အမျိုးသမီးများ အိပ်ရာထဲမှာ လုပ်လေ့ရှိသော အမှား (၈)မျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 28, 2020 . 3 mins read
Share now

အမျိုးသမီးများ အိပ်ရာထဲမှာ လုပ်လေ့ရှိသော အမှား (၈)မျိုး

အမျိုးသမီးတော်တော်များများက လိင်မှုကိစ္စနဲ့ ပတ်သတ်ပြီး ပျော်ရွှင်မှု မရဘူးဆိုတာဟာ သူတို့ရဲ့ ခန္ဓာကိုယ်က Sexy မကျလို့ လို့ထင်တတ်ကြပါတယ်။ အဖော်ဖြစ်သူနဲ့ လိင်ဆက်ဆံချိန်မှာ နှစ်ဦးလုံး စိတ်ကျေနပ်မှု မရဘူးဆိုတာကလည်း သူတို့က အပြာမင်းသမီးတွေလောက် သရုပ်ဆောင်ပုံ မကောင်းလို့ ဖြစ်တာလို့ ထင်တတ်ကြပါတယ်။ ဒီ ၂ ချက်လုံးက အမှား ကြီးတွေပါပဲ။ သာယာပျော်ရွှင်ဖွယ်လိင်မှု ကိစ္စတစ်ခုမရဘူးဆိုတာ ကိုယ်က ရုပ်ရည် Sexy မကျလို့၊ သရုပ်မဆောင်တတ်လို့ ဆိုတဲ့ အချက်တွေနဲ့ တစ်ချက်မှ မဆိုင်ပါဘူး။ ဒါဖြင့်ရင် အမျိုးသမီးတွေကို ပျော်ရွှင်ဖွယ် လိင်မှုကိစ္စ မရအောင် တားဆီးထားတာတွေက ဘာတွေပါလိမ့်။ အဖြေတွေကိုအောက်မှာ Hello sayarwon ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

၁။ အစပျိုးမှုတွေ သိပ်မသိသာခြင်း။

အမျိုးသမီးတွေက သူတို့တွေ လိင်ဆက်ဆံလိုချင်စိတ် ဆန္ဒရှိတယ်ဆိုတာကို ယောက်ျားလေးတွေက စိတ်ကို ဖတ်ပြီး သိနိုင်ရမယ်လို့ ယူဆတတ်ကြပါတယ်။ ဒီလို ယူဆတဲ့အတွက်ကြောင့် ယောက်ျားဖြစ်သူက အမျိုးသမီး အချက်ပြတာကို မရိပ်မိရင် မချင့်မရဲနဲ့ စိတ်ပျက်တတ်ကြပါတယ်။ TV ကြည့်နေတုံး “ ငါအိပ်နှင့်တော့မယ် ” လို့ကိုယ့်ရဲ့ ခင်ပွန်းဖြစ်သူကို ပြောလိုက်တာက သူ့ရဲ့ခေါင်းထဲမှာ “လိင်မှုကိစ္စ ” ဆိုတာမျိုး ချက်ခြင်းတွေးလာမိစေမှာ မဟုတ်ပါဘူး။ ယောက်ျားလေးတွေဟာ အမျိုးသမီးတွေလိုမျိုးပဲ တောင်းဆိုခံချင်ကြပါတယ်။ ဒါကြောင့် ကိုယ့်အနေနဲ့ လိင်မှုကိစ္စတစ်ရပ် စတင်ချင်နေပြီဆိုရင် အမျိုးသားဖြစ်သူကို ပွင့်ပွင်းလင်းလင်းပြောဆိုသင့်ပါတယ်။ ဒါ့မှလည်း သာယာနာပျော်ဖွယ် လိင်မှုကိစ္စတစ်ရပ်ကို စိတ်ကျေနပ်စွာ တည်ဆောက်နိုင်မှာပါ။

၂။ လိင်မှုကိစ္စ တောင်းဆိုမှုများကို ထုတ်မပြောတတ်ခြင်း။

အမျိုးသမီးတွေဟာ ပြုသမျှ နုရမယ့် လိင်ဆက်ဆံဖော်မဟုတ်ပါဘူး။ အိမ်ထောင်ရှင်ဖြစ်သွားပြီဆိုတာနဲ့ လိင်မှုကိစ္စအားလုံးကို ယောက်ျားလေးကပဲ အစပျိုးရမှာ မဟုတ်ပါဘူး။ ကိုယ်က လိင်မှု ကိစ္စကို စတင်ချင်တယ်ဆိုရင်လည်း ပွင့်လင်းစွာပြောပါ။ ကိုယ်ကြိုက်နှစ်သက်တဲ့ ပုံစံတွေကိုလည်း အဖော်ဖြစ်သူ အမျိုးသားနဲ့ ပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးပါ။ ယောက်ျားလေးဖြစ်သူ ပြုသမျှ နုနေစရာမလိုအပ်ပါဘူး။ သူက ကိုယ်ကြိုက်တာတွေ မလုပ်ပေးလို့ စိတ်ဆင်းရဲပြီး ထုတ်မပြောဘူးဆိုရင် သင့်အနေနဲ့ လိင်ပိုင်းဆိုင်ရာ သာယာမှုကို ရနိုင်မှာမဟုတ်ပါဘူး။ ထုတ်ပြောဖို့လိုပါတယ်။

၃။ ခန္ဓာကိုယ် အပြစ်အနာအဆာများကို အလွန်အကျွံ အာရုံစိုက်နေခြင်း။

ယောက်ျားလေးတွေရဲ့ ဦးနှောက်လုပ်ဆောင်ချက်က အလှအပကိုလည်း ကြိုက်နှစ်သက်တတ်ပေမဲ့ လက်ရှိ ပစ္စုပ္ပန် အချိန်တွေကိုလည်း ပျော်ရွှင်အောင်နေထိုင်တတ်ပါတယ်။ လိင်မှုကိစ္စဆိုင်ရာမှာဆိုရင်လည်း ယောက်ျားလေးတွေဟာ မိန်းကလေးတစ်ယောက်ကို ရုပ်မချောရင်တောင် ပျော်ရွှင်စွာနဲ့ အချိန်ကို ဖြတ်သန်းတတ်ကြပါတယ်။ မိန်းကလေးတွေကြတော့ လိင်မှု ကိစ္စလုပ်ဆောင်ချိန်မှာလည်း လွတ်လပ်ပျော်ရွှင်မှုကို သိပ်မခံစားကြဘဲ သူတို့ ခန္ဓာကိုယ်ရဲ့ အပြစ်အနာအဆာတွေကို စိုးရိမ်နေတတ်ပါတယ်။ အမျိုးသမီးတွေဟာ လိင်စိတ်ဆန္ဒပြင်းပြမှုကို မိမိကိုယ့်ကို အဆိုးမြင်ရင်း လျော့နည်းစေတတ်ကြပါတယ်။ ကိုယ့်ခန္ဓာကိုယ်ရဲ့ အပြစ်အနာဆာတွေကို တွေးမိလိုက်တိုင်း စိတ်အပြောင်းအလဲ ဖြစ်စေမယ့် အရာတစ်ခုခုအပေါ် အာရုံစိုက်လိုက်ပါ။ လိင်မှုကိစ္စလုပ်ဆောင်ချိန်မှာဆိုရင် အသက်ကို မှန်မှန်ရှူပြီး လိင်ဆက်ဆံခြင်း ပုံမှန်ဖြစ်အောင်ခံစားတတ်ဖို့လိုပါတယ်။

၄။ ငါလုပ်တာ မှန်မှ မှန်ပါ့မလားလို့ စိုးရိမ်နေတာမျိုး။

ကိုယ့်အလို ဆန္ဒနဲ့ တစ်ယောက်ယောက်ကို ထိတွေ့ပေးတဲ့အခါမှာ သူ့ကို ခံစားချက် ကောင်းမွန်စေပါတယ်။ လိင်မှုကိစ္စအကြံပေး တိုင်ပင်ဆွေးနွေးခြင်းတွေမှာလည်း အမျိုးသမီးတွေက ကုသပေးတဲ့ ဆရာဝန်တွေကို Oral Sex ဘယ်လိုပေးရမလဲ၊ လိင်စိတ်တက်ကြွလာအောင် ဘယ်လိုလှုံ့ဆော်ပေးရမလဲဆိုတဲ့ မေးခွန်းတွေကို မေးလေ့ရှိကြပါတယ်။ ဒီလိုမျိုးမေးခွန်းတွေကို မေးကတည်းက အမျိုးသမီးအများစုဟာ အဖော်ဖြစ်သူရဲ့ ခန္ဓာကိုယ်ကို ထိတွေ့ရတာ သက်သောင့်သက်သာ မရှိဘူးဆိုတာကို ပြနေတာပါပဲ။ စိတ်အားထက်သန်မှုရှိခြင်းဟာ လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံမရှိခြင်းကို ချေဖျက်ပေးနိုင်တဲ့ အရာတစ်ခုပါ။ ကိုယ်လုပ်တာမှန်မှ မှန်ပါ့မလားဆိုတာကို စိုးရိမ်နေမိတယ်ဆိုလည်း ကိုယ့်ရဲ့ အဖော်ဖြစ်သူကို သူဘာတွေ နှစ်သက်လဲဆိုတာ အရင်မေးပြီး လေ့ကျင့်ယူနိုင်ပါတယ်။

၅။ အသက်မပါသလို ထိတွေ့နေတာမျိုး။

အမျိုးသားအများစုဟာ အမျိုးသမီးတွေရဲ့ အားပါတဲ့ ထိတွေ့မှုတွေကို သဘောကျကြပါတယ်။ ဒီလို အသက်မပါသလို ထိတွေ့ခြင်းအမှားတွေဟာ အမျိုးသားရော၊ အမျိုးသမီးရောလုပ်လေ့ရှိတတ်ကြတဲ့ အမှားလည်း ဖြစ်ပါတယ်။ လိင်မှုဆိုင်ရာကုသမှုတွေမှာ အမျိုးသားတွေက သူတို့ရဲ့ လိင်အင်္ဂါကို သင့်တင်မျှတတဲ့ ဖိအားတစ်ခုနဲ့ ထိတွေ့ကြတာကို ကြိုက်ကြကြောင်း ဖွင့်ဟတတ်ကြပါတယ်။ ဒါကို အမှန်ပြင်ဖို့ နည်းလမ်းကတော့ အမျိုးသားဖြစ်သူရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို သင့်တင့်တဲ့ ဖိအားတစ်ခုနဲ့ ထိတွေ့ပေးပါ။ လိင်ဆက်ဆံချိန်မှာလည်း အဖော်ဖြစ်သူကို လက်နဲ့ အားပါပါ ဖက်ထားတာမျိုး၊ လိင်ဆက်ဆံချိန်မှာ အနမ်းပေးတာမျိုးပြုလုပ်နိုင်ပါတယ်။

၆။ ဟန်ဆောင်နေတာမျိုး။

ဟန်ဆောင်တဲ့အခါမျိုးမှာလည်း သာယာတဲ့လိင်မှုကိစ္စတစ်ရပ်ကို မရနိုင်ပါဘူး။ လိင်မှုကိစ္စဆိုတာ ပျော်ရွှင်ဖို့ ကောင်းရမယ့်အရာဖြစ်ပြီး ခံစားမှု အထွတ်အထိပ်ရောက်ရမယ့် နေရာတစ်ခုပါ။ တကယ်လို့ သင့်ရဲ့အမျိုးသားက သင့်ကို ခံစားမှုကောင်းကောင်း မပေးစွမ်းနိုင်ဘူးဆိုရင် ပွင့်လင်းစွာပြောပြီး အမှန်ပြင်နိုင်ပါတယ်။ လိင်မှုကိစ္စလုပ်ဆောင်တယ်ဆိုကတည်းက နှစ်ယောက်သား ရင်းနှီးလွန်းတဲ့အတွက်လုပ်ဆောင်နေတာဖြစ်ပြီး ဒီအချိန်ကိုယ့်အတွက် အဆင်မပြေတာတွေရှိရင်၊ သင့်ကို ခံစားမှုကောင်းအောင် မဆောင်ရွက်ပေးနိုင်ဘူးဆိုရင်လည်း ပွင့်ပွင့်လင်းလင်း ပြောပြဖို့လိုပါတယ်။ ဒါမှမဟုတ်ရင်တော့ သင်အချိန်ဖြုန်းနေတာ သက်သက်ပါပဲ။

၇။ ယောက်ျားလေးတွေဟာ လိင်မှုကိစ္စအတွက်ပဲ ခေါင်းထဲစဉ်းစားနေတယ်လို့ ထင်တတ်ကြတာမျိုး။

မြီးကောင်ပေါက်ယောက်ျားလေးတွေကတော့ လိင်မှုကိစ္စအတွက် အမြဲအဆင်သင့်ဖြစ်နေကြပေမဲ့ အရွယ်ရောက်လာတဲ့ အချိန်ကျရင် လိင်မှုကိစ္စက သူတို့ အတွက် နံပတ် ၁ မဟုတ်တော့ပါဘူး။ နေ့တိုင်း ကြုံနေရတဲ့ ပြဿနာတွေ၊ အလုပ်ကိစ္စတွေ၊ ငွေရေးကြေးရေး ပြဿနာတွေက အမျိုးသားတစ်ယောက်ရဲ့ လိင်စိတ်ကို နည်းပါးစေနိုင်ပါတယ်။ ဒီလို အချိန်ရောက်လာတဲ့အခါ အမျိုးသမီးတွေက “ ဟာ သူဘာဖြစ်သွားတာလဲ ” ဆိုပြီး ခေါင်းစားတတ်ကြပါတယ်။

အမျိုးသမီးတွေဟာ အမျိုးသားဖြစ်သူက လိင်မဆက်ဆံချင်ကြောင်းပြောတဲ့အခါ အံ့ဩသွားတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသားတွေဟာ အမြဲတမ်းလိင်ကိစ္စကို စိတ်ဝင်စားနေတယ်လို့ သူတို့တွေထင်တတ်ကြလို့ပါ။ အဲ့ဒီအချိန် အမျိုးသားဖြစ်သူက လိင်ကိစ္စကို စိတ်မဝင်စားတဲ့အခါမှာ သူတို့ ငါ့ကို မချစ်တော့တာလားလို့ တွေးမိတတ်ကြပါတယ်။ ဒါဟာ တကယ်တော့မမှန်ပါဘူး။ အမျိုးသားတွေအနေနဲ့ လိင်မှုကိစ္စကို မလိုချင်တာပဲ ရှိတာပါ။

၈။ အမျိုးသားဖြစ်သူက အသစ်အဆန်း တစ်ခုခု စမ်းသပ်ရင် စိတ်ဆိုးနေတတ်တာမျိုး။

စုံတွဲတွေအနေနဲ့ အချိန်တစ်ခုကြာ လိင်မှုကိစ္စလုပ်ဆောင်ပြီးသွားတဲ့အခါမှာ အမျိုးသားတွေအနေနဲ့ ပုံစံအသစ်တွေ စမ်းသပ်ချင်တာ သဘာဝကြပါတယ်။ အသစ်အဆန်း တစ်ခု စမ်းသပ်ချင်တာနဲ့ပဲ သင်နဲ့ လိင်မှု ဆက်ဆံရေးကို မပျော်ရွှင်တော့ဘူးလို့ ယူဆလို့မရပါဘူး။ ကိုယ်မလုပ်ချင်တဲ့ အရာတစ်ခုကိုတော့ ဘယ်သူမှ အတင်းအကြပ်လုပ်စရာ မလိုပါဘူး။ တကယ်လို့ ယောက်ျားလေးဖြစ်သူက သင့်ကိုယ်ကျင့်တရားခံယူချက် နဲ့ မညီတာမျိုး တစ်ခုခုတောင်းဆိုလာမယ်ဆိုရင် ဒါဟာ ဘောင်ကို ကျော်လွန်ကြောင်းပြောပြီး သေချာရှင်းပြဖို့လိုပါတယ်။ တကယ်လို ကိုယ့် ကိုယ်ကျင့်တရားနဲ့လည်း ပြဿနာမရှိဘူး၊ ကိုယ်က မလုပ်ချင်လို့ မလုပ်တာဆိုရင်လည်း စိတ်မကွက်ဘဲ သေချာရှင်းပြဖို့ လိုအပ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အမျိုးသမီး များ အသက်အရွယ်တိုင်းမှာ ကျန်းမာနေစေဖို့

အမျိုးသမီး တွေအနေနဲ့ အသက်အရွယ်အလိုက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ နည်းလမ်းကောင်းလေးတွေ သိထားသင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ခါးနာခြင်း

လမ်းလျှောက်နိုင်စေဖို့ မတ်မတ်ရပ်နိုင်စေဖို့  စသည်ဖြင့် ခါးရဲ့အထောက်အပံ့တွေက များလှပါတယ်။ ဒီလိုပဲ ခါးနာသွားစေနိုင်တဲ့ အပြုအမူတွေကလည်း မနည်းလှပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

လူတွေအပါအဝင် သက်ရှိတွေ ကောင်းစွာ လှုပ်ရှားသွားလာနိုင်စေဖို့။ တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကို ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

စအိုယားခြင်း ကို ဘယ်လိုကုသကြမလဲ

စအိုတဝိုက်အရေပြားက ခန္ဓာကိုယ်မှာအစကတည်းက စိုထိုင်းစများတဲ့နေရာဖြစ်တဲ့အတွက် အရေပြားပေါ်မှာအစိုဓာတ်အောင်းပြီး မှိုတွေပေါက်ပွားလာနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာများ

သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
အစားအသောက်တွေကနေ သင့်ဆီကို ဘာရောဂါပိုးတွေ ရောက်လာနိုင်သလဲ။

အစားအသောက်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ က သင်ထင်တာထက် ပိုဆိုးနေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 9, 2021 . 4 mins read
ကလေးထိန်းပြီး ဝိတ်ချမလား

ကလေးထိန်း ပြီး ဝိတ်ချမလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 31, 2020 . 2 mins read
ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် သဘာဝဆေးနည်းတစ်လက်

ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် သဘာဝဆေးနည်းတစ်လက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 30, 2020 . 1 min read