ဦးနှောက်အာရုံကြောကျန်းမာရေး

ဦးနှောက်နဲ့ အာရုံကြောစနစ်မှာ ဦးနှောက်၊ အာရုံကြောမကြီးနဲ့ အာရုံကြောပေါင်း မြောက်မြားစွာပါဝင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ထားပါတယ်။ အာရုံကြောရောဂါတွေ ဖြစ်တဲ့ အတက်ရောဂါ၊ ဦးနှောက်သွေးကြောဖောင်းတာ၊ ဦးနှောက်အကျိတ်တွေကြောင့် ဒီစနစ်ကြီးထိခိုက်သွားနိုင်ပါတယ်။ ဒီစာမျက်နှာမှာ ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေ၊ ကုသနည်းတွေနဲ့ ကာကွယ်နည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဦးနှောက်အာရုံကြောကျန်းမာရေး

မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား!

မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား ။ မနက်ခင်းတိုင်းကို ခေါင်းကိုက်ရင်း နိုးထနေရပြီဆိုရင်တော့ တစ်ခုခုတော့ မှားယွင်းနေပြီလို့ ပြောချင်ပါတယ်။ မနက်ခင်းတိုင်းမှာ ဘာကြောင့် ခေါင်းကိုက်ရင်း နိုးထနေရတာလလဲဆိုတာကို ဆောင်းပါးလေးထဲမှာ အတူတူ အဖြေရှာကြည့်လိုက်ရအောင်နော်။ မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား ဘာကြောင့်များ ဖြစ်မလဲ။ မနက်ခင်းတိုင်းမှာ ခေါင်းကိုက်တာကို ခံစားရသူကတော်တော်များများတော့ ရှိပါတယ်။ တကယ်ကတော့ မနက်ခင်းတိုင်းမှာ ခေါင်းကိုက်ရတာဟာ နေ့စဉ်ဘဝမှာ နေထိုင်မှုပုံစံတွေကြောင့်အပြင် အိပ်စက်မှုပုံစံ မမှန်တာကြောင့် အဖြစ်များပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာတော့ မနက်ခင်းတိုင်းမှာ ခေါင်းကိုက်ရတာဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ https://youtu.be/UCIuNfTM1ZA ကဲ ..... ဒီတော့ ကိုယ်တိုင်ရော မနက်ခင်းတိုင်းမှာ ခေါင်းကိုက်ကိုက်နေရတာဟာ ဘာကြောင့်လဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ အိပ်ရေးမဝတာ အိပ်ရာနိုးလာချိန်မှာ ခေါင်းကိုက်တယ်လို့ ခံစားရတာက အိပ်ရေးပျက်တာကြောင့်ဖြစ်နိုင်ပါတယ်။ ညဘက်မှာ အိပ်ရာဝင်နောက်ကျတာ၊ ကောင်းကောင်း […]

