backup og meta

ကော်ဖီနဲ့ ဓာတ်မတည့်ခြင်း ခံစားနေရပါသလား!

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 11/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကော်ဖီနဲ့ ဓာတ်မတည့်ခြင်း ခံစားနေရပါသလား!

    ကော်ဖီနဲ့ ဓာတ်မတည့်ခြင်း ခံစားနေရပါသလား! ဆိုလို့ နည်းနည်းများ ထူးဆန်းသွားသလား …… လူတွေမှာ အမျိုးမျိုးသော ဓာတ်မတည့်မှုတွေ ရှိနိုင်ပါတယ်။ ပုံမှန် အစားအစာတွေလို့ ယူဆရတဲ့ အချို့သော အရာတွေကို ခန္ဓာကိုယ်က တုံ့ပြန်မှု မတူကြတဲ့အခါ မတည့်တဲ့သူအဖို့မှာ ဓာတ်မတည့်မှုကို ခံစားကြရပါတယ်။ ဥပမာ ခေါက်ဆွဲ လူတိုင်းနဲ့  တည့်တယ်လို့ ထင်စရာ ရှိပေမယ့် ၁၀၀ မှာ ၂ ဦးလောက်က ခေါက်ဆွဲ စာပြီးရင် ဓာတ်မတည့်မှုကို ခံစားရတာမျိုး ရှိကြပါတယ်။

     ဒီလိုပါပဲ မောနင်းတိုင်းလိုလိုမှာ စိတ်ကြည်အောင် တစ်နေ့တာလုံး လန်းဆန်းအောင်ဆိုပြီး မနက်ခင်းရဲ့ drink တစ်ခုအဖြစ် လူတော်တော်များများ သောက်ကြတဲ့ ကော်ကော်နဲ့ လူတိုင်း မတည့်ကြဘူးဆိုတာကို သင်သိပါသလား! ကော်ဖီဆိုတာ လူတိုင်းနဲ့ တည့်တယ်ဆိုပြီး ထင်ထားကြပေမယ့် အချို့သောသူတွေမှာ ကော်ဖီ သောက်ပြီးတိုင်း မအီမသာဖြစ်တာကတုန်ကယင်ဖြစ်တာ၊ ညီးစီစီ ဖြစ်တာလိုမျိုးတွေ ခံစားရတတ်ပါတယ်။ ဒါက ကော်ဖီနဲ့ ဓာတ်မတည့်ခြင်း လို့ ဆိုရပါမယ်။

    ကော်ဖီနဲ့ ဓာတ်မတည့်ခြင်း ခံစားနေရပါသလား!

    ပိုသေချာအောင် ပြောပြရရင် ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်၊ ချောကလက်၊ အားဖြည့်အချိုရည်၊ ကိုလာလိုမျိုး သောက်စရာတွေမှာ ကဖင်းပါပေမယ့် အခြားသောအရာတွေကို စားရင် သောက်ရင် ဘာမှ မဖြစ်ဘူး။ အလွန်အကျွံ စားမှ နည်းနည်းလောက် မအီမသာဖြစ်တယ်။

    ဒါပေမယ့် ကော်ဖီကျ တစ်ခွက် မပြောနဲ့ တစ်ငုံ နှစ်ငုံလောက် သောက်ရင်ကို ရင်ထဲကမှာ တလှပ်လှပ် မောတာ၊ အသားယားတာ၊ သွေးပေါင်ကျတာမျိုးတွေ ခံစားနေရတယ်ဆိုရင် သေချာတာက ကော်ဖီနဲ့ ဓာတ်မတည့်ခြင်း လက္ခဏာကို ခံစားနေတာ ဖြစ်နိုင်ပါတယ်။ 

    ဒီနေရာမှာ ကဖင်းနဲ့ မတည့်တာနဲ့ ကော်ဖီနဲ့ မတည့်တာကလည်း မတူပါဘူး။ နောက်ပြီး ကဖင်းအ‌သောက်များတာနဲ့ ကော်ဖီနဲ့ ဓာတ်မတည့်တာကလည်း မတူပါဘူး။

    ဘာတွေကများ ကော်ဖီနဲ့ ဓာတ်မတည့်ခြင်းကို ဖြစ်စေတာလဲ!

