ဓာတ်မတည့်ရောဂါများ

ဓာတ်မတည့်မှုတွေ ဆိုတာက သင့်ခုခံအားစနစ်က ပြင်ပပစ္စည်းတွေဖြစ်တဲ့ ဖုန်တွေ၊ အမွေးတွေ၊ အစားအစာတချို့တွေကို ပြန်ပြီး တုံ့ပြန်တာဖြစ်ပါတယ်။ ဓာတ်မတည့်မှုတွေပတ်သက်ပြီး သိထားသင့်သမျှကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဓာတ်မတည့်ရောဂါများ

ကော်ဖီနဲ့ ဓာတ်မတည့်ခြင်း ခံစားနေရပါသလား!

ကော်ဖီနဲ့ ဓာတ်မတည့်ခြင်း ခံစားနေရပါသလား! ဆိုလို့ နည်းနည်းများ ထူးဆန်းသွားသလား …… လူတွေမှာ အမျိုးမျိုးသော ဓာတ်မတည့်မှုတွေ ရှိနိုင်ပါတယ်။ ပုံမှန် အစားအစာတွေလို့ ယူဆရတဲ့ အချို့သော အရာတွေကို ခန္ဓာကိုယ်က တုံ့ပြန်မှု မတူကြတဲ့အခါ မတည့်တဲ့သူအဖို့မှာ ဓာတ်မတည့်မှုကို ခံစားကြရပါတယ်။ ဥပမာ ခေါက်ဆွဲ လူတိုင်းနဲ့  တည့်တယ်လို့ ထင်စရာ ရှိပေမယ့် ၁၀၀ မှာ ၂ ဦးလောက်က ခေါက်ဆွဲ စာပြီးရင် ဓာတ်မတည့်မှုကို ခံစားရတာမျိုး ရှိကြပါတယ်။  ဒီလိုပါပဲ မောနင်းတိုင်းလိုလိုမှာ စိတ်ကြည်အောင် တစ်နေ့တာလုံး လန်းဆန်းအောင်ဆိုပြီး မနက်ခင်းရဲ့ drink တစ်ခုအဖြစ် လူတော်တော်များများ သောက်ကြတဲ့ ကော်ကော်နဲ့ လူတိုင်း မတည့်ကြဘူးဆိုတာကို သင်သိပါသလား! ကော်ဖီဆိုတာ လူတိုင်းနဲ့ တည့်တယ်ဆိုပြီး ထင်ထားကြပေမယ့် အချို့သောသူတွေမှာ […]

ဓာတ်မတည့်ရောဂါများ ကို ရှာဖွေမည်။

အခြား ဓာတ်မတည့်ခြင်းများ

ဓါတ်မတည့်မှု တုံ့ပြန်ခြင်း

ဓါတ်မတည့်မှုများဟာ ကိုယ်ခံအားစနစ်ကနေ ဘေးမဖြစ်တတ်တဲ့ ပစ္စည်းတွေကို ဟန့်တားရာကနေ ဖြစ်ပေါ်တဲ့ တုံ့ပြန်မှုဖြစ်ပါတယ်။ ဒီပစ္စည်းများကို ဓါတ်မတည့်ပစ္စည်းလို့ ခေါ်နိုင်ပါတယ်။ ဓါတ်မတည့် ပစ္စည်းတွေကို ရှူမိ၊ စားမိ၊ ထိကိုင်မိရင် ဓါတ်မတည့်မှု ဖြစ်စေတတ်ပါတယ်။ အတွေ့ရများတာကတော့ နှာစေးခြင်း၊ နှာရည်ကျခြင်း၊ မျက်ရည်ကျခြင်း စတာတွေ ဖြစ်ပါတယ်။ ဒီလိုပြသနာတွေကြောင့် အနှောင့်အယှက် ဖြစ်ရပါတယ်။ တခါတလေ ဆိုးဆိုးရွားရွား ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ ဓါတ်မတည့် တုံ့ပြန်မှုတွေကို သိထားဖို့ အရေးကြီးပါတယ်။ ဘာကြောင့် ဓါတ်မတည့်မှု ဖြစ်သလဲ တချို့အရာတွေကို ရှူရှိုက်မိ၊ မျိုချမိ၊ ထိမိရင် ဓါတ်မတည့်တဲ့ တုံ့ပြန်မှု စတင်တတ်ပါတယ်။ ပြီးရင် ကိုယ်ခံအားစနစ်ကနေ Ig E လို့ခေါ်တဲ့ ခုခံပစ္စည်းတွေကို ထုတ်လွှတ်ပါတယ်။ ဒီခုခံပစ္စည်းတွေဟာ ဆဲလ်တွေဆီကို ရောက်သွားပြီး ဟစ်စတမင်းနဲ့ တခြားဓါတုပစ္စည်းတွေကို ဖုတ်ပြီး […]


အခြား ဓာတ်မတည့်ခြင်းများ

ဆိုးရွားပြင်းထန်တဲ့ ဓါတ်မတည့်မှုအကြောင်း

အသက်အန္တရာယ် ထိခိုက်လောက်တဲ့အထိ ဖြစ်ပွားတဲ့ ဓါတ်မတည့်ခြင်း အမျိုးအစားကို ဆိုးရွားပြင်းထန်သော ဓါတ်မတည့်ခြင်းလို့ ခေါ်ပါတယ်။ လျင်မြန်စွာ ဖြစ်ပွားတတ်ပြီး ဓါတ်မတည့်မှုဖြစ်စေတဲ့ အရာနဲ့ ထိတွေ့အပြီး မိနစ်အနည်းငယ်အတွင်း လက္ခဏာ ပြတတ်ပါတယ်။ အဖြစ်အများဆုံးကတော့ အစာမတည့်ခြင်း၊ အကောင်ကိုက်ခြင်း၊ ဆေးဝါးများမှ ဖြစ်ပွားခြင်း၊ ရာဘာစေး မတည့်ခြင်း စတာတွေ ဖြစ်ပါတယ်။ ဆိုးရွားပြင်းထန်တဲ့ ဓါတ်မတည့်ခြင်းလို့ အတည်ပြုမိရင် ဆေးကုသမှု ချက်ချင်းခံယူဖို့ လိုအပ်ပါတယ်။ နီးစပ်ရာ ကျန်းမာရေးဌာနသို့သွားရောက်ပြီး အပီနက်ဖရင်းလို ဆေးမျိုး ထိုးပြီး ကုသဖို့ လိုအပ်ပါတယ်။ ဒီပြသနာကို ချက်ချင်းမကုသမိရင် သေစေနိုင်ပါတယ်။ အကြောင်းအရင်းများ ပြင်ပက ဝင်ရောက်လာတဲ့ အရာဝတ္တုတမျိုးမျိုးနဲ့ ဓါတ်မတည့်တဲ့အခါ ကိုယ်ခံအားစနစ်ဟာ အဲဒီအရာအပေါ် လွန်ကဲစွာတုံ့ပြန်ပြီး ဓါတ်မတည့်တဲ့ လက္ခဏာတွေ ပေါ်ပေါက်လာပါတယ်။ အများစု အနေနဲ့ကတော့ ဓါတ်မတည့်မှု လက္ခဏာတွေဟာ သိပ်ပြိး မပြင်းထန်တတ်ပါဘူး။ […]


အခြား ဓာတ်မတည့်ခြင်းများ

Anaphylactoid Purpura (ဆိုးရွားတဲ့ဓါတ်မတည့်မှုကြောင့် အင်ပျဉ်ထခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Anaphylactoid Purpura (ဆိုးရွားတဲ့ဓါတ်မတည့်မှုကြောင့် အင်ပျဉ်ထခြင်း) ကဘာလဲ။ ဟေးနော့ရှော်လိန်းအင်ပျဉ်ထခြင်းဆိုတာ ရှားပါးတဲ့ ပြသနာတခုဖြစ်ပြီး အရေပြား၊ အဆစ်များ၊ အူများနဲ့ ကျောက်ကပ်များထဲက သွေးကြောငယ်များ သွေးယိုခြင်းနဲ့ ရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေပါတယ်။ သွေးကြောရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေတဲ့ အခြေအနေတွေ အများကြီးရှိပါတယ်။ သွေးကြောရောင်ခြင်း ပုံစံတမျိုးစီမှာ သွေးကြောတွေရဲ့ ထူးခြားတဲ့ ဝိသေသတွေ ပါဝင်ပါတယ်။ ဟေးနော့ရှော်လိန်းအင်ပျဉ်ထခြင်းရဲ့ အဓိကပုံစံဟာ ခရမ်းရောင်အပျဉ်တွေဟာ ခြေထောက်နဲ့ တင်ပါးတွေမှာ ဖြစ်ပေါ်ခြင်း ဖြစ်ပါတယ်။ ဒီအခြေအနေမှာ ဝမ်းဗိုက်အောင့်ခြင်း၊ အဆစ်အမြစ်ကိုက်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ ရှားရှားပါးပါး ကျောက်ကပ်ထိခိုက်တာ ဖြစ်နိုင်ပါတယ်။ ဒီပြသနာဟာ လေးပတ်ကနေ ၆ပတ်ထိကြာရင် ပျောက်သွားနိုင်ပါတယ်။ တခါတရံ ပြန်ဖြစ်တတ်ပါတယ်။ ရေရှည် အကျိုးဆက်တွေတော့ မရှိတတ်ပါဘူး။ ကျောက်ကပ်၊ အူ စတဲ့ ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်ရင် ကုသမှုတွေ လိုအပ်ပြီး နောက်ဆက်တွဲပြသနာတွေကို […]


အခြား ဓာတ်မတည့်ခြင်းများ

Anaphylaxis (ပြင်းထန်သောဓါတ်မတည့်မှု)

Anaphylaxis (ပြင်းထန်သောဓါတ်မတည့်မှု) အကြောင်းလေး လေ့လာလိုက်ရအောင်နော်။ Anaphylaxis (ပြင်းထန်သောဓါတ်မတည့်မှု) Anaphylaxis (ပြင်းထန်သောဓါတ်မတည့်မှု) ဆိုတာ ဓါတ်မတည့်မှု တစ်မျိုးဖြစ်ပြီး အသက်အန္တရာယ်ပင်ထိခိုက်နိုင်ပါတယ်။ သင်နဲ့ဓါတ်မတည့်သောအရာ ဥပမာ- မြေပဲ၊ ပျားအဆိပ် တို့ကို မိနစ်ပိုင်း သို့ စက္ကန့်ပိုင်းလောက်ထိမိရုံနဲ့တင် ဓါတ်မတည့်မှုဖြစ်နိုင်တယ်။ ပြင်းထန်သောဓါတ်မတည့်မှု ရှိသူတွေဟာ နောက်ထပ်နောက်ထပ် တုံ့ပြန်မှုတွေရနိုင်ခြေများပါတယ်။ ပထမတုံ့ပြန်မှုက အားနည်းသည်ဆိုစေကာမူ နောက်ထပ်တုံ့ပြန်မှုတွေက ပိုပြီးပြင်းထန်လာနိုင်ပါတယ်။ ပြင်းထန်ဓါတ်မတည့်ခြင်းရပါက ချက်ခြင်းအရေးပေါ်ဌာနသို့သွားသင့်ပြီး ပြင်းထန်ဓါတ်မတည့်ခြင်းဟာ မကုသပါက အသက်ရှူရပ်ကာ နှလုံးရပ်သည်ထိဖြစ်နိုင်ပါတယ်။ ပြင်းထန်ဓါတ်မတည့်မှုကိုနားလည်ထားပြီး ထိုသို့ဓါတ်မတည့်ခြင်းကို ဖြစ်စေနိုင်တဲ့ အရာတွေကိုသိထားခြင်းက သင့်အခြေအနေကို ဘယ်လိုထိန်းသိမ်းရမလဲသိအောင် ကူညီပေးနိုင်ပါလိမ့်မယ်။ အလွန်ကိုဖြစ်တတ်ပြီး အရွယ်မရွေးဖြစ်နိုင်တယ်။ ဓါတ်မတည့်ခြင်းဖြစ်စေသော အခြေအနေများကိုရှောင်ခြင်းဖြင့် ထိန်းချုပ်နိုင်ပါလိမ့်မယ်။ အသေးစိတ်အချက်တွေအတွက်တော့ ဆရာဝန်နဲ့တိုင်ပင်နိုင်တယ်။ လက္ခဏာများ အဖြစ်များတဲ့လက္ခဏာတွေကတော့- အင်ပြင်ထခြင်း၊ ယားယံခြင်း၊ နီရဲလာခြင်း သို့ ဖြူဖျော့သွားခြင်း ကဲ့သို့ အရေပြားတွင်ဖြစ်သော တုံ့ပြန်မှုများ။ မျက်နှာ၊ မျက်လုံး၊ နှုတ်ခမ်း၊ […]


အစာဓာတ်မတည့်ခြင်း

အပြင်မှာ ညစာထွက်စားမယ်ဆိုရင် အစာနဲ့ဓါတ်မတည့်မှုအတွက် အပြင်မထွက်ခင် ဘယ်လို စီမံရမလဲ

များသောအားဖြင့်တော့ အစာနဲ့ဓါတ်မတည့်မှုတွေရှိနေတာက သင့်မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ အပြင်မှာ ပျော်ပျော်ပါးပါးစားသောက်ဖို့အတွက် အခက်အခဲတွေ ဖြစ်စေနိုင်ပါတယ်။ သင် အေးအေးဆေးဆေး စားလို့ရမယ့်အချိန်ဟာ သင်နဲ့မတည့်တဲ့အရာတွေအားလုံး တတ်နိုင်သမျှ သင်နဲ့အဝေးကြီးမှာ ရှိတာ သေချာတဲ့အချိန်ပါပဲ။ ဒါပေမယ့် မှန်ကန်တဲ့ သတိထားမှုတွေနဲ့ဆိုရင်တော့ နာမည်ကြီးစားသောက်ဆိုင်တွေမှာ တစ်ခေါက်တစ်ခါတော့ ညစာ စားနိုင်ပါသေးတယ်။ စားသောက်ဆိုင်ရွေးချယ်ခြင်း သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့အတူ ဘယ်မှာစားမယ်ဆိုတာရွေးချယ်ပါ။ သင်ရွေးချယ်လိုက်တာက နာမည်ကြီးစားသောက်ဆိုင်ဖြစ်ကောင်းဖြစ်နေနိုင်ပေမယ့် စနည်းနာဖို့တော့ လိုအပ်ပါဦးမယ်။ သင့်လိုပဲ အစာနဲ့ဓါတ်မတည့်သူတွေကို သူတို့ဘယ်နေရာတွေမှာ စားလေ့ရှိလဲဆိုတာကို မေးခြင်းအားဖြင့်လည်း စဉ်းစားနိုင်ပါသေးတယ်။ နေရာစဉ်းစားပြီးပြီဆိုတာနဲ့ သင့်နဲ့ သင့်လျော်၏ မလျော်၏ဆိုတာအတွက် စားသောက်ဆိုင်ရဲ့ မီနူးကို စစ်ဆေးပါ။ တကယ်လို့ ဘယ်နေရာကို ရွေးချယ်ရမှန်းမသိဖြစ်နေတယ်ဆိုရင် အကောင်းဆုံးကတော့ ဘယ်လိုစားသောက်ဆိုင်တွေကို ရှောင်ကြဉ်ရမလဲဆိုတာနဲ့ စတင်လိုက်ပါ။ ဒီထဲမှာ - ဘူဖေးဆိုင်တွေပါ ပါပါတယ်။ ဒီနေရာတွေမှာ စားစရာတွေအများကြီးရှိသလောက် သင်နဲ့မတည့်တဲ့စားစရာတွေကလည်း တခြားအရာတွေနဲ့ […]


