အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေ ဘဝတလျှောက်မှာ ကျန်းမာနေစေဖို့ မှန်ကန်တဲ့ ကျန်းမာရေးအချက်အလက်တွေ သိထားဖို့ လိုပါတယ်။ ဒါမှ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အဖြစ်များတဲ့ ရောဂါတွေ (ဥပမာ ပိုးဝင်တာ၊ ဟော်မုန်းမမျှတတာ၊ အကျိတ်ဖြစ်တာ)ကနေ ကာကွယ်နိုင်မှာပါ။ ဒီစာမျက်နှာမှာ အပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးသည်အထိ လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီး ကျန်းမာရေး

လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ!

ရေချိုးဖို့ လုပ်ရင်းဖြစ်ဖြစ်၊ ရေအိမ်သွားရင်းဖြစ်ဖြစ် ရုတ်တရက်ကြည့်လိုက်ချိန်မှာ ဆီးခုံမွေးတွေ ဖြူနေတာ တွေ့လို့ လန့်များသွားပြီလား! ငါများ အရမ်းအိုနေပြီလား! ဘာကြောင့်များ ဆီးခုံမွေးတွေ ဖြူလာရတာလဲဆိုပြီး စဉ်းစားရခက်နေပြီဆိုရင်တော့ ဒီစာလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ ကဲ …. လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လား! ဆီးခုံမွေးတွေရဲ့ မွေးညှင်းပေါက်တွေမှာလည်း ဆံသားရဲ့ အမွေးအိတ်လေးတွေလိုပဲ ရောင်ခြယ်ပစ္စည်းလေးတွေ ရှိပါတယ်။ အသက်အရွယ် ရလာချိန်မှာ မွေးညှင်းအိတ်ထဲက ရောင်ခြယ် ပစ္စည်းလေးတွေ လျော့နည်းလာတာကြောင့် ဆီးခုံမွေးတွေက အရောင်ပြောင်းလာတာ၊ ဖြူလာတာမျိုးတွေ ရှိလာတာပါ။  ဒီလိုဆိုတာနဲ့ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လားဆိုတော့ မဟုတ်ပါဘူး။ အရွယ်မတိုင်ခင် ဖြူတာလိုမျိုးလည်း ဖြစ်နိုင်တာပေါ့။ အသက်ကြီးလာမှ ဆီးခုံမွေးဖြူတာ မဟုတ်ဘဲ အခြားသော အကြောင်းအရင်းတွေကြောင့်လည်း ဆီးခုံမွေးတွေ […]

အမျိုးသမီး ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသမီး ကျန်းမာရေး ကို ရှာဖွေမည်။

ရာသီလာခြင်း

လူပြောများနေတဲ့ Menstrual Cup က တကယ်ရော ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား

အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေ အမျိုးမျိုး ရှိတဲ့အနက်က ဒီဘက်ခေတ် နောက်ပိုင်းမှာ M-cup လို့ခေါ်တဲ့ Menstrual Cup လစဉ်သုံးခွက်လေးတွေ အတော်လေး ခေတ်စားလာတာကို တွေ့ရပါတယ်။ သက်သောင့်သက်သာ ရှိမှု၊ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်မှု၊ ရေရှည် ငွေကုန်ကြေးကျ သက်သာမှု စသဖြင့် အမျိုးမျိုးသော အကြောင်းတွေကြောင့် အမျိုးသမီးလေးတွေကလည်း ဒီ Menstrual Cup ကို လစဉ်သုံးဂွမ်းထုပ် (Pad) တွေ၊ Tampon တွေထက် ပိုပြီး အသုံးများလာကြပါတယ်။ တကယ်ရော ဒီ လူပြောများနေတဲ့ Menstrual Cup က ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား။ ကျွန်မတို့ အတူတူ လေ့လာကြည့်ကြရအောင်။ Menstrual Cup ဆိုတာ ဘာလဲ။ Menstrual Cup ဆိုတာက […]


ရာသီလာခြင်း

ရာသီလာခြင်းနဲ့ ပတ်သက်ပြီး ကြားရအများဆုံး ချင်း(ဂျင်း) စကားကြီး (၄)ခွန်း

ကျွန်မတို့ အမျိုးသမီးလေးတွေ အပျိုဖော်ဝင်ပြီဆိုတာနဲ့ စပြီးကြားရတာက ရာသီလာ စောရတာဟာ ကိုယ်တိုင်က လိင်စိတ် များရလို့ ဖြစ်တယ်။ ရာသီလာရင် ယောက်ျားလေးတွေနဲ့ ထိလိုက်တာနဲ့ ကိုယ်ဝန်ရနိုင်တယ်။ ရာသီလာရင် ရေမချိုးရဘူး။ ရာသီလာတာက ခန္ဓာကိုယ်ထဲက မသန့်ရှင်းတဲ့ သွေးတွေ၊ သွေးပုပ်တွေ ဆင်းတာဖြစ်တယ် စတဲ့ ချင်း(ဂျင်း)စကားတွေပါပဲ။ မိရိုးဖလာ လက်ခံခဲ့ကြတဲ့ ဒီ ပါးစပ်ပြောယုံတမ်းစကားတွေကြောင့် တလွဲဆံပင်ကောင်းပြီး အရှက်၊အကြောက် ကြီးကြလွန်းလို့ ရောဂါဝင်လို့ ဝင်မှန်းမသိ ဖြစ်ခဲ့ကြတဲ့ အမျိုးသမီးလေးတွေ မနည်းလှပါဘူး။ ဒီယုံတမ်းစကားတွေထဲက ကျွန်မတို့ ကြားရအများဆုံး ယုံတမ်းစကားတွေကို ပြောပြပေးချင်ပါတယ်။ ရာသီလာခြင်းနဲ့ ပတ်သက်ပြီး ကြားရအများဆုံး ချင်း(ဂျင်း) စကားကြီး (၄)ခွန်း ရာသီလာခြင်းနဲ့ ပတ်သက်ပြီး ကြားရအများဆုံး ချင်း(ဂျင်း) စကားကြီး တွေကတော့ ၁။ ရာသီလာရင် ရေမချိုးရဘူး။ ခေါင်းမလျှော်ရဘူး။ ဒါဟာ လုံးဝ […]


ရာသီလာခြင်း

Menstrual Cup ကို ဘယ်လိုသုံးရလဲ

Menstrual Cup က ကျန်းမာရေးနဲ့ ညီ၊မညီ ရှေ့မှာ လေ့လာခဲ့ကြပြီးပြီဆိုတော့ ဒီတစ်ခါမှာတော့ Menstrual Cup တွေကို ဘယ်လို အသုံးပြုရသလဲဆိုတဲ့အကြောင်းလေး ထပ်ပြီး လေ့လာကြည့်ကြရအောင်။ Menstrual Cup ဟာလည်း Tampon လိုပဲ မိန်းမကိုယ်ထဲ ထည့်ပြီး အသုံးပြုရတာဖြစ်ပါတယ်။ Tampon သုံးဖူးတဲ့သူတွေဆိုရင်တော့ Menstrual Cup ကို သုံးရတာ ပိုပြီး လွယ်ကူပါလိမ့်မယ်။ ဒါပေမဲ့ ခွက်ဖြစ်တဲ့အတွက်ကြောင့် ခေါက်ထည့်ပြီး အထဲမှာ ပွင့်အောင်လုပ်ရတဲ့ အဆင့်တစ်ဆင့်တော့ ပိုလာတာပေါ့နော်။ Menstrual Cup ကို သုံးတော့မယ်ဆိုရင် အရင်ဆုံး လက်ကို သေချာဆေးပါ။ ခွက်ကို Water-based Lubricant (ရေဓာတ်အခြေခံ ချောဆီ) နဲ့ သုတ်ပါ။ (ဒါကတော့ ထည့်ရင် နာမှာကြောက်တဲ့သူတွေကို ပြောတာပါ။ […]


ရာသီလာခြင်း

ရာသီမလာခင် ဝမ်းချုပ်တဲ့ပြဿနာကို ဘယ်လို ဖြေရှင်းမလဲ။

ရာသီမလာခင် အကြို ကာလမှာ ဝမ်းချုပ်တာကြောင့် စိတ်ညစ်နေတဲ့ လေဒီလေးတွေ ရှိလား။ ဒါဆိုရင်တော့ ဒီ ဆောင်းပါးလေးက သင့်အတွက်ပါ။ ကဲ ...... ရာသီမလာခင် ဝမ်းချုပ်တဲ့ပြဿနာကို ဘယ်လို ဖြေရှင်းမလဲ။ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ရာသီမလာခင်ကာလမှာ ဝမ်းချုပ်တတ်လား။ ဝမ်းချုပ်စေနိုင်တဲ့ အကြောင်းအရင်း အများကြီး ရှိပါတယ်။ ဒီထဲမှာမှ ကိုယ်တွင်း ဟော်မုန်း ပြောင်းလဲမှုကလည်း တစ်ခု အပါအဝင်ပါ။ ရာသီမလာခင်မှာ ဝမ်းချုပ်တာမျိုး ခံစားရနိုင်ပါတယ်။ လေဒီတိုင်းလား ဆိုတော့ မဟုတ်ပါဘူး။ ရာသီမလာခင်မှာ ဝမ်းချုပ်ရတာက ကိုယ်တွင်းမှာ estrogen နဲ့ progesterone ဟော်မုန်း ပမာဏကို ညီမျှအောင် လုပ်ဆောင်နေရတာကြောင့်ပါ။ ကိုယ်တွင်းမှာ ဟော်မုန်း ပြောင်းလဲတာက သားဥကြွေတာကိုတင် မဟုတ်ဘဲ အစာခြေစနစ် အပေါ်မှာပါ သက်ရောက်မှု ရှိစေတာပါ။ ကိုယ်တွင်းမှာ progesterone […]


ရာသီလာခြင်း

လေဒီလေးတိုင်း သိထားသင့်တဲ့ ရာသီအကြိုလက္ခဏာ များ

လစဉ်တိုင်း ကြုံရတဲ့ ပြဿနာ မတိုင်ခင် ကြိုတင်ပြင်ဆင်နိုင်စေဖို့အတွက် ရာသီအကြိုလက္ခဏာ တွေက ဘာတွေလဲ။ ကိုယ်တိုင်မှာရော ဒီ လက္ခဏာတွေ ရှိနေပြီလား ဆိုတာကို ဒီ ဆောင်းပါးလေး ဖတ်ရင်း ဆန်းစစ်ကြည့်ရအောင် လေဒီတို့ရေ ....... ရာသီအကြိုလက္ခဏာဆိုတာ ဘာလဲ။ ရာသီမလာခင် တစ်ပတ် ဒါမှမဟုတ် ၂ ပတ်လောက် အလိုကတည်းက လေပွတာ၊ ခေါင်းကိုက်တာ၊ စိတ်ခံစားမှု မကောင်းတာ၊ စိတ်ထိခိုက်လွယ်တာ လိုမျိုး လက္ခဏာတွေ ခံစားရလေ့ရှိပါတယ်။ လစဉ် ခံစားရတဲ့ ဒီ လက္ခဏာတွေကို ရာသီအကြိုလက္ခဏာ တွေလို့ ခေါ်တာပါ။ ဒီ ရာသီအကြို လက္ခဏာတွေကို အမျိုးသမီး ၈၅ ရာခိုင်နှုန်းလောက် ခံစားကြရပါတယ်။အချို့က သိပ်မပြင်းထန်ပေမယ့် အချို့မှာကျ ရာသီအကြို လက္ခဏာက တော်တော်လေး ပြင်းထန်တတ်ကြပါတယ်။ ဒီတစ်ခေါက်တော့ လေဒီ […]


မီးယပ်သွေးဆုံးခြင်း

သွေးဆုံးကိုင်ခြင်း ဝေဒနာအတွက် ရိုးရှင်းတဲ့ အိမ်တွင်းကုထုံးများ

သွေးဆုံးတယ်ဆိုတာ အသက်အရွယ်ကြီးရင့်တဲ့ အမျိုးသမီးတွေ ခံစားရတဲ့ ဖြစ်စဉ်တစ်ခုပါ။ အသက် ၄၅ နှစ်နဲ့ ၅၀ အကြားမှာ ဖြစ်တတ်ပါတယ်။ သင်ဟာ အမျိုးသမီး တစ်ယောက်ဆိုရင် ဒီအရာကို မလွဲမသွေ ကြုံတွေ့ရမှာပါ။ သွေးဆုံးခြင်းရဲ့ နောက်ကွယ်က သွေးဆုံးကိုင်ခြင်း လက္ခဏာတစ်ခုချင်းစီကို ရိုးရှင်းတဲ့ အိမ်တွင်းကုထုံးတွေနဲ့ ဖြေရှင်းကြည့်ရအောင်။ သွေးဆုံးကိုင်ခြင်း ဝေဒနာအတွက် ရိုးရှင်းတဲ့ အိမ်တွင်းကုထုံးများ သွေးဆုံးကိုင်ခြင်း ဝေဒနာအတွက် ရိုးရှင်းတဲ့ အိမ်တွင်းကုထုံးများ ကတော့ အေးအေးလူလူနဲ့ သက်သောင့်သက်သာ နေထိုင်ခြင်း။ ဖိန်းတိန်းရှိန်းတိန်းဖြစ်ခြင်း၊ ပူလောင်ခြင်းလက္ခဏာတွေကို ရင်ဆိုင်နေတဲ့အခါ ခပ်ပွပွနဲ့ သက်သောင့်သက်သာရှိတဲ့၊ ချောင်ချိတဲ့အဝတ်အစားတွေကို ရွေးချယ် ဝတ်ဆင်ပါ။ အထူးသဖြင့် ညအချိန်နဲ့ ပူပြင်းတဲ့ရာသီ ဥတုများမှာပေါ့။ သွေးဆုံးကိုင်ဝေဒနာ ခံစားရတဲ့အခါ ချွေးစေးများ ထွက်လာကာ အိပ်ပျော်နေစဉ် မကြာခဏ လန့်နိုးတတ်ပါတယ်။ ဒါကြောင့် သင့်ရဲ့အိပ်ခန်းကို အေးမြအောင်ထားထားပါ။ ထူထဲတဲ့စောင်တွေကို မခြုံပါနဲ့။ […]


မီးယပ်သွေးဆုံးခြင်း

သွေးဆုံးခြင်းဖြစ်စဉ်ဟာ သဘာဝပါ

အမျိုးသမီးတစ်ယောက်ဟာ တစ်နှစ်လုံးလုံး ဆက်တိုက်သွေးမဆင်းတော့ဘူး။ ရာသီမလာနိုင်တော့ဘူးဆိုရင် သွေးဆုံးပြီလို့ သတ်မှတ်ကြပါတယ်။ ဒါဆိုရင် ကိုယ်ဝန်လည်းမရနိုင်တော့ပါဘူး။ အသက် (၄၅) နှစ်နဲ့ (၅၅)နှစ်ကြားမှာ သွေးဆုံးခြင်း ဖြစ်ပေါ်တတ်ပါတယ်။ တစ်ဦးနှင့်တစ်ဦးတော့ မတူပါဘူး။ အချို့လည်း ဒီအသက်ထက်ပိုကြီးမှ သွေးဆုံးတတ်ကြပါတယ်။ သွေးဆုံးချိန်မှာ ဖိန်းတိန်းရှိန်းတိန်းဖြစ်ခြင်း၊ ရင်တုန် မောပန်း၍ စားမဝင်အိပ်မပျော်ခြင်း၊ အိပ်ပျော်နေစဉ် ခဏခဏလန့်နိုးခြင်း၊ ချွေးစေးများ ထွက်လာခြင်း၊ ဝလာခြင်းတွေ ဖြစ်လာတတ်ပါတယ်။ အမျိုးသမီးတော်တော်များများအတွက်တော့ သွေးဆုံးခြင်းအတွက် ဆေးကုသဖို့ မလိုအပ်ပါဘူး။ သွေးဆုံးချိန်မှာ သွေးဆုံးကိုင်ဝေဒနာတွေ ခံစားရတတ်ပါတယ်။ [ ‘Perimenopause’ ဆိုတဲ့ သွေးဆုံးမှုအကြိုအချိန်မှာ ဟော်မုန်းတွေ စတင်ပြောင်းလဲတတ်ပါတယ်။] အမျိုးသမီးတွေဟာ အသက် ၄၅ နှစ်ကနေ ၅၀ အကြားမှာ သွေးဆုံးလေ့ရှိကြတယ်ဆိုပေမဲ့ ဒီအရွယ်မတိုင်ခင် သွေးဆုံးနိုင်သူတွေလည်း ရှိပါတယ်။ ဒါကို ‘ Early menopause’  […]


အမျိုးသမီးများတွင် ဖြစ်လေ့ရှိသည့် ဟော်မုန်းမမျှတခြင်း

မိန်းမကိုယ်ခြောက်သွေ့ခြင်းရဲ့ တရားခံ

ကျန်းမာတဲ့ မိန်းမကိုယ်မှာ သဘာဝအရ စွတ်စိုမှု အနည်းငယ်တော့ ရှိနိုင်ပါတယ်။ ဒီလိုစွတ်စိုမှသာ မိန်းမကိုယ် ယားယံတာမျိုး မဖြစ်မှာပါ။ ဒါ့အပြင် ချောဆီအဖြစ်နဲ့ လိင်ဆက်ဆံနေစဉ် ပွန်းပဲ့ထိခိုက်ခြင်း မဖြစ်အောင်၊ သုက်ပိုးများကို မိန်းမကိုယ်တွင်း အချိန်ကြာမြင့်စွာ ရှင်သန်စေပြီး မျိုးအောင်စေဖို့လည်း ကူညီပေးပါတယ်။ ဒါကြောင့် မိန်းမကိုယ် ကျန်းမာရေးနဲ့ ပတ်သက်လာရင် မခြောက်လွန်း၊ မစိုလွန်းတဲ့ ပမာဏကို ထိန်းဖို့ လိုတယ်လို့ ပြောရခြင်း ဖြစ်ပါတယ်။ မိန်းမကိုယ် ခြောက်သွေ့ခြင်းက မလိုလားအပ်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီတော့ ကာကွယ်နိုင်စေဖို့အတွက် မိန်းမကိုယ်ခြောက်သွေ့ခြင်းရဲ့ တရားခံ တွေက ဘာတွေ ဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ မိန်းမကိုယ်ခြောက်သွေ့ခြင်းရဲ့ တရားခံ တွေက ဘာတွေလဲ မိန်းမကိုယ်ခြောက်သွေ့ခြင်းရဲ့ တရားခံ က ဘာဖြစ်မလဲ။ အမျိုးသမီးများတွင် အက်စထရိုဂျင် (Estrogen) […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးတစ်ယောက် ဖြစ်နေခြင်းကြောင့် ရောဂါပိုခံစားရနိုင်သလား

လူရယ်လို့ဖြစ်တာနဲ့ ရောဂါတွေဖြစ်ပွားနိုင်ပါတယ်။ အမျိုးသားတွေမှာလည်း ဖြစ်ပွားနိုင်သလို အမျိုးသမီးတွေဟာလည်း ရောဂါဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အချို့ အချို့သော ရောဂါတွေဟာ အမျိုသားတွေထက် အမျိုးသမီးတွေမှာ ပိုမိုဖြစ်ပွားကြောင်း တွေ့ရှိရပါတယ်။ ဥပမာ ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာ ပိုပြီးတော့ သိသိသာသာ ဖြစ်ပွားကြတာကို သတိထားမိမှာပါ။ ဒါ့အပြင် ရောဂါဖြစ်ပွားနှုန်း တူညီသည့်တိုင်အောင် အချို့သော ရောဂါတွေဟာ ဖြစ်ပွားခဲ့ပါက အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအထိနာတတ်ကြပါတယ်။ နှလုံးရောဂါ။         ။ အမေရိကန်ပြည်ထောင်စုမှာ နှလုံးရောဂါဟာ အမျိုးသမီးများ သေဆုံးရခြင်း ရဲ့ အဓိကအကြောင်းအရင်းတွေထဲကတစ်ခု ဖြစ်လို့နေပါတယ်။ အမျိုသားတွေဟာလည်း နှလုံး ရောဂါကြောင့် သေဆုံးကြပေမဲ့ အမျိုးသမီးရာခိုင်နှုန်းဟာ ပိုမိုများပြားလျက်ရှိကြောင်း တွေ့နေ ရပါတယ်။ ဒါဟာ အမျိုးသမီးတွေအနေနဲ့ အရေးပေါ်ကုသမှုကို သွားရောက်ခံယူတဲ့နေရာမှာ နှောင့်နှေး ကြန့်ကြာနေကြလို့ပါ။ စိတ်ကျန်းမာရေးပြဿနာ။             ။ အမျိုးသားတွေနဲ့ယှဉ်ပါက အမျိုးသမီးတွေဟာ […]


ရာသီလာခြင်း

ရာသီသွေး က သွေးပုပ်တွေလား။ ရာသီသွေးကျန်ရင် ဘာဖြစ်တတ်လဲ။

ရာသီသွေး နဲ့ ပတ်သတ်ပြီး တော်တော်များများ ယူဆထားကြတာက သွေးက မသန့်ဘူး။ သွေးပုပ်တွေ။ ရာသီလာတယ်ဆိုတာ ယုတ်ညံ့တယ်ကိစ္စ ဒီလို သတ်မှတ်ထားကြတာပါ။ အထူးသဖြင့် လူကြီးတွေကပေါ့။ ဒါပေမယ့် ခုခေတ်က တိုးတက်လာတော့ ရာသီလာတယ်ဆိုတာကို ကျန်းမာရေး ကိစ္စတစ်ခုအနေနဲ့ သတ်မှတ်လာကြပါပြီ။ ပိုပြီးလည်း ပွင့်ပွင့်လင်းလင်း ဖြစ်လာကြပါပြီ။ ဒါပေမယ့် လူငယ်တွေ စိတ်ထဲမှာ ရာသီသွေးဆိုတာ အိမ်က အဘွားပြောသလို တကယ်ပဲ မသန့်ဘူးလား။ ရာသီသွေးတွေ ကျန်ရင် အပုပ်ဆန်တတ်တယ်ဆိုတာ တကယ်လားဆိုပြီး တွေးနေကြမှာပါ။ ဒီဆောင်းပါးမှာ ဒီပြဿနာကို ဖြေရှင်းပေးပါမယ်။ ရာသီသွေး ဘယ်ကဖြစ်လာတာ။ ရာသီသွေးဆိုတာ ပုံမှန်တွေ့နေကြ သွေးကြောထဲက သွေးနဲ့ နည်းနည်းကွဲပါတယ်။ ရာသီသွေးမှာ သွေးအပြင် သားအိမ်နံရံအမြှေးပါး၊ အချွဲနည်းနည်းနဲ့ ဘက်တီးရီးယားပါပါတယ်။ အချွဲဆိုတာက မိန်းမကိုယ်က အဖြူဆင်းသလို ထွက်တဲ့ အချွဲပါ။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း