တိရစ္ဆာန် နှင့် အင်းဆက်ပိုးကောင်များကြောင့်ဓာတ်မတည့်ခြင်း

အိမ်မွေးတိရစ္ဆာန်တွေ၊ အင်းဆက်ပိုးကောင်တွေနဲ့ ဓာတ်မတည့်တဲ့အခါ အင်ပျင်ထွက်တာ၊ နီရဲရောင်ရမ်းတာ၊ ယားယံတာ၊ နှာရည်ယိုတာတွေ ဖြစ်နိုင်ပါတယ်။ အကိုက်ခံရတာ၊ အတုပ်ခံရတာ၊ တံတွေးတွေ၊ အမွေးတွေနဲ့ ထိမိတဲ့အခါ ဖြစ်တတ်ပါတယ်။ ဒီစာမျက်နှာမှာ အိမ်မွေးတိရစ္ဆာန်နဲ့ အင်းဆက်ပိုးကောင်တွေနဲ့ ဓာတ်မတည့်ခြင်းအကြောင်း လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

တိရစ္ဆာန် နှင့် အင်းဆက်ပိုးကောင်များကြောင့်ဓာတ်မတည့်ခြင်း

သိထားသင့်တဲ့ တိရစ္ဆာန်နဲ့ အင်းဆက် ပိုးကောင်များကြောင့် ဓာတ်မတည့်ခြင်း အကြောင်း

ကြောင်တွေ၊ ခွေးတွေ၊ ငှက်တွေလိုမျိုး အိမ်မွေးတိရစ္ဆာန်လေးတွေကို မချစ်သူတွေက ခပ်ရှားရှားပါ။ သူတို့လေးတွေက တစ်နေ့တာရဲ့ ပင်ပန်းမှုတွေကို ပြေလျော့စေသလို ကျနေတဲ့ စိတ်ဓာတ်တွေကို ပြန်လည်း ဆွဲတင်ပေးတတ်ကြတယ်လေ။ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ။ သူတို့လေးတွေရဲ့ အပြေးလေး လာကြိုတာ၊ ဆော့ရအောင်ဆိုပြီး အတင်း လာခေါ်တာလေးတွေက စိတ်ညစ်နေတာတွေကို ပျောက်သွားစေတယ်လေ။ ဒါကြောင့်လည်း အိမ်မွေးတိရစ္ဆာန်လေးတွေကို ချစ်ကြတာပေါ့။ ဒီလို ချစ်တာ များပေမယ့် အင်းဆက်တွေကို ချစ်သူတွေကတော့ အတော်လေး ရှားပါတယ်။ ဒီတိရစ္ဆာန်လေးတွေက ချစ်ဖို့ ကောင်းသလို အချို့သူတွေမှာတော့ သူတို့ရဲ့ အမွေးလေးတွေကြောင့် ဓာတ်မတည့်တာမျိုးတွေ ခံစားရတာမျိုး ရှိပါတယ်။ အင်းဆက်ကြောင့် ဓာတ်မတည့်သူတွေကတော့ အိမ်မွေး တိရစ္ဆာန်လေးတွေကြောင့် ဓာတ်မတည့်သူတွေထက် ပိုများမယ် ထင်ပါတယ်။ https://hellosayarwon.com/allergies/other-allergies/how-to-prevent-seasonal-allergies/ ဘာတွေကများ တိရစ္ဆာန်နဲ့ အင်းဆက် ပိုးကောင်များကြောင့် ဓာတ်မတည့်ခြင်း ကို ဖြစ်စေတာလဲ […]

