backup og meta

ထူးထူးခြားခြား ဓာတ်မတည့်မှုများ

ထူးထူးခြားခြား ဓာတ်မတည့်မှုများ

Hay Fever လို့ခေါ်တဲ့ ဝတ်မှုန် ဓာတ်မတည့်မှုက လူ၄ ဦးမှာ ၁ ဦးလောက် ဖြစ်တတ်သလို မြေပဲ ဓာတ်မတည့်မှုကလည်း တော်တော်လေး ဖြစ်နိုင်ခြေ ရှိတဲ့ ဓာတ်မတည့်မှုမျိုးပါ။ ဓာတ်မတည့်မှု ဆိုတာမှာ အမျိုးမျိုး ရှိပြီး တစ်ယောက်နဲ့ တစ်ယောက်မှာ ခံစားရတာခြင်းလည်း မတူဘူးပေါ့။ ဒီလို ဓာတ်မတည့်မှုတွေထဲမှာမှ ထူးထူးခြားခြား ဓာတ်မတည့်မှုများ လည်း ရှိပါသေးတယ်။ ကြားဖူးခဲ မြင်ဖူးခဲမယ့် ဓာတ်မတည့်မှုမျိုးပေါ့။ ဒီလို ထူးထူးခြားခြား ဓာတ်မတည့်မှုတွေက ဘာတွေများ ဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

ထူးထူးခြားခြား ဓာတ်မတည့်မှုများ

မြင်တွေ့ရခဲတဲ့ ထူးထူးခြားခြား ဓာတ်မတည့်မှုများ ကတော့ –

  • ရေ ဓာတ်မတည့်မှု

သက်ရှိတွေ အားလုံး ရှင်သန်ဖို့အတွက် ရေကို လိုအပ်တယ်ဆိုပေမယ့် အချို့သောသူတွေကတော့ ရေကို ထိတွေ့ချိန်မှာ အင်ပြင်တွေ ထပြီး ရေဓာတ်မတည့်တာကို ခံစားရနိုင်ပါတယ်။

ရေဓာတ်မတည့်တာကို ခံစားရသူတွေက ရေနဲ့ ထိတွေ့မိချိန်မှာ အသားတွေက ယားလာပြီး အနီရောင်အကွက်တွေထတာမျိုး ခံစားရနိုင်ပါတယ်။ ၁၅ မိနစ် နာရီဝက်လောက် ကြာချိန်မှာ သူ့အလိုလို သက်သာသွားတတ်ပါတယ်။

  • လေ့ကျင့်ခန်း ဓာတ်မတည့်မှု

လေ့ကျင့်ခန်း ပုံမှန်လုပ်တာက ကျန်းမာပျော်ရွှင်စေတယ် ဆိုပေမယ့် လူတိုင်းအတွက်တော့ မမှန်ပါဘူး။ အချို့သူတွေက လေ့ကျင့်ခန်း လုပ်လိုက်ပြီဆိုရင် ကျန်းမာမသွားဘဲ ဓာတ်မတည့်မှုကို ခံစားရနိုင်ပါသတဲ့။

လေ့ကျင့်ခန်း လုပ်လိုက်တဲ့အခါ အရေပြားမှာ အဖုအပိမ့်တွေ ထွက်တာအပြင် အစာခြေစနစ် ပြဿနာဖြစ်တာ ရှော့ခ်ရတာမျိုးတွေ၊ လေပြွန် ရောင်ရမ်း ကျဉ်းမြောင်းတာမျိုးတွေ ခံစားရနိုင်ပါတယ်။

  • အကြွေစေ့ ဓာတ်မတည့်မှု

ငွေ၊ အကြွေစေ့တွေက လူတိုင်းအတွက် မရှိမဖြစ် လိုအပ်ပေမယ့် အချို့သူတွေကတော့ ဒင်္ဂါးစေ့လေးတွေနဲ့ ဓာတ်မတည့်ကြပါဘူး။ ဒင်္ဂါးစေ့လေးတွေကို ကိုင်တွယ်ထိတွေ့လိုက်ပြီ ဆိုတာနဲ့ လက်မှာ အဖုအပိမ့်တွေ ထွက်လာပြီး ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ်။

သူတို့တွေက ဒင်္ဂါးတွေတင် မဟုတ်ပါဘူး။ သတ္တုနဲ့ လုပ်ထားတဲ့ အရာတွေနဲ့ကို ဓာတ်မတည့်တာပါ။ သတ္တု တံခါးလက်ကိုင်လေးတွေကအစပေါ့။ ဒီလိုလူမျိုးတွေက လက်အိတ်လေး အမြဲဝတ်ထားတာ ပိုကောင်းပါတယ်။

  • လူသားတွေနဲ့ ထိတွေ့တဲ့အခါ ဓာတ်မတည့်မှု

ကိုယ်တိုင်ကလည်း လူသားဖြစ်ပြီး အရေပြား၊ အသွေးအသားနဲ့ တည်ဆောက်ထားပေမယ့် အခြားသူတွေနဲ့ ထိတွေ့မိရင် ဓာတ်မတည့်မှုကို ခံစားရတဲ့ လူထူးဆန်းတွေလည်း ရှိပါတယ်။ အခြားသူတွေကို သူ့ကို ထိတွေ့မိချိန်ဖြစ်ဖြစ်၊ အခြားသူ အရေပြားနဲ့ ကိုယ့်အရေပြား မတော်တဆ ထိတွေ့မိရင်ဖြစ်ဖြစ် အရေပြားမှာ အဖုအပိမ့်တွေ ထလာပြီး ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ်။

ဒီအခြေအနေက တစ်သက်လုံး မပျောက်တမ်း ခံစားရနိုင်ပြီး တဖြည်းဖြည်း ဖြစ်နိုင်ခြေ နည်းလာတာ မျိုးတော့ ရှိပါတယ်။

  • နေရောင်နဲ့ ဓာတ်မတည့်မှု

နေရောင်ခြည်က ဗီတာမင် D ကို ပေးစွမ်းတယ်။ ကျန်းမာစေတယ် ဆိုပေမယ့် အချို့သူတွေက နေရောင်တဲ့ ထိတွေ့မိချိန်မှာ အဖုအပိမ့်တွေ ထပြီး ဓာတ်မတည့်တာကို ခံစားရနိုင်ပါတယ်။ နေရောင်ကို ထိတွေ့မှု နည်းနိုင်သမျှနည်းအောင် ဂရုစိုက်ဖို့ လိုပါမယ်။ နေလောင်ကာခရင်မ်ကို လိမ်းတာကလည်း နည်းလမ်းကောင်းပါ။ နေရောင်ကြောင့် ဓာတ်မတည့်မှုကို ခံစားရတဲ့အခါ ခေါင်းထဲက မူးဝေတာ၊ မအီမသာဖြစ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

ဒီနေရာမှာ တစ်ခုပြောချင်တာက နေရောင်နဲ့ ဓာတ်မတည့်မှုက အပူရှိန်နဲ့ ဓာတ်မတည့်မှုနဲ့ မတူဘူးဆိုတာပါ။ အပူရှိန်နဲ့ ဓာတ်မတည့်မှုက အပူချိန် 109.4°F ကျော်ချိန်မှာ ခံစားရတာပါ။ နေရောင်နဲ့ ဓာတ်မတည့်တာက နေရောင်နဲ့ ထိတွေ့တာကို ခံစားရနိုင်တာပါ။

# အမှာစကား

သင့်အနေနဲ့ အပေါ်မှာ ပြောခဲ့တဲ့ ထူးထူးခြားခြား ဓာတ်မတည့်မှုများထဲက တစ်ခုခုကို ခံစားနေရပြီဆိုရင်တော့ ဓာတ်မတည့်မှုကို သက်သာစေဖို့အတွက် လိုအပ်တဲ့ စစ်ဆေးကုသမှုကို ခံယူဖို့ လိုပါမယ်။ ဓာတ်မတည့်မှုက သိပ်မပြင်းထန်တဲ့ အခြေအနေ ကနေစလို့ အရမ်းကို ပြင်းထန်ပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်တဲ့အထိ ပြင်းထန်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ခံစားနေရတဲ့ ဓာတ်မတည့်မှုကို သေချာ သိရှိနိုင်ဖို့ ဆန်းစစ်ပြီး လိုအပ်တဲ့ ကုသမှုကို သေချာလေး ခံယူပါလို့ တိုက်တွန်းချင်ပါတယ်။

# စိတ်ဖိစီးမှု ပြေလျော့စေနည်း

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

References:

20 Bizarre Things You Didn’t Know You Could Be Allergic To https://www.thehealthy.com/allergies/weird-allergies/ Accessed Date 13 September 2023

The 9 Weirdest Things People Are Allergic To https://www.prevention.com/health/a20503628/9-weirdest-allergies/ Accessed Date 13 September 2023

10 Weird and Surprising Allergens https://www.everydayhealth.com/allergies-pictures/10-weird-and-surprising-allergens.aspx Accessed Date 13 September 2023

Allergies That Might Seem Surprising https://www.health.com/condition/allergy/surprising-allergies-types-reactions-and-treatments Accessed Date 13 September 2023

World’s most rare and uncommon allergies https://www.benenden.co.uk/be-healthy/body/worlds-most-unique-allergies/ Accessed Date 13 September 2023

ယခုပုံစံ

14/09/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

သိထားသင့်တဲ့ တိရစ္ဆာန်နဲ့ အင်းဆက် ပိုးကောင်များကြောင့် ဓာတ်မတည့်ခြင်း အကြောင်း


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 14/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement