ဓာတ်မတည့်ရောဂါများ

ဓာတ်မတည့်မှုတွေ ဆိုတာက သင့်ခုခံအားစနစ်က ပြင်ပပစ္စည်းတွေဖြစ်တဲ့ ဖုန်တွေ၊ အမွေးတွေ၊ အစားအစာတချို့တွေကို ပြန်ပြီး တုံ့ပြန်တာဖြစ်ပါတယ်။ ဓာတ်မတည့်မှုတွေပတ်သက်ပြီး သိထားသင့်သမျှကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဓာတ်မတည့်ရောဂါများ

ကော်ဖီနဲ့ ဓာတ်မတည့်ခြင်း ခံစားနေရပါသလား!

ကော်ဖီနဲ့ ဓာတ်မတည့်ခြင်း ခံစားနေရပါသလား! ဆိုလို့ နည်းနည်းများ ထူးဆန်းသွားသလား …… လူတွေမှာ အမျိုးမျိုးသော ဓာတ်မတည့်မှုတွေ ရှိနိုင်ပါတယ်။ ပုံမှန် အစားအစာတွေလို့ ယူဆရတဲ့ အချို့သော အရာတွေကို ခန္ဓာကိုယ်က တုံ့ပြန်မှု မတူကြတဲ့အခါ မတည့်တဲ့သူအဖို့မှာ ဓာတ်မတည့်မှုကို ခံစားကြရပါတယ်။ ဥပမာ ခေါက်ဆွဲ လူတိုင်းနဲ့  တည့်တယ်လို့ ထင်စရာ ရှိပေမယ့် ၁၀၀ မှာ ၂ ဦးလောက်က ခေါက်ဆွဲ စာပြီးရင် ဓာတ်မတည့်မှုကို ခံစားရတာမျိုး ရှိကြပါတယ်။  ဒီလိုပါပဲ မောနင်းတိုင်းလိုလိုမှာ စိတ်ကြည်အောင် တစ်နေ့တာလုံး လန်းဆန်းအောင်ဆိုပြီး မနက်ခင်းရဲ့ drink တစ်ခုအဖြစ် လူတော်တော်များများ သောက်ကြတဲ့ ကော်ကော်နဲ့ လူတိုင်း မတည့်ကြဘူးဆိုတာကို သင်သိပါသလား! ကော်ဖီဆိုတာ လူတိုင်းနဲ့ တည့်တယ်ဆိုပြီး ထင်ထားကြပေမယ့် အချို့သောသူတွေမှာ […]

ဓာတ်မတည့်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဓာတ်မတည့်ရောဂါများ ကို ရှာဖွေမည်။