ဦးနှောက်အာရုံကြောကျန်းမာရေး ကို ရှာဖွေမည်။

လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

လူငယ်တွေ ဦးနှောက်သွေးကြောပေါက် နိုင်သလား

အသက်လေး ငယ်ငယ်လေးနဲ့ လေဖြတ်သွားတယ်။ ဟိုကလေးမလေးပေါ့ ဟိုနေ့က ဦးနှောက်သွေးကြောပေါက် ပြီးဆုံးသွားတာ စသဖြင့် ပတ်ဝန်းကျင်မှာ ပြောတာကို ကြားဖူးပါသလား။ ကိုယ်က သွေးကြောပေါက်တာ၊ လေဖြတ်တာတွေက လူကြီးတွေနဲ့ပဲဆိုင်တယ်လို့ သိထားတာလေ။ ခုဘယ်လိုများ ဖြစ်ရတာပါလိမ့်။ လူငယ်တွေ ဦးနှောက်သွေးကြောပေါက် နိုင်သလား လူငယ်တွေမှာ ဦးနှောက်သွေးကြောပေါက်စေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုက  သွေးကြောဖောင်း တာပါ။ ဆေးပညာအရ Brain Aneurysmလို့ခေါ်ပါတယ်။ သွေးကြောဖောင်းနေတာလေးက ဘယ်ရီသီးလေး တွဲလောင်းကျနေတာလေးနဲ့ တူလို့ Berry Aneurysmလို့လည်း ခေါ်ပါသေးတယ်။ ဘာလို့ဖြစ်ရတာလဲ။ ဖြစ်ရတဲ့ အကြောင်းရင်းအတိအကျကိုတော့ မပြောနိုင်သေးပါဘူး။ ဒါပေမယ့် သွေးကြောနံရံတွေ အားပျော့ပြီး သွေးဖိအားဒဏ်ကို မခံနိုင်ဘဲ ဖောင်းလာတယ်၊ ပေါက်လာတယ်လို့တော့ အကြမ်းဖျင်းပြောနိုင်ပါတယ်။ ပြီးတော့ ဒီရောဂါက လူငယ်လူလတ်ပိုင်းတွေမှာ တွေ့ရများပါတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်ပါတယ်။ ဖြစ်တဲ့အကြောင်းရင်းကို အတိအကျမသိပေမယ့် ဒါတွေရှိရင်တော့ ပိုဖြစ်နိုင်ပါတယ်။ […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

လေဖြတ်တော့မယ်ဆိုရင်

လေဖြတ်တော့မယ်ဆိုရင် ဘာတွေဖြစ်လာမှာလဲ။ လူတော်တော်များများက လေဖြတ်မှာကို ကြောက်ကြပါတယ်။ တစ်ခါတရံ သာမန်ခေါင်းကိုက်ချိန်မှာ ခေါင်းများ လျှော်မိခဲ့ရင် လေဖြတ်တော့မလားဆိုပြီး တွေးပူတတ်ကြပါတယ်။ ဒီတော့ လေဖြတ်တော့မယ်ဆိုရင် ဘယ်လို လက္ခဏာတွေ ပြနိုင်လဲဆိုတာကို လေ့လာကြည့်ရအောင်ပါ။ လေဖြတ်တော့မယ်ဆိုရင် လေဖြတ်ပြီဆိုရင် ဦးနှောက်ကသွေးကို အလုံအလောက်မရတဲ့အတွက် အချိန်မီမကုနိုင်ရင် ဦးနှောက် ပျက်စီးတာ၊ မသန်စွမ်း ဖြစ်သွားတာ၊ အသက် သေဆုံးတာတွေ အထိ ဖြစ်သွားနိုင်ပါတယ်။ ဒီတော့ အချိန်မီ သိရအောင် အောက်က အတိုကောက် စာလုံးတွေနဲ့ မှတ်ထားရအောင်။                                           […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

လေဖြတ် တဲ့အခါ အဓိက ကုသမှုတွေက ဘာတွေလဲ

ရှေ့မှာရေးခဲ့တဲ့ “လေဖြတ် တယ်ဆိုတာ”  ဆောင်းပါးကို ဖတ်ဖူးထားရင် အခုဆောင်းပါးကို ဖတ်တဲ့ အခါ ပိုပြီး သဘောပေါက်လွယ်ပါလိမ့်မယ်။ CVA ( cardiovascular accident ) ဦးနှောက်သွေးကြောပြတ်ခြင်း ခေါ် လေဖြတ်ခြင်းကို ကုသဖို့ရာမှာ ဦးနှောက်သွေးကြောပိတ်တာလား၊ ပေါက်တာလား ဆိုတာ သိဖို့လိုပါတယ်။ ဒီအကြောင်းရင်းခံ နှစ်မျိုး ကုသနည်း မတူကြလို့ပါ။ လူတစ်ယောက် လေဖြတ်ပြီဆိုတာနဲ့ ၁နာရီအတွင်း ဦးနှောက်ကို ကွန်ပျူတာဓာတ်မှန်ရိုက်ပြီး သွေးကြောပိတ်တာလား ပေါက်တာလား ခွဲဖို့လိုပါတယ်။ ဒါ့ကြောင့်မို့လို့ လေဖြတ်ရင် တခြား ဘာမှလုပ်မနေဘဲ ဆေးရုံကြီးကိုသာ အချိန်မီအောင် အမြန်ပြေးဖို့ တိုက်တွန်းကြတာပါ။ ဒါဆို ကွန်ပျူတာဓာတ်မှန် မရှိတဲ့နေရာတွေမှာ ဘယ်လိုခွဲလဲ ဆိုပြီးမေးစရာဖြစ်လာပါတယ်။ အဲ့ဒီလိုမရှိတဲ့ နေရာမှာဆိုရင်တော့ ဖြစ်လာတဲ့ ရောဂါလက္ခဏာ ရဲ့ အဆိုးဘက်ကိုရွေ့တဲ့ အချိန် အနှေးအမြန်ကို ကြည့်ပြီးဖြစ်ဖြစ်၊ […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

ဦးနှောက်လေးကို စောင့်ရှောက်ပါ

ပျော်ရွှင်စရာကောင်းတဲ့အခိုက်အတန့်လေးတွေကို မှတ်မိနေဖို့၊ တီထွင်ဆန်းသစ်မှုတွေကို ဖန်တီးနိုင်ဖို့ လိုအပ်မယ့်အချက်တစ်ခုက ဦးနှောက်လေး ကျန်းမာဖို့ပါ။ တစ်ခါတလေ ကိုယ်တိုင်တောင် မသိလိုက်ဘဲ လုပ်မိလိုက်တဲ့အချက်တွေက ဦးနှောက်ကို ထိခိုက်စေနေပါတယ်။ ဒီတစ်ခေါက်တော့ ဦးနှောက်ကို ထိခိုက်မှုကင်းပြီး ကျန်းမာစေဖို့ ဂရုစိုက်ရမယ့်အချက်လေးတွေကို ပြောပြပေးပါရစေလား.... ဦးနှောက်လေးကို စောင့်ရှောက်ပါ ဦးနှောက်လေးကျန်းမာအောင် စောင့်ရှောက်ဖို့ အဓိကတာဝန်အရှိဆုံးက ကိုယ်တိုင်ပါ။ ဒီတော့ ဦးနှောက်ကလေး ကျန်းမာစေဖို့ ဒါတွကိုရှောင်ပါ။ အသွင်ပြောင်းအဆီတွေ အဆီတိုင်းက ခန္ဓာကိုယ်ကို ထိခိုက်စေတာမဟုတ်ပေမယ့် အသွင်ပြောင်းအဆီတွေကတော့ ဦးနှောက်ကို ထိခိုက်စေနိုင်ပါတယ်။ အသွင်ပြောင်းအဆီဆိုတာက တိရစ္ဆာန်အသားတွေကနေရတဲ့အဆီ၊ နို့ နဲ့ နို့ထွက်ပစ္စည်းမှာပါတဲ့ အဆီတွေ နဲ့ အသင့်စားမုန့်ထုတ်တွေမျာပါတဲ့ အဆီတွေပါ။ ဒီအဆီတွေကို အများကြီးစားသုံးတာက မှတ်ဉာဏ်ချို့ယွင်းမှုရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ဦးနှောက်ကျုံ့စေနိုင်ပြီး မှတ်ဉာဏ်အားနည်းလာစေပါလိမ့်မယ်။ ဒါကြောင့် နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ အသွင်ပြောင်းအဆီတွေကိုလျှော့စားပေးပါ။ အချိုရည်တွေ နေ့တိုင်လိုလို အမောပြေအောင်ဆိုပြီး သောက်မိနေတဲ့ ဆိုဒါ၊ sports […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

အရက်ကြောင့် အာရုံကြော အားနည်းခြင်း

မင်္ဂလာပါ Hello Sayarwon စာမျက်နှာကနေ ကြိုဆိုပါတယ် ။ ဒီတစ်ခါ ‌ဆွေးနွေးပေးမယ့် အကြောင်းအရာကတော့ ကျွန်တော့်ဆေးခန်းမှာ ကြုံတွေရလေ့ရှိတဲ့ အရက်ကြောင့် အာရုံကြော အားနည်းခြင်း ဖြစ်ပါတယ် ။ မြန်မာနိုင်ငံဟာ အရက်သောက်သုံးမှုနှုန်း မြင့်မားတဲ့ နိုင်ငံတစ်ခုဆိုတာ လူတိုင်း သိကြမယ် ထင်ပါတယ် ။ ချက်အရက်တွေ၊ အရက်တုတွေကလည်း ပေါများတဲ့အတွက် အခြေခံလူတန်းစားနဲ့ လူလတ်တန်းစားတွေမှာ ဒီအခြေအနေတွေကို ကြုံတွေ့ရတတ်ပါတယ် ။ အရက်အလွန်အကျွံသောက်ခြင်းကနေ အာရုံကြောများ ပျက်စီးတတ်ပြီး ရလဒ်အနေနဲ့ ခြေထောက်များ နာကျင်ခြင်း ၊ တစ်ဆစ်ဆစ်ကိုက်ခဲခြင်းတွေ ဖြစ်တတ်ပါတယ် ။ ဒါ့အပြင် အရက်သောက်ခြင်းကြောင့် ခန္ဓာကိုယ်ထဲမှာ ဗီတာမင် B အုပ်စုတွေ ချို့တဲ့လာတတ်ပါတယ် ။ ‌သုတေသနပြုချက်တွေအရ အရက်ဖြတ်လိုက်တဲ့အခါမှာ အာဟာရဓါတ်တွေ တိုးတက်လာပြီး အာရုံကြောအားနည်းခြင်းတွေကို သက်သာစေပါတယ် ။ အရက်အသောက်များတဲ့ လူတွေမှာ […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

လေဖြတ်နိုင်ခြေကို လျှော့ချပေးနိုင်မယ့် အစားအစာများ

ကျန်းကျန်းမာမာနေနိုင်တယ်ဆိုတာက မှန်ကန်စွာစားသောက်နေထိုင်မှုနဲ့ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ဆောင်နေခြင်း ရဲ့ ပြယုဂ်ပါ။ စားလိုက်တဲ့အစားအစာတိုင်းက ခန္ဓာကိုယ် အကျိုးပြုနေတယ်တော့မဟုတ်ပါဘူး။ “အစာလည်းဆေး ဆေးလည်း အစာ” ဆိုတဲ့ စကားအတိုင်းဖြစ်ဖို့ဆိုရင် အစားအသောက်တွေကို သေချာရွေးချယ် ချင့်ချိန်စားသောက်ဖို့ လိုမှာပါ။ မှန်ကန်စွာ စားသောက်နေထိုင်မှုက နှလုံးရောဂါနဲ့ လေဖြတ်တာလိုမျိုး ရောဂါတွေ ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ပါ တယ်။ ဒီလိုမှန်ကန်တဲ့စားသောက်မှုပုံစံက ခက်ခက်ခဲခဲ ရှာဖွေရမယ့် လျှို့ဝှက်ချက်ကြီးတော့မဟုတ်ပါဘူး။ ပုံမှန်ထက် နည်းနည်းလေး သတိထားလိုက်ရုံပါ။ လေဖြတ်နိုင်ခြေကို လျှော့ချပေးနိုင်မယ့် အစားအစာများ လေဖြတ်နိုင်ခြေကို လျှော့ချပေးနိုင်မယ့် အစားအစာများ က ဘာတွေများဖြစ်မလဲ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ လေဖြတ်နိုင်ခြေကို လျှော့ချဖို့ ဒါတွေစားပေးပါ။ လေဖြတ်တာကြောင့် ဘဝမှာလုပ်ချင်တာတွေမလုပ်ရတာမျိုးမဖြစ်စေဖို့ဆိုရင် ဒီအစားအစာလေးတွေကို စားပေးလို့ရပါတယ်။ ဆယ်လ်မွန်ငါး လေ့လာချက်တွေအရ တစ်ပတ်ကို ဆယ်လ်မွန်ငါး ၃ ကြိမ်လောက်အနည်းဆုံးစားသုံးပေးမယ်ဆိုရင် လေဖြတ်နိုင်ခြေကို ၆ ရာခိုင်နှုန်းကနေ ၁၂ ရာခိုင်နှုန်းလောက်အထိလျော့ပါးသက်သာစေနိုင်တယ်လို့ဆိုပါတယ်။ […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

အာရုံကြော ညပ်ရင် ဘယ်လိုကုသမလဲ

အာရုံကြော ညပ်တယ်ဆိုတာ အာရုံကြောတစ်နေရာကို ဖိအားဖြစ်စေပြီး ဦးနှောက်ဆီကို အချက်ပြသတိပေးမှုတွေပေးပို့စေတာဖြစ်ပါတယ်။ ထိခိုက်ထားတဲ့ အာရုံကြောကိုမူတည်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်း အမျိုးမျိုးမှာ နာကျင်မှု၊ ထုံကျဉ်တာ၊ အားနည်းတာ စတဲ့ လက္ခဏာတွေ ဖြစ်လာတတ်ပါတယ်။ အာရုံကြော ညပ်ရင် ဘာလက္ခဏာတွေ ဖြစ်လာမလဲ အာရုံကြောညပ်တယ်ဆိုရင် ထိခိုက်ထားတဲ့အာရုံကြောတဝိုက်မှာ - ထုံကျဉ်တာ၊ ပူသလို ခံစားရတာ၊ စပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ နာကျင်တာ၊ ကြွက်သားအားနည်းတာ၊ စူးခနဲ၊ ကျဉ်ခနဲ ဖြစ်တာ တို့ခံစားရနိုင်ပါတယ်။ တစ်ခါတလေ လူကလှဲအိပ်နေရာက ထလိုက်တဲ့အခါ လက္ခဏာပိုဆိုးနေနိုင်ပါတယ်။ အာရုံကြောညပ်ခြင်းကြောင့် တခြားကျန်းမာရေးပြဿနာတွေလည်း ဖြစ်လာစေနိုင်ပါတယ်။ ဥပမာ စိုင်ယာတီကာ၊ တံတောင်ဆစ်ကြော၊ လက်ကောက်ဝတ်ကြော နာကျင်မှုတွေဆက်ဖြစ်လာနိုင်ပါတယ်။ အာရုံကြောညပ်တာက ခန္ဓာကိုယ်ရဲ့ဘယ်နေရာမှာမဆို ဖြစ်လေ့ရှိပေမယ့် လည်ပင်း၊ ခါး၊ တံတောင်ဆစ်နဲ့ လက်ကောက်ဝတ်တို့မှာ အဖြစ်များပါတယ်။ အာရုံကြောညပ်တဲ့အခါ သက်သာစေမယ့်နည်းလမ်းတွေ ဒီဝေဒနာတွေ သက်သာစေဖို့က ဆေးခန်းပြပြီး ဆေးသောက်တာအပြင် ကိုယ်တိုင်လိုက်နာ လုပ်ဆောင်သင့်တဲ့ […]


မှတ်ဉာဏ်ထိခိုက်ခြင်းနှင့် အယ်ဇိုင်းမားရောဂါ

Alzheimer's (ဦးနှောက်ချို့ယွင်းလာမှု) ရောဂါကို ကာကွယ်ပေးနိုင်မယ့် နည်းလမ်းများ

အသက်အရွယ်ကြီးရင့်လာတာနဲ့ အမျှ ခန္ဓာကိုယ်မှာ ကိုယ်တွင်း ကိုယ်ပ ခံစားရတဲ့ဝေဒနာတွေကများလာပါတယ်။ ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတယ်ဆိုတဲ့ စကားအတိုင်း ရောဂါတွေကို မဖြစ်ခင်က ကြိုတင်ကာကွယ်တာက အထိရောက်ဆုံးနည်းလမ်းပါ။ ဒါကြောင့် အသက်အရွယ်ကြီးရင့်လာတဲ့အခါ ခံစားရနိုင်တဲ့  Alzheimer's (ဦးနှောက်ချို့ယွင်းလာမှု) ရောဂါကို  ကာကွယ်ပေးနိုင်မယ့် နည်းလမ်းတွေကိုဖော်ပြပေးလိုက်ပါတယ်။ Alzheimer's (ဦးနှောက်ချို့ယွင်းလာမှု) ရောဂါကို ကာကွယ်ပေးနိုင်မယ့် နည်းလမ်းများ နေ့စဉ် နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲလိုက်ရုံနဲ့ Alzheimer'sရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ များများစားပေးပါ လေ့လာမှုတစ်ခုအရ နေ့စဉ် ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေ စားသုံးပေးတာ၊ သစ်သီးဖျော်ရည်တွေ သောက်သုံးပေးတာက Alzheimer'sရောဂါ ဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် နေ့စဉ် သစ်သီးစားသုံးပေးတာ၊ ဟင်းသီးဟင်းရွက်တွေ စားသုံးပေးတာမျိုးလုပ်ပေးပြီး ရောဂါကို ကာကွယ်လိုက်ပါ။ ဘယ်ရီသီးလေးတွေ စားသုံးပေးတာကလည်း ALzheimer's ရောဂါကို ကာကွယ်ရာမှာ ထိရောက်မှုရှိပါတယ်။ Omega-3 […]


မှတ်ဉာဏ်ထိခိုက်ခြင်းနှင့် အယ်ဇိုင်းမားရောဂါ

Alzheimer’s (အယ်လ်ဇိုင်းမား) ဦးနှောက်လုပ်ဆောင်ပုံများ ချို့ယွင်းလာသည့်ရောဂါအကြောင်း

ခန္ဓါကိုယ်မှာရောဂါတစ်ခုခုခံစားရပြီဆိုရင် ရုပ်ပိုင်းဆိုင်ရာမှာရော စိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်တာတွေရှိလာနိုင်ပါတယ်။ ဒါကြောင့်ရောဂါတွေကို မဖြစ်အောင်ကာကွယ်တာက အကောင်းဆုံးဖြစ်မှာပါ။ရောဂါတစ်ခုကို ကာကွယ်တယ်ဆိုတဲ့နေရာမှာလည်း ရောဂါဖြစ်စေနိုင်တဲ့ အနေအထားတွေနဲ့ရောဂါလက္ခဏာတွေကို သိထားဖို့လိုပါမယ်။ ဒီတစ်ခေါက်တော့ Alzheimer's ရောဂါအကြောင်းလေးဖော်ပြပေးပါရစေနော်။ Alzheimer's (ဦးနှောက်လုပ်ဆောင်ပုံများ ချို့ယွင်းလာသည့်ရောဂါ) ဆိုတာ အယ်လ်ဇိုင်းမားရောဂါဆိုတာက မှတ်ဉာဏ်နဲ့အခြားစိတ်ပိုင်းဆိုင်ရာအရေးပါတဲ့ လုပ်ဆောင်ချက်တွေကို ထိခိုက်ပျက်စီးစေနိုင်တဲ့ရောဂါတစ်မျိုးပါ။ အစပိုင်းမှာတော့ အယ်လ်ဇိုင်းမားရောဂါလက္ခဏာတွေက အရမ်းမပြင်းထန်ပါဘူး။ သိပြီးသားအရာတစ်ခုခုကို မှတ်မိဖို့ခက်ခဲတာလောက်ပဲဖြစ်နိုင်ပါတယ်။ တဖြည်းဖြည်းချင်းနဲ့ အနေအထိုင်အပြုအမူက အရင်ကနဲ့မတူဘဲပြောင်းလဲလာတာမျိုးဖြစ်လာနိုင်ပါတယ်။ ဘဝရဲ့ အရေးပါတဲ့နေ့တွေ၊ အရေးပါတဲ့သူတွေကိုမေ့လျော့သွားတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါက အသိဉာဏ်ပညာပိုင်းဆိုင်ရာနဲ့ လူမှုဆက်ဆံရေးဆိုင်ရာ စွမ်းရည်တွေကိုလျော့နည်းလာစေတဲ့ ဦးနှောက်ထိခိုက် ချို့ယွင်းမှုဖြစ်စေတဲ့Dementiaရောဂါစုရဲ့ အဖြစ်အများဆုံးသောရောဂါတစ်မျိုးပါ။ အယ်လ်ဇိုင်းမားရောဂါ ခံစားရတဲ့အခါ ဦးနှောက်တွင်းဆဲလ်တွေရဲ့ လုပ်ဆောင်မှုတွေကျဆင်းလာစေပြီး ပျက်စီးသွားတာပါ။ ဒီလိုအခြေအနေကြောင့် မှတ်ဉာဏ် ​တွေပျောက်ဆုံးပျက်စီးလာပြီး စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေဖြစ်လာတာပါ။ အယ်လ်ဇိုင်းမားရောဂါက မှတ်ဉာဏ်၊ စဉ်းစားဆင်ခြင်နိုင်စွမ်း နဲ့ အပြုအမူတွေမှာ ထိခိုက်လာစေနိုင်တဲ့ရောဂါတစ်မျိုးပါ။ အစပိုင်းမှာရောဂါလက္ခဏာတွေကဖြည်းဖြည်းချင်းဖြစ်လာတာဖြစ်ပြီး အချိန်ကြာလာတာနဲ့ အမျှပိုဆိုးလာနိုင်ပါတယ်။နေ့စဉ်လုပ်ဆောင်မှုတွေအပေါ်မှာ […]


မှတ်ဉာဏ်ထိခိုက်ခြင်းနှင့် အယ်ဇိုင်းမားရောဂါ

မှတ်ဉာဏ်ချို့ယွင်းမှုရောဂါတစ်မျိုး (Alzheimer's) ရောဂါကို ကာကွယ်ပေးမယ့် အစားအသောက် (၇) မျိုး

အသက်လေးနည်းနည်းရလာတာနဲ့ မေ့တတ်လာတယ်။ စိတ်ညစ်လိုက်တာလို့များဖြစ်နေပြီလား။ အသက်အရွယ်ကြီးလာတဲ့အထိ ဦးနှောက်မှတ်ဉာဏ် ထိခိုက်တာမျိုးမဖြစ်စေဖို့အတွက်လေ့ကျင့်ခန်းလုပ်ပေးတာ၊ အစားအသောက်ကိုမှန်မှန်ကန်ကန်စားသောက်နေထိုင်တဲ့ နည်းလမ်းလေးတွေလုပ်ပြီး ထိန်းသိမ်းလို့ရပါတယ်။ အစားအစာတွေက ဦးနှောက်ကျန်းမာသန်စွမ်းဖို့တော်တော်လေးအရေးပါပါတယ်။ အသက်အရွယ်ကြောင့် ဦးနှောက်ထိခိုက်နိုင်ခြေကနေ ကာကွယ်နိုင်စေဖို့အတွက်အောက်မှာဖော်ပြထားတာတွေကို စားပေးသင့်ပါတယ်။ (၁)အခွံမာသီးတွေ သစ်ကြားသီး၊ အယ်လ်မွန်သီး၊ ဗာဒံစေ့တို့လိုမျိုး အခွံမာသီးတွေကနေရရှိတဲ့ အစေ့အဆန်တွေကသေးငယ်ပေမယ့် အာဟာရဓါတ်တွေတော့ပြည့်ဝစွာပါဝင်နေပါတယ်။ ဒီအစေ့အဆန်တွေမှာပါဝင်နေတဲ့Omega-3 fatty acids ကဦးနှောက်ကျန်းမာဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အကျိုးပြုအဆီတစ်မျိုးဖြစ်တာကြောင့် မှတ်ဉာဏ်နဲ့ဦးနှောက်ရဲ့ စွမ်းဆောင်ရည်တွေကိုကောင်းမွန်စေနိုင်ပါတယ်။ သစ်ကြားသီးမှာပါတဲ့ ဗီတာမင် E နဲ့ ဖလေဗာနွိုက်တို့က ဦးနှောက်ကို ကျန်းမာသန်စွမ်းအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ တစ်ပတ်ကို အနည်းဆုံး ၅ ကြိမ်လောက် အခွံမာသီးတွေစားသုံးပေးပါ။ (၂) ဆယ်လ်မွန်၊ မက်ကာရယ်၊ ဆာဒင်းငါး ဆယ်လ်မွန်ငါးမှာOmega-3s fatty acid ကြွယ်ဝစွာပါဝင်ပြီးAlzheimer’sရောဂါကိုဖြစ်စေနိုင်တဲ့ ပရိုတင်းတစ်မျိုးဖြစ်တဲ့beta-amyloid ပမာဏကိုကျဆင်းစေနိုင်ပါတယ်။ ဒါကြောင့် ငါးမကြိုက်ဘူးဆိုရင်တောင်မှ တစ်ပတ်ကို တစ်ကြိမ်လောက်တော့ ငါးစားပေးပါ။ ငါးကလတ်ဆတ်လေ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်