backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

2

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

လေဖြတ်တော့မယ်ဆိုရင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

လေဖြတ်တော့မယ်ဆိုရင်

လေဖြတ်တော့မယ်ဆိုရင် ဘာတွေဖြစ်လာမှာလဲ။ လူတော်တော်များများက လေဖြတ်မှာကို ကြောက်ကြပါတယ်။ တစ်ခါတရံ သာမန်ခေါင်းကိုက်ချိန်မှာ ခေါင်းများ လျှော်မိခဲ့ရင် လေဖြတ်တော့မလားဆိုပြီး တွေးပူတတ်ကြပါတယ်။ ဒီတော့ လေဖြတ်တော့မယ်ဆိုရင် ဘယ်လို လက္ခဏာတွေ ပြနိုင်လဲဆိုတာကို လေ့လာကြည့်ရအောင်ပါ။

လေဖြတ်တော့မယ်ဆိုရင်

လေဖြတ်ပြီဆိုရင် ဦးနှောက်ကသွေးကို အလုံအလောက်မရတဲ့အတွက် အချိန်မီမကုနိုင်ရင် ဦးနှောက် ပျက်စီးတာ၊ မသန်စွမ်း ဖြစ်သွားတာ၊ အသက် သေဆုံးတာတွေ အထိ ဖြစ်သွားနိုင်ပါတယ်။ ဒီတော့ အချိန်မီ သိရအောင် အောက်က အတိုကောက် စာလုံးတွေနဲ့ မှတ်ထားရအောင်။

                                                 F   A   S   T

Face      (မျက်နှာ)  ပြုံးပြီး ပါးရွဲ့နေတာ ရှိ၊ မရှိ စစ်ဆေးပါ။

Arms    (လက်)     လက်နှစ်ဖက် ရှေ့ထုတ် ဆန့်ကြည့်ပါ။ မဆန့်နိုင်ဘဲ အားပျော့သွားတဲ့ လက်ရှိ၊ မရှိ စစ်ဆေးပါ။

Speech (စကား)    စကားပြောကြည့်ပါ။ စကားလေးတာ၊ လုံးတာ ရှိ၊ မရှိ စစ်ဆေးပါ။

Time     (အချိန်)     အပေါ်မှာ ပြောထားတဲ့ အချက် တစ်ခုခု ရှိနေပြီဆိုရင် ဆေးရုံကား အချိန်မီ ခေါ်ပါ။ လက္ခဏာ ပြတဲ့အချိန်ကို မှတ်ထားပါ။

လေဖြတ်တာကို ကုတဲ့နေရာမှာ အချိန်က အရေးကြီးပါတယ်။ ဘယ်နည်းနဲ့ပဲ သွားသွား ဆေးရုံကို မြန်မြန်ဆန်ဆန် ရောက်ရှိပြီး စောစော ကုသမှု ခံယူနိုင်ဖို့က အရေးကြီးပါတယ်။ ဆေးရုံကား ခေါ်မှာလား။ ကိုယ်တိုင် ကားမောင်းပို့မှာလား မြန်တဲ့လမ်းကို ရွေးချယ်ပါ။

လေဖြတ်ရတဲ့ အကြောင်းရင်းပေါ် မူတည်ပြီး သွေးကြောပိတ်ရင် သွေးကျဲဆေး တိုက်တာ၊ သွေးကြောပေါက်ရင် သွေးထွက်ရပ်အောင် လုပ်တာ စသဖြင့် ကုသနည်းတွေ အများကြီး ရှိပါတယ်။ အရေးကြီးတာက လေဖြတ်ပြီး ၃နာရီအတွင်း ကုသမှု ခံယူနိုင်ဖို့ပါပဲ။

အရေးကြီးသည့် လက္ခဏာများ

တစ်ခါတလေ အထဲမှာ တဖြည်းဖြည်းခြင်း သွေးကြောပိတ်တာ၊ ပေါက်တာဖြစ်ပြီး လေဖြတ်ပါတယ်။ ဒါပေမယ့် အပြင်က သင်ကတော့ ရုတ်တရက်

ဒီလက္ခဏာတွေ ခံစားနေရပြီ။ လေဖြတ်တာလားလည်း မသေချာဘူး။ ဒါဆိုရင် ဆေးရုံကား အမြန်ခေါ်ပြီး ဆေးရုံကို သွားလိုက်ပါ။

Takeaways

ဒီဆောင်းပါးဖတ်ပြီးရင် ဘာတွေသိသွားရမလဲဆိုတော့ လေဖြတ်ခြင်းရဲ့ ကနဦးလက္ခဏာတွေပါပဲ။ FASTလို့ မှတ်ထားပါ။ မျက်နှာတစ်ခြမ်း ရွှဲ့တာ၊ လက်မမြှောက်နိုင်တာ၊ စကားလေးတာတွေ ဖြစ်လာပြီဆိုရင် (လက္ခဏာ တစ်ခုပဲဖြစ်ဖြစ် အကုန်လုံးပဲဖြစ်ဖြစ်) အချိန်မဆိုင်းဘဲ ဆေးရုံကား အမြန်​ ခေါ်ပြီး ဆေးရုံသွားပါ။ ဒီ လက္ခဏာတွေကို မိသားစုတွေ အပေါင်းအသင်းတွေကိုလည်း ပြောပြပေးပါ။ အားလုံးပဲ လေဖြတ်တာကို စောစောသိပြီး စောစော ကုသမှု ခံယူနိုင်ကြပါစေ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement