ကိုယ့်မှာ ပျားရည်နဲ့ ဓါတ်မတည့်တဲ့ လက္ခဏာတွေရှိရင်တော့ ဆရာဝန်နဲ့ စောစီးစွာ ပြသထားတာ အကောင်းဆုံးပါပဲ။ ဒါမှလည်း လိုအပ်တဲ့ ဆေးဝါးကုသမှုတွေကို ခံယူလို့ ရမှာပါ။
ကလေးတွေကို ပျားရည်တိုက်လို့ရလား။
ပျားရည်ဟာ ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ရှိစေတဲ့ အစာအာဟာရဖြစ်ပေမယ့် အလွန်စေးကပ်ပါတယ်။ ဒါကြောင့် အစာခြေစနစ်နဲ့ ကိုယ်ခံအားစနစ် သိပ်မကောင်းသေးတဲ့ ကလေးတွေကို တိုက်ရင်တော့ သတိထားပေးရပါမယ်။ အထူးသဖြင့် အသက် ၁နှစ်အောက် ကလေးတွေမှာ ပျားရည်ကို မြိုချရခက်တာ၊ လည်ချောင်းထဲ နင်နေတာ၊ ဓါတ်မတည့်မှုလက္ခဏာ ပိုပြင်းထန်တာတွေ ဖြစ်နိုင်ပါတယ်။
ဒါ့အပြင် ဝမ်းချုပ်တာ၊ အသက်ရှူရခက်တာ၊ ခြေတွေလက်တွေ ကောင်းစွာ မလှုပ်တာ၊ ထမင်းစားချင်စိတ် မရှိတာ၊ မျက်နှာအမူအရာ မကောင်းတာ အစရှိတဲ့ လက္ခဏာတွေကိုလည်း တွေ့နိုင်ပါတယ်။ ဒါကြောင့် အသက် ၁နှစ် အနည်းဆုံးရှိမှ ကလေးကို ပျားရည်စတိုက်သင့်ပြီး ၅နှစ်ပြည့်ပြီးနောက်ပိုင်းမှ တိုက်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။
ပျားရည်ကြောင့် ဓါတ်မတည့်ခြင်း ဖြစ်တဲ့အခါ ဘယ်လိုဆေးမျိုးတွေ တိုက်ပေးလို့ ရလဲ။
ဆေးဆိုင်တွေမှာ Antihistamine ပါဝင်တဲ့ ဆေးတွေကို အလွယ်တကူမေးပြီး ဝယ်လို့ရပါတယ်။ ဒီဆေးသောက်ပြီး မသက်သာလာတာ၊ ဝေဒနာပိုဆိုးလာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုအပ်ပါတယ်။ အကောင်းဆုံးကတော့ ကိုယ့်မှာ ဓါတ်မတည့်တဲ့ပြဿနာတွေ ရှိရင် ဆရာဝန်ဆီမှာ ကုသမှုခံယူဖို့နဲ့ ဓါတ်မတည့်တဲ့ အရာတွေကို မစားမိ၊ အရေပြားနဲ့ မထိမိစေဖို့ သေချာဂရုစိုက်ဖို့တော့ လိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။