    ကိုယ်ခံအားစနစ်က ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေနိုင်တဲ့ အရာတွေနဲ့ ရောဂါပိုးတွေကြောင့် ထိခိုက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ တစ်ခါတလေမှာ ကိုယ်ခံအားက အန္တရာယ်ဖြစ်စေနိုင်တယ်လို့ ယူဆတဲ့အရာကို ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်ချိန်မှာ ဓာတ်မတည့်မှုတွေ ဖြစ်လာပါတော့တယ်။

    ကော်ဖီသောက်လိုက်ချိန်မှာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားက ဓာတ်မတည့်ဘူးလို့ သတ်မှတ်လိုက်တဲ့အခါ အန္တရာယ် ဖြစ်စေနိုင်တယ်လို့ ယူဆရတဲ့အရာကို တိုက်ဖျက်ဖို့ Immunoglobulin E (IgE) လို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေကို ထုတ်လွှတ်လိုက်ပါတယ်။ ဒီအခြေအနေက ဓာတ်မတည့်မှုကို ဖြစ်စေတာပါ။ 

    ကော်ဖီမှာပါတဲ့ အရာတစ်ခုခုကို ခန္ဓာကိုယ်က အန္တရာယ်ဖြစ်စေတဲ့ပစ္စည်းလို့ သတ်မှတ်လိုက်ချိန်မှာတော့ ခန္ဓာကိုယ်က ကော်ဖီသောက်လိုက်တဲ့အချိန်တိုင်း ကိုယ်ခံအားက ဓာတ်တိုးဆန့်ကျင်ပစ္စည်းကို ထုတ်လွှတ် ခုခံတာကြောင့် ကော်ဖီ ဓာတ်မတည့်ခြင်း ခံစားရတာပါ။ ကော်ဖီမှာက ကဖင်းအပြင် တခြားဒြပ်ပေါင်းတွေလညည်း ပါတာကြောင့် ဒီထဲက တစ်ခုခုနဲ့ ဓာတ်မတည့်တဲ့အခါ ကော်ဖီနဲ့ ဓာတ်မတည့်တာကို ခံစားရတာ ဖြစ်ပါတယ်။

    သိသာတဲ့အချက်ကတော့ ကဖင်းပါတာချင်းအတူတူ တခြားဟာတွေ သောက်ရင် ဘာမှမဖြစ်ဘဲ ကော်ဖီသောက်မှ ဓာတ်မတည့်တဲ့ လက္ခဏာတွေ ခံစားရတာ ဖြစ်ပါတယ်။

    ကော်ဖီနဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေများလဲ!

    ကော်ဖီနဲ့ ဓာတ်မတည့်တဲ့အခါ အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

  • အင်ပြင်တွေ ဖြစ်တာ
  • အရေပြားမှာ အဖုအပိမ့်တွေ ထွက်တာ
  • ဗိုက်အောင့်တာ
  • အော့အန်တာ
  • ဝမ်းပျက်တာ
  • ညီးစီစီ ဖြစ်တာ
  • လျှာတွေ လည်ပင်းတွေ ရောင်ရမ်းတာ
  • ခြေကုန်လက်ပမ်းကျတာ
  • သတိလစ်တာ
  • အသက်ရှူရခက်ပြီး နှလုံးခုန်နှုန်း ကျဆင်းလာတာမျိုးတွေကို ခံစားရနိုင်ပါတယ်။
  • ကော်ဖီသောက်ပြီး ခဏတာအတွင်းမှာ အခုလို လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ လက္ခဏာက တစ်ခုထက်ပိုပြီး ခံစားရမယ်။ ပြင်းထန်မယ်ဆိုရင်တော့ ဆရာဝန်နဲ့ ချက်ချင်းပြသပြီး ကုသမှုကို ခံယူပေးပါ။ 

    ကော်ဖီနဲ့ ဓာတ်မတည့်တဲ့သူများအတွက် ဆောင်ရန် ရှောင်ရန်

    ကော်ဖီနဲ့ ဓာတ်မတည့်တဲ့ သူတွေက ကော်ဖီအပါအဝင် ကော်ဖီစေ့ပါတဲ့ ဘယ်အရာကိုမဆို ရှောင်လိုက်ဖို့ လိုပါတယ်။ ဓာတ်မတည့်ခြင်းသဘောတရားအရ တချို့သော အခြေအနေတွေမှာ desensitizeလုပ်လို့ ရနိုင်ပေမယ့် ဒါက ဆရာဝန်နဲ့ အကူအညီနဲ့ပဲ လုပ်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 11/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement