ဓာတ်မတည့်ရောဂါများ

ဓာတ်မတည့်မှုတွေ ဆိုတာက သင့်ခုခံအားစနစ်က ပြင်ပပစ္စည်းတွေဖြစ်တဲ့ ဖုန်တွေ၊ အမွေးတွေ၊ အစားအစာတချို့တွေကို ပြန်ပြီး တုံ့ပြန်တာဖြစ်ပါတယ်။ ဓာတ်မတည့်မှုတွေပတ်သက်ပြီး သိထားသင့်သမျှကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဓာတ်မတည့်ရောဂါများ

ကော်ဖီနဲ့ ဓာတ်မတည့်ခြင်း ခံစားနေရပါသလား!

ကော်ဖီနဲ့ ဓာတ်မတည့်ခြင်း ခံစားနေရပါသလား! ဆိုလို့ နည်းနည်းများ ထူးဆန်းသွားသလား …… လူတွေမှာ အမျိုးမျိုးသော ဓာတ်မတည့်မှုတွေ ရှိနိုင်ပါတယ်။ ပုံမှန် အစားအစာတွေလို့ ယူဆရတဲ့ အချို့သော အရာတွေကို ခန္ဓာကိုယ်က တုံ့ပြန်မှု မတူကြတဲ့အခါ မတည့်တဲ့သူအဖို့မှာ ဓာတ်မတည့်မှုကို ခံစားကြရပါတယ်။ ဥပမာ ခေါက်ဆွဲ လူတိုင်းနဲ့  တည့်တယ်လို့ ထင်စရာ ရှိပေမယ့် ၁၀၀ မှာ ၂ ဦးလောက်က ခေါက်ဆွဲ စာပြီးရင် ဓာတ်မတည့်မှုကို ခံစားရတာမျိုး ရှိကြပါတယ်။  ဒီလိုပါပဲ မောနင်းတိုင်းလိုလိုမှာ စိတ်ကြည်အောင် တစ်နေ့တာလုံး လန်းဆန်းအောင်ဆိုပြီး မနက်ခင်းရဲ့ drink တစ်ခုအဖြစ် လူတော်တော်များများ သောက်ကြတဲ့ ကော်ကော်နဲ့ လူတိုင်း မတည့်ကြဘူးဆိုတာကို သင်သိပါသလား! ကော်ဖီဆိုတာ လူတိုင်းနဲ့ တည့်တယ်ဆိုပြီး ထင်ထားကြပေမယ့် အချို့သောသူတွေမှာ […]

