ဓမ္မတာလာခြင်းဟာ မျိုးပွားဖြစ်စဉ်ရဲ့ ပုံမှန် ဖြစ်ပျက်နေတဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။ ဒီစက်ဝိုင်း အတွင်းမှာ မျိုးဥအိမ်တွေက သန္ဓေအောင်စေရန်အတွက် မျိုးဥကို ထုတ်လုပ်ကြပါတယ်။ ဓမ္မတာ စက်ဝန်းပြောင်းလဲခြင်းဟာ ဟော်မုန်းတွေကြောင့် ဖြစ်ရတာကြောင့် ရင်သားတွေပါ ပြောင်းလဲမှုတွေ စတင်ဖြစ်လာတော့မှာပါ။ ဟော်မုန်းပမဏာ အနိမ့်အမြင့် ဖြစ်တာနဲ့ ရင်သားတွေဟာ နာကျင်ပြီး ရောင်ကိုင်းလာနိုင်ပါတယ်။ ဒီလိုမျိုးပဲ ဓမ္မတာ စက်ဝိုင်းအတွင်းရောက်တာနဲ့ ရင်သားထိပ်ခေါင်းတွေ ပိုပြီး မည်းလာတာကိုတွေ့ရမှာ ဖြစ်ပါတယ်။
၇။ ကင်ဆာ။
ပဲဂျက် ရောဂါ (Paget’s Disease) ဆိုတာ ရင်သားထိပ်ခေါင်းမှာ ဖြစ်တတ်တဲ့ ရှားပါး ကင်ဆာရောဂါတစ်မျိုးပါ။ ပဲဂျက်ရောဂါဖြစ်ရင် ကင်ဆာဆဲလ်တွေက ရင်သားထိပ်ခေါင်းနားတစ်ဝိုက် တည်ရှိနေကြပါတယ်။ ဒီကင်ဆာမျိုးဟာ ပထမပိုင်းမှာ နို့သယ်ပြွန်တွေမှာ စတင်ဖြစ်ပွားပြီးနောက်ပိုင်း ရင်သားထိပ်ခေါင်း မျက်နှာပြင်နဲ့ areola လို့ခေါ်တဲ့ ရင်သားထိပ်ခေါင်းတစ်ဝိုက်က အနက်ရောင် အရေပြားထံ ကူးစက်သွားပါတယ်။ ဒီရောဂါ ဖြစ်နေပြီဆိုရင် ရင်သားထိပ်ခေါင်းနဲ့ areola တို့ဟာ အနီရောင်ပြောင်းလာပြီး အရေခွံတွေကွာကျလာကာ ယားယံလာမှာ ဖြစ်ပါတယ်။ ပဲဂျက် ရောဂါ (Paget’s Disease) ရောဂါ ဖြစ်ပွားတဲ့ လူ ၉၀ ရာခိုင်နှုန်းမှာ ရင်သားကင်ဆာပါ ရှိတတ်ကြပေမဲ့
ပဲဂျက် ရောဂါ (Paget’s Disease) တွေကတော့ ရင်သားကင်ဆာ ဖြစ်ပွားစေနိုင်တဲ့ အကြောင်းရင်းတွေထဲမှာ ၅ ရာခိုင်နှုန်း ခန့်သာရှိပါတယ်။ ပဲဂျက် ရောဂါ (Paget’s Disease) ရှိနေတဲ့ လူတွေ ၉၀ ရာခိုင်နှုန်းလောက်မှာ ရင်သားကင်ဆာပါ ရှိနေတတ်တာမို့ ရောဂါ လက္ခဏာတွေကို အရင်ဆုံး သိဖို့ က အရမ်း အရေးကြီးပါတယ်။ လက်ရှိအချိန်ထိ ဘာကြောင့် ပဲဂျက် ရောဂါ (Paget’s Disease) ဖြစ်ပွားရသလဲဆိုတဲ့ အကြောင်းရင်းကို မသိကြသေးပေမဲ့ ဖြစ်နိုင်ချေ နှစ်ခုထဲ က ပထမတစ်ခုကတော့ ကင်ဆာဆဲလ်တွေဟာ ရင်သားအတွင်းက နို့သယ်ပြွန်တွေထဲမှာ စတင်ကြီး
ထွားလာပြီးနောက်မှာ ရင်သားထိပ်ခေါင်း အထိ ကြီးထွားလာတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ ဒီဖြစ်နိုင်ချေကတော့ ပဲဂျက် ရောဂါ (Paget’s Disease) ဖြစ်နေတဲ့ လူတွေမှာ ရင်သားကင်ဆာ ပါရှိနေတယ်ဆိုတဲ့ ဖြစ်ရပ်ကို အတည်ပြုပေးနိုင်ပါတယ်။ နောက်ယူဆချက်ကတော့ ရင်သားထိပ်ခေါင်းက ဆဲလ်တွေသာ ကင်ဆာဆဲလ်တွေ ဖြစ်နေတဲ့ ဖြစ်စဉ်ဖြစ်ပြီး ရင်သားထိပ်ခေါင်းမှာ ပဲဂျက် ရောဂါ (Paget’s Disease) ရောဂါပဲ ဖြစ်နေတဲ့လူတွေနဲ့ ပဲဂျက် ရောဂါ (Paget’s Disease) နဲ့မဆိုင်ဘဲ ရင်သားကင်ဆာ သပ်သပ် ထပ်ဖြစ်နေတဲ့ ဖြစ်ရပ်ကို အတည်ပြုပေးနိုင်ပါတယ်။
ရင်သားထိပ်ခေါင်းမှာ ဖြစ်တဲ့ ပဲဂျက် ရောဂါ (Paget’s Disease) ဟာ အမျိုးသမီးတွေမှာသာ ပိုအတွေ့ရများပေမဲ့ ရင်သားကင်ဆာတွေလိုမျိုးပဲ အမျိုးသားတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ National Cancer Institute ရဲ့ လေ့လာချက်တွေအရ အမျိုးသမီးတွေမှာ ပျှမ်းမျှ အသက် ၆၂ နှစ်ဆိုရင် ပဲဂျက် ရောဂါ (Paget’s Disease) ဖြစ်ပွားတတ်ပြီး အမျိုးသားတွေမှာကတော့ ပျှမ်းမျှ ၆၉ နှစ်မှာ ဖြစ်ပွားတတ်ပါတယ်။ ပဲဂျက်ရောဂါရဲ့ ကနဦး လက္ခဏာတွေကတော့ ရင်သားထိပ်ခေါင်းမည်းလာခြင်းနဲ့အတူ-
- ရင်သားထိပ်ခေါင်းပြားလာခြင်း၊
- ရင်သားထိပ်ခေါင်းမှ အဝါရောင်နဲ့ သွေးပါသော ခန္ဓါကိုယ်ထွက် အရည်များ ထွက်လာခြင်း၊
- ရင်သားထိပ်ခေါင်းမှ ကြွပ်ဆပ်မာကျောသောအရေပြားများကွာကျခြင်း၊
- ရင်သားထိပ်ခေါင်းတွင် ယားယံခြင်း တို့ကိုပါ ပူးတွဲခံစားကြရတတ်ကြပါတယ်။
ဒီကင်ဆာမျိုးကို အပျိုဖော်ဝင်ပြီးတဲ့ အချိန်ကစလို့ စတင်ဖြစ်ပွားတတ်ကြပေမဲ့ လူငယ်တွေထက် လူကြီးတွေမှာ ပိုအဖြစ်များပါတယ်။ အကယ်၍ ဒီလိုဝေဒနာတွေနဲ့ အတူ ရင်သားပါ မည်းလာမယ်ဆိုရင် ဆရာဝန်ထံ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားတွေရမလဲ။
ခန္ဓါကိုယ် ဖွံ့ဖြိုးလာပြီး အသက်ကြီးလာတာနဲ့ အမျှ ရင်သားနဲ့ ရင်သားထိပ်ခေါင်းတွေက သဘာဝအတိုင်း လိုက်လံပြောင်းလဲလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သဘာဝ ဖြစ်စဉ်တွေဖြစ်တဲ့
ဓမ္မတာ လာခြင်း၊ ကိုယ်ဝန်ဆောင်ခြင်းနဲ့ နို့ချို့တိုက်ကျွေးခြင်းတို့ကလည်း ရင်သားကိုပိုပြီး မည်းလာစေမှာ ဖြစ်ပါတယ်။ ဒီလို ဖြစ်စဉ်တွေကြောင့် ရင်သားထိပ်ခေါင်း မည်းလာတာဆိုရင် စိုးရိမ်စရာ မရှိပေမဲ့ အောက်ပါ အချက်တွေပါ တွဲပြီး ဖြစ်ပေါ်လာရင်တော့ ဆရာဝန်ထံ သွားရောက်ပြသသင့်ပါတယ်။
- အရေပြား အရေခွံတွေ ကွာကျခြင်း၊
- ရင်သားထိပ်ခေါင်း တစ်ဖက်တည်းကသာ အရောင်ပြောင်းလာခြင်း၊
- ယားယံခြင်း၊
- ရင်သားတစ်ဝိုက် နီလာခြင်း၊
- အဖုအကျိတ် တို့ ဖြစ်လာပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။
နိဂုံးချုပ်။
နိဂုံးချုပ် အနေနဲ့ ပြောရမယ်ဆိုရင် ရင်သားအရောင်ဟာ သဘာဝ ဖြစ်စဉ်များအလိုက် လိုက်လံပြောင်းလဲတတ်ပါတယ်။ ဒီကြောင့် ရင်သား အရောင်ပြောင်းလဲတာက ဘာမှ စိုးရိမ်စရာ မရှိဘဲ ပုံမှန် ဖြစ်စဉ်တွေ ဖြစ်တဲ့ ခန္ဓါကိုယ် ပြောင်းလဲမှုတွေ ပြီးသွားတာနဲ့ အရောင် ပြန်ဖျော့သွားမှာ ဖြစ်ပါတယ်။ တစ်ခုတည်းသော စိုးရိမ်စရာတစ်ခုကတော့ ရင်သားထိပ်ခေါင်း မည်းလာတာနဲ့ အတူ တစ်ခြား ပုံမှန်မဟုတ်တဲ့ ဖြစ်စဉ်တွေပါ ဖြစ်လာတဲ့ ဖြစ်စဉ်ဖြစ်ပြီး ဒီလိုဆိုရင်တော့ ဆရာဝန်နဲ့သွားရောက်ပြသကုသသင့်ပါတယ်။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။