အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေ ဘဝတလျှောက်မှာ ကျန်းမာနေစေဖို့ မှန်ကန်တဲ့ ကျန်းမာရေးအချက်အလက်တွေ သိထားဖို့ လိုပါတယ်။ ဒါမှ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အဖြစ်များတဲ့ ရောဂါတွေ (ဥပမာ ပိုးဝင်တာ၊ ဟော်မုန်းမမျှတတာ၊ အကျိတ်ဖြစ်တာ)ကနေ ကာကွယ်နိုင်မှာပါ။ ဒီစာမျက်နှာမှာ အပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးသည်အထိ လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီး ကျန်းမာရေး

လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ!

ရေချိုးဖို့ လုပ်ရင်းဖြစ်ဖြစ်၊ ရေအိမ်သွားရင်းဖြစ်ဖြစ် ရုတ်တရက်ကြည့်လိုက်ချိန်မှာ ဆီးခုံမွေးတွေ ဖြူနေတာ တွေ့လို့ လန့်များသွားပြီလား! ငါများ အရမ်းအိုနေပြီလား! ဘာကြောင့်များ ဆီးခုံမွေးတွေ ဖြူလာရတာလဲဆိုပြီး စဉ်းစားရခက်နေပြီဆိုရင်တော့ ဒီစာလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ ကဲ …. လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လား! ဆီးခုံမွေးတွေရဲ့ မွေးညှင်းပေါက်တွေမှာလည်း ဆံသားရဲ့ အမွေးအိတ်လေးတွေလိုပဲ ရောင်ခြယ်ပစ္စည်းလေးတွေ ရှိပါတယ်။ အသက်အရွယ် ရလာချိန်မှာ မွေးညှင်းအိတ်ထဲက ရောင်ခြယ် ပစ္စည်းလေးတွေ လျော့နည်းလာတာကြောင့် ဆီးခုံမွေးတွေက အရောင်ပြောင်းလာတာ၊ ဖြူလာတာမျိုးတွေ ရှိလာတာပါ။  ဒီလိုဆိုတာနဲ့ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လားဆိုတော့ မဟုတ်ပါဘူး။ အရွယ်မတိုင်ခင် ဖြူတာလိုမျိုးလည်း ဖြစ်နိုင်တာပေါ့။ အသက်ကြီးလာမှ ဆီးခုံမွေးဖြူတာ မဟုတ်ဘဲ အခြားသော အကြောင်းအရင်းတွေကြောင့်လည်း ဆီးခုံမွေးတွေ […]

အမျိုးသမီး ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသမီး ကျန်းမာရေး ကို ရှာဖွေမည်။

အမျိုးသမီးကျန်းမာရေးပြဿနာများ

ရင်သားပိုးဝင်ခြင်း၊ ရောင်ရမ်းခြင်း

ရင်သားရောဂါပိုးဝင်ခြင်း၊ တနည်း ရင်သားရောင်ရမ်းခြင်းဟာ သွေးဆုံးပြီးချိန်မှာတွေ့ရတတ်တဲ့ရောဂါတစ်ခုဖြစ်ပြီး တခါတရံမှာ နို့တိုက်နေတဲ့မိခင်တွေမှာပါတွေ့ရတတ်ပါတယ်။ နို့မတိုက်ရတဲ့အမျိုးသမီးတွေမှာလည်းဖြစ်နိုင်ပါတယ်။ ရင်သားတစ်သျူးထဲရောဂါပိုးဝင်ခြင်း၊ ရောင်ခြင်းကြောင့်ဖြစ်ပြီး နို့သီးခေါင်းအက်ကွဲခြင်း၊ နာကျင်ခြင်း၊ ရင်သားတွင် အဖုအကျိတ်များပေါ်ခြင်း၊ နီရဲခြင်း၊ ပူနေခြင်းတို့သတိထားမိနိုင်ပါတယ်။ ပြင်းထန်သောအခြေအနေတွေမှာဆိုရင် လိုအပ်တာထက်ပိုစောစော ကလေးကိုနို့ဖြတ်ရတတ်ပါတယ်။ ဒါကြောင့် ထိုဖြစ်လေ့ဖြစ်ထရှိတဲ့အခြေအနေအကြောင်းသိပြီး ဘယ်လိုဖြေရှင်းရမလဲသိရဖို့ ကြည့်လိုရအောင်။ အကြောင်းအရင်းများ Staphylococcus aureus လို့ခေါ်တဲ့ သာမန်အရေပြားမှာတွေ့ရတတ်တဲ့ ဘတ်တီးရီးယားတစ်မျိုးကြောင့် ရင်သားရောင်ရမ်းတတ်တယ်။ ထိုဘတ်တီးရီးယားက ထိခိုက်ခြင်းကြောင့်အရေပြားအက်ကွဲခြင်း မှတဆင့် ရင်သားအရေပြား သို့ နို့သီးခေါင်းထဲဝင်လာတတ်ပါတယ်။ ထို့နောက်မှာတော့ အဆီတစ်သျူးတွေထဲမှာနေကာ နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ အရေပြားအက်ကွဲခြင်းတို့ဖြစ်လာစေပါတယ်။ တဖြေးဖြေး ရောင်ရမ်းခြင်းကြီးလာကာ နို့ရည်ပြွန်တွေပါ ပိတ်သွားပါတယ်။ နို့တိုက်မိခင်တွေမှာထိုအခြေအနေတွေခံစားရတတ်တယ်။ များသောအားဖြင့်မိခင်တွေကနို့ရည်တွေမထုတ်တဲ့အခါ နို့ရည်ပြွန်များခဲလာပြီး ရင်သားရောဂါပိုးဝင်ခြင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တခြားတစ်ဖက်မှာတော့ နို့တိုက်မိခင်မဟုတ်ဘဲ ရင်သားရောင်ရမ်းပါက ရင်သားကင်ဆာလက္ခဏာဖြစ်တယ်။   ခံစားရနိုင်သောလက္ခဏာများ အောက်ပါပုံမှန်မဟုတ်သောအချက်များတွေ့ပါက ရင်သားရောင်ရမ်းခြင်းဟုထင်ရနိုင်ပါတယ်။ ပုံမှန်မဟုတ်ရောင်ရမ်းခြင်း တုပ်ကွေးမိခြင်းကဲ့သို့လက္ခဏာများ ရင်သားနာကျင်ခြင်း၊ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ကင်ဆာမဟုတ်သည့် ရင်သားအကျိတ်

Breast Fibroadenoma ဆိုတာ ဘာလဲ Breast Fibroadenoma ဆိုတာ ငယ်ရွယ်တဲ့အမျိုးသမီးတွေမှာ အဖြစ်များပြီး ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်တစ်မျိုးကို ခေါ်တာဖြစ်ပါတယ်။ အများအားဖြင့် ဒီအကျိတ်မျိုးဟာ လူကို ဒုက္ခမပေးတဲ့အပြင် ကုသမှုခံယူစရာမလိုဘဲ အလိုလို ပျောက်သွားတတ်ပါတယ်။ ကင်ဆာမဟုတ်တဲ့အတွက် အခြားအင်္ဂါအစိတ်အပိုင်းတွေဆီ ပျံ့နှံ့သွားမှာကိုလည်း စိတ်ပူစရာမလိုပါဘူး။ Fibroadenoma ရင်သားအကျိတ်တွေဟာ အရွယ်အစားသေးငယ်တဲ့ ခပ်မာမာအလုံးသဏ္ဍာန် ရှိနေတတ်ပြီး စမ်းသပ်ကြည့်ရင်လည်း သင့်ကို နာကျင်စေမှာ မဟုတ်ပါဘူး။ Fibroadenoma ရင်သားအကျိတ် နှစ်မျိုးရှိပါတယ်။ ရိုးရိုး Fibroadenoma - ၎င်းတို့ကို အဏုမှန်ပြောင်းအောက်မှာ ခွဲခြမ်းစိတ်ဖြာစစ်ဆေးကြည့်ရင် ညီညီညာညာ တွေ့မြင်နိုင်မှာဖြစ်ပြီး ရင်သားကင်ဆာအဖြစ် ပြောင်းလဲသွားနိုင်ချေ မရှိပါဘူး ရှုပ်ထွေးသည့် Fibroadenoma - ဒီအမျိုးအစား ရင်သားအကျိတ်တွေမှာတော့ သာမန်မျက်စိနဲ့မြင်နိုင်တဲ့ အရည်တွေ၊ အနည်ကျထားတဲ့ ကယ်လ်ဆီယမ်တွေ ပြည့်နေတဲ့ အကြီးစားအရည်အိတ်တွေ ပါဝင်ပါတယ်။   ဘာကြောင့် Fibroadenoma […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ရင်သားအရည်အိတ်တည်ခြင်း

ရင်သားအရည်အိတ်တည်ခြင်း က ဘာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။ ရင်သားအရည်အိတ်တည်ခြင်း ဆိုတာ Fibrocystic breast changes ခေါ် ရင်သားအရည်အိတ်တည်ခြင်းဟာ အမျိုးသမီးတွေမှာ အလွန်အဖြစ်များတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ ဒီပြဿနာကြောင့် သင့်ရင်သားမှာ အလုံးအကျိတ်ပေါ်ခြင်း၊ ထိမိကိုင်မိတဲ့အခါ နာကျင်ခြင်း၊ ရံဖန်ရံခါ ရောင်ရမ်းခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။ တကယ်တော့ ရင်သားအရည်အိတ်တည်ခြင်းလို့ ဆိုရာမှာ အောက်ပါအခြေအနေ ၂မျိုး ပါဝင်ပါတယ်။ ရင်သားတစ်ရှူးများ အမာရွတ်ကဲ့သို့ မာသွားခြင်း ကင်ဆာမဟုတ်သည့် အရည်အိတ်များကြောင့် ရင်သားတစ်ရှူးများတင်းပြီး နာကျင်ခြင်း ရင်သားအရည်အိတ်တည်ခြင်း ရှိ၊ မရှိ ဘယ်လိုသိနိုင်မလဲ ရင်သားအရည်အိတ်တည်ခြင်းက သင့်ရင်သားကို ပုံသဏ္ဍာန်ပြောင်းသွားစေနိုင်ပါတယ်။ ဒါပေမယ့် ပြောင်းလဲမှုတွေဟာ ရင်သားနှစ်ဘက်စလုံးမှာ အတူတူဖြစ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ သင့်နို့သီးခေါင်းက အညိုရောင် သို့မဟုတ် အစိမ်းရောင်အရည်တွေ စိမ့်ထွက်လာနိုင်သလို ဓမ္မတာလာချိန်မှာလည်း ရင်သားအကျိတ်တွေရဲ့ အရွယ်အစား ပြောင်းသွားနိုင်ပါတယ်။ ဓမ္မတာမလာမီ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ်ဆေးကြောသန့်စင်ခြင်း

