တခြားဆေဝါးတွေ သုံးစွဲမယ်ဆိုရင် မသုံးစွဲခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုပါတယ်။
- ဓါတ်မတည့်ပစ္စည်းထည့်သွင်းခြင်း
သင့်အခြေအနေဆိုးရင် ဆရာဝန်ဟာ ဓါတ်မတည့်ပစ္စည်း ထည့်သွင်းခြင်းကို အကြံပြုပါလိမ့်မယ်။ ဒီကုသမှုဟာ ဓါတ်မတည့်ပစ္စည်းများကို ထိန်းချုပ်နိုင်တဲ့အထိ ပုံမှန်ထည့်သွင်းသွားခြင်း ဖြစ်ပါတယ်။ ဆေးများကို ကိုယ်ခန္ဓါထဲ ထိုးသွင်းပါလိမ့်မယ်။
ဓါတ်မတည့်ပစ္စည်း ထည့်သွင်းခြင်းပုံစံနဲ့ ဆင်တူပါတယ်။ ဒါပေမယ့် ဆေးကို လျှာအောက်မှာ ထားစေပါတယ်။ ဖြစ်နိုင်ခြေ ဘေးထွက်ဆိုးကျိုးတွေကတော့ ပါးစပ်၊ နားနဲ့ လည်ချောင်းယားခြင်းပဲ ဖြစ်ပါတယ်။
နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ
ဓါတ်မတည့်နှာစေးခြင်းကို ပြန်မဖြစ်အောင် ကာကွယ်ဖို့ ဓါတ်မတည့်စေတဲ့ အရာတွေနဲ့ ထိတွေ့ခြင်းကနေ ရှောင်ကြဉ်ရပါမယ်။ ဝတ်မှုန်၊ လေ၊ အမှုန်အမွှား စတဲ့ ဓါတ်မတည့်စေတဲ့ အရာတွေကို ကာကွယ်ဖို့ ပြတင်းပေါက်တွေကို အကန့်အသတ်နဲ့ပဲ ဖွင့်သင့်ပါတယ်။ အဲဒီအစား လေအေးစက်ဖွင့်ထားပါ။
သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်တာ အကောင်းဆုံးဖြစ်ပါတယ်။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။