ဓာတ်မတည့်ရောဂါများ

ဓာတ်မတည့်မှုတွေ ဆိုတာက သင့်ခုခံအားစနစ်က ပြင်ပပစ္စည်းတွေဖြစ်တဲ့ ဖုန်တွေ၊ အမွေးတွေ၊ အစားအစာတချို့တွေကို ပြန်ပြီး တုံ့ပြန်တာဖြစ်ပါတယ်။ ဓာတ်မတည့်မှုတွေပတ်သက်ပြီး သိထားသင့်သမျှကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဓာတ်မတည့်ရောဂါများ

ကော်ဖီနဲ့ ဓာတ်မတည့်ခြင်း ခံစားနေရပါသလား!

ကော်ဖီနဲ့ ဓာတ်မတည့်ခြင်း ခံစားနေရပါသလား! ဆိုလို့ နည်းနည်းများ ထူးဆန်းသွားသလား …… လူတွေမှာ အမျိုးမျိုးသော ဓာတ်မတည့်မှုတွေ ရှိနိုင်ပါတယ်။ ပုံမှန် အစားအစာတွေလို့ ယူဆရတဲ့ အချို့သော အရာတွေကို ခန္ဓာကိုယ်က တုံ့ပြန်မှု မတူကြတဲ့အခါ မတည့်တဲ့သူအဖို့မှာ ဓာတ်မတည့်မှုကို ခံစားကြရပါတယ်။ ဥပမာ ခေါက်ဆွဲ လူတိုင်းနဲ့  တည့်တယ်လို့ ထင်စရာ ရှိပေမယ့် ၁၀၀ မှာ ၂ ဦးလောက်က ခေါက်ဆွဲ စာပြီးရင် ဓာတ်မတည့်မှုကို ခံစားရတာမျိုး ရှိကြပါတယ်။  ဒီလိုပါပဲ မောနင်းတိုင်းလိုလိုမှာ စိတ်ကြည်အောင် တစ်နေ့တာလုံး လန်းဆန်းအောင်ဆိုပြီး မနက်ခင်းရဲ့ drink တစ်ခုအဖြစ် လူတော်တော်များများ သောက်ကြတဲ့ ကော်ကော်နဲ့ လူတိုင်း မတည့်ကြဘူးဆိုတာကို သင်သိပါသလား! ကော်ဖီဆိုတာ လူတိုင်းနဲ့ တည့်တယ်ဆိုပြီး ထင်ထားကြပေမယ့် အချို့သောသူတွေမှာ […]

ဓာတ်မတည့်ရောဂါများ ကို ရှာဖွေမည်။

အခြား ဓာတ်မတည့်ခြင်းများ

သွေးဓာတ်မတည့်မှု ပြဿနာ ဂရုပြုပါ

ထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားလို့ဖြစ်စေ၊ ရောဂါကြောင့်သွေးနီဥပမာဏနည်းနေရင်ဖြစ်စေ လျော့နည်းသွားတဲ့ သွေးပမာဏကို ပြန်ဖြည့်ဆည်းဖို့အတွက် သွေးသွင်းဖို့လိုအပ်နိုင်ပါတယ်။ တကယ်အရေးကြီးတဲ့အချိန်မှာ သွေးသွင်းကုသမှုက လူ့အသက်တစ်ချောင်းကို ကယ်တင်ပေးနိုင်တာလူတိုင်းသိပြီးဖြစ်မှာပါ။ ဒါပေမဲ့ ကုသမှုတိုင်းအားလုံးလိုပဲ သွေးသွင်းကုသမှုမှာလည်း ဘေးထွက်ဆိုးကျိုးတချို့နဲ့ သတိပြုစရာလေးတွေ ရှိနေတာမို့ Hello Sayarwon စာဖတ်ပရိသတ်တွေအတွက် ဗဟုသုတအဖြစ်ဖော်ပြပေးလိုက်ရပါတယ်။ သွေးသွင်းတော့မယ်ဆို အရေးကြီးဆုံးက သွေးသွင်းခံမယ့် လူနာရဲ့သွေးနဲ့ သွင်းမယ့်သွေး အမျိုးအစား ထပ်တူကျရပါမယ်။ သွေးအမျိုးအစား ၂ ခုမတူညီခဲ့ရင် လူနာဟာ သွေးဓာတ်မတည့်တဲ့ ပြဿနာတွေခံစားရနိုင်လို့ပဲ ဖြစ်ပါတယ်။ ဘယ်အချိန်မှာသွေးသွင်းဖို့လိုအပ်မလဲ အပေါ်မှာပြောခဲ့သလိုပဲ လူနာကသွေးအများကြီးဆုံးရှုံးသွားတဲ့အချိန်နဲ့ အောက်ခံရောဂါတစ်ခုခုကြောင့် ခန္ဓာကိုယ်က သွေးနီဥလုံလုံလောက်လောက်မထုတ်နိုင်တဲ့အခြေအနေမျိုးမှာ သွေးသွင်းရနိုင်ပါတယ်။ များသောအားဖြင့် -           ရောဂါတစ်ခုခုဖြစ်တဲ့အခါ -           ခွဲစိတ်ကုသမှုခံယူဖို့ လိုအပ်တဲ့အခါ -           ကင်ဆာရောဂါ ခံစားနေရတဲ့အခါ -           ရောဂါပိုးဝင်သွားတဲ့အခါ -           မီးလောင်ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိသွားတဲ့အခါ -           ထိခိုက်ဒဏ်ရာဆိုးဆိုးဝါးဝါးရရှိပြီး သွေးဆုံးရှုံးမှုများတဲ့အခါတွေမှာ သွေးသွင်းရတတ်ပါတယ်။ သွေးမသွင်းခင်မှာ လူနာရဲ့သွေးနမူနာအနည်းငယ်ထုတ်ပြီး သွေးအမျိုးအစားသိအောင် typing နဲ့ crossmatching လုပ်ပါတယ်။ […]


အစာဓာတ်မတည့်ခြင်း

အရက်နှင့် ဓာတ်မတည့်ခြင်းဆိုတာ ဘာလဲ

ဓာတ်မတည့်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိတဲ့အထဲမှာမှ အရက်သည်လည်း တစ်ခုအပါအဝင်လို့ ဆိုရမှာပါ။ ဒါပေမယ့် တော်တော်လေးကို ရှားပါးတဲ့ ဖြစ်စဉ်တွေထဲမှာ ပါဝင်ပါတယ်။ အရက်နှင့် ဓာတ်မတည့်ခြင်းဆိုတာ ဘာလဲ ။ အရက်နှင့် ဓာတ်မတည့်ခြင်းဆိုတာ ဘာလဲ အရက်နဲ့ ဓာတ်မတည့်ခြင်းမှာ ပြင်းထန်စွာ ဓာတ်မတည့်ခြင်း (Alcohol Allergy) နဲ့ အရက်ထဲမှာ ပါဝင်နေတဲ့ ပစ္စည်းတွေအပေါ် ကိုယ်ခန္ဓာရဲ့ တုံ့ပြန်သက်ရောက်ခြင်း (Alcohol Intolerance) ဆိုပြီး ၂မျိုး ခွဲလို့ရပါတယ်။ ၁။ Alcohol Allergy ဒါကတော့ အရက်နဲ့ လုံးဝဓာတ်မတည့်တဲ့သူတွေမှာသာ ရှိတဲ့ ပြဿနာပါ။ ပုံမှန်ထက် ပိုပြင်းထန်တဲ့ ဓာတ်မတည့်ခြင်း လက္ခဏာတွေအပြင် ရုတ်တရက် အသက်ရှူကျပ်ပြီး အသက်သေဆုံးသည်အထိ ဆိုးရွားနိုင်ပါတယ်။ ဒီလိုပြဿနာ သင့်မှာရှိတယ်ဆိုရင်တော့ အရက်ကို တစ်သက်လုံး သောက်လို့ရမှာမဟုတ်ပါဘူး။ ၂။ Alcohol Intolerance အရက်သောက်ကာစ […]


အရေပြား အလာ့ဂျစ် (ဓာတ်မတည့်)ဖြစ်ခြင်း

အရေပြားမှာ အင်ပျဉ်ထခဲ့ရင် အသုံးဝင်မယ့်နည်းလမ်းလေးတွေ

အရေပြားမှာ အင်ပျဉ်ထ တာက လူတော်တော်များများကြုံတွေ့ရနိုင်တဲ့ အရေပြားပြဿနာတစ်ခုပါ။ အရေပြား အင်ပျဉ်ထတဲ့အခြေအနေချင်းက တစ်ခုနဲ့တစ်ခုမတူညီတတ်ကြပါဘူး။ ဒါပေမယ့် အရေပြားမှာ အင်ပျဉ်ထတဲ့အခါ ယားယံပြီး နေရခက်တာကတော့ အသေအချာပါပဲ။ ဒီလိုမျိုးအရေပြားမှာ အင်ပျဉ်ထ တဲ့အခါ ဘယ်လိုလေးတွေလုပ်ရင် သက်သာစေမလဲဆိုတာကို ပြောပြပေးပါရစေ။ အရေပြားမှာ အင်ပျဉ်ထခဲ့ရင် အသုံးဝင်မယ့်နည်းလမ်းလေးတွေ ကို အတူတူ ကြည့်လိုက်ရအောင်နော်။ အရေပြားမှာ အင်ပျဉ်ထခဲ့ရင် အသုံးဝင်မယ့်နည်းလမ်းလေးတွေ အရေပြားမှာ အင်ပျဉ်ထ တာက ခန္ဓာကိုယ်ရဲ့ နေရာတိုင်းမှာဖြစ်နိုင်ပါတယ်။ အရေပြားမှာ အင်ပျဉ်ထတဲ့အခါ နီမြန်းတာ၊ ယားယံတာတွေကတော့ တွေ့ရများတဲ့ အင်ပျဉ်ထတဲ့ လက္ခဏာတွေပါ။ အရေပြားမှာ အင်ပျဉ်ထခဲ့ရင် အသုံးဝင်မယ့်နည်းလမ်းလေးတွေ ကတော့ အုတ်ဂျုံ အုတ်ဂျုံက အရေပြားမှာ ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ ယားယံမှုတွေကို လျော့ပါးသက်သာစေနိုင်စွမ်းရှိသလို ရောင်ရမ်းမှုကို လျော့ကျစေနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။ ပျားလိုမျိုး အင်းဆက်ကိုက်ခံရတာကြောင့် အရေပြားမှာ အင်ပျဉ်ထတဲ့အခါ အုတ်ဂျုံက […]


အခြား ဓာတ်မတည့်ခြင်းများ

ကိုယ့်မှာ ဓာတ်မတည့်တဲ့ ပြဿနာဖြစ်နေကြောင်း ကိုယ်ခန္ဓာက ဘယ်လိုအချက်ပြလဲ ။

ဓာတ်မတည့်တဲ့ပြဿနာ ALLERGY ဆိုတာကို အားလုံးကြားဖူးကြမှာပါ။ တချို့မှာ ကိုယ်နဲ့ ဓာတ်မတည့်တဲ့ အရာ တိတိပပရှိပြီး အဲဒါနဲ့ ထိလိုက်တာနဲ့ ဓာတ်မတည့်ဝေဒနာ ပြင်းထန်ခံစားရတတ်ပြီး တချို့ကျ ဘာရယ်ကြောင့်မှန်းမသိဘဲ ဓာတ်မတည့်တဲ့ ပြဿနာတွေ ဖြစ်ရပါတယ်။ ကိုယ့်မှာ ဓါတ်မတည့်တဲ့ ပြဿနာဖြစ်နေကြောင်း ကိုယ်ခန္ဓာက ဘယ်လိုအချက်ပြလဲ ဆိုတာကို လေ့လာလိုက်ရအောင်နော်။ ကိုယ့်မှာ ဓာတ်မတည့်တဲ့ ပြဿနာဖြစ်နေကြောင်း ကိုယ်ခန္ဓာက ဘယ်လိုအချက်ပြလဲ ။ ဓာတ်မတည့်ဘူးဆိုတာ ကိုယ်နဲ့ မတည့်တဲ့ အရာတစ်ခုခုနဲ့ ထိတွေ့မိရင် ထွက်လာတဲ့ histamine ကို ကိုယ်ခန္ဓာက ပြန်တုန့်ပြန်တဲ့အရာကို ပြောတာပါ။ ဓကိုယ့်မှာ ဓာတ်မတည့်တဲ့ ပြဿနာဖြစ်နေကြောင်း ကိုယ်ခန္ဓာက ဘယ်လိုအချက်ပြလဲ ဆိုတော့ နှာခေါင်း နှာချေ၊ နှာစေး၊ နှာရည်ယိုမယ်။ ဒါ ကိုယ်နဲ့ ဓာတ်မတည့်တစ်ခုခုကို ကိုယ်ခန္ဓာက အမြန်ဆုံးတုန့်ပြန်လိုက်တဲ့ အချက်ပြစနစ်တစ်ခုပါ။ […]


