ကြောင်နဲ့ဓါတ်မတည့်တာ ဘာကြောင့် ဖြစ်ရတာလဲ ။ ။
ကြောင်ရဲ့ တံတွေး၊ အမွှေးမျှင်မှာ ကပ်နေတဲ့ဖုန်တွေ၊ ဆီး၊ ဝမ်းတို့ကို ကြောင်နဲ့ ဓါတ်မတည့်တဲ့သူတွေရဲ့ ကိုယ်ခန္ဓါက ပြင်းထန်စွာ တုန့်ပြန်တတ်ပါတယ် ။ တစ်ချို့ကြောင်နဲ့ လုံးဝ ဓါတ်မတည့်သူတွေဆို ကြောင်ရှိတဲ့အိမ်ကို သွားလိုက်မိတာနဲ့တင် ဓါတ်မတည့်မှု ဆိုးဆိုးဝါးဝါး ဖြစ်တတ်ပါတယ်။ ဒီလို ဓါတ်မတည့်မှုဟာ သိပ်မပြင်းထန်တဲ့အဆင့်ကနေ Anaphylaxis လို့ ခေါ်တဲ့ ပြင်းထန် ဓါတ်မတည့်မှု အထိပြောင်းသွားနိုင်ပြီးအသက်ကို အန္တရာယ်ရှိတဲ့အထိ ပြောင်းသွားနိုင်ပါတယ် ။ ဓါတ်မတည့်မှုဝေဒနာတွေ ခံစားနေတဲ့သူ၊ ပန်းနာရင်ကြပ်ရှိနေတဲ့သူတွေက ကြောင်နဲ့ ဓါတ်မတည့်မှု ပိုဖြစ်တတ်ပါတယ်။
ဘယ်လို လက္ခဏာတွေရှိလဲ ။ ။
ကြောင်မချစ်တဲ့သူတွေမှာ ဒီလို ကြောင်နဲ့ ဓါတ်မတည့်တဲ့ လက္ခဏာတွေရှိရင် ပြဿနာ မရှိပေမယ့် ကြောင်ချစ်တဲ့သူတွေ အဖို့ကတော့ ဒီလို ကိုယ်ချစ်တဲ့ ကြောင်လေးနဲ့ ကိုယ်နဲ့က ဓါတ်မတည့်ဘူးဆိုတဲ့ ခံစားမှုဟာ တော်တော်ကိုခံရခက်ပါတယ်။ ဒါပေမယ့်လည်း ကိုယ့်ကျန်းမာရေးကရှိနေပြန်တော့ ကိုယ့်ဆီမှာ ဒီလို ကြောင်နဲ့ ဓါတ်မတည့်တဲ့ လက္ခဏာတွေ စတင်ခံစားနေရပြီဆို သတိထားဖို့လိုပါတယ်။ ။ ကြောင်အနားကပ်လာပြီ ( ဒါမှမဟုတ် ) ကြောင်ရှိတဲ့ အိမ်ကို ရောက်သွားပြီဆိုတာနဲ့
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။