တိရစ္ဆာန် နှင့် အင်းဆက်ပိုးကောင်များကြောင့်ဓာတ်မတည့်ခြင်း ကို ရှာဖွေမည်။

တိရစ္ဆာန် နှင့် အင်းဆက်ပိုးကောင်များကြောင့်ဓာတ်မတည့်ခြင်း

ပိုးဟပ်တွေ နဲ့ မိသားစု ကျန်းမာရေးအန္တရာယ်

ကျွန်တော်တို့နိုင်ငံမှာတော့ ပိုးဟပ် ကြောက်တဲ့သူတွေရော၊ ပိုးဟပ်တွေ ရှိတဲ့နေအိမ်တိုက်ခန်းတွေ အရမ်းများတာ သတိထားမိမှာပါ။ ပိုးဟပ်ကို အကောင်အနေနဲ့ မြင်ရင်ကြောက်တာမျိုးလည်း ရှိသလို ရုတ်တရက် ထပျံလာရင် အားကနဲအော်ပြီး လန့်သွားတတ်တဲ့သူတွေလည်း အများကြီးပါပဲ။ ပိုးဟပ်တွေက လူတွေကို ကြောက်ရွံ့စေရုံသာမက ကျန်းမာရေး ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်လည်း ဒုက္ခဖြစ်စေနိုင်တဲ့ အရာတွေကို သယ်ဆောင်လာနိုင်တယ်ဆိုတာကို မမေ့ထားသင့်ပါဘူး။ ပိုးဟပ်တွေ နဲ့ မိသားစု ကျန်းမာရေးအန္တရာယ် ပိုးဟပ်တွေက မိသားစု ကျန်းမာရေးကို အခုလိုတွေ ထိခိုက်စေနိုင်ပါတယ်။ ပိုးဟပ်က ကိုက်နိုင်လား။ တခြားသော အင်းဆက်ပိုးမွှားတွေလိုမဟုတ်ဘဲ ပိုးဟပ်တွေက လူတွေကို ကိုက်တာမျိုးတော့ မလုပ်ပါဘူး။ ဒါပေမယ့် သူတို့ရဲ့ ခြေထောက်မှာရှိတဲ့ ဆူးချွန်လေးတွေက လူ့အရေပြားနဲ့ ထိမိတဲ့အခါ ကုတ်မိသလို ဖြစ်သွားတတ်ပြီး အလွယ်တကူ ပွန်းပဲ့ရှနာဖြစ်စေနိုင်ပါတယ်။ ဘက်တီးရီးယားပေါင်းစုံ သယ်ဆောင်နေတဲ့ ပိုးမွှားအုပ်စုဖြစ်တဲ့အတွက် ဒီကုတ်မိလိုက်တဲ့ ဒဏ်ရာကနေ ပိုးဝင်သွားနိုင်ပါတယ်။ ပိုးဟပ်သည် […]


တိရစ္ဆာန် နှင့် အင်းဆက်ပိုးကောင်များကြောင့်ဓာတ်မတည့်ခြင်း

ကြောင်နဲ့ ဓါတ်မတည့်တဲ့သူတွေရှိကြလား ။ ။

ခုစာဖတ်နေတဲ့ ပရိသတ်ကြီးထဲမှာ ကြောင်ချစ်တဲ့ ပရိတ်သတ်လည်းရှိသလို ကြောင်နဲ့ မတည့်တဲ့ ပရိတ်သတ်လည်းရှိမယ်လို့ထင်ပါတယ်။ ကြောင်နဲ့ မတည့်ဘူးဆိုတာ ကြောင်ကို မချစ်တာ၊ ကြောင်ကို ကြည့်မရတာကို ပြောတာမဟုတ်ပါဘူး။ ကြောင်အနားကပ်လိုက်တာနဲ့ ဓါတ်မတည့်တဲ့ လက္ခဏာတွေ စခံစားရတာကို ပြောတာပါ။ ကြောင်နဲ့ဓါတ်မတည့်တာ ဘာကြောင့် ဖြစ်ရတာလဲ ။ ။ ကြောင်ရဲ့ တံတွေး၊ အမွှေးမျှင်မှာ ကပ်နေတဲ့ဖုန်တွေ၊ ဆီး၊ ဝမ်းတို့ကို ကြောင်နဲ့ ဓါတ်မတည့်တဲ့သူတွေရဲ့ ကိုယ်ခန္ဓါက ပြင်းထန်စွာ တုန့်ပြန်တတ်ပါတယ် ။ တစ်ချို့ကြောင်နဲ့ လုံးဝ ဓါတ်မတည့်သူတွေဆို ကြောင်ရှိတဲ့အိမ်ကို သွားလိုက်မိတာနဲ့တင် ဓါတ်မတည့်မှု ဆိုးဆိုးဝါးဝါး ဖြစ်တတ်ပါတယ်။ ဒီလို ဓါတ်မတည့်မှုဟာ သိပ်မပြင်းထန်တဲ့အဆင့်ကနေ Anaphylaxis လို့ ခေါ်တဲ့ ပြင်းထန် ဓါတ်မတည့်မှု အထိပြောင်းသွားနိုင်ပြီးအသက်ကို အန္တရာယ်ရှိတဲ့အထိ ပြောင်းသွားနိုင်ပါတယ် ။ ဓါတ်မတည့်မှုဝေဒနာတွေ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်