အစာဓာတ်မတည့်ခြင်း

အစားအသောက်ကြောင့်ရာသီအလိုက်ဓါတ်မတည့်မှုများဖြစ်စေနိုင်ပုံ

-နေ့တစ်နေ့တွင်သင်နိုးထလာပြီး နှာချေခြင်း ၊ နှာခေါင်းယားခြင်း၊ချောင်းဆိုးခြင်း ၊ မျက်စိနီရဲ၍မျက်ရည်ကျခြင်းတို့ခံစားနေရပါကသင်သည်ရာသီကိုလိုက်၍ဖြစ်တတ်သော ဓါတ်မတည့်မှုကိုခံစားနေရခြင်းဖြစ်နိုင်ပါသည်။ ထိုအချင်းအရာသည်အဖြစ်များသော ကျန်းမာရေးပြဿနာဖြစ်သည်။ ရာသီအလိုက် ဓါတ်မတည့်မှုများအတွက် သင်စားနေသောအစားအစာကလည်းအကျိုးသက်ရောက်မှု ရှိသည်ကိုသင်သတိပြုသင့်ပါသည်။   ရာသီအလိုက်ဓါတ်မတည့်မှုများဆိုသည်မှာ -ရာသီအလိုက်ဓါတ်မတည့်ခြင်းတို့သည် ကောက်ရိတ်သိမ်းချိန်ဖြစ်သောအဖျားရောဂါနှင့် ရာသီအကူးအပြောင်းတွင်ဖြစ်တတ်သော နှာခေါင်းယားယံခြင်းတို့ကိုအဓိကဆိုလိုပါသည်။ နှစ်တစ်နှစ်၏အချို့အချိန်များတွင် ထိုရောဂါတို့၏လက္ခဏာများ ဖြစ်ပေါ်လေ့ရှိသည်။ အဓိကအကြောင်းရင်းမှာ ပြင်ပမှမှိုပိုးများ၏ ပိုးမှုန်များနှင့် ပေါင်းပင်မြက်ပင်တို့၏ဝတ်မှုန်တို့ကြောင့် ဖြစ်ရသည်။ ဓါတ်မတည့်ခြင်းအခံရှိသူတို့၏ ခုခံအားစနစ်ကထိုပြင်ပအမှုန်များကိုရှူမိသောအခါ ပြန်လည်တိုက်ထုတ်ရန်ဓါတုပစ္စည်းများကို ထုတ်လွှတ်တတ်သည်။ ထိုထုတ်လွှတ်သောပစ္စည်းများကဓါတ်မတည့်သောအောက်ပါလက္ခဏာများကို ဖြစ်စေပါသည်။ -နှာစေးခြင်း၊ -နှာခေါင်းနှင့်လည်ချောင်းယားယံခြင်း၊ -ချောင်းဆိုးခြင်း၊ -နှာရည်ယို၍နှာခေါင်းနီခြင်း၊ -နှာပိတ်ခြင်းတို့ဖြစ်ပါသည်။ -ထိုလက္ခဏာများသည် မျက်လုံးနီရဲယားယံခြင်းနှင့် မျက်ရည်ကျခြင်းတို့နှင့် တွဲဖက်ဖြစ်တတ်ပြီးဓါတ်မတည့်မှုေ ကြာင့်ဖြစ်သော မျက်စိရောင်ရမ်းခြင်းဟုခေါ်ပါသည်။ ရာသီအလိုက်ဓါတ်မတည့်မှုကိုဖြစ်စေသောအစားအစာများ -ရာသီအလိုက်ဓါတ်မတည့်မှုကိုဖြစ်စေသောအစားအစာများရှိပါသည်။ ထိုဝေဒနာခံစားရလေ့ရှိသူများက အောက်ပါအစားအစာတို့ကိုရှောင်ကြဉ်ရန်လိုအပ်ပါသည်။ အရွက်စားမုန်လာ -အရွက်စားမုန်လာသည် အပြန်အလှန်ဓါတ်ပြုတတ်သည့်သဘာဝရှိသည်။ အပင်များ၏ဝတ်မှုန်ကိုဓါတ်မတည့်သူများ စားသုံးပါကဓါတ်မတည့်မှုကိုပိုမိုဆိုးရွားတတ်သည်။ ခရမ်းချဉ်သီး -ဓါတ်မတည့်ခြင်းအခံရှိသူများတွင် ဝင်ရောက်လာသောအရာဝတ္ထုများကိုတုန့်ပြန်ရန်ခန္ဓါကိုယ်ကဟစ်စတမင်း(Histamine)ကိုထုတ်လွှတ်ပေးသည်။ ခရမ်းချဉ်သီးတွင်ဟစ်စတမင်းဓါတ်များ ပါဝင်ပြီးအရွက်စားမုန်လာကဲ့သို့ဓါတ်တုန့်ပြန်တတ်သည့် သဘာဝရှိသည်။ ထို့ကြောင့် ရာသီအလိုက်ဓါတ်မတည့်မှုဖြစ်တတ်သူများသည် ခရမ်းချဉ်သီးကိုမရွေးချယ်သင့်ပါ။ အပြာရောင်မှိုကြောင်းများတက်နေသည့်ဒိန်ခဲ -ဟစ်စတမင်းကြွယ်ဝစွာပါဝင်သောအစားအစာဖြစ်ပြီးမျက်စိနီရဲယားယံခြင်း ၊ မျက်ရည်ကျခြင်းတို့ကို ဖြစ်စေနိုင်သည်။ ဗာဒံစေ့ -အပင်များ၏ဝတ်မှုန်များကို ဓါတ်မတည့်သူများသည် ဗာဒံစေ့အပါအဝင် အစေ့အဆန်များကိုစားသုံးခြင်းဖြင့် ဓါတ်မတည့်သည့်လက္ခဏာပိုဆိုးစေနိုင်သည်။ ဗာဒံစေ့ပါဝင်သောနွားနို့နှင့် ကွတ်ကီးမုန့်များသည်လည်းအတူတူပင်ဖြစ်သည်။ […]


အရေပြား အလာ့ဂျစ် (ဓာတ်မတည့်)ဖြစ်ခြင်း

Angioedema (ဓါတ်မတည့်မှုကြောင့် အရေပြားရောင်ရမ်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Angioedema (ဓါတ်မတည့်မှုကြောင့် အရေပြားရောင်ရမ်းခြင်း) ကဘာလဲ။ Angioedema ဟာ ဓါတ်မတည့်မှုကြောင့် ဖြစ်တဲ့ အရေပြားအောက်မှာ ရောင်ကိုင်းခြင်း တစ်မျိုးဖြစ်ပါတယ်။ သူဟာ ဓါတ်မတည့်မှုကြောင့်ဖြစ်တဲ့ အင်ပြင် နဲ့တူပေမယ့် သူကတော့ ယားယံခြင်း မရှိပါဘူး။ ဓါတ်မတည့်မှုကြောင့် သင့်ကိုယ်ခန္ဓါကက ဓါတ်မတည့်မှု ဖြစ်စေတဲ့အရာတွေကို တုန့်ပြန်မှုအနေနဲ့ histamine တွေကို သွေးထဲကို ထုတ်လိုက်ပါတယ်။ ဓါတ်မတည့်အရေပြားရောင်ရမ်းခြင်း ဟာ နှုတ်ခမ်းနဲ့ မျက်လုံးတစ်ဝိုက်မှာ ဖြစ်ပွားတတ်ပါတယ်။ ပြင်းထန်တဲ့ အခြေအနေတွေမှာ သူဟာ လျှာနဲ့ လည်ပင်းကိုတောင် ရောင်ရမ်းစေပြီး အသက်ရှူရ ခက်ခဲစေပါတယ်။ ဒါဟာ အသက် အန္တရာယ်ရှိပြီး ဆေးကုသဖို့ လိုအပ်ပါတယ်။ Angioedema (ဓါတ်မတည့်မှုကြောင့် အရေပြားရောင်ရမ်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ Angioedema (ဓါတ်မတည့် အရေပြားရောင်ရမ်းခြင်း) ဟာ အဖြစ်များပါတယ်။ လူအကုန်လုံးရဲ့ ၁၅ ရာခိုင်နှုန်း ကနေ ၂၀ရာခိုင်နှုန်း […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း