- စိတ်ကျခြင်း၊
- စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊
- ဝမ်းနည်းခြင်း၊
- တစ်ဦးတည်းသီးသန့် နေထိုင်ခြင်း၊
- ညအိပ်မပျော်ခြင်းတွေအတွက် စိတ်ကုသုံး ပညာရှင်တွေ၊ စိတ်ရောဂါအထူးကု ဆရာဝန်တွေနဲ့ သွားရောက်တိုင်ပင်ပြသပါ။
သင့်မိသားစု၊ သင်ချစ်ရသူတွေနဲ့ မိတ်ဆွေတွေကိုလည်း သင့်ရဲ့စိတ်ခံစားမှုတွေအကြောင်း ဖွင့်ဟပြောပြပါ။ ဒါမှ သင့်လိုအပ်ချက်တွေိကို သူတို့သိပြီး ကူညီပေးနိုင်မှာပါ။
သွေးဆုံးကိုင်ချိန်မှာ အဖြစ်များဆုံးရောဂါဟာ အရိုးပွရောဂါဖြစ်ပါတယ်။ အရိုးပွခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ အိပ်မပျော်ခြင်းတို့အတွက် ကယ်လ်ဆီယမ်၊ ဗီတာမင် ဒီနဲ့ မဂ္ဂနီဆီယမ်တွေကို ဖြည့်တင်းသောက်သုံးပါ။ တစ်ဦးတစ်ယောက်ချင်းရဲ့ လိုအပ်ချက်ဟာ မတူညီနိုင်တာမို့ ဆရာဝန် နဲ့တိုင်ပင်နိုင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ ခံစားမှုများဟာ သွေးဆုံးကိုင်ခြင်း လက္ခဏာတွေမှာ ပါဝင်တာကြောင့် ယောဂလေ့ကျင့်ခြင်း၊ ဝင်သက်ထွက်သက် လေ့ကျင့်ခန်းများနဲ့ တရားထိုင်ခြင်း အလေ့အထတွေဟာ စိတ်အစဉ်ကို ပြန်လည်ကြည်လင်စေနိုင်တာမို့ ပြုလုပ်သင့်ပါတယ်။
- အသားအရေကို မမေ့မလျော့ ထိန်းသိမ်းဂရုစိုက်ခြင်း
သွေးဆုံးချိန်မှာ မ ဟော်မုန်းထွက်ရှိမှု သိသိသာသာနည်းပါးသွားတာကြောင့် နောက်ထပ် ကြုံတွေ့နိုင်တဲ့ ပြဿနာဟာ အသားအရေခြောက်သွေ့ခြင်းပါပဲ။ ဒါကြောင့် အစိုဓာတ်ဖြည့်ပေးတဲ့ ‘moisturizers’ လိုမျိုး အသားအရေထိန်းသိမ်းပစ္စည်းများ အသုံးပြုပေးပါ။ အချိန်ကြာကြာ အလွန်အမင်း ရေချိုးခြင်း၊ ရေကူးခြင်းတွေကိုလည်း ရှောင်ကြဉ်ပေးပါ။ အသားအရေခြောက်သွေ့ပြီး ယားယံစေနိုင်လို့ပါ။
ညအိပ်မပျော်ခြင်း ပြဿနာအတွက်တော့ ဆရာဝန်နဲ့သာ တိုင်ပင်ပါ။ မိမိစိတ်အလိုကျ အိပ်ဆေးတွေသောက်သုံးနေခြင်းဟာ နည်းလမ်းအမှန်မဟုတ်ပါ။ ဆရာဝန်ကို ပွင့်ပွင့်လင်းလင်း ပြောပြပါမှ နှစ်ခြိုက်စွာ အိပ်ပျော်စေရန် မှန်ကန်တဲ့ နည်းလမ်းနဲ့ ကူညီပေးလို့ရမှာပါ။
- ဆေးလိပ်/အရက်လျှော့သောက်ခြင်း၊ အပြတ်ဖြတ်ခြင်း
ဆေးလိပ်သောက်တတ်သူဖြစ်ပါက ဆေးလိပ်ဖြတ်ပါ။ မိမိမသောက်လည်း ဆေးလိပ်သောက်နေသူတွေအနား အတတ်နိုင်ဆုံး မသွားပါနဲ့။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကိုလည်း ရှောင်ကြဉ်ပါ။ ဆေးလိပ်ငွေ့နှင့် ထိတွေ့ခြင်းဟာ သွေးဆုံးကိုင် ဝေဒနာတွေကို ပိုဆိုးစေနိုင်ပါတယ်။
အရက်သောက်ခြင်းကိုလည်း ကန့်သတ်လိုက်ပါ။ သွေးဆုံးကိုင် အမျိုးသမီးတစ်ဦး အရက်သောက်မယ်ဆိုရင် ကျန်းမာရေးအပေါ် ဆိုးကျိုးတွေ အများကြီးသက်ရောက်နိုင်ပါတယ်။
- အခြားလိုအပ်ချက်များ ဖြည့်တင်းခြင်း
သွေးဆုံးကိုင် ဝေဒနာတွေဟာ မ ဟော်မုန်းနည်းပါးခြင်းကြောင့် ခံစားရတာပါ။ အချို့ ကလည်း ဟော်မုန်းကုထုံးတွေကို ခံယူတတ်ကြပါတယ်။ ဒါကတော့ တတ်ကျွမ်းနားလည်သူ ဆရာဝန်နဲ့သာ ကုသမှု ခံယူသင့်ပါတယ်။
Vitamin E ကဲ့သို့သော ဗီတာမင်တွေကိုလည်း ဖြည့်စွက်သောက်သုံးနိုင်ပါတယ်။‘ Melatonin’ ဓာတ်ဟာ အိပ်စက်ခြင်းအတွက် လိုအပ်တာကြောင့် ‘Melatonin’ ပါဝင်တဲ့ သဘာဝဓာတ်စာတွေကို မှီဝဲနိုင်ပါတယ်။ ‘Omega-3 Fatty acids’ ဟာလည်း သွေးဆုံးကိုင် လက္ခဏာတွေအတွက်သာမကဘဲ နှလုံးကျန်းမာရေးအတွက် လိုအပ်တာကြောင့် သောက်သုံးနိုင်ပါသေးတယ်။
ကဲ ….. သွေးဆုံးကိုင်ခြင်း ဝေဒနာအတွက် ရိုးရှင်းတဲ့ အိမ်တွင်းကုထုံးများ ကို လက်တွေ့ အကောင်အထည်ဖော်ကြည့်လိုက်တော့နော်။
ရေးသားသူ-ဒေါက်တာမှူးခင်
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။