အခြား ဓာတ်မတည့်ခြင်းများ

အဝတ်အစားကြောင့် ဖြစ်တဲ့ ဓာတ်မတည့်ခြင်းအကြောင်း

ဓာတ်မတည့်ခြင်းဆိုတာဘာလဲ။ ပုံမှန်အားဖြင့် ဘေးအန္တရာယ်မပြုတဲ့ အရာတစ်ခုက ကျွန်တော်တို့ရဲ့ ကိုယ်ခံအားစနစ်နဲ့ ငြိစွန်းသွားတဲ့အခါ ဓာတ်မတည့်ခြင်း ဖြစ်နိုင်ပါတယ်။ မြေပဲ၊ ပျားရည်၊ ကြက်ဥ၊ ဖုန်မှုန့်တွေက အဖြစ်များတဲ့ ဓာတ်မတည့်ပစ္စည်းတွေဖြစ်ပြီး ရှားရှားပါးပါးအနေနဲ့ အဝတ်အစားကို ရက်လုပ်ထားတဲ့ Polyester လို့ခေါ်တဲ့ အထည်သားကြောင့် ဓာတ်မတည့်တာမျိုးလည်း ရှိပါတယ်။ ဓာတ်မတည့်ခြင်း လက္ခဏာတွေ ဓာတ်မတည့်တဲ့အခါ တွေ့ရတဲ့ လက္ခဏာတွေက ပုံစံချင်းဆင်တူကြပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေကတော့ နှာချေတာ အင်ပျဉ်ထတာ အရေပြားယားယံတာ ဖောရောင်တာ အသက်ရှူကျပ်တာတွေပဲ ဖြစ်ပါတယ်။ ဓာတ်မတည့်အခြေအနေပေါ် မူတည်ပြီး လက္ခဏာရဲ့ ပြင်းထန်မှုက တစ်ယောက်နဲ့ တစ်ယောက် တူနိုင်မှာမဟုတ်ပါဘူး။ Polyesterနှင့် ဓာတ်မတည့်ခြင်း Polyester ဆိုတာကတော့ ပုံမှန်ချည်သား၊ နိုင်လွန်သားလို လက်နဲ့ ရက်လုပ်ထားတာမျိုးမဟုတ်ဘဲ ဓာတုဗေဒနည်းပညာတွေနဲ့ လုပ်ထားတဲ့ အထည်သားဖြစ်ပါတယ်။ များသောအားဖြင့် အမျိုးသားအတွင်းခံတွေ၊ ဘောင်းဘီတွေကို ရက်လုပ်တဲ့ အထည်သားဖြစ်ပြီး အရေပြားနဲ့ […]


အစာဓာတ်မတည့်ခြင်း

မြေပဲနဲ့ ဓါတ်မတည့်တဲ့သူတွေထဲမှာ သင်ရောပါလား

ဓါတ်မတည့်စာတွေထဲမှာ မြေပဲနဲ့ ဓါတ်မတည့်တဲ့ ပြဿနာက တော်တော်လေးကို အတွေ့များတဲ့ ကိစ္စပါ။ နည်းနည်းလေး စားမိရုံနဲ့ ဆိုးဆိုးရွားရွား ဓါတ်မတည့်တဲ့ လက္ခဏာတွေ ပြပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်စေတဲ့အထိ ပြင်းထန်နိုင်ပါတယ်။ အထူးသဖြင့် ကလေးတွေမှာ အလွန်အဖြစ်များပြီး အသက်ကြီးလာတဲ့အခါ ပျောက်သွားတာမျိုးလည်း ရှိသလို တစ်ဘဝလုံး မြေပဲနဲ့ ဓါတ်မတည့်တဲ့သူတွေလည်း အများကြီးပါပဲ။ မြေပဲနဲ့ ဓါတ်မတည့်ရင် ဘယ်လိုလက္ခဏာတွေ ပြနိုင်လဲ။ ပုံမှန်အားဖြင့် ဓါတ်မတည့်တဲ့လက္ခဏာတွေဟာ စားပြီး မိနစ်အနည်းငယ်အတွင်းမှာ သိသိသာသာ ပြလာတတ်ပါတယ်။ လက္ခဏာက သိပ်ပြီး မပြင်းထန်ဘူးဆိုရင် အရေပြားက ယားယံလာမယ်၊ အင်ပျဉ်ေတွ ထလာမယ်၊ ပါးစပ်၊ လည်ချောင်းထဲမှာ ယားသလို၊ ဆူးစူးနေသလို ခံစားရမယ်၊ နှာရည်ယိုတာ၊ နှာပိတ်တာ ခေါင်းမူးတာမျိုးတွေ ဖြစ်တတ်ပါတယ်။ တစ်ခါတလေမှာ ဒီလက္ခဏာတွေက ပိုဆိုးလာဖို့အတွက် ရှေ့ပြေးလက္ခဏာတွေ ဖြစ်နေနိုင်ပါတယ်။ ဓါတ်မတည့်အခြေအနေ […]


အစာဓာတ်မတည့်ခြင်း

ပျားရည်နဲ့ ဓါတ်မတည့်တဲ့သူတွေ ရှိလား

ပျားရည်ဆိုတာ သဘာဝပျားကောင်လေးတွေ ပန်းဝတ်ရည်ကို စုပ်ပြီးနောက်မှ ရရှိတာဖြစ်ပါတယ်။ ပျားရည်မှာ သကြားပါဝင်မှုများပေမယ့် အမိုင်နိုအက်ဆစ်တွေ၊ ကိုယ်ခန္ဓါအကျိုးပြု ဓါတ်တိုးဆန့်ကျင်ပစ္စည်းေတွအပြင် ဗီတာမင်အာဟာရလည်း များစွာပါဝင်ပါတယ်။ ဒီဓါတ်တွေကြောင့် ပျားရည်ကို အာဟာရဖြစ် အစားအစာအဖြစ်သာမက အနာကျက်မြန်ေစပြီး ဘက်တီးရီးယားပိုးသေစေတဲ့ ကုထုံးနဲ့ ချောင်းဆိုးချွဲကြပ်ပျောက်ဆေးအဖြစ် အသုံးပြုကြပါတယ်။ ဘက်စုံကောင်းမွန်တဲ့ ဆေးဖက်ဝင်အစာဖြစ်ပေမယ့် ဓါတ်မတည့်တဲ့သူတွေလည်း ရှိပါတယ်။ ဒီလိုဓါတ်မတည့်ဖြစ်ရခြင်းဟာ ပျားရည်မှာ ပါဝင်တဲ့ ပန်းဝတ်ရည်၊ ဝတ်မှုန်တွေကြောင့် ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ပျားရည်နဲ့ ဓါတ်မတည့်ရင် ဘယ်လိုလက္ခဏာတွေ ဖြစ်နိုင်လဲ။ ပျားရည်နဲ့ ဓါတ်မတည့်တဲ့အခါ ပန်းဝတ်မှုန် ဓါတ်မတည့်ြခင်းနဲ့ ဆင်တူတဲ့ လက္ခဏာတွေ ပြတာကိုတွေ့ရပါတယ်။ အဲ့ဒီလက္ခဏာတွေကတော့ နှာစေးတာ၊ နှာရည်ယိုတာ နှာချေတာ နှာခေါင်းက ယားပြီး ရောင်လာတာ မျက်ရည်ယိုတာ လည်ချောင်းယားတာ အရေပြားပေါ်မှာ အနီကွက်ထတာ အင်ပျဉ်၊ ယားနာဖြစ်တာ အရေပြားပေါ် အဖုအပိမ့်တွေ […]


