ်း ပင်ပန်းနေတဲ့ အခါမျိုးမှာ ဦးနှောက်ကို အနားပေးဖို့ မမေ့ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကြောက်စိတ်တွေ များနေတယ် ဆိုရင် ဒါတွေ မစားပါနဲ့။

ကြောက်စိတ်တွေ များနေတယ် ဆိုတာကို ကိုယ်တိုင်တောင် မသိလိုက်ဘဲ ခံစားနေရနိုင်ပါတယ်။ ဒီအခြေအနေတွေကိူ အကောင်းဆုံး ကျော်လွှားဖို့ ဆိုရင်.....

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကြောက်ရွံ့နေတာတွေ ကို သက်သာစေမယ့် အစားအသောက်များ

ကြောက်ရွံ့နေတာတွေ ကို သက်သာစေဖို့ အစားအစာလေးတွေ စားပေးလို့ ရတယ်ဆိုတာကို သိပြီးပြီလား...... ကြောက်ရွံ့တာကို သက်သာစေမယ့် အစားအစာတွေက ဘာတွေ ဖြစ်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

သက်လုံ လို့ဆိုလိုက်ရင် အားကစားသမားတွေနဲ့ပဲ ဆိုင်တယ်လို့ ပြေးမြင်ကြပါတယ်။ သက်လုံကောင်းမှ နေ့စဉ်ဘဝမှာ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်နိုင်မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ

ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 10, 2021 . 2 mins read
မုယော ရဲ့ကျန်းမာရေး အာနိသင်

မုယော ရဲ့ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
home-remedies-for-eye-allergies မျက်လုံး ဓာတ်မတည့်မှု

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read
sleep-benefits-health ပင်ပန်းလာရင် အိပ်

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 1, 2021 . 2 mins read