backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

Scorpio တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာအောင် နေထိုင်နည်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Scorpio တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာအောင် နေထိုင်နည်းများ

အောက်တိုဘာ ၂၄ရက်နေ့ကနေ နိုဝင်ဘာ ၂၂ရက်ကြား မွေးဖွားသူတွေကတော့ Scorpio တွေပဲ ဖြစ်ကြပါတယ်။ ဒီ zodiac sign ပိုင်ရှင်တွေက ဒူပေဒဏ်ပေခံပြီး တော်ရုံလည်း မဖျားနာတတ်ကြပါဘူး။ ဖျားနာရင်တောင် မြန်မြန်သက်သာလာတတ်ကြသူတွေလည်း ဖြစ်ပါတယ်။ စွန့်စားတတ်သူတွေ ဖြစ်တာကြောင့် ထိခိုက်ဒဏ်ရာရလွယ်သူတွေလည်း ဖြစ်ပါတယ်။ ခံစားချက်ကို မျိုသိပ်တတ်သူတွေဖြစ်လို့ စိတ်ဖိစီးမှုကိုလည်း အလွယ်တကူ ခံစားရနိုင်ပါတယ်။ ဒီလို အကောင်းအဆိုးတွေ ဒွန်တွဲနေတဲ့ Scorpio တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ က ဘာတွေ ဖြစ်မလဲ။

Scorpio တွေရဲ့ အမူအကျင့်နဲ့ ကျန်းမာရေးပြဿနာများ

Scorpio တွေ လွှမ်းမိုးထားတဲ့ နေရာတွေကတော့ ခန္ဓာကိုယ်ရဲ့ အညစ်အကြေးတွေ စွန့်ထုတ်တဲ့ နေရာတွေပဲ ဖြစ်ပါတယ်။ ဆီးအိမ်၊ မစင်အိမ်၊ မျိုးပွားအင်္ဂါ စတာတွေက သူတို့ရဲ့ လွှမ်းမိုးရာ နေရာတွေပါ။ ဒီနေရာတွေက ပိုးဝင်လွယ်၊ ထိလွယ်ရှလွယ်တဲ့ နေရာတွေဖြစ်တဲ့အတွက် အထူးဂရုစိုက်ဖို့ လိုပါတယ်။

Scorpioတွေအနေနဲ့ ဒီနေရာတွေမှာ ထူးခြားတဲ့ လက္ခဏာတစ်ခုခု ခံစားရရင် သေချာကုသဖို့ လိုပါတယ်။

အမြီးနေရာမှာ အဆိပ်ရှိနေတဲ့ Scorpioတွေက သူ့ကို လာထိရင် သူများကို ဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကို ဖြစ်ဖြစ် ထိခိုက်အောင် လုပ်မိတတ်ပါတယ်။ Scorpio တွေအနေနဲ့ နေ့စဉ်ဘဝမှာ ပုံမှန်အတိုင်း လှုပ်ရှားသွားလာနေဖို့ဆိုရင် စိတ်ခံစားချက်ကောင်းနေဖို့ လိုပါတယ်။

Scorpio တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

သန့်စင်ခြင်းနဲ့ သက်ဆိုင်တဲ့ နေရာတွေကို လွှမ်းမိုးထားတဲ့ Scorpioတွေမှာ

  • ဆီးအိမ်ပိုးဝင်တာ
  • ဆီးအိမ်နဲ့ဆိုင်တဲ့ တခြားရောဂါတွေ ဖြစ်တာ
  • လိပ်ခေါင်း
  • လိင်ကတဆင့်ကူးစက်ရောဂါတွေဖြစ်တာ
  • အမျိုးသမီး မီးယပ်ရောဂါတွေ
  • အမျိုးသား လိင်အင်္ဂါနဲ့ဆိုင်တဲ့ ရောဂါတွေ ဖြစ်တတ်ပါတယ်။

Scorpioတို့ ကျန်းမာစေဖို့

  • စိတ်ဖိစီးမှု လျှော့ချပါ။

စိတ်ထဲမှာ ခံစားချက်တွေ မျိုသိပ်တတ်တာ၊ တစ်ခုခုဆို ချက်ချင်းပြန်တုံ့ပြန်တတ်တာ စတဲ့ အစွန်းရောက်တဲ့ စိတ်အခြေအနေတွေက Scorpioတို့ကို ပင်ပန်းစေမှာပါ။ ဒါကြောင့် စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်ဖို့၊ ပြောသင့်တာကို ပြောနိုင်ဖို့ စိတ်ထွက်ပေါက်ပေးပါ။

စိတ်ထွက်ပေါက်ပေးတဲ့အခါ အရက်၊ မူးယစ်ဆေး စတာတွေကို အသုံးမပြုဘဲ တရားထိုင်တာ၊ ကိုယ်ဝါသနာပါတာလေးတွေကို လုပ်တာ ဒါတွေက ကောင်းမွန်တဲ့ စိတ်ထွက်ပေါက်ပေးနည်းတွေပါ။

  • စွန့်စားရတဲ့ အားကစားတွေ လုပ်တဲ့အခါ သတိထားပါ။

Scorpio တွေ မကြာခဏ ထိခိုက်ဒဏ်ရာရတာ သူတို့ရဲ့ စွန့်စားတတ်တဲ့ ဗီဇကြောင့်ပါ။ ဒါကြောင့် စွန့်စားရတဲ့ အလုပ်တွေ (ဥပမာ တောင်တက်တာ)၊ တွန်းတွန်းတိုက်တိုက် အားကစားနည်းတွေ ကစားတဲ့အခါ ကိုယ့်ကိုယ်ကို မထိခိုက်အောင် ကြိုတင်ကာကွယ်ပါ။ သတိကြီးကြီးထားပါ။

  • ခါးအောက်ပိုင်းနေရာတွေကို ဂရုစိုက်ပါ။

အစာခြေစနစ်နဲ့ ပတ်သက်ရင် လိပ်ခေါင်းဖြစ်နိုင်ခြေ များတဲ့အတွက် ဝမ်းချုပ်မခံဖို့ လိုပါတယ်။ ဆီးအိမ်အတွက်ဆိုရင်လည်း ရေများများသောက်ဖို့၊ ရှူးမအောင့်ထားဖို့ အကြံပြုချင်ပါတယ်။

အမျိုးသမီးတွေအနေနဲ့ မိမိရဲ့ မိန်းမကိုယ်ကို သန့်ချင်ဇောနဲ့ အတွင်းထဲထိ ဆေးတာမျိုး မလုပ်ရပါဘူး။ ပုံမှန်မဟုတ်တဲ့ အဖြူဆင်းတာ၊ သွေးဆင်းတာတွေကို သတိထားပါ။ အမျိုးသားတွေအနေနဲ့လည်း မိမိရဲ့ ပုံမှန်မဟုတ်တဲ့ အရည်တွေ ထွက်လာတဲ့အခါ သတိထားပါ။

Scorpio တွေက လိင်ကတဆင့် ကူးစက်ရောဂါတွေ မဖြစ