တိရစ္ဆာန် နှင့် အင်းဆက်ပိုးကောင်များကြောင့်ဓာတ်မတည့်ခြင်း

ကြောင်နဲ့ ဓါတ်မတည့်တဲ့သူတွေရှိကြလား ။ ။

ခုစာဖတ်နေတဲ့ ပရိသတ်ကြီးထဲမှာ ကြောင်ချစ်တဲ့ ပရိတ်သတ်လည်းရှိသလို ကြောင်နဲ့ မတည့်တဲ့ ပရိတ်သတ်လည်းရှိမယ်လို့ထင်ပါတယ်။ ကြောင်နဲ့ မတည့်ဘူးဆိုတာ ကြောင်ကို မချစ်တာ၊ ကြောင်ကို ကြည့်မရတာကို ပြောတာမဟုတ်ပါဘူး။ ကြောင်အနားကပ်လိုက်တာနဲ့ ဓါတ်မတည့်တဲ့ လက္ခဏာတွေ စခံစားရတာကို ပြောတာပါ။ ကြောင်နဲ့ဓါတ်မတည့်တာ ဘာကြောင့် ဖြစ်ရတာလဲ ။ ။ ကြောင်ရဲ့ တံတွေး၊ အမွှေးမျှင်မှာ ကပ်နေတဲ့ဖုန်တွေ၊ ဆီး၊ ဝမ်းတို့ကို ကြောင်နဲ့ ဓါတ်မတည့်တဲ့သူတွေရဲ့ ကိုယ်ခန္ဓါက ပြင်းထန်စွာ တုန့်ပြန်တတ်ပါတယ် ။ တစ်ချို့ကြောင်နဲ့ လုံးဝ ဓါတ်မတည့်သူတွေဆို ကြောင်ရှိတဲ့အိမ်ကို သွားလိုက်မိတာနဲ့တင် ဓါတ်မတည့်မှု ဆိုးဆိုးဝါးဝါး ဖြစ်တတ်ပါတယ်။ ဒီလို ဓါတ်မတည့်မှုဟာ သိပ်မပြင်းထန်တဲ့အဆင့်ကနေ Anaphylaxis လို့ ခေါ်တဲ့ ပြင်းထန် ဓါတ်မတည့်မှု အထိပြောင်းသွားနိုင်ပြီးအသက်ကို အန္တရာယ်ရှိတဲ့အထိ ပြောင်းသွားနိုင်ပါတယ် ။ ဓါတ်မတည့်မှုဝေဒနာတွေ […]


အစာဓာတ်မတည့်ခြင်း

ကြက်ဥ၊ဘဲဥတို့နဲ့ ဓါတ်မတည့်ခြင်း ။ ။

ကြက်ဥ ဘဲဥဆိုတာ လူတိုင်းကြိုက်ကြ၊ စားနေကြ၊ လူတိုင်းနဲ့လည်း တည့်ပြီး အာဟာရရှိတဲ့ အရာတစ်ခုပါ။ ဒီလို အရသာရှိ၊ ကျန်းမာရေးအတွက်လည်း ညီညွတ်တဲ့ ကြက်ဥ ဘဲဥတွေနဲ့ မတည့်တဲ့သူတွေလောက် ကံဆိုးတဲ့သူမရှိပါဘူး။ ဘယ်သူတွေမှာ ပိုဖြစ်တာလဲ။ ။ ကြက်ဥဘဲဥနဲ့ ဓါတ်မတည့်တဲ့ ပြဿနာဟာ ကလေးတွေ မှာ အများဆုံးဖြစ်တဲ့ ပြဿနာတစ်ခုပါ။ ကြက်ဥဘဲဥနဲ့ ဓါတ်မတည့်တာရဲ့ လက္ခဏာတွေက ဘာတွေလဲ ။ ။ ကြက်ဥစားပြီးပြီးချင်းမှာ ဖြစ်တတ်တဲ့ မပြင်းထန်တဲ့ လက္ခဏာတွေကတော့ အင်ပြင်ေတွထွက်လာမယ် နှာတွေမွန်ပြီး နှာစေး၊နှာရည်ယိုတာတွေဖြစ်လာမယ် ဗိုက်အောင့်မယ် ပျို့အန်တာတွေဖြစ်မယ် ချောင်းဆိုးြပီး အသက်ရှူမဝတော့တာမျိုး ၊ရင်ဘတ်ပေါ်တစ်ခုခု ဖိထားလို့ အသက်ရှူကြပ်နေတာမျိုးတွေဟာ ကြက်ဥ၊ဘဲဥ နဲ့ ဓါတ်မတည့်တာရဲ့ လက္ခဏာတွေပါ။ anaphylaxis လို့ခေါ်တဲ့ အသက်ဆုံးရှုံးရလောက်တဲ့အထိ ပြင်းထန်တဲ့ ဓါတ်မတည့်မှုတွေလည်း ဖြစ်တတ်ပါသေးတယ်။ အသက်ဆုံးရှုံးရလောက်တဲ့အထိ ပြင်းထန်ပြီးတော့ ချက်ချင်းဆေးကုသမှုခံယူဖို့လိုအပ်ပါတယ်။ ဒီ […]


အခြား ဓာတ်မတည့်ခြင်းများ

Mold allergy ( မှိုဖြင့်ဓါတ်မတည့်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်မှိုဖြင့်ဓါတ်မတည့်ခြင်း ဆိုတာဘာလဲ။ Mold ဆိုတာဟာ မှိုအသေးစားလေးတွေဖြစ်ပြီး ယင်းတို့ရဲ့ မျိုးမှုန်တွေဟာ လေထဲကနေပြန့်နှံ့တတ်ကြပါတယ်။ သူတို့ဟာ စိုထိုင်းသော ပတ်ဝန်းကျင်ကို ကြိုက်ကြပြီး အာဟာရ၊ လေ၊ သင်တော်မယ့်အပူချိန်နဲ့ ရေ စသည့်အရာ၄မျိုးကို ကြီးထွားဖို့ လိုအပ်ပါသည်။ မှိုတွေကို အပြင်မှာဖြစ်စေ၊ အိမ်မှာဖြစ်စေ၊ အခြားအဆောက်အအုံတွေမှာဖြစ်စေ တွေ့နိုင်ပါတယ်။ လူတိုင်းက မှိုမျိုးမှုန်တွေကို ရှုသွင်းကြပြီး ပမာဏများတဲ့အခါ ဓါတ်မတည့်ခြင်း သို့မဟုတ် ပန်းနာရင်ကြပ်တို့ဖြစ်ပေါ်လာနိုင်ပါတယ်။ ထိုအခြေအနေကို မှိုဖြင့်ဓါတ်မတည့်ခြင်းလို့ခေါ်ပါတယ်။ မှိုဖြင့်ဓါတ်မတည့်တဲ့အခါ ခန္ဓါကိုယ်က မှိုမျိုးမှုန်တွေကို ရှုသွင်းမိတဲ့အခါ လိုတာထက်ပိုပြီး တုံ့ပြန်ကြပါတယ်။ မှိုမျိုးမှုန်တွေက ချောင်းဆိုးအောင်၊ မျက်လုံးယားအောင်နဲ့ အခြားစိတ်ရှုတ်စရာကောင်းတဲ့ရောဂါလက္ခဏာတွေပေါ်လာအောင် ပြုလုပ်ပါတယ်။ အချို့လူတွေမှာ ပန်းနာရင်ကြပ်နဲ့ ဆက်စပ်နေနိုင်ပြီး မှိုမျိုးမှုန်တွေကို ရှုသွင်းမိလိုက်သည့်အခါ အသက်ရှုခက်ခြင်းနဲ့ အခြားသောလေပြွန်ပိုင်းဆိုင်ရာ လက္ခဏာတွေ ဖြစ်ပေါ်လာပါတယ်။   မှိုဖြင့်ဓါတ်မတည့်ခြင်းဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။   အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများမှိုဖြင့်ဓါတ်မတည့်ခြင်းရဲ့ ရောဂါလက္ခဏာတွေက […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်