backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Chicken allergy ( ကြက်သားဖြင့်ဓါတ်မတည့်ခြင်း )


Phyo Wai Yan မှ ရေးသားသည်။ · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

ကြက်သားဖြင့်ဓါတ်မတည့်ခြင်း ဆိုတာဘာလဲ။

ကြက်သားဟာ ပရိုတင်းများပြီး၊ အဆီနည်းတဲ့အတွက်ကြောင့် ဓါတ်မတည့်မှုမရှိပါက ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတစ်ခုဖြစ်ပါတယ်။ ကြက်သားဖြင့်ဓါတ်မတည့်ခြင်းက အဖြစ်များသော်လည်း တောတော်လေးလေးစိတ်ညစ်ဖို့ကောင်းပြီး အသက်အန္တရယ်ရှိသည်အထိ ဖြစ်နိုင်ပါတယ်။

ကြက်သားဖြင့်ဓါတ်မတည့်ခြင်းဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ကလေးဘဝထဲက ထိုရောဂါရှိလာပြီး ကြီးပြင်းလာနိုင်ပါတယ်။ တချို့လူတွေကတော့ ကြက်သားအစိမ်းတွေကိုသာ ဓါတ်မတည့်တတ်ပြီး ချက်ထားတဲ့ကြက်သားမှာတော့ မဖြစ်ပါဘူး။

ကြက်သားဖြင့်ဓါတ်မတည့်ခြင်း ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရောဂါလက္ခဏာများ

ကြက်သားဖြင့်ဓါတ်မတည့်ခြင်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

ကြက်သားနဲ့ဓါတ်မတည့်ဘူးဆိုရင် ကြက်သားဖြင့်ထိတွေ့ပြီးပြီးချင်း သို့မဟုတ် နာရီပေါင်းများစွာကြာမြင့်ပြီးနောက်မှာ ရောဂါလက္ခဏာတွေ ပေါ်လာနိုင်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။

  • ယားယံခြင်း၊ ရောင်ရမ်းခြင်းနှင့် မျက်ရည်ရွှဲခြင်း
  • နှာစီးခြင်း၊ နှာခေါင်းယားခြင်း
  • နှာချီခြင်း
  • အသက်ရှုကြပ်ခြင်း
  • ယားယံကုတ်ခြစ်ခြင်း၊ လည်ပင်းနာခြင်း
  • အရေပြားစပ်ဖျင်းဖျင်းဖြစ်ခြင်း၊ အသားနီခြင်း၊ နှင်းခူပုံစံအကွက်များပေါ်ခြင်း
  • အင်ပျဉ်ထွက်ခြင်း
  • မအီမသာဖြစ်ခြင်း
  • အော့အန်ခြင်း
  • အစာအိမ်ရစ်နာခြင်း
  • ဝမ်းလျောခြင်း
  • အနာဖိုင်လေးစစ်

ရောဂါလက္ခဏာတွေဟာ နေထိုင်မကောင်းရုံကနေ အပြင်းအထန်ထိဖြစ်သွားတာမျိုးရှိတတ်ပါတယ်။ ကြက်သားနဲ့ မထိတွေ့တော့ဘူးဆိုရင် ရောဂါလက္ခဏာတွေ ရှင်းလင်းသွားမှာပါ။ ကြက်သားဖြင့်ဓါတ်မတည့်ခြင်းကို အအေးမိခြင်းနှင့် မှားယွင်းနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ နှာရည်ယိုခြင်းနဲ့ လည်ချောင်းနာခြင်းတို့လိုမျိုး ရောဂါလက္ခဏာတွေက အတူတူပဲဖြစ်လို့ပါ။ ခန္ဓါကိုယ်က ဓါတ်မတည့်စေတဲ့အရာတွေကို ရှင်းထုတ်ပြစ်နေရတဲ့အတွက်ကြောင့် အစာအိမ်နဲ့အူလမ်းကြောင်းပြဿနာတွေ ကြုံတွေ့နိုင်ပါတယ်။

အပြင်းထန်ဆုံးရလဒ်ကတော့ အနာဖိုင်လေးစစ်ပါ။ ထိုအခြေအနေဟာ ခန္ဓါကိုယ်တစ်ခုလုံးမှာဖြစ်သော ပြင်းထန်ဆိုးရွားတဲ့အခြေအနေတစ်ခုဖြစ်ပြီး အရေးပေါ်ဆေးကုသမှုလိုအပ်ပါတယ်။ အနာဖိုင်လေးစစ်ရဲ့ ရောဂါလက္ခဏာတွေက အောက်ပါတို့ဖြစ်ပါတယ်။

  • နှလုံးခုန်မြန်ခြင်း
  • သွေးပေါင်ချိန်ကျခြင်း
  • နှလုံးခုန်ရင်တုန်ခြင်း
  • အသက်ရှုကြပ်ခြင်း
  • အသက်ရှုလျှင်တစ်ရွှီရွှီမြည်ခြင်း
  • လည်ချောင်းတွင်းလေပြွန်များရောင်ခြင်း
  • စကားမပီခြင်း
  • လျာရောင်ခြင်း
  • နှုတ်ခမ်းရောင်ခြင်း
  • နှုတ်ခမ်း၊ လက်ချောင်းထိပ်နဲ့ ခြေချောင်းတို့မှာ အပြာရောင်ဖြစ်နေခြင်း
  • သတိလစ်ခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

ဖြစ်ပွားမှုအကြောင်းရင်းများ

ဘာတွေက ကြက်သားဖြင့်ဓါတ်မတည့်ခြင်း ဖြစ်ပွားစေသလဲ။

ဓါတ်မတည့်မှုတစ်ခုမှာ ကိုယ်ခံအားစနစ်က ပစ္စည်းတစ်မျိုးမျိုးကို ခန္ဓါကိုယ်အတွက် အန္တရယ်ရှိသောပစ္စည်းအဖြစ်သတ်မှတ်လိုက်ပါတယ်။ ထိုအခါ ကိုယ်ခံအားစနစ်မှ E အမျိုးအစား ပဋိပစ္စည်းကို ထုတ်ပေးပါတယ်။ ယင်းပစ္စည်းကြောင့် အမျိုးမျိုးသော ရောဂါလက္ခဏာတွေ ပေါ်ပေါက်လာပါတယ်။

ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ

ဘယ်အရာတွေက ကြက်သားဖြင့်ဓါတ်မတည့်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

ပန်းနာရင်ကြပ် သို့မဟုတ် နှင်းခူရောဂါတို့ရှိမယ်ဆိုရင် ကြက်သားဖြင့်ဓါတ်မတည့်ခြင်းလိုမျိုး ဓါတ်မတည့်မှုတွေ ရရှိလာနိုင်ပါတယ်။ အောက်ပါတို့ဖြင့် ဓါတ်မတည့်ရင်လည်း ကြက်သားဖြင့်ဓါတ်မတည့်နိုင်ခြေရှိပါတယ်။

  • ကြက်ဆင်သား
  • ဘဲသား
  • ဘဲငန်းသား
  • ရစ်ငှက်သား
  • ခါသား
  • ငါး
  • ပုစွန်ဆိတ်

ကြက်သားဖြင့်ဓါတ်မတည့်ရင် ကြက်ဥနဲ့လည်း ဓါတ်မတည့်နိုင်ပါဘူး။ ယင်းအခြေအနေကို ဥ စင်ဒရုန်းလို့ခေါ်ပြီး ဥအကာမှာနဲ့ ကြက်သားသွေးရည်ကြည်ထဲမှာပါတဲ့ အယ်ဗျူမင်လို့ခေါ်သော ပရိုတင်းတစ်မျိုးဖြင့် ဓါတ်မတည့်ခြင်းဖြစ်ပါတယ်။ ဥစင်ဒရုန်းရှိရင် ကျေးငှက်သားတို့ဖြင့်လည်း ဓါတ်မတည့်နိုင်ပါဘူး။ ကြက်သားဖြင့်ဓါတ်မတည့်သူတွေဟာ ကြက်ချေး၊ ကြက်အမွှေးအတောင်တို့ဖြင့်လည်း ဓါတ်မတည့်နိုင်ပါဘူး။ ကြက်ဆင်လိုမျိုးအသားတွေနဲ့ ဓါတ်မတည့်ခြင်းထိပါ ဖြစ်သွားနိုင်ပါတယ်။

နောက်ထပ်သိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

ကြက်သားဖြင့်ဓါတ်မတည့်ခြင်း ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

ကြက်သားဖြင့်ဓါတ်မတည့်ဘူးလို့ သံသယရှိမယ်ဆိုရင် ဓါတ်မတည့်မှုကျွမ်းကျင်သူက သေချာအောင် ဆုံးဖြတ်ပေးပါလိမ့်မယ်။ ထိုအသားနဲ့ အခြားသောအရာတွေဖြင့် ဓါတ်မတည့်မှုရှိလားဆိုတာကို အပ်ထိုးစစ်ဆေးနည်း၊ သွေးစစ်နည်းတို့ဖြင့် စစ်ဆေးပါလိမ့်မယ်။

ကြက်သားဖြင့်ဓါတ်မတည့်ခြင်းကို ဘယ်လိုကုသလဲ။

ဓါတ်မတည့်မှုကို သံသယရှိမယ်ဆိုရင် ဆရာဝန်ကို ပြောပြတာအကောင်းဆုံးပါ။ သူတို့က အလွယ်တကူဝယ်ယူရရှိနိုင်သော ဟစ်စတမင်းဆန့်ကျင်ဆေးဝါးတွေသောက်ခိုင်းခြင်း သို့မဟုတ် စားသောက်မှုပုံစံမှု အချို့အစားအစာများကို ဖယ်ထုတ်ခြင်းတို့ကို ပြုလုပ်စေပါလိမ့်မယ်။

အနာဖိုင်လေးစစ် ဖြစ်နေပြီဆိုရင် EpiPen ထိုးဆေးကို အမြဲတမ်းဆောင်ခိုင်းထားပါလိမ့်မယ်။ EpiPen ဆိုတာ ကိုယ်တိုင်ထိုးနိုင်သော အက်ဒရီနယ်လင်းထိုးဆေးပါ။ ဓါတ်မတည့်မှု အရမ်းပြင်ထန်နေတဲ့အချိန်မျိုးတွေမှာ သင့်အသက်ကို ကယ်တင်ပေးနိုင်ပါတယ်။ ထိုဆေးဆောင်ထားခြင်းက နောက်ထပ်ဆေးခန်းတွေ ပြစရာမလိုတော့ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ EpiPen ကို အနာဖိုင်လေးစစ်အတွက် အသုံးပြုလိုက်ပြီဆိုရင် ဆရာဝန်အား ဆက်သွယ်ပါ။

ဓါတ်မတည့်မှုတွေက ပြင်းထန်မယ်ဆိုရင် ဆရာဝန်က သင်ဘေးကင်းစေဖို့ ပြုလုပ်ပေးပါလိမ့်မယ်။ အနာဖိုင်လေးစစ် ကြုံတွေ့ရပြီဆိုရင် EpiPen အသုံးပြုပြီးတာတောင်မှာ အရေးပေါ်ဆေးကုသမှု ချက်ချင်းခံယူပေးပါ။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ကြက်သားဖြင့်ဓါတ်မတည့်ခြင်းကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ကြက်သားဖြင့်ဓါတ်မတည့်ခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

ကြက်သားဖြင့်ဓါတ်မတည့်ဘူးဆိုရင် သင်စားသမျှမှာ ကြက်သားကို ရှောင်ကျဉ်ရပါမယ်။ ကြက်စွတ်ပြုတ်ပါတဲ့ ထမင်းစားပွဲဝိုင်းတွေကို ရှောင်ပါ။ အတွေ့ရအများဆုံးပါ။ အနီရောင်အသားများကို အစားထိုးတဲ့အနေဖြင့် ကြက်သားက လူကြိုက်များလာပြီး ဟန်ဘာဂါလို နေ့တိုင်းကြုံတွေ့နေရမယ့် အစားအစာတွေမှာ ကြုံတွေ့လာရပါလိမ့်မယ်။ အသားလုံး၊ အသားပေါင်မုန့်နဲ့ ချီလီဟင်းတို့မှာ ကြက်သားမပါဘူးဆိုတာ သေချာပါစေ။ ကြက်သား ရှောင်ကျဉ်ဖို့နဲ့ ပတ်သတ်ပြီး အောက်ပါအကြံအဉာဏ်တို့ကို လိုက်နာလို့ရပါတယ်။

  • စွတ်ပြုတ်နဲ့ အကြော်အလှော်တွေမှာ ကြက်သားအစား တို့ဟူးအတုံးလေးတွေ ထည့်ပါ။
  • ကြက်သားအမှုန့်အစား ဟင်းသီးဟင်းရွက်မှုန့်တွေ အသုံးပြုပါ။
  • ပေါ့ပိုင်း သို့မဟုတ် အသားနှပ်ချက်တို့မှာ ကြက်သားအစား နွား သို့မဟုတ် ပဲမှ ရရှိသော ပရိုတင်းတို့ကို အသုံးပြုပေးပါ။
  • ငါး၊ ဝက်နဲ့ ပဲတို့လိုမျိုး အခြားပရိုတင်းတို့ကို စမ်းသုံးစွဲကြည့်ပါ။ ကြက်သားချက်တဲ့ပုံစံ အသုံးပြုခဲ့သော ဟင်းခတ်အမွှေးအကြိုင်တို့ကို အသုံးပြုနိုင်ပါတယ်။ ချက်တဲ့အချိန်ကိုတော့ ညှိပေးပါ။

ကြက်မွှေးဖြင့် ဓါတ်မတည့်ဘူးဆိုရင် ဘဲမွှေးတို့ဖြင့် ခေါင်းအုံး၊ ဂွမ်းကပ်တို့က ဓါတ်မတည့်မှုဖြစ်ပွားစေပါတယ်။ ဓါတ်မတည့်မှု မဖြစ်အောင် ပြုလုပ်ထားသော ခေါင်းအုံးတွေမှာ အမွှေးအတောင်တွေ မပါဝင်နိုင်ပါဘူး။

ကာကွယ်ဆေးတွေ မထိုးခင်မှာ သင့်ဓါတ်မတည့်မှုနဲ့ ပတ်သက်ပြီး ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပါ။ အသားဝါရောဂါကာကွယ်ဆေးလိုမျိုး အမျိုးအစားတွေက ကြက်ပရိုတင်းပါဝင်နေတဲ့အတွက်ကြောင့် ဓါတ်မတည့်နိုင်ပါဘူး။ ဥ စင်ဒရုန်းရှိတယ်ဆိုရင် ဥအကာပရိုတင်းဖြင့် ပြုလုပ်ထားသော တုတ်ကွေးကာကွယ်ဆေးနဲ့ ဓါတ်မတည့်နိုင်ပါဘူး။

လယ်တောတွေ၊ တိရိစ္ဆာန်ဥယျာဉ်တို့လိုမျိုးနေရာတွေ သွားမယ်ဆိုရင် အထူးသတိထားရပါမယ်။ ကြက်အရှင်တွေ၊ ရေကြက်တွေနဲ့ ဓါတ်မတည့်ဘူးဆိုရင် ပိုတောင်သတိထားရပါမယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Phyo Wai Yan မှ ရေးသားသည်။ · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement