backup og meta

အရက်ကြောင့် အာရုံကြော အားနည်းခြင်း


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရက်ကြောင့် အာရုံကြော အားနည်းခြင်း

    မင်္ဂလာပါ

    Hello Sayarwon စာမျက်နှာကနေ ကြိုဆိုပါတယ် ။ ဒီတစ်ခါ ‌ဆွေးနွေးပေးမယ့် အကြောင်းအရာကတော့ ကျွန်တော့်ဆေးခန်းမှာ ကြုံတွေရလေ့ရှိတဲ့ အရက်ကြောင့် အာရုံကြော အားနည်းခြင်း ဖြစ်ပါတယ် ။

    မြန်မာနိုင်ငံဟာ အရက်သောက်သုံးမှုနှုန်း မြင့်မားတဲ့ နိုင်ငံတစ်ခုဆိုတာ လူတိုင်း သိကြမယ် ထင်ပါတယ် ။ ချက်အရက်တွေ၊ အရက်တုတွေကလည်း ပေါများတဲ့အတွက် အခြေခံလူတန်းစားနဲ့ လူလတ်တန်းစားတွေမှာ ဒီအခြေအနေတွေကို ကြုံတွေ့ရတတ်ပါတယ် ။

    အရက်အလွန်အကျွံသောက်ခြင်းကနေ အာရုံကြောများ ပျက်စီးတတ်ပြီး ရလဒ်အနေနဲ့ ခြေထောက်များ နာကျင်ခြင်း ၊ တစ်ဆစ်ဆစ်ကိုက်ခဲခြင်းတွေ ဖြစ်တတ်ပါတယ် ။ ဒါ့အပြင် အရက်သောက်ခြင်းကြောင့် ခန္ဓာကိုယ်ထဲမှာ ဗီတာမင် B အုပ်စုတွေ ချို့တဲ့လာတတ်ပါတယ် ။ ‌သုတေသနပြုချက်တွေအရ အရက်ဖြတ်လိုက်တဲ့အခါမှာ အာဟာရဓါတ်တွေ တိုးတက်လာပြီး အာရုံကြောအားနည်းခြင်းတွေကို သက်သာစေပါတယ် ။

    အရက်အသောက်များတဲ့ လူတွေမှာ ဒီလက္ခဏာတွေ ဖြစ်နေရင်တော့ အာရုံကြောအားနည်းလာပြီလို့ ဆိုနိုင်ပါတယ် ။

    • ခြေထောက်များ ထုံကျဉ်ခြင်း
    • တဆစ်ဆစ်ကိုက်ခဲခြင်း
    • အပ်နဲ့ထိုးနေသလို ခံစားရခြင်း
    • ကြွက်သားများ အားနည်းခြင်း၊ ကြွက်တက်ခြင်း
    • ကြွက်သားများ လှုပ်မရခြင်း
    • သွားလာလှုပ်ရှားရာမှာ ပုံမှန်မဟုတ်ဘဲ အခက်အခဲတွေ့ခြင်းတွေ ဖြစ်တတ်ပါတယ် ။

    အရက်ကြောင့် နောက်ထပ်ကြွက်သားအားနည်းတာကတော့ ဆီးနှင့် ဝမ်းလမ်းကြောင်းကို ထိတတ်ပါတယ် ။ အမျိုးသားတွေမှာ ဆီးမလုံခြင်း ၊ ဆီးသွားရခက်ခြင်း ၊ ဝမ်းချုပ်ခြင်းနှင့် ဝမ်းပျက်ခြင်းတွေလည်း ဖြစ်တတ်ပါတယ် ။

    အခြားသော လက္ခဏာတွေကတော့ လိင်ပိုင်းဆိုင်ရာ အားနည်းခြင်း ၊ ပန်းသေခြင်း ၊ မြုံခြင်း ၊ စကားများ လုံးထွေးခြင်း ၊ မျိုချရခက်ခြင်း ၊ မူးဝေ အော့အန်ခြင်းတွေပဲ ဖြစ်ပါတယ် ။

    ဒီလက္ခဏာတွေ ဖြစ်လာရင်တော့ တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ ပြသတာ အကောင်းဆုံးနည်းလမ်းပါ ။ ဆရာဝန်က ကနဦးရောဂါ စစ်ဆေးခြင်း ၊ အာရုံကြော စမ်းသပ်မှုများ ၊ လိုအပ်သလို သွေးဖောက်စစ်ဆေးပြီးတော့ ကိုယ်တွင်းက အာဟာရဓါတ်တွေ ၊ ဘာတွေ မူမမှန်လဲဆိုတာကို ကြည့်ရမှာ ဖြစ်ပါတယ် ။

    ကုသမှုကတော့ ဗီတာမင်ဓါတ်တွေ အားနည်းတာ ဖြစ်တဲ့အတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေ ပြန်လည်ဖြည့်တင်းဖို့ လိုအပ်ပါမယ် ။ အထူးသဖြင့် Vitamin B အုပ်စုတွေပါ ။ အကိုက်အခဲ ပျောက်ဆေးများ သောက်နိုင်ပြီး ကိုယ်လက်လေ့ကျင့်ခန်းတွေလည်း လုပ်ပေးလို့ရတဲ့အပြင် လိုအပ်ပါက အရိုးအကြော ဆရာဝန်ရဲ့ လမ်းညွှန်ကုသချက်တွေကိုလည်း လိုက်နာရမှာ ဖြစ်ပါတယ် ။

    ဒီလိုတွေ မဖြစ်ရအောင်

    • အရက်အလွန်အကျွန်သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ
    • အာရုံကြောအားနည်းတဲ့ လက္ခဏာတွေ ပြလာရင် အရက်လျှော့သောက်ခြင်း၊ ဖြတ်ခြင်းတွေ လုပ်ပါ
    • သင့်တင့်မျှတတဲ့ အာဟာရကို စားသုံးပါ
    • Vitamin အားဖြည့်ဆေးတွေ သောက်သုံးပါလို့ တင်ပြရင်း နိဂုံးချုပ်ပါတယ်

    ရေးသားသူ – Dr.Aung Kyaw Myint

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement