အစာဓာတ်မတည့်ခြင်း

အစာဓာတ်မတည့်ခြင်း သည်အမျိုးအစားအများကြီး ရှိတဲ့အတွက် မိမိဘာနဲ့ မတည့်သလဲဆိုတာ မှတ်ထားသင့်ပါတယ်။ ဓာတ်မတည့်တာ မဖြစ်အောင်လည်း ဆောင်ရန်ရှောင်ရန်တွေကို လိုက်နာသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာဓာတ်မတည့်ခြင်း

အစာဓာတ်မတည့်ခြင်း ဆိုတာ အစားအစာ တစ်ခုခုကို စားပြီး သိပ်မကြာခင်မှာ ကိုယ်ခံအားစနစ်က တုံ့ပြန်တဲ့  တုံ့ပြန်မှု တစ်ရပ်ပါ။ ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့ အစားအစာ နည်းနည်းလေးကို စားမိရင်တောင်မှ အစာမကြေတာ၊ အင်ပြင်တွေ ထတာ၊ လေပြွန်တွေ ရောင်တာလိုမျိုး အစာဓာတ်မတည့်မှု လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ အစာဓာတ်မတည့်မှု က သိပ်မပြင်းထန်တဲ့ အခြေအနေကနေ အသက်အန္တရာယ်ကို ထိခိုက်စေလောက်တဲ့အထိ ပြင်းထန်တဲ့ အစာဓာတ်မတည့်မှုတွေအထိ ဖြစ်စေနိုင်ပါတယ်။ အစာဓာတ်မတည့်မှုကို ဘယ်လောက်များများ ခံစားရနိုင်လဲ အစာဓာတ်မတည့်ခြင်း ကို အသက် ၃ နှစ်အောက် ကလေးငယ်တွေရဲ့ ၆ ရာခိုင်နှုန်းလောက်ကနေ ၈ ရာခိုင်နှုန်းလောက်အထိ ခံစားနေရပြီး အရွယ်ရောက်ပြီးသူ ၃ ရာခိုင်နှုန်းလောက်ဟာလည်း အစာဓာတ်မတည့်မှုကို ခံစားနေရပါတယ်။ အစာဓာတ်မတည့်ခြင်း ကို ကုသနိုင်တဲ့ ကုထုံးကတော့ မရှိသေးပါဘူး။ အချို့ကလေးတွေဟာ ငယ်စဉ်မှာ အစာဓာတ်မတည့်မှုကို […]

အစာဓာတ်မတည့်ခြင်း နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

အစာဓာတ်မတည့်ခြင်း

အစားအစာ ဓာတ်မတည့်မှု ကလူတော်တောများများခံစားရလေ့ရှိတဲ့ ကျန်းမာရေးပြဿနာ တစ်ခုပါ။ အရွယ်ရောက်ပြီးသူတွေရဲ့ ၅ ရာခိုင်နှုန်းလောက်ဟာ ဓာတ်မတည့်မှုကို ခံစားရလေ့ရှိပြီး ကလေးတွေရဲ့ ၈ ရာခိုင်နှုန်းလောက်ဟာလည်း အစားအစာဓာတ်မတည့်မှုကို ခံစားနေရပါတယ်။ ဒီလိုဓာတ်မတည့်မှုကို ခံစားနေရသူထဲမှာ ဒီဆောင်းပါးကိုဖတ်နေတဲ့ သင်ကိုယ်တိုင်ရော ပါဝင်နေလား....... အစားအစာ ဓာတ်မတည့်မှု ဆိုတာ ဘာလဲ........... အစားအစာ ဓာတ်မတည့်မှု ဆိုတာက အစားအသောက်တစ်ခုခုကို စားလိုက်တဲ့အခါ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားက ပုံမှန်မဟုတ်ဘဲ တုံ့ပြန်တဲ့ အခြေအနေမျိုးပါ။ ဒီအခြေအနေက အစားအစာတွေထဲမှာပါတဲ့ ပရိုတင်းကို ခန္ဓာကိုယ်က အန္တရာယ်ရှိတဲ့ အရာတစ်ခုလို့ မှားယွင်းသတ်မှတ်ပြီး တုံ့ပြန်တာပါ။ ဒီလိုမှားယွင်းသတ်မှတ်လိုက်တာနဲ့ တပြိုင်နက်မှာ ခန္ဓာကိုယ်က ကာကွယ်မှုစနစ်ကို စတင်လိုက်ပါတယ်။ ဒီတုံ့ပြန်ကာကွယ်မှုစနစ်မှာ ရောင်ရမ်းမှုကိုဖြစ်စေနိုင်တဲ့ histamine လိုမျိုး ဓာတုပစ္စည်းကို ထုတ်လွှတ်မှုလည်း ပါဝင်နေပါတယ်။ ဘယ်လို လက္ခဏာတွေရှိနိုင်လဲ........... အစားအစာဓာတ်မတည့်မှုက နည်းနည်းလေးစားမိရုံလောက်နဲ့ကို ဖြစ်နိုင်တာပါ။ […]

အစာဓာတ်မတည့်ခြင်း

တူနာ၊ ပုဇွန်၊ ကင်းမွန်၊ ပြည်ကြီးငါး၊ ဆောလ်မွန်၊ ဂဏန်းစတဲ့ ပင်လယ်စာ အစားအသောက်တွေဟာ လူကြိုက်များတဲ့ အစားအစာတွေပါ။ အထူးသဖြင့် ပင်လယ်ကမ်းခြေလို နေရာမျိုးတွေမှာ သွားရောက်အပန်းဖြေချိန်တွေမှာဆိုရင် ပင်လယ်စာထွက် အစားအစားတွေကို အဓိကထား စားသောက်ကြလေ့ရှိပါတယ်။ ဒီကနေ့ခေတ်မှာတော့ ပင်လယ်စာအစားအစာတွေဟာ အစားအသောက်ပုံစံမျိုးစုံတွေမှာ ပါဝင်နေပြီဖြစ်သလို သူ့ချည်းသီးသန့် ရောင်းချတဲ့ စားသောက်ဆိုင်တွေလည်း ပေါများလာနေပါပြီ။ လူကြိုက်များအစားအစာဖြစ်ပေမယ့်လည်း ပင်လယ်စာတွေဟာ လူတိုင်းနဲ့ အဆင်ပြေနေတဲ့ အစားအစာမျိုးတော့မဟုတ်ပါဘူး။ မှတ်တမ်းတွေအရ အမေရိကန်တစ်နိုင်ငံတည်းမှာတင် ပင်လယ်စာနဲ့ ဓာတ်မတည့်တဲ့လူ ၂.၃% လောက်ရှိပါတယ်။ တစ်ချို့လူတွေအနေနဲ့ ပင်လယ်စာတွေ စားသောက်မိပြီးတဲ့အခါတွေမှာ ယားယံတာ၊ အော့အန်တာမျိုးတွေ ကြုံရတတ်ပါတယ်။ တစ်ချို့က မကြာခဏဖြစ်တတ်သလို တစ်ချို့က တစ်ခါတစ်ရံမှဖြစ်တတ်ပါတယ်။ တစ်ချို့ကတော့ အမြဲတမ်း ကြုံရတတ်တာမို့ လုံးဝစားလို့မရတာမျိုးလည်းရှိပါတယ်။ ဒါကို Seafood Allergies ဒါမှမဟုတ် Shellfish Allergies […]

အစာဓာတ်မတည့်ခြင်း

ဓာတ်မတည့်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိတဲ့အထဲမှာမှ အရက်သည်လည်း တစ်ခုအပါအဝင်လို့ ဆိုရမှာပါ။ ဒါပေမယ့် တော်တော်လေးကို ရှားပါးတဲ့ ဖြစ်စဉ်တွေထဲမှာ ပါဝင်ပါတယ်။ အရက်နဲ့ ဓာတ်မတည့်ခြင်းမှာ ပြင်းထန်စွာ ဓာတ်မတည့်ခြင်း (Alcohol Allergy) နဲ့ အရက်ထဲမှာ ပါဝင်နေတဲ့ ပစ္စည်းတွေအပေါ် ကိုယ်ခန္ဓာရဲ့ တုံ့ပြန်သက်ရောက်ခြင်း (Alcohol Intolerance) ဆိုပြီး ၂မျိုး ခွဲလို့ရပါတယ်။ ၁။ Alcohol Allergy ဒါကတော့ အရက်နဲ့ လုံးဝဓာတ်မတည့်တဲ့သူတွေမှာသာ ရှိတဲ့ ပြဿနာပါ။ ပုံမှန်ထက် ပိုပြင်းထန်တဲ့ ဓာတ်မတည့်ခြင်း လက္ခဏာတွေအပြင် ရုတ်တရက် အသက်ရှူကျပ်ပြီး အသက်သေဆုံးသည်အထိ ဆိုးရွားနိုင်ပါတယ်။ ဒီလိုပြဿနာ သင့်မှာရှိတယ်ဆိုရင်တော့ အရက်ကို တစ်သက်လုံး သောက်လို့ရမှာမဟုတ်ပါဘူး။ ၂။ Alcohol Intolerance အရက်သောက်ကာစ လူတော်တော်များများမှာ ဖြစ်တတ်တဲ့ အခြေအနေတစ်ခုပါ။ အရက်ထဲမှာ ပါဝင်တဲ့ ဓာတ်ပစ္စည်းတွေက […]

အစာဓာတ်မတည့်ခြင်း

ရှိသေးလားဗျ...ဆိုင်လေးများ သွားစားကြပြီဆို ပုဇွန်အစိမ်းသုပ်ချဉ်စပ်စပ်လေး မှာမိတတ်တဲ့သူတွေ။ အထူးသဖြင့် ထိုင်းအစားအစာဆိုင်မှာဆို ဒါပဲ တန်းမှာမိတာပေါ့။ ကိုယ်တွေက သံပရာသီးနံ့လေးသင်းနေတဲ့ ပုဇွန်အစိမ်းသုပ်ရဲ့အရသာလေးကို စွဲနေတာကိုး။ ပုဇွန်အကွေး၊ ငါးအနွေး လို့ဆိုပြီး ပုဇွန်နဲ့ငါးရဲ့ ချက်ရလွယ်ပုံ၊ ချက်ရမြန်ပုံကို ရှေးလူကြီးတွေ တင်စားတတ်ကြတယ်။ အပူပေးလို့ ခဏဆို စားလို့ရပြီပေါ့။ ဒါပေမယ့် ခုနောက်ပိုင်းကမ္ဘာအနှံ့မှာ ပင်လယ်စာနဲ့ အသားလွှာအစိမ်းတွေကို စားသုံးသူများလာပါတယ်။ ပုဇွန်ဆို နူးညံ့ပြီး ချိုတဲ့အသားမို့ စားသောက်ဆိုင်နဲ့ ဟိုတယ်တွေမှာ နည်းအမျိုးမျိုးနဲ့ပြင်ဆင်ထားတဲ့ဟင်းလျာတွေရှိပါတယ်။ ဒါပေမယ့် ပုဇွန်အစိမ်း စားလို့ ဘေးကင်းရဲ့လား... ဘယ်အသားငါးမှ အစိမ်းစားလို့ဘေးမကင်းပါဘူး။ စားနေတာပဲ ဘာမှမဖြစ်ဘူးလို့ပြောနေသူတွေဟာ တကယ်တော့ ဘာမှမဖြစ်သေးလို့ပါ။ အတည်ပြောတာပါနော်။ လူတိုင်းမဖြစ်၊ စားတိုင်းမဖြစ်ပေမယ့် ဆိုးကျိုးဖြစ်လာခဲ့ရင်လည်း မသက်သာလှဘူးဆိုတာလေး မမေ့စေချင်ပါဘူး။ ပုဇွန်အစိမ်းကိုနေရာဒေသအတော်များများမှာ စားသုံးနေကြသလို ဂျပန်မှာဆို လတ်ဆတ်တဲ့ပုဇွန်အစိမ်းကိုမှ ဆာရှိမိလုပ်ပြီးစားကြပါတယ်။ တရုတ်နဲ့တောင်ကိုရီးယားမှာတော့ ပုဇွန်ကို အရှင်တောင် အချဉ်နဲ့တို့စားကြတာပါ။ ဒါပေမယ့် […]

အစာဓာတ်မတည့်ခြင်း

ဓါတ်မတည့်စာတွေထဲမှာ မြေပဲနဲ့ ဓါတ်မတည့်တဲ့ ပြဿနာက တော်တော်လေးကို အတွေ့များတဲ့ ကိစ္စပါ။ နည်းနည်းလေး စားမိရုံနဲ့ ဆိုးဆိုးရွားရွား ဓါတ်မတည့်တဲ့ လက္ခဏာတွေ ပြပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်စေတဲ့အထိ ပြင်းထန်နိုင်ပါတယ်။ အထူးသဖြင့် ကလေးတွေမှာ အလွန်အဖြစ်များပြီး အသက်ကြီးလာတဲ့အခါ ပျောက်သွားတာမျိုးလည်း ရှိသလို တစ်ဘဝလုံး မြေပဲနဲ့ ဓါတ်မတည့်တဲ့သူတွေလည်း အများကြီးပါပဲ။ မြေပဲနဲ့ ဓါတ်မတည့်ရင် ဘယ်လိုလက္ခဏာတွေ ပြနိုင်လဲ။ ပုံမှန်အားဖြင့် ဓါတ်မတည့်တဲ့လက္ခဏာတွေဟာ စားပြီး မိနစ်အနည်းငယ်အတွင်းမှာ သိသိသာသာ ပြလာတတ်ပါတယ်။ လက္ခဏာက သိပ်ပြီး မပြင်းထန်ဘူးဆိုရင် အရေပြားက ယားယံလာမယ်၊ အင်ပျဉ်ေတွ ထလာမယ်၊ ပါးစပ်၊ လည်ချောင်းထဲမှာ ယားသလို၊ ဆူးစူးနေသလို ခံစားရမယ်၊ နှာရည်ယိုတာ၊ နှာပိတ်တာ ခေါင်းမူးတာမျိုးတွေ ဖြစ်တတ်ပါတယ်။ တစ်ခါတလေမှာ ဒီလက္ခဏာတွေက ပိုဆိုးလာဖို့အတွက် ရှေ့ပြေးလက္ခဏာတွေ ဖြစ်နေနိုင်ပါတယ်။ ဓါတ်မတည့်အခြေအနေ […]

အစာဓာတ်မတည့်ခြင်း

ပျားရည်ဆိုတာ သဘာဝပျားကောင်လေးတွေ ပန်းဝတ်ရည်ကို စုပ်ပြီးနောက်မှ ရရှိတာဖြစ်ပါတယ်။ ပျားရည်မှာ သကြားပါဝင်မှုများပေမယ့် အမိုင်နိုအက်ဆစ်တွေ၊ ကိုယ်ခန္ဓါအကျိုးပြု ဓါတ်တိုးဆန့်ကျင်ပစ္စည်းေတွအပြင် ဗီတာမင်အာဟာရလည်း များစွာပါဝင်ပါတယ်။ ဒီဓါတ်တွေကြောင့် ပျားရည်ကို အာဟာရဖြစ် အစားအစာအဖြစ်သာမက အနာကျက်မြန်ေစပြီး ဘက်တီးရီးယားပိုးသေစေတဲ့ ကုထုံးနဲ့ ချောင်းဆိုးချွဲကြပ်ပျောက်ဆေးအဖြစ် အသုံးပြုကြပါတယ်။ ဘက်စုံကောင်းမွန်တဲ့ ဆေးဖက်ဝင်အစာဖြစ်ပေမယ့် ဓါတ်မတည့်တဲ့သူတွေလည်း ရှိပါတယ်။ ဒီလိုဓါတ်မတည့်ဖြစ်ရခြင်းဟာ ပျားရည်မှာ ပါဝင်တဲ့ ပန်းဝတ်ရည်၊ ဝတ်မှုန်တွေကြောင့် ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ပျားရည်နဲ့ ဓါတ်မတည့်ရင် ဘယ်လိုလက္ခဏာတွေ ဖြစ်နိုင်လဲ။ ပျားရည်နဲ့ ဓါတ်မတည့်တဲ့အခါ ပန်းဝတ်မှုန် ဓါတ်မတည့်ြခင်းနဲ့ ဆင်တူတဲ့ လက္ခဏာတွေ ပြတာကိုတွေ့ရပါတယ်။ အဲ့ဒီလက္ခဏာတွေကတော့ နှာစေးတာ၊ နှာရည်ယိုတာ နှာချေတာ နှာခေါင်းက ယားပြီး ရောင်လာတာ မျက်ရည်ယိုတာ လည်ချောင်းယားတာ အရေပြားပေါ်မှာ အနီကွက်ထတာ အင်ပျဉ်၊ ယားနာဖြစ်တာ အရေပြားပေါ် အဖုအပိမ့်တွေ […]

