ရာသီမလာခင် အကြို ကာလမှာ ဝမ်းချုပ်တာကြောင့် စိတ်ညစ်နေတဲ့ လေဒီလေးတွေ ရှိလား။ ဒါဆိုရင်တော့ ဒီ ဆောင်းပါးလေးက သင့်အတွက်ပါ။
ရာသီစက်ဝန်းကို တွက်ချက်ပါ။
ထွက်မှာ သေချာပြီလား။
ရာသီမလာခင် အကြို ကာလမှာ ဝမ်းချုပ်တာကြောင့် စိတ်ညစ်နေတဲ့ လေဒီလေးတွေ ရှိလား။ ဒါဆိုရင်တော့ ဒီ ဆောင်းပါးလေးက သင့်အတွက်ပါ။
ဝမ်းချုပ်စေနိုင်တဲ့ အကြောင်းအရင်း အများကြီး ရှိပါတယ်။ ဒီထဲမှာမှ ကိုယ်တွင်း ဟော်မုန်း ပြောင်းလဲမှုကလည်း တစ်ခု အပါအဝင်ပါ။
ရာသီမလာခင်မှာ ဝမ်းချုပ်တာမျိုး ခံစားရနိုင်ပါတယ်။ လေဒီတိုင်းလား ဆိုတော့ မဟုတ်ပါဘူး။ ရာသီမလာခင်မှာ ဝမ်းချုပ်ရတာက ကိုယ်တွင်းမှာ estrogen နဲ့ progesterone ဟော်မုန်း ပမာဏကို ညီမျှအောင် လုပ်ဆောင်နေရတာကြောင့်ပါ။
ကိုယ်တွင်းမှာ ဟော်မုန်း ပြောင်းလဲတာက သားဥကြွေတာကိုတင် မဟုတ်ဘဲ အစာခြေစနစ် အပေါ်မှာပါ သက်ရောက်မှု ရှိစေတာပါ။ ကိုယ်တွင်းမှာ progesterone ဟော်မုန်း များရခြင်းက လေဒီတွေကို ရာသီ အကြို ကာလမှာ ဝမ်းချုပ်စေရတဲ့ အဓိက အကြောင်းအရင်းတစ်ရပ်ပါ။
ဒီ ဝမ်းချုပ်တာက ရာသီသွေး မဆင်းခင်ကနေပြီး သားဥကြွေပြီးချိန် ရက်အနည်းငယ်အထိ ကြာမြင့်နိုင် ပါတယ်။
လေဒီတွေကို အနေရခက်စေတဲ့ ရာသီအကြို ဝမ်းချုပ်တာကို သက်သာစေဖို့
အမျှင်ဓာတ်က ဝမ်းမှန်စေဖို့နဲ့ ဝမ်းပျော့ပျော့သွားစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါ။ အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေပြီး ရာသီလာချိန်မှာ ဖြစ်တဲ့ ဟော်မုန်း အပြောင်းအလဲကြောင့် အစာခြေစနစ် အပေါ် သက်ရောက်မှုကို အကောင်းဆုံး ကျော်ဖြတ်နိုင်စေပါတယ်။
ဒါကြောင့် စားသုံးတဲ့ အစားအစာတွေထဲမှာ
ဝမ်းမှန်စေဖို့ နဲ့ ဝမ်းပျော့ပျော့ သွားစေဖို့ ရေများများ သောက်ဖို့ လိုပါမယ်။ ဒါကြောင့် ရေကို အနည်းဆုံး ၈ ခွက် ပုံမှန် သောက်ပေးပါ။
လေ့ကျင့်ခန်း လုပ်ပေးတာက အူတွေကို လှုပ်ရှားစေဖို့ လှုံဆော်ပေးပါတယ်။ အစာကြေစေဖို့ရော ဝမ်းမှန်စေဖို့ပါ ကူညီပေးတာပါ။ မြင်သာအောင် ပြောပြရရင် အစားစားပြီး လမ်းလျှောက်တဲ့အခါ အစာကြေတယ် ဟုတ်။
ဝမ်းသွားချင်တယ်၊ လို့ ခံစားမိပြီ ဆိုတာနဲ့ အိမ်သာကို ချက်ချင်း သွားပါ။ ဦးနှောက် နဲ့ ခန္ဓာကိုယ်ရဲ့ ခံစားရမှုတွေက တိုက်ရိုက် သက်ရောက်မှု ရှိနေလို့ပါ။ ဝမ်းသွားချင်တာကို မသွားဘဲ အောင့်ထားလိုက်မယ် ဆိုရင် ဝမ်းချုပ်စေမှာ အသေအချာ ပါပဲ။
ကော်ဖီ၊ လက်ဖက်ရည်၊ အယ်လ်ကိုဟောတို့လိုမျိုး အရာတွေက ဆီးခဏခဏ သွားစေတာကြောင့် ကိုယ်တွင်းမှာ ရေဓာတ် နည်းစေပါတယ်။ ဒီလို ရေဓာတ်နည်းပါးမှုက ဝမ်းချုပ်စေတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဝမ်းချုပ်မှု ကင်းစေဖို့ဆိုရင် ရေဓာတ် ဆုံးရှုံးစေတဲ့အရာတွေကို ရှောင်ပါ။
ရာသီစက်ဝန်းကို လေ့လာနိုင်ပါသည်။ မျိုးအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။
ရာသီစက်ဝန်းကို လေ့လာနိုင်ပါသည်။ မျိုးအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။
ရာသီစက်ဝန်း ရက်အရေအတွက်
(days) ရက်
ရာသီရက်စုစုပေါင်း
(days) ရက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Constipated Before Period: Why It Happens and What You Can Do About It https://www.healthline.com/health/constipated-before-period Accessed Date 1 July 2020
Here’s why your period is making you constipated (and what you can do about it) https://www.health24.com/Medical/Constipation/News/heres-why-your-period-is-making-you-constipated-and-what-you-can-do-about-it-20190202 Accessed Date 1 July 2020