အမျိုးသမီးတွေဟာ မိန်းမကိုယ်ကထွက်တဲ့ အနံ့ဆိုးတွေနဲ့ ဓမ္မတာလာပြီး ရာသီသွေးအကြွင်းအကျန်တွေကို ဖယ်ရှားဖို့၊ လိင်ကတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်ဖို့၊ ကိုယ်ဝန်မရအောင် တားဆီးဖို့ မိန်းမကိုယ်သန့်စင်ဆေးရည် အမျိုးမျိုးကို အသုံးပြုကြတာဖြစ်ပါတယ်။ ဒါပေမယ့် ကျွမ်းကျင်သူဆရာဝန်တွေရဲ့ အဆိုအရ မိန်းမကိုယ်သန့်စင်ဆေးရည် အသုံးပြုခြင်းဟာ စောစောကပြောခဲ့တဲ့ ရည်ရွယ်ချက်တွေကို ဖြည့်ဆည်းဖို့ ထိရောက်တဲ့နည်းလမ်း မဟုတ်တဲ့အပြင် ရောဂါပိုးကူးစက်နိုင်ချေ၊ ကိုယ်ဝန်ဆောင်စဉ် နောက်ဆက်တွဲဆိုးကျိုးတွေနဲ့ အခြားကျန်းမာရေးပြဿနာများ ဖြစ်ပွားနိုင်ချေကို မြင့်စေတယ်လို့ သိရှိရပါတယ်။   မိန်းမကိုယ်ဆေးကြောသန့်စင်ခြင်း (Vaginal Douching) ဆိုတာ ဘာလဲ Douche ဆိုတဲ့ ဝေါဟာရဟာ ပြင်သစ်စကားလုံးဖြစ်ပြီး “ဆေးကြောသည်” သို့မဟုတ် “စိုစွတ်စေသည်” လို့ အဓိပ္ပါယ်ရပါတယ်။ Douching ဆိုတာကတော့ ရေ ဒါမှမဟုတ် အခြားအရည်တစ်မျိုးမျိုးကို အသုံးပြုပြီး မိန်းမကိုယ်အတွင်းထဲအထိ ဆေးကြောသန့်စင်ခြင်းကို ဆိုလိုပါတယ်။ ပိုးသတ်ဆေးနဲ့ မွှေးရနံ့ပါတဲ့ မိန်းမကိုယ်သန့်စင်ဆေးရည်တွေကို […]


ရာသီလာခြင်း

ရာသီလာစဉ် နာကျင်ကိုက်ခဲမှု ဝေဒနာအကြောင်း သိကောင်းစရာ

အမျိုးသမီးအတော်များများဟာ ရာသီမလာခင်နဲ့ ရာသီလာနေစဉ်အတောအတွင်း ဝမ်းဗိုက်အောက်ပိုင်း ဆီးစပ်တဝိုက် နာကျင်ကိုက်ခဲမှုဝေဒနာကို ခံစားရတတ်ပါတယ်။ များသောအားဖြင့်တော့ ဒါဟာ စိုးရိမ်စရာကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ သားအိမ်ကြွက်သားများကို ကျုံ့စေနိုင်တဲ့ ပရိုစတာဂလန်ဒင် (Prostagladins)အမည်ရှိ ဟော်မုန်းတစ်မျိုးကြောင့် ဒီဝေဒနာကို ခံစားရတာဖြစ်ပြီး ၎င်းဟာ သားအိမ်ကြွက်သားတွေကို ကျုံ့စေခြင်းအားဖြင့် မိန်းမကိုယ်မှတဆင့် ရာသီသွေးဆင်းနိုင်အောင် ကူညီပေးမှာ ဖြစ်ပါတယ်။ ဘယ်သူတွေမှာ ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာ ခံစားရနိုင်ချေ ပိုများသလဲ ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာ ခံစားရနိုင်ချေ ပိုများသူတွေကတော့ အသက် ၃၀အောက် အမျိုးသမီးများ အပျိုဖော်ဝင်စောသူများ၊ အသက် ၁၁နှစ်ထက်စော၍ အပျိုဖော်ဝင်သူများ ရာသီသွေးဆင်းများသူ၊ ရာသီသွေးဆင်းမှု ပုံမမှန်သူများ မီးမဖွားဖူးသူများ မိသားစုတွင်း အလားတူပြဿနာ ရှိသူများ ဆေးလိပ်သောက်သူများ ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာဟာ မျိုးရိုးလည်းလိုက်တတ်ပါတယ်။ သင့်မိသားစုဆွေမျိုး အမျိုးသမီးတွေထဲမှာ ဒီဝေဒနာခံစားရသူတွေရှိမယ်ဆိုရင် သင့်ဆီကို မျိုးရိုးလိုက်နိုင်ပါတယ်။ သင့်အနေနဲ့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ဒေါက်မြင့်ဖိနပ်စီးခြင်းကြောင့် ရလာနိုင်သည့် ဆိုးကျိုး ၅ခု

ပခုံးဖော်ဝတ်စုံ ရိုးရိုးလေးတစ်စုံ ဝတ်ထားသူ တစ်ယောက်ဟာ လေးလက်မ အမြင့် ဒေါက်ဖိနပ် စီးလိုက်ရုံနဲ့ နဂိုထက် ဆယ်ဆလောက် ဆွဲဆောင်မှုရှိသွားတယ်ဆိုတာ ဘယ်သူကမှ ငြင်းဆန်လိမ့်မယ် မထင်ပါဘူး။ ဒေါက်မြင့်ဖိနပ် စီးခြင်းဟာ အမျိုးသမီးတွေကြား အငြင်းအပွားရဆုံး အကြောင်းအရာ တစ်ခု ဖြစ်ပါတယ်။ ဒေါက်မြင့်ဖိနပ် စီးလေ့ရှိသူ အမျိုးသမီးတွေ ကိုယ်တိုင်က ဒီဖိနပ်တွေ စီးထားစဉ်မှာ အလွန်နာကျင်ရပေမယ့် ဒီနာကျင်မှုကို ကျေကျေနပ်နပ် လက်ခံနိုင်တယ်လို့ ဆိုကြပါတယ်။ ဒီတော့ ဒေါက်မြင့်ဖိနပ်စီးခြင်းကြောင့် ရလာနိုင်သည့် ဆိုးကျိုး ၅ခု ကို ဒီဆောင်းပါးမှာ ပြောပြပေးသွားမှာဖြစ်ပါတယ်။ ဒေါက်မြင့်ဖိနပ်စီးခြင်းကြောင့် ရလာနိုင်သည့် ဆိုးကျိုး ၅ခု ဒေါက်မြင့်ဖိနပ်စီးခြင်းကြောင့် ရလာနိုင်သည့် ဆိုးကျိုး ၅ခု ကတော့ ကျောရိုးမကြီး ကျွန်ုပ်တို့ရဲ့ ခန္ဓါကိုယ်က ကျောရိုးမကြီးမှာ လမ်းလျှောက်တဲ့အခါ၊ ပြေးတဲ့အခါ ဖြစ်လာတဲ့တုန်ခါမှုတွေကို ထိန်းပေးမယ့် အကွေး […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အတူမနေတာကြာတဲ့အခါ အမျိုးသမီးတွေမှာ ဘယ်လိုဆိုးကျိုးတွေရှိလာနိုင်လဲ။

အရွယ်ရောက်ပြီးသူတွေမှာ သဘာဝတရားရဲ့ လိုအပ်ချက်အရ အတူနေဖို့ (လိင်ဆက်ဆံဖို့) ခန္ဓာကိုယ်ဖွဲ့စည်းမှုနဲ့ ဟော်မုန်းတွေရဲ့ အချိုးအစားကို စီစဉ်ထားပြီးသားပါ။ ဒါပေမယ့် လူတွေက တစ်ယောက်နဲ့ တစ်ယောက် အကြောင်းရင်းခံချင်းက တူကြတာ မဟုတ်ဘူးလေ။ ဒီတော့ အတူမနေနိုင်တဲ့ အနေအထားမှာ ရှိနေသူတွေအနေနဲ့က အခက်အခဲ ရှိတာပေါ့။ ပြဿနာကတော့ အတူမနေတာ ကြာလာတဲ့အခါ ယောက်ျားရော မိန်းမမှာပါ ဆိုးကျိုးတွေရှိလာပါတယ်။ ဒီဆောင်းပါးမှာတော့ အတူမနေတာကြာတဲ့အခါ အမျိုးသမီးတွေမှာ ဘယ်လိုဆိုးကျိုးတွေရှိလာနိုင်လဲဆိုတာကို ပြောပြပေးသွားမှာပါ။ အတူမနေတာကြာတဲ့အခါ အမျိုးသမီးတွေမှာ ဘယ်လိုဆိုးကျိုးတွေရှိလာနိုင်လဲ။ အတူမနေတာကြာတဲ့အခါ အမျိုးသမီးတွေမှာ ဘယ်လိုဆိုးကျိုးတွေရှိလာနိုင်လဲ ဆိုတော့ ၁။ စိတ်ဖိစီးမှုများလာမယ်။ အတူနေတာက စိတ်ဖိစီးမှုကို လျော့ကျစေတဲ့ နည်းလမ်းတွေထဲက တစ်ခုပါ။ သွေးလည်ပတ်မှု ကောင်းမွန်သွားတာနဲ့ အတူနေတဲ့အခါ ထွက်ပေါ်လာတဲ့ ဟော်မုန်းတွေက စိတ်ဖိစီးမှု လျော့ကျသွားစေဖို့ အကြီးအကျယ် အထောက်အကူပြုပြီး နုပျိုကျန်းမာ စေပါတယ်။ အတူမနေတာ ကြာရင်တော့ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

အမျိုးသမီးများအတွက် သန့်ရှင်းလှပတဲ့ ဆီးခုံမွေး (ဣန္ဒြေမွေး) ရရှိစေနိုင်မယ့် လမ်းညွှန်

သန့်ရှင်းလှပတဲ့ ဆီးခုံမွေး ရရှိဖို့၊ ဆီးခုံမွေးတွေကို ဘယ်လိုပုံစံမျိုးထားတာက အကောင်းဆုံးဖြစ်မလဲဆိုတာ စဉ်းစားရကြပ်နေပါသလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးကို ဆက်ဖတ်ကြည့်လိုက်ပါ။ ကျွန်တော်တို့ အမျိုးသားတွေရော၊ အမျိုးသမီးတွေရော သက်ဆိုင်ရာ လိင်အင်္ဂါ နားတစ်ဝိုက်မှာ အမွေးအမျှင်တွေ စပေါက်လာတာနဲ့ ဒီအမွေးတွေဟာ ရိတ်ဖို့ အတွက်ပဲ၊ နှုတ်ဖို့ အတွက်ပဲ ဖြစ်တယ်လို့ တွေးတတ်ကြပါတယ်။ တကယ်တော့ ဒီလို တွေးတာတွေကလည်း သဘာဝတော့ကျပါတယ်။ ကျွန်တော်တို့ မြင်တွေ့နေရတဲ့ ကြော်ငြာအများစုကလည်း ဆီးခုံမွေးတွေကို ရိတ်ဖို့၊ ညှပ်ဖို့ ကြော်ငြာနေကြတာမို့ပါ။ ဒါပေမဲ့ ဒီဆောင်းပါးလေးထဲမှာ ဘာကြောင့် အမျိုးသမီးတွေ အတွက်ပဲ ဖော်ပြရတာလဲဆိုတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဆီးခုံမွေးများကို ပိုပြီး ဂရုစိုက်တတ်ကြတဲ့ အတွက်ဖြစ်ပါတယ်။ စစ်တမ်းများအရတော့ အမျိုးသမီး ၈၄ ရာခိုင်နှုန်းခန့်ဟာ ဆီးခုံမွေးသန့်ရှင်းရေးကို လုပ်ဆောင်တတ်ကြပြီး အမျိုးသားတွေကတော့ ၆၄ ရာခိုင်နှုန်းခန့်သာ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ် သန့်စင်ဆေးရည်တွေကို နည်းလမ်းမှန်မှန် ဘယ်လိုသုံးကြမလဲ ။ ။

မိန်းကလေး တစ်ယောက်အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုတာ ရေမှန်မှန်ချိုးပြီး ဆပ်ပြာ ကောင်းကောင်းသုံးရုံနဲ့ မပြီးပါဘူး။ မိန်းကလေးတွေ ကျန်းမာရေးအတွက် အရေးကြီးတဲ့အချက်တစ်ခုဖြစ်တဲ့ မိန်းမကိုယ် သန့်ရှင်းရေးကလည်း အရေးပါပါသေးတယ်။ မိန်းမကိုယ် ဆိုတာလည်း အခန့်မသင့်ရင် ပိုးတွေ အချိန်မရွေးဝင်သွားနိုင်တဲ့ နေရာတစ်ခုဖြစ်တာကြောင့် အနံဆိုးထွက်နေတာ၊ မှိုပိုးဝင်တာတွေ၊ ယားယံတာတွေဖြစ်နေရင် ဘယ်မှာသွားပြီး စိတ်ချမ်းသာစရာကောင်းတော့မလဲ။ ဒီတစ်ခေါက်တော့ လေဒီလေးတိုင်း သိထားသင့်တဲ့ မိန်းမကိုယ် သန့်စင်ဆေးရည်တွေကို နည်းလမ်းမှန်မှန် ဘယ်လိုသုံးကြမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ဒါဆို ရောဂါပိုးဝင်တာ ဘယ်လိုသိနိုင်မလဲ အဖြူဆင်းတယ်ဆိုတိုင်း ရောဂါပိုးဝင်တာမဟုတ်ပေမယ့် အနံ့ဆိုးပါထွက်နေရင်တော့ ရောဂါပိုးဝင်တာဖြစ်နိုင်ပါတယ်။ မိန်းမကိုယ်မှာ ယားယံတာ၊ နီရဲလာတာ၊ အနာဖြစ်လာတာဆိုရင်တော့ မိန်းမကိုယ်သန့်ရှင်းရေးကို ဂရုစိုက်ဖို့လိုတဲ့အပြင် ဆရာဝန်ပါပြသင့်နေပြီဖြစ်ပါတယ်။ မိန်းမကိုယ်သန့်ရှင်းရေးကို ဘယ်လိုဂရုစိုက်မလဲ နေ့တိုင်းရေချိုးတိုင်းဆပ်ပြာတိုက်နေတာပဲ။ ရေချိုးဆပ်ပြာနဲ့ မိန်းမကိုယ်ကိုပါ ဆေးကြောသန့်စင်လိုက်ရင် ပြီးတာပဲလို့ မတွေးလိုက်ပါနဲ့။ ဆပ်ပြာရဲ့ အက်ဆစ်ပြင်းအားက များပါတယ်။ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မွေးလမ်းကြောင်းတစ်ခုက ဘယ်လောက်နက်သလဲဆိုတာ သိပါသလား

အမျိုးသမီးတစ်ယောက်ရဲ့ မွေးလမ်းကြောင်းဆိုတာ လိင်အင်္ဂါတစ်ခုအဖြစ်လုပ်ဆောင်တဲ့အပြင် ကလေးမွေးဖွားရာ လမ်းကြောင်းတစ်ခု အဖြစ်လည်း လုပ်ဆောင်ပါတယ်။ အမျိုးသမီး တစ်ယောက်နဲ့ တစ်ယောက် ရင်သားအရွယ်အစား၊ လက်နဲ့ ခြေထောက်တွေ မတူကြသလိုပဲ မွေးလမ်းကြောင်းတစ်ခုရဲ့ အရှည်ကလည်း တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ လေ့လာချက်တစ်ခုအရ အမျိုးသမီးတွေရဲ့ ပျှမ်းမျှမွေးလမ်းကြောင်း အရှည်ဟာ ၃.၇၇ လက်မ (၉.၆ စင်တီမီတာ) ရှိတယ်လို့ ဆိုထားပါတယ်။ တစ်ခြားသော လေ့လာချက်တွေအရတော့ ပျှမ်းမျှ မွေးလမ်းကြောင်းရဲ့ အရှည်ဟာ ၃ လက်မနေ ၇ လက်မ (၇.၆ စင်တီမီတာ ကနေ ၁၇.၇ စင်တီမီတာ ) အထိရှိနိုင်တယ်လို့ဆိုထားပါတယ်။ မွေးလမ်းကြောင်းတွေရဲ့ အလျားဟာ တစ်ယောက်နဲ့ တစ်ယောက် မတူကြတဲ့အတွက် လိင်ဆက်ဆံဖော်တွေတောင် သေချာမသိနိုင်ကြပါဘူး။ မွေးလမ်းကြောင်းတစ်ခုရဲ့ ပုံပန်းသွင်ပြင်နဲ့ အရွယ်အစား။ မွေးလမ်းကြောင်းတစ်ခုရဲ့ အရှည်ဆိုတာ မွေးလမ်းကြောင်းအဝကနေ သားအိမ်ခေါင်းထိ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း