Folic Acids ကို အစိမ်းရင့်ရောင်အရွက်တွေ၊ ပဲတွေ၊ အစေ့အဆန်တွေ၊ အသည်း၊ ပင်လယ်စာတွေကနေ ရရှိနိုင်ပါတယ်။
ဆေးဖြစ်ဝါးဖြစ် ဝိုင်သောက်ပါ
ညနေစာ စားပြီးချိန်မှာ ဝိုင်အနီတစ်ခွက်စာလောက်သောက်သုံးပေးပါ။ စပျစ်ဝိုင်ဆိုပိုပြီးတော့ ကောင်းပါတယ်။ စပျစ်သီးမှာပါတဲ့ ဒြပ်ပေါင်းတွေက ဦးနှောက်ဆဲလ်တွေကို ပတ်ဝန်းကျင်က အဆိပ်အတောက်တွေကြောင့် ထိခိုက်ပျက်စီးတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဝိုင်မနှစ်သက်သူတွေ အနေနဲ့ကတော့ စပျစ်သီးဖျော်ရည်ကို သောက်သုံးပေးလို့ ရပါတယ်။
သွေးတိုးတာကလည်း Alzheimer’sရောဂါ ဖြစ်စေတဲ့ အကြောင်းတွေထဲက တစ်ခုပါ။ ဒါကြောင့် သွေးတိုးတာမျိုး မဖြစ်အောင် ပုံမှန်ထိန်းသိမ်းပြီး ရောဂါဖြစ်နိုင်ခြေကို လျှော့ချလိုက်ပါ။
ကောင်းမွန်တဲ့ လူမှုဆက်ဆံရေးရှိအောင် လုပ်ဆောင်ပါ
မိသားစု၊ဆွေမျိုးသားချင်းတွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ချစ်ခင်ရင်းနှ်ီးတဲ့ ဆက်ဆံရေးထားရှိမှုကလည်း အသက်အရွယ်ကြီးလာတဲ့ အခါ Alzheimer’s ရောဂါမဖြစ်အောင်ကာကွယ်ရာမှာ အကျိုးရှိပါတယ်။ ဒါကြောင့် ဒီနေ့ကစပြီး မိသားစုဝင်တွေ သူငယ်ချင်းတွေနဲ့ ချစ်ခင်ကောင်းမွန်တဲ့ ဆက်ဆံရေး ဖန်တီးလုပ်ဆောင်ပါ။
နေပူဆာလှုံပါ
မနက်ခင်းစောစော နေရောင်ခြည်နွေးနွေးလေးအောက်မှာ လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းက ခန္ဓာကိုယ်ကို ကျန်းမာစေရုံမက ဗီတာမင် D ကိုလည်း အပြည့်အဝရရှိစေနိုင်မှာပါ။ ကိုယ်လက်လှုပ်ရှားမှုလုပ်ဆောင်တာကလည်း Alzheimer’s ရောဂါကို ကာကွယ်နိုင်သလို နေရောင်ခြည်ကနေရရှိတဲ့ ဗီတာမင် D ကအာရုံကြောဆိုင်ရာရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။