အခြား ဓာတ်မတည့်ခြင်းများ

ဓါတ်မတည့်ခြင်းကို တိုက်ဖျက်ပေးသော အစားအသောက်

တစ်ခါတလေမှာ သင်က အစားအသောက်တွေကို ကောင်းကောင်းကြီးစားသောက်ပြီး နောက်တစ်ရက်မှာကျတော့ အော့အန်ပြီး မအီမသာဖြစ်နေတာမျိုးဆို ဘယ်အဆင်ပြေပါ့မလဲ။ ဒါမှမဟုတ် ဓါတ်မတည့်တဲ့ လက္ခဏာတွေပေါ်လာတာက နေ့တောင် မကူးဘူးဆိုရင်ရော… ဆိုလိုချင်တာက သင်ကတော့သင်စားနိုင်သလောက် ပုံမှန်စားလိုက်တာပါပဲ ။ ပြီးတော့မှ တစ်ခုခုလွဲမှားပြီး သင့်မျက်နှာကြီးရောင်လာတယ်ဆိုရင်.. ဘာတွေမှားနေတယ်ဆိုတာ သိရဖို့အတွက် တစ်ခါတလေမှာလည်း ဖြုတ်ထုတ်သတ် လမ်းစဉ်လိုက်ဖို့ လိုပါတယ်။ ( Elimination diet လုပ်ဖို့ လိုပါတယ်။ ) Elimination diet ဆိုတာဘာလဲ။ အထက်ဖော်ပြပါ အခြေအနေတွေနဲ့ ကြုံတွေ့ခဲ့ရပြီဆိုရင် ဒီလမ်းစဉ်က သင့်ကို ဘယ်စားစရာက ပြဿနာဖြစ်စေတာလဲဆိုတာကို ထောက်ပြပေးနိုင်ပါလိမ့်မယ်။ ဒီလမ်းစဉ်ကို စပြီဆိုတာနဲ့ သေချာရမှာတစ်ခုကတော့ ဆရာဝန်ရဲ့ထောက်ပံ့မှုသေချာရှိဖို့နဲ့ မရှိမဖြစ်လိုအပ်တဲ့ အာဟာရတွေ မကုန်ခမ်းနေဖို့ပါပဲ။ သတိထားရမှာတစ်ခုရှိပါသေးတယ်။ ဘာလဲဆိုတော့ ဒီ Elimination diet ကို သင့်မှာ […]


အခြား ဓာတ်မတည့်ခြင်းများ

ခွေးချစ်တတ်ပေမယ့် တိရစ္ဆာန်တွေနဲ့ ဓာတ်မတည့်တဲ့သူတွေအတွက် အကောင်းဆုံး ခွေးအမျိုးအစားများ

တကယ်လို့ သင်က ခွေးချစ်တတ်သူတစ်ယောက်ဖြစ်ပြီး အဆိုးဆုံး ဓာတ်မတည့်မှု ကလည်း ရှိနေတယ်ဆိုရင် သင့်အတွက်တော့ သိပ်မလွယ်ကူလှပါဘူး။ ခွေးတွေနဲ့ ဓာတ်မတည့်ခြင်းဟာ အသက်ရှူကြပ်ခြင်းနဲ့ နှာချေခြင်းတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ရင်ကြပ်ရောဂါရှိသူတွေဟာ ပိုပြီးပြင်းထန်တဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ခွေးချစ်တတ်ပေမယ့် တိရစ္ဆာန်တွေနဲ့ ဓာတ်မတည့်တဲ့သူတွေအတွက် အကောင်းဆုံး ခွေးအမျိုးအစားများ က ဘာတွေဖြစ်နိုင်မလဲဆိုတာကို သင်လေ့လာထားသင့်ပါတယ်။ ခွေးချစ်တတ်ပေမယ့် တိရစ္ဆာန်တွေနဲ့ ဓာတ်မတည့်တဲ့သူတွေအတွက် အကောင်းဆုံး ခွေးအမျိုးအစားများ ခွေးချစ်တတ်ပေမယ့် တိရစ္ဆာန်တွေနဲ့ ဓာတ်မတည့်တဲ့သူတွေအတွက် အကောင်းဆုံး ခွေးအမျိုးအစားများ အကြောင်း မပြောခင် ဒီအချက်လေးကို အရင်ပြောပြပေးချင်ပါတယ်။ ဒါကတော့ ဘာကြောင့် သင့်မှာ တိရစ္ဆာန်တွေနဲ့ ဓာတ်မတည့်မှုဖြစ်နေတာလဲ၊ များသောအားဖြင့်တော့ မိသားစုထဲက လူအားလုံး၊ အိမ်ရှိလူအကုန်ဟာ အိမ်မွေးတိရစ္ဆာန်တွေနဲ့ ဓာတ်မတည့်မှု ရှိနေတာမျိုး မဟုတ်ပါဘူး။  ဖြစ်နိုင်တာကတော့ ဓာတ်မတည့်တဲ့ မျိုးရိုးက သင့်ဆီရောက်လာတာဖြစ်မှာပါ။ တကယ်လို့သင့်မှာ […]