အစာဓာတ်မတည့်ခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်ကြက်သားဖြင့်ဓါတ်မတည့်ခြင်း ဆိုတာဘာလဲ။ ကြက်သားဟာ ပရိုတင်းများပြီး၊ အဆီနည်းတဲ့အတွက်ကြောင့် ဓါတ်မတည့်မှုမရှိပါက ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတစ်ခုဖြစ်ပါတယ်။ ကြက်သားဖြင့်ဓါတ်မတည့်ခြင်းက အဖြစ်များသော်လည်း တောတော်လေးလေးစိတ်ညစ်ဖို့ကောင်းပြီး အသက်အန္တရယ်ရှိသည်အထိ ဖြစ်နိုင်ပါတယ်။ ကြက်သားဖြင့်ဓါတ်မတည့်ခြင်းဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ကလေးဘဝထဲက ထိုရောဂါရှိလာပြီး ကြီးပြင်းလာနိုင်ပါတယ်။ တချို့လူတွေကတော့ ကြက်သားအစိမ်းတွေကိုသာ ဓါတ်မတည့်တတ်ပြီး ချက်ထားတဲ့ကြက်သားမှာတော့ မဖြစ်ပါဘူး။ ကြက်သားဖြင့်ဓါတ်မတည့်ခြင်း ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများကြက်သားဖြင့်ဓါတ်မတည့်ခြင်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ကြက်သားနဲ့ဓါတ်မတည့်ဘူးဆိုရင် ကြက်သားဖြင့်ထိတွေ့ပြီးပြီးချင်း သို့မဟုတ် နာရီပေါင်းများစွာကြာမြင့်ပြီးနောက်မှာ ရောဂါလက္ခဏာတွေ ပေါ်လာနိုင်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။ ယားယံခြင်း၊ ရောင်ရမ်းခြင်းနှင့် မျက်ရည်ရွှဲခြင်း နှာစီးခြင်း၊ နှာခေါင်းယားခြင်း နှာချီခြင်း အသက်ရှုကြပ်ခြင်း ယားယံကုတ်ခြစ်ခြင်း၊ လည်ပင်းနာခြင်း အရေပြားစပ်ဖျင်းဖျင်းဖြစ်ခြင်း၊ အသားနီခြင်း၊ နှင်းခူပုံစံအကွက်များပေါ်ခြင်း အင်ပျဉ်ထွက်ခြင်း မအီမသာဖြစ်ခြင်း အော့အန်ခြင်း အစာအိမ်ရစ်နာခြင်း ဝမ်းလျောခြင်း အနာဖိုင်လေးစစ် ရောဂါလက္ခဏာတွေဟာ နေထိုင်မကောင်းရုံကနေ အပြင်းအထန်ထိဖြစ်သွားတာမျိုးရှိတတ်ပါတယ်။ ကြက်သားနဲ့ မထိတွေ့တော့ဘူးဆိုရင် ရောဂါလက္ခဏာတွေ ရှင်းလင်းသွားမှာပါ။ ကြက်သားဖြင့်ဓါတ်မတည့်ခြင်းကို အအေးမိခြင်းနှင့် မှားယွင်းနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ နှာရည်ယိုခြင်းနဲ့ လည်ချောင်းနာခြင်းတို့လိုမျိုး ရောဂါလက္ခဏာတွေက အတူတူပဲဖြစ်လို့ပါ။ […]

