အားနည်းချက်တွေက ဘာတွေလဲ
Menstrual Cup ကို မိန်းမကိုယ်ထဲ ထည့်ဖို့ အလေ့အကျင့် လုပ်ယူရပါတယ်။ ခေါက်ထားပြီးတာတောင် တော်တော်ကြီးတဲ့ Size မို့ စစသုံးမယ့်အချိန်ဆို အတော်လည်း သတ္တိမွေးယူရပါတယ်။
ထုတ်ပြီး ဆေးကြောတဲ့အခါ ကရိကထ များပါတယ်။ အမြဲတမ်း အိမ်မှာနေတာမှ မဟုတ်တာနော်။ အလုပ်သွား၊ ရုံးသွား၊ အများပြည်သူသုံး သန့်စင်ခန်းတွေမှာဆို ဘယ်နား ဆေးလို့ ဆေးရမှန်းမသိ အတော်လေး စဉ်းစားရခက်တာမျိုးပါ။ (တချို့ကတော့ အိတ်ထဲ Wipes တွေ၊ ရေဘူးလေးတွေ သီးသန့်ဆောင်ထားကြတာမျိုးရှိပါတယ်။ ဒါလည်း အဆင်ပြေတာပါပဲ။ တချို့ကတော့ အိမ်သာသုံးစက္ကူတွေနဲ့ သန့်ရှင်းကြတယ်လို့ ပြောပါတယ်။)
ကြုံကြိုက်တိုက်ဆိုင်တဲ့အခါမျိုးမှာ Menstrual Cup ကို ထုတ်ရင်း IUD ပါ မတော်တဆ ပါလာတာမျိုး မဖြစ်အောင် IUD လို ပစ္စည်းမျိုး ထည့်ထားတယ်ဆိုရင် ကြိုးကို တိုပစ်လိုက်ဖို့ လိုပါတယ်။
လေ့လာချက်တွေအရ Menstrual Cup တွေဟာ အန္တရာယ်အကင်းဆုံးနဲ့ သက်သောင့်သက်သာ အဖြစ်ဆုံး အမျိုးသမီး လစဉ်သုံးပစ္စည်းပါပဲ။ ဒါကြောင့်လည်း အမျိုးသမီးတွေရဲ့ ထိပ်တန်း ရွေးချယ်မှုအဖြစ် ရပ်တည်နေတာ မဆန်းဘူးလို့ ဆိုရမှာပါ။ နောက်ရက်မှာတော့ Menstrual Cup ကို ဘယ်လို သုံးရသလဲဆိုတာနဲ့ Menstrual Cup ကို ကိုယ်နဲ့ သင့်လျော်ရာ ဘယ်လို ရွေးချယ်ကြမလဲဆိုတဲ့အကြောင်းတွေ ဆွေးနွေးကြရအောင်။
Wathun Myat Chal
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။