ဓာတ်မတည့်ရောဂါများ ကို ရှာဖွေမည်။

အခြား ဓာတ်မတည့်ခြင်းများ

Oral allergy syndrome (ခံတွင်း၌ဓါတ်မတည့်သောရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်ခံတွင်း၌ဓါတ်မတည့်သောရောဂါ ဆိုတာဘာလဲ။ ခံတွင်း၌ဓါတ်မတည့်သောရောဂါဆိုတာ ခံတွင်း၊ နှုတ်ခမ်း၊ လျာနဲ့ လည်ချောင်းတို့မှာ ဓါတ်မတည့်မှုများဖြစ်ပွားခြင်းဖြစ်ပါတယ်။ ဓါတ်မတည့်မှုကြောင့်နှာခေါင်းအတွင်းပိုင်းရောင်ခြင်းနှင့် ဟေးဖီဖာလိုမျိုး အခြေအနေများပါဝင်ပါတယ်။ ခံတွင်း၌ဓါတ်မတည့်သောရောဂါမှာ အစားအစာအချို့တွင်ပါဝင်သော ပရိုတင်းတွေနဲ့ ခန္ဓါကိုယ်က ဓါတ်ပြုပါတယ်။ ထိုပရိုတင်းတွေဟာ ဟေးဖီဖာနဲ့ ရာသီအလိုက်ဓါတ်မတည့်မှုတို့ဖြင့် ဆက်စပ်နေနိုင်သော ပရိုတင်းတွေနဲ့ ဆင်တူပါတယ်။ ထိုအစားအစာမျိုးတွေဟာ တစ်နှစ်လုံးရရှိနေတာကြောင့် ခံတွင်း၌ဓါတ်မတည့်သောရောဂါဟာ ရာသီအလိုက်ဖြစ်တာမဟုတ်ပါဘူး။ ခံတွင်း၌ဓါတ်မတည့်သောရောဂါဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ ခံတွင်း၌ဓါတ်မတည့်သောရောဂါဟာ ကလေးငယ်တွေမှာ မဖြစ်ပွားတတ်ပါဘူး။ အသက်ပိုကြီးတဲ့ကလေးတွေ၊ ဆယ်ကျော်သက်တွေနဲ့ အရွယ်ရောက်ပြီးလူငယ်တွေမှာ အဖြစ်များပြီး ထိုသူတွေဟာ သံသယရှိတဲ့ သစ်သီးသစ်ရွက်တွေကို နှစ်ပေါင်းများစွာ ပြဿနာမဖြစ်ဘဲ စားသုံးလာခဲ့ကြပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများခံတွင်း၌ဓါတ်မတည့်သောရောဂါရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ထိုရောဂါရဲ့ လက္ခဏာတွေဟာ အစားအစာအချို့ စားသုံးမှသာဖြစ်ပေါ်ပါတယ်။ ရောဂါလက္ခဏာတွေဟာ ကွဲပြားကြပြီး ကွဲပြားတဲ့ အသက်အရွယ်တွေမှာ အမြင့်ဆုံးသို့ ရောက်ရှိကြပါတယ်။ အားပျော့တဲ့ရောဂါလက္ခဏာတွေက အောက်ပါတို့ဖြစ်ပါတယ်။ လည်ချောင်း၊ ခံတွင်း၊နှုတ်ခမ်းနှင့်လျာတို့မှာ ယားယံခြင်း နှုတ်ခမ်း၊ လျာတို့မှာ ရောင်ရမ်းခြင်း ပိုပြင်းထန်တဲ့ရောဂါလက္ခဏာတွေကတော့ […]


အစာဓာတ်မတည့်ခြင်း

Chicken allergy ( ကြက်သားဖြင့်ဓါတ်မတည့်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်ကြက်သားဖြင့်ဓါတ်မတည့်ခြင်း ဆိုတာဘာလဲ။ ကြက်သားဟာ ပရိုတင်းများပြီး၊ အဆီနည်းတဲ့အတွက်ကြောင့် ဓါတ်မတည့်မှုမရှိပါက ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတစ်ခုဖြစ်ပါတယ်။ ကြက်သားဖြင့်ဓါတ်မတည့်ခြင်းက အဖြစ်များသော်လည်း တောတော်လေးလေးစိတ်ညစ်ဖို့ကောင်းပြီး အသက်အန္တရယ်ရှိသည်အထိ ဖြစ်နိုင်ပါတယ်။ ကြက်သားဖြင့်ဓါတ်မတည့်ခြင်းဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ကလေးဘဝထဲက ထိုရောဂါရှိလာပြီး ကြီးပြင်းလာနိုင်ပါတယ်။ တချို့လူတွေကတော့ ကြက်သားအစိမ်းတွေကိုသာ ဓါတ်မတည့်တတ်ပြီး ချက်ထားတဲ့ကြက်သားမှာတော့ မဖြစ်ပါဘူး။ ကြက်သားဖြင့်ဓါတ်မတည့်ခြင်း ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများကြက်သားဖြင့်ဓါတ်မတည့်ခြင်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ကြက်သားနဲ့ဓါတ်မတည့်ဘူးဆိုရင် ကြက်သားဖြင့်ထိတွေ့ပြီးပြီးချင်း သို့မဟုတ် နာရီပေါင်းများစွာကြာမြင့်ပြီးနောက်မှာ ရောဂါလက္ခဏာတွေ ပေါ်လာနိုင်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။ ယားယံခြင်း၊ ရောင်ရမ်းခြင်းနှင့် မျက်ရည်ရွှဲခြင်း နှာစီးခြင်း၊ နှာခေါင်းယားခြင်း နှာချီခြင်း အသက်ရှုကြပ်ခြင်း ယားယံကုတ်ခြစ်ခြင်း၊ လည်ပင်းနာခြင်း အရေပြားစပ်ဖျင်းဖျင်းဖြစ်ခြင်း၊ အသားနီခြင်း၊ နှင်းခူပုံစံအကွက်များပေါ်ခြင်း အင်ပျဉ်ထွက်ခြင်း မအီမသာဖြစ်ခြင်း အော့အန်ခြင်း အစာအိမ်ရစ်နာခြင်း ဝမ်းလျောခြင်း အနာဖိုင်လေးစစ် ရောဂါလက္ခဏာတွေဟာ နေထိုင်မကောင်းရုံကနေ အပြင်းအထန်ထိဖြစ်သွားတာမျိုးရှိတတ်ပါတယ်။ ကြက်သားနဲ့ မထိတွေ့တော့ဘူးဆိုရင် ရောဂါလက္ခဏာတွေ ရှင်းလင်းသွားမှာပါ။ ကြက်သားဖြင့်ဓါတ်မတည့်ခြင်းကို အအေးမိခြင်းနှင့် မှားယွင်းနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ နှာရည်ယိုခြင်းနဲ့ လည်ချောင်းနာခြင်းတို့လိုမျိုး ရောဂါလက္ခဏာတွေက အတူတူပဲဖြစ်လို့ပါ။ […]


အခြား ဓာတ်မတည့်ခြင်းများ

ကလေး ပြင်းထန်ဓာတ်မတည့်ခြင်းများ

၂၅%သောသူများတွင် တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော ဓာတ်မတည့်ခြင်းများ ရှိနိုင်သည်။ ထိုရာခိုင်နှုန်းကလည်း တဖြည်းဖြည်းချင်းမြင့်တက်လာသည်။ ကျွန်ုပ်တို့က ဓာတ်မတည့်ပါက အင်ပြင်ထခြင်း၊ ယားခြင်း၊ နှာချေခြင်း၊ နှာရည်ယိုခြင်း၊ မျက်ရည်ယိုခြင်းတို့ဖြစ်မည်ဟုယူဆကြသည်။ သို့သော် အပေါ်ကလက္ခဏာများက ဓာတ်မတည့်ရောဂါ၏ လက္ခဏာတချို့သာဖြစ်သည်။ ဓာတ်မတည့်သော တုံပြန်ခြင်းဆိုတာ ဘာလဲ။ အဓိကကတော့ ဖြစ်စေသောအရာနှင့် နောက်ဆက်တွဲများကို သတိထားနေသင့်သည်။ ဓာတ်မတည့်သော တုံပြန်ခြင်းဆိုတာဘာလဲ။ ဓာတ်မတည့်တုံ့ပြန်ခြင်းသည် အလွန်ပြင်းထန်သော ဓာတ်မတည့်ခြင်းဖြစ်ပြီး အသက်အန္တရာယ်ထိ ရှိနိုင်သည်။ ခန္ဓာကိုယ်ခုခံအားစနစ်က ဓာတ်ပစ္စည်းကို တိုက်ခိုက်သည်။ ဓာတ်မတည့်သော တုံပြန်ခြင်းက အရေးပေါ်အခြေအနေဖြစ်ပြီး ချက်ခြင်းကုသမှု လိုအပ်သည်။ လက္ခဏာများတွင် အသက်အန္တရာယ်ရှိသော လေပြွန်ပိတ်ခြင်းနှင့် အသက်ရှူရခက်ခဲခြင်းတို့ ပါဝင်နိုင်သည်။ သွေးပေါင်ချိန် ချက်ချင်းကျ ပြီး သတိမေ့သွားခြင်းဖြစ်နိုင်သည်။ အခြားလက္ခဏာများအနေဖြင့် ယောင်ပြီး ယားသော အကွက် များပေါ်တတ်သည်။ ဓာတ်မတည့်သော တုံပြန်မှုကို ဖြစ်စေသောအရာက ဘာလဲ။ ယခုချိန်ထိ […]


အခြား ဓာတ်မတည့်ခြင်းများ

ဓာတ်မတည့်ခြင်းအကြောင်း သိကောင်းစရာများ

၁။ ဓာတ်မတည့်မှုဆိုတာ ဘာလဲ ဓာတ်မတည့်မှုများဟာ ကိုယ်ခံအားစနစ်ကနေ ဘေးမဖြစ်တတ်တဲ့ ပစ္စည်းတွေကို ဟန့်တားရာကနေ ဖြစ်ပေါ်တဲ့ တုံ့ပြန်မှုဖြစ်ပါတယ်။ ဓာတ်မတည့်မှု အမျိုးအစားများ - ဆိုးရွားပြင်းထန်တဲ့ ဓာတ်မတည့်ခြင်း။ အသက်အန္တရာယ် ခြိမ်းခြောက်နိုင်တဲ့အထိ ပြင်းထန်တဲ့ တုံ့ပြန်မှုဖြစ်ပါတယ်။ ကိုယ်ခန္ဓာရဲ့ အင်္ဂါအစိတ်အပိုင်း အများအပြားကို ထိခိုက်နိုင်ပြီး လျင်မြန်စွာ ဖြစ်ပေါ်တတ်ပါတယ်။ - ရင်ကျပ်ပန်းနာ။ အဆုတ်ရဲ့ အသက်ရှူလမ်းကြောင်း ရောင်ရမ်းတဲ့အခါမှာ ဖြစ်ပေါ်ပြီး အသက်ရှူမြန်ခြင်း၊ အသက်ရှူ ကြပ်ခြင်း၊ ချောင်းဆိုးခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ရင်ကျပ်ပန်းနာဖြစ်သူများမှာ ဓာတ်မတည့် ပစ္စည်းကြောင့် ရောဂါလက္ခဏာတွေ ပေါ်လာတတ်ပါတယ်။ - နှင်းခူဖြစ်ခြင်း။ မကူးစက်နိုင်တဲ့ အရေပြားပေါ် ဖြစ်တတ်တဲ့ ရောဂါဖြစ်ပါတယ်။ အရေပြားဟာ ခြောက်သွေ့ယားယံပြီး ကုတ်လိုက်တဲ့အခါ အရည်တွေထွက်လာတတ်ပါတယ်။ - ပတ်ဝန်းကျင်ဓာတ်မတည့်ခြင်း။ ကိုယ်ခံအားစနစ်ဟာ အန္တရာယ်မရှိတဲ့ ပန်းဝတ်မှုန်၊ တိရစ္ဆာန်အမွေး စတာတွေနဲ့ ထိတွေ့တဲ့အခါ ပုံမှန်မဟုတ်ဘဲ […]


အခြား ဓာတ်မတည့်ခြင်းများ

ဓါတ်မတည့်မှုပြသရန် လမ်းညွှန်ချက်

ဓါတ်မတည့်မှုကုသသူ ဆရာဝန်များဟာ ဓါတ်မတည့်မှုဖြစ်ခြင်းများနဲ့ ပတ်သက်တဲ့ ရောဂါရှာဖွေကုသခြင်းတွေမှာ လေ့ကျင့်ထားသူတွေပဲ ဖြစ်ပါတယ်။ အန္တရာယ်ရှိတဲ့ ဓါတ်မတည့်ခြင်း ဖြစ်ပွားတယ်ထင်ရင် ကနဦးကြည့်ရှုတဲ့ ဆရာဝန်ကနေ ဓါတ်မတည့်မှုကုသပေးတဲ့ ဆရာဝန်ဆီ လွှဲပေးပါလိမ့်မယ်။ ယခုဖော်ပြမှကြတော့ ဘယ်လိုပြသရမလဲဆိုတဲ့ လမ်းညွှန်ချက်ပဲ ဖြစ်ပါတယ်။ ၁။ ဘယ်အချိန်မှာ ဆေးဝါးကုသမှု ခံယူမလဲ လူအများက ဓါတ်မတည့်ခြင်းဟာ အရေးမကြီးဘူးလို့ ထင်ကြပါတယ်။ ဓါတ်မတည့်ခြင်းဟာ နှစ်နဲ့ချီပြီး ဖြစ်နေရင်တောင် အမြဲဖစ်နေကြရောဂါလို့တောင် သဘောထားလာကြပါတယ်။ ရာသီအလိုက်ဖြစ်တဲ့ ဓါတ်မတည့်မှုကိုတော့ ဟစ်စတမင်း ဆန့်ကျင်ဆေးတွေ၊ နှာပိတ်ပျောက်ဆေးတွေနဲ့ ကုသနိုင်ပါတယ်။ ဒါပေမယ့် အန္တရာယ်ရှိတဲ့ ဓါတ်မတည့်ခြင်းမျိုးဆိုရင်တော့ ကုသမှု ခံယူဖို့ လိုပါတယ်။ သင် ဒါမှမဟုတ် သင့်ကလေးမှာ ရင်ကျပ်တဲ့လက္ခဏာ တွေ့ရင် ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်။ တခါတရံမှာ ရင်ကျပ်ခြင်းဟာ ဓါတ်မတည့်မှုကြောင့် ဖြစ်တတ်ပါတယ်။ လက္ခဏာတွေကတော့ ချောင်းအလွန်ဆိုးခြင်း၊ အသက်ရှူသံပြင်းထန်ခြင်း၊ […]


အခြား ဓာတ်မတည့်ခြင်းများ

ဓါတ်မတည့်မှု၏ နောက်ဆက်တွဲပြသနာ

ဓါတ်မတည့်ခြင်းဟာ သင့်ကိုယ်ခံအားစနစ်ကနေ အန္တရာယ် မဖြစ်စေလောက်တဲ့ ဝတ်မှုန်၊ တိရစ္ဆာန်အမွေး၊ မှို၊ စားစရာတချို့ စတာတွေကို ပြင်းထန်စွာ တုံ့ပြန်တဲ့ အခြေအနေဖြစ်ပါတယ်။ ဒီတုံ့ပြန်မှုတွေဟာ အသက်အန္တရာယ်ရှိပြီး ဆိုးရွားတဲ့ နောက်ဆက်တွဲပြသနာတွေ ဖြစ်စေပါတယ်။ ၁။ သိပ်မပြင်းထန်သော နောက်ဆက်တွဲပြသနာများ လူအများစုဟာ သိပ်မပြင်းထန်တဲ့ နောက်ဆက်တွဲပြသနာတွေ ကြုံရတတ်ပါတယ်။ နှာစေးခြင်း (နှာခေါင်းအတွင်းပိုင်း ရောင်ရမ်းခြင်း)၊ ထိပ်ကပ်နာဖြစ်ခြင်း (နှာခေါင်းအတွင်း အပေါ်ပိုင်း ရောင်ရမ်းခြင်း) ဟာ အဖြစ်များတဲ့ နောက်ဆက်တွဲ ပြသနာတွေ ဖြစ်ပါတယ်။ ဓါတ်မတည့်မှုကြောင့် နှာစေးတဲ့လက္ခဏာတွေကတော့ နှာချေခြင်း၊ နှာရည်ကျခြင်း၊ နှာပိတ်ခြင်း၊ မျက်ရည်ကျခြင်း စတာတွေ ဖြစ်ပါတယ်။ နှာခေါင်း၊ လည်ချောင်း၊ မျက်စိနဲ့ နားတွေမှာ ယားယံတာမျိုး ကြုံနိုင်ပါတယ်။ ထိပ်ကပ်နာ လက္ခဏာတွေမှာ နှာပိတ်ခြင်းအပြင် အစိမ်းရောင်နဲ့ အညိုရောင် အချွဲများ၊ နှာရည်များကျခြင်း၊ မျက်နှာမှာ တင်းနေခြင်း […]


အခြား ဓာတ်မတည့်ခြင်းများ

ဓါတ်မတည့်မှု ရောဂါရှာဖွေခြင်း။ အရေပြားတွင် စမ်းသပ်ခြင်း

ဓါတ်မတည့်ခြင်းဟာ သင့်ကိုယ်ခံအားစနစ်ကနေ အန္တရာယ်မဖြစ်စေလောက်တဲ့ ဝတ်မှုန်၊ တိရစ္ဆာန်အမွေး၊ စားစရာတချို့ စတာတွေကို ပြင်းထန်စွာ တုံ့ပြန်တဲ့ အခြေအနေဖြစ်ပါတယ်။ ဒီတုံ့ပြန်မှုတွေဟာ ဆိုးရွားပြီး တခါတရံ သေသည်အထိ ဖြစ်နိုင်ပါတယ်။ ဓါတ်မတည့်မှုကို ရှောင်ရှားဖို့ အကောင်းဆုံး နည်းလမ်းကတော့ ဘာတွေနဲ့ ဓါတ်မတည့်သလဲဆိုတာ သိထားဖို့ပါပဲ။ အရေပြားမှာ စမ်းသပ်ခြင်းဟာ ဓါတ်မတည့်ရတဲ့ ပစ္စည်းကို သိနိုင်ဖို့ နည်းလမ်းတခုပဲ ဖြစ်ပါတယ်။ ၁။ အရေပြားမှာ စမ်းသပ်ခြင်းဆိုတာ ဘာလဲ အရေပြားမှာ စမ်းသပ်ခြင်းဆိုတာ ဓါတ်မတည့်မှု အဖြစ်များတတ်တဲ့ အရာတွေကို စုစည်း အသုံးချခြင်းပဲ ဖြစ်ပါတယ်။ ဓါတ်မတည့်တဲ့ ပစ္စည်းတွေကို သင့်ရဲ့ ကိုယ်ခံအားစနစ်က တိုက်ထုတ်တဲ့အခါ ဓါတ်မတည့်မှု ခံစားဖြစ်ပေါ်ပါတယ်။ ဓါတ်မတည့်တဲ့ အရာကို ထိလိုက်တဲ့အခါ၊ စားလိုက် ရှူလိုက်တဲ့အခါ ချက်ချင်းခံစားရတတ်ပါတယ်။ ဓါတ်မတည့်စေတဲ့ ပစ္စည်းကို အရေပြားမှာ ထည့်သွင်းပြီး […]


နှာခေါင်းနှင့် မျက်လုံး

ဓါတ်မတည့်နှာစေးခြင်း

နှာစေးခြင်းဆိုတာ နှာခေါင်းအတွင်းသား အမြှေးပါးတွေ ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ ဓါတ်မတည့်လို့ နှာစေးခြင်းဆိုတာ မတည့်တဲ့အရာ တခုခုကို ရှူရှိုက်မိလို့ ဖြစ်ရတဲ့ နှာစေးခြင်းတမျိုးပဲ ဖြစ်ပါတယ်။ သင့်ကိုယ်ခန္ဓါကနေ ဓါတ်မတည့်တဲ့ ပစ္စည်းအပေါ် အလွန်အကျွံတုံ့ပြန်ခြင်းကြောင့် ဖြစ်ပါတယ်။ ရာသီအလိုက်ဖြစ်တဲ့ နှာစေးခြင်းနဲ့ တနှစ်ပတ်လုံးဖြစ်တဲ့ နှာစေးခြင်းဆိုပြီး ၂မျိုး ရှိပါတယ်။ ဓါတ်မတည့်၍ နှာစေးခြင်း ဘယ်လောက်ထိ အဖြစ်များသလဲ အတော်လေး တွေ့ရတတ်ပါတယ်။ အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။ အမေရိကန် ဓါတ်မတည့်မှု၊ ပန်းနာရင်ကျပ်နဲ့ ကိုယ်ခံအားစနစ်ဆိုင်ရာ အကယ်ဒမီရဲ့ အဆိုအရ ဓါတ်မတည့်လို့ နှာစေးခြင်း ဖြစ်ပွားသူများဟာ ကမ္ဘာ့လူဦးရေရဲ့ ၁၀ကနေ ၃၀%ထိ ရှိတယ်လို့ ဆိုပါတယ်။ အများစုဟာ ဝတ်မှုန်နဲ့ ဓါတ်မတည့်လို့ ဖြစ်ပါတယ်။ လက္ခဏာများ ဓါတ်မတည့်၍ နှာစေးခြင်း လက္ခဏာတွေက ဘာတွေလဲ အတွေ့များတဲ့ လက္ခဏာတွေကတော့ နှာချေခြင်း နှာရည်ကျခြင်း နှာခေါင်း၊ […]


အခြား ဓာတ်မတည့်ခြင်းများ

ဓါတ်မတည့်မှုလက္ခဏာ။ မူးဝေခြင်း

ဓါတ်မတည့်မှုလက္ခဏာ။ မူးဝေခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ မူးဝေခြင်းဟာ အကြောင်းအရင်း ပေါင်းစုံကြောင့် ဖြစ်နိုင်ပါတယ်။ ရေဓါတ် ခမ်းးခြောက်ခြင်းကနေ ပြင်းထန်တဲ့ ကျန်းမာရေး အခြေအနေထိ ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေ တခုကတော့ ဓါတ်မတည့်မှုကြောင့် ဖြစ်ပွားခြင်း ဖြစ်ပါတယ်။ ဓါတ်မတည့်ခြင်းဟာ သင့်ကိုယ်ခံအား စနစ် ကနေ အန္တရာယ် မဖြစ်စေလောက်တဲ့ ဝတ်မှုန်၊ တိရစ္ဆာန်အမွေး၊ စားစရာ တချို့ စတာတွေကို ပြင်းထန်စွာ တုံ့ပြန်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီတုံ့ပြန်မှုတွေဟာ ဆိုးရွားပြီး တခါတရံ သေသည်အထိ ဖြစ်နိုင်ပါတယ်။ ဓါတ်မတည့်မှုလက္ခဏာ။ မူးဝေခြင်း ဓါတ်မတည့်မှုလက္ခဏာ။ မူးဝေခြင်း ကတော့ ၁။ လေမှလာသော ဓါတ်မတည့်မှုကြောင့် မူးဝေခြင်း လေထဲမှာ ပါလာတဲ့ အမှုန်လေးတွေဟာ ဓါတ်မတည့်မှုကို ဖြစ်ပွားစေပါတယ်။ အဲဒီအမှုန်လေးတွေ ကိုယ်ခန္ဓါထဲ ရောက်ရင် ကိုယ်ခံအားစနစ်က တိုက်ခိုက်ပြီး ခုခံပစ္စည်းတွေ […]


အခြား ဓာတ်မတည့်ခြင်းများ

ဓါတ်မတည့်ခြင်းကုသမှု။ ကိုယ်ခံအားစနစ်ကုသခြင်း၊ ဓါတ်မတည့်မှု ထည့်သွင်းခြင်း

သင်ဟာ ဓါတ်မတည့်မှု ဖြစ်တတ်တယ်ဆိုပါစို့။ ဓါတ်မတည့်မှုဖြစ်ခြင်းကနေ ရှောင်ရှားနိုင်ဖို့ဆိုရင် ဓါတ်မတည့်စေတဲ့ပစ္စည်းတွေနဲ့ ထိတွေ့ခြင်းကနေ ရှောက်ကြဉ်နိုင်ဖို့ဆိုတာ လူအများစုက သိကြပါတယ်။ ဓါတ်မတည့်စေတဲ့ ပစ္စည်းများနဲ့ ရှောင်လွဲလို့ မရဘူးဆိုရင် ကိုယ်ခံအားစနစ် ကုသနည်းကို ရွေးချယ်သင့်ပါတယ်။ ဓါတ်မတည့်မှု ထည့်သွင်းခြင်း နည်းလမ်းဟာ အလုပ်ဖြစ်ပါတယ်။ ဓါတ်မတည့်မှုကို ကာကွယ်နိုင်ပြီး အနည်းဆုံးတော့ ဖြစ်ခဲ့ရင်တောင် သက်သာစေပါတယ်။ ၁။ ဓါတ်မတည့်မှု ထည့်သွင်းခြင်း ဘယ်နှကြိမ်လောက် ပြုလုပ်ဖို့ လိုအပ်သလဲ ပထမဦးစွာ သင့်အနေနဲ့ ဆေးခန်းကို တပတ်မှာ တကြိမ်၊ နှစ်ကြိမ်နဲ့ လပေါင်းများစွာအထိ သွားပြသင့်ပါတယ်။ ဆရာဝန်ဟာ လက်မောင်းမှာ ဆေးထိုးပေးပါလိမ့်မယ်။ ထည့်သွင်းတဲ့ ဓါတ်မတည့်ပစ္စည်းရဲ့ ပမာဏဟာ အလွန်နည်းပါး ပါတယ်။ ဒါကြောင့် ဆိုးရွားတဲ့ ဓါတ်တုံ့ပြန်မှုတွေတော့ မကြုံရပါဘူး။ ဆရာဝန်ဟာ နောက်ပိုင်းမှာ တဖြည်းဖြည်းချင်း ဓါတ်မတည့်ပစ္စည်း ပမာဏကို မြှင့်တင်ပေးသွားပါလိမ့်မယ်။ ၄-၅လလောက် […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်