အခြား ဓာတ်မတည့်ခြင်းများ

ဝတ်မှုန်ကြောင့် ဖြစ်တဲ့ ဖျားနာခြင်း

ဝတ်မှုန်ကြောင့် ဖြစ်တဲ့ ဖျားနာခြင်း (Hay fever) တစ်ဖြစ်လဲ allergic rhinitis တွေဟာ အအေးမိခြင်းနဲ့ တူညီတဲ့ လက္ခဏာမျိုးရှိတတ်ပါတယ်။ ဥပမာ - နှာစေးတာ၊ မျက်လုံးယားတာ၊ နှာချေတာနဲ့ နှာခေါင်းပိတ်တာလိုမျိုးပေါ့။ ဒါပေမဲ့ အအေးမိတာကတော့ ဗိုင်းရပ်စ်တွေကြောင့်ဖြစ်ပြီး hay fever ကတော့ပန်းဝတ်မှုန်၊ ကြောင်မွေး သို့မဟုတ် ခွေးမွေးတွေ၊ ဖုန်မှုန့်တွေတွေလိုမျိုး ဓါတ်မတည့်ခြင်းကိုဖြစ်စေတဲ့အရာတွေကြောင့် ဖြစ်ရတာပါ။ ဒါဟာ အသက်အန္တရာယ်ပေးနိုင်တဲ့ အရာတစ်ခုမဟုတ်ပေမယ့် သင့်ရဲ့ နေ့စဉ်ဘဝတွေ၊ အလုပ်မှာ ကျောင်းမှာ စွမ်းဆောင်ရည်တွေ ပြတဲ့နေရာတွေမှာတော့ အနှောက်အယှက် အတော်ပေးနိုင်ါတယ်။ ဒါဆိုရင် ဒီ hay fever ကို ပုံမှန်အအေးမိတာကနေ ဘယ်လိုခွဲခြားမလဲ။ လက္ခဏာတွေကတော့ ဓါတ်မတည့်မှုတွေဖြစ်စေတဲ့အရာတွေ (ဥပမာ- ဖုန် သို့မဟုတ် ဝတ်မှုန်တွေ)ကို ကာလကြာရှည်ရှူရှိုက်မိပြီးနောက် ဒီအရာတွေနဲ့ ကြာရှည်ထိတွေ့ပြီးတဲ့နောက်မှာ […]


ဓာတ်မတည့်ရောဂါများ

ဆိုးရွားသော ဓါတ်မတည့်ခြင်း

လူအများစုကတော့ ဓါတ်မတည့်ခြင်းကို ခံနိုင်ရည်မရှိကြပါဘူး။ အထူးသဖြင့် ရာသီအလိုက်ဖြစ်တတ်တဲ့ ဓါတ်မတည့်မှုတွေကို ခံစားနေရတဲ့သူတွေကပေါ့။ သူတို့အတွက်တော့ ဓါတ်မတည့်ခြင်းဆိုတာ အနှောက်အယှက်တစ်ခုပါပဲ။ သင်အပြင်ထွက်တိုင်းမှာ အမြဲတမ်း နှာခေါင်းပိတ်၊ နှာစေး၊ နှာချေပြီးချောင်းဆိုးနေတာကြောင့် တစ်သျှူးကို အမြဲတမ်းဆောင်သွားရတဲ့အဖြစ်ကြီးကို မြင်ယောင်ကြည့်လိုက်စမ်းပါ။ ဒါ့အပြင် အချို့သော ဓါတ်မတည့်ခြင်းတွေဟာ ကျွန်တော်တို့ထင်ထားတာထက် ပိုပြီးပြင်းထန်နေတတ်ပြီး လူတစ်ယောက်ရဲ့ အသက်ကိုတောင် ရန်ရှာနိုင်ပါတယ်။ တကယ်လို့ သင့်မှာ တစ်ခုခုနဲ့ ပြင်းပြင်းထန်ထန်ဓါတ်မတည့်တာမျိုးဖြစ်နေပြီလို့ သံသယရှိရင် စစ်ဆေးမှုခံယူဖို့ အရေးကြီးလှပါတယ်။ သင့်ရဲ့အခြေအနေပေါ်မူတည်ပြီး ဆရာဝန်က အရည်ပြားစစ်ဆေးမှုတစ်ခု (ပုံစံကတော့ အမျိုးမျိုးရှိတာပေါ့ )သို့မဟုတ် သွေးစစ်တာမျိုးကို လုပ်ခိုင်းပါလိမ့်မယ်။ ၁။ အရည်ပြားစစ်ဆေးခြင်း အရည်ပြားစစ်ဆေးတဲ့နေရာမှာ ပုံစံ သုံးမျိုးရှိပါတယ်။ - အရည်ပြားဖောက်ပြီးစမ်းသပ်ခြင်း ( Skin Prick Test) ဆရာဝန်က ရွေးချယ်ထားတဲ့ ဓါတ်မတည့်စေတဲ့ပစ္စည်းကို အရည်ပြားပေါ်တင်ပြီး ခြစ်ရာအနည်းငယ်ထင်အောင်လုပ်ပါလိမ့်မယ် ။ ဒါမှမဟုတ် အပ်လေးတွေနဲ့ အရည်ပြားကို […]


အခြား ဓာတ်မတည့်ခြင်းများ

ဝတ်မှုန်ကြောင့် ဖြစ်တဲ့ ဖျားနာခြင်း

ဝတ်မှုန်ကြောင့် ဖြစ်တဲ့ ဖျားနာခြင်း (Hay fever) တစ်ဖြစ်လဲ allergic rhinitis တွေဟာ အအေးမိခြင်းနဲ့ တူညီတဲ့ လက္ခဏာမျိုးရှိတတ်ပါတယ်။ ဥပမာ - နှာစေးတာ၊ မျက်လုံးယားတာ၊ နှာချေတာနဲ့ နှာခေါင်းပိတ်တာလိုမျိုးပေါ့။ ဒါပေမဲ့ အအေးမိတာကတော့ ဗိုင်းရပ်စ်တွေကြောင့်ဖြစ်ပြီး hay fever ကတော့ပန်းဝတ်မှုန်၊ ကြောင်မွေး သို့မဟုတ် ခွေးမွေးတွေ၊ ဖုန်မှုန့်တွေတွေလိုမျိုး ဓါတ်မတည့်ခြင်းကိုဖြစ်စေတဲ့အရာတွေကြောင့် ဖြစ်ရတာပါ။ ဒါဟာ အသက်အန္တရာယ်ပေးနိုင်တဲ့ အရာတစ်ခုမဟုတ်ပေမယ့် သင့်ရဲ့ နေ့စဉ်ဘဝတွေ၊ အလုပ်မှာ ကျောင်းမှာ စွမ်းဆောင်ရည်တွေ ပြတဲ့နေရာတွေမှာတော့ အနှောက်အယှက် အတော်ပေးနိုင်ါတယ်။ ဒါဆိုရင် ဒီ hay fever ကို ပုံမှန်အအေးမိတာကနေ ဘယ်လိုခွဲခြားမလဲ။ လက္ခဏာတွေကတော့ ဓါတ်မတည့်မှုတွေဖြစ်စေတဲ့အရာတွေ (ဥပမာ- ဖုန် သို့မဟုတ် ဝတ်မှုန်တွေ)ကို ကာလကြာရှည်ရှူရှိုက်မိပြီးနောက် ဒီအရာတွေနဲ့ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်