အစာဓာတ်မတည့်ခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်Anaphylaxis (ပြင်းထန်သောဓါတ်မတည့်မှု) ကဘာလဲ။ Anaphylaxis လို့ခေါ်တဲ့ ဓါတ်မတည့်မှုတစ်မျိုးဖြစ်ပြီး အသက်အန္တရာယ်ပင်ထိခိုက်နိုင်ပါတယ်။ သင်နဲ့ဓါတ်မတည့်သောအရာ ဥပမာ- မြေပဲ၊ ပျားအဆိပ် တို့ကို မိနစ်ပိုင်း သို့ စက္ကန့်ပိုငးလောက်ထိမိရုံနဲ့တင် ဓါတ်မတည့်မှုဖြစ်နိုင်တယ်။ ပြင်းထန်တဲ့ဓါတ်မတည့်ခြင်းရှိသူတွေဟာ နောက်ထပ်နောက်ထပ် တုံ့ပြန်မှုတွေရနိုင်ချေများပါတယ်။ ပထမတုံ့ပြန်မှုက အားနည်းသည်ဆိုစေကာမူ နောက်ထပ်တုံ့ပြန်မှုတွေက ပိုပြီးပြင်းထန်လာနိုင်ပါတယ်။ ပြင်းထန်ဓါတ်မတည့်ခြင်းရပါက ချက်ခြင်းအရေးပေါ်ဌာနသို့သွုားသင့်ပြီး ပြင်းထန်ဓါတ်မတည့်ခြင်းဟာ မကုသပါက အသက်ရှူရပ်ကာ နှလုံးရပ်သည်ထိဖြစ်နိုင်ပါတယ်။ ပြင်းထန်ဓါတ်မတည့်မှုကိုနားလည်ထားပြီး ထိုသို့ဓါတ်မတည့်ခြင်းကို ဖြစ်စေနိုင်တဲ့ အရာတွေကိုသိထားခြင်းက သင့်အခြေအနေကို ဘယ်လိုထိန်းသိမ်းရမလဲသိအောင် ကူညီပေးနိုင်ပါလိမ့်မယ်။ Anaphylaxis (ပြင်းထန်သောဓါတ်မတည့်မှု) က ဘယ်လောက်အဖြစ်များသလဲ အလွန်ကိုဖြစ်တတ်ပြီး အရွယ်မရွေးဖြစ်နိုင်တယ်။ ဓါတ်မတည့်ခြင်းဖြစ်စေသော အခြေအနေများကိုရှောင်ခြင်းဖြင့် ထိန်းချုပ်နိုင်ပါလိမ့်မယ်။ အသေးစိတ်အချက်တွေအတွက်တော့ ဆရာဝန်နဲ့တိုင်ပင်နိုင်တယ်။ လက္ခဏာများAnaphylaxis (ပြင်းထန်သောဓါတ်မတည့်မှု) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်များတဲ့လက္ခဏာတွေကတော့- အင်ပြင်ထခြင်း၊ ယားယံခြင်း၊ နီရဲလာခြင်း သို့ ဖြူဖျော့သွားခြင်း ကဲ့သို့ အရေပြားတွင်ဖြစ်သော တုံ့ပြန်မှုများ။ မျက်နှာ၊ မျက်လုံး၊ နှုတ်ခမ်း၊ လည်ချောင်း ရောင်ရမ်းခြင်း အသက်ရှူလမ်းကြောင်းပိတ်စေပြီး […]

အစာဓာတ်မတည့်ခြင်း

များသောအားဖြင့်တော့ အစာနဲ့ဓါတ်မတည့်မှုတွေရှိနေတာက သင့်မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ အပြင်မှာ ပျော်ပျော်ပါးပါးစားသောက်ဖို့အတွက် အခက်အခဲတွေ ဖြစ်စေနိုင်ပါတယ်။ သင် အေးအေးဆေးဆေး စားလို့ရမယ့်အချိန်ဟာ သင်နဲ့မတည့်တဲ့အရာတွေအားလုံး တတ်နိုင်သမျှ သင်နဲ့အဝေးကြီးမှာ ရှိတာ သေချာတဲ့အချိန်ပါပဲ။ ဒါပေမယ့် မှန်ကန်တဲ့ သတိထားမှုတွေနဲ့ဆိုရင်တော့ နာမည်ကြီးစားသောက်ဆိုင်တွေမှာ တစ်ခေါက်တစ်ခါတော့ ညစာ စားနိုင်ပါသေးတယ်။ စားသောက်ဆိုင်ရွေးချယ်ခြင်း သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့အတူ ဘယ်မှာစားမယ်ဆိုတာရွေးချယ်ပါ။ သင်ရွေးချယ်လိုက်တာက နာမည်ကြီးစားသောက်ဆိုင်ဖြစ်ကောင်းဖြစ်နေနိုင်ပေမယ့် စနည်းနာဖို့တော့ လိုအပ်ပါဦးမယ်။ သင့်လိုပဲ အစာနဲ့ဓါတ်မတည့်သူတွေကို သူတို့ဘယ်နေရာတွေမှာ စားလေ့ရှိလဲဆိုတာကို မေးခြင်းအားဖြင့်လည်း စဉ်းစားနိုင်ပါသေးတယ်။ နေရာစဉ်းစားပြီးပြီဆိုတာနဲ့ သင့်နဲ့ သင့်လျော်၏ မလျော်၏ဆိုတာအတွက် စားသောက်ဆိုင်ရဲ့ မီနူးကို စစ်ဆေးပါ။ တကယ်လို့ ဘယ်နေရာကို ရွေးချယ်ရမှန်းမသိဖြစ်နေတယ်ဆိုရင် အကောင်းဆုံးကတော့ ဘယ်လိုစားသောက်ဆိုင်တွေကို ရှောင်ကြဉ်ရမလဲဆိုတာနဲ့ စတင်လိုက်ပါ။ ဒီထဲမှာ - ဘူဖေးဆိုင်တွေပါ ပါပါတယ်။ ဒီနေရာတွေမှာ စားစရာတွေအများကြီးရှိသလောက် သင်နဲ့မတည့်တဲ့စားစရာတွေကလည်း တခြားအရာတွေနဲ့ […]

အစာဓာတ်မတည့်ခြင်း

များသောအားဖြင့်တော့ အစာနဲ့ဓါတ်မတည့်မှုတွေရှိနေတာက သင့်မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ အပြင်မှာ ပျော်ပျော်ပါးပါးစားသောက်ဖို့အတွက် အခက်အခဲတွေ ဖြစ်စေနိုင်ပါတယ်။ သင် အေးအေးဆေးဆေး စားလို့ရမယ့်အချိန်ဟာ သင်နဲ့မတည့်တဲ့အရာတွေအားလုံး တတ်နိုင်သမျှ သင်နဲ့အဝေးကြီးမှာ ရှိတာ သေချာတဲ့အချိန်ပါပဲ။ ဒါပေမယ့် မှန်ကန်တဲ့ သတိထားမှုတွေနဲ့ဆိုရင်တော့ နာမည်ကြီးစားသောက်ဆိုင်တွေမှာ တစ်ခေါက်တစ်ခါတော့ ညစာ စားနိုင်ပါသေးတယ်။ စားသောက်ဆိုင်ရွေးချယ်ခြင်း သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့အတူ ဘယ်မှာစားမယ်ဆိုတာရွေးချယ်ပါ။ သင်ရွေးချယ်လိုက်တာက နာမည်ကြီးစားသောက်ဆိုင်ဖြစ်ကောင်းဖြစ်နေနိုင်ပေမယ့် စနည်းနာဖို့တော့ လိုအပ်ပါဦးမယ်။ သင့်လိုပဲ အစာနဲ့ဓါတ်မတည့်သူတွေကို သူတို့ဘယ်နေရာတွေမှာ စားလေ့ရှိလဲဆိုတာကို မေးခြင်းအားဖြင့်လည်း စဉ်းစားနိုင်ပါသေးတယ်။ နေရာစဉ်းစားပြီးပြီဆိုတာနဲ့ သင့်နဲ့ သင့်လျော်၏ မလျော်၏ဆိုတာအတွက် စားသောက်ဆိုင်ရဲ့ မီနူးကို စစ်ဆေးပါ။ တကယ်လို့ ဘယ်နေရာကို ရွေးချယ်ရမှန်းမသိဖြစ်နေတယ်ဆိုရင် အကောင်းဆုံးကတော့ ဘယ်လိုစားသောက်ဆိုင်တွေကို ရှောင်ကြဉ်ရမလဲဆိုတာနဲ့ စတင်လိုက်ပါ။ ဒီထဲမှာ - ဘူဖေးဆိုင်တွေပါ ပါပါတယ်။ ဒီနေရာတွေမှာ စားစရာတွေအများကြီးရှိသလောက် သင်နဲ့မတည့်တဲ့စားစရာတွေကလည်း တခြားအရာတွေနဲ့ […]

အစာဓာတ်မတည့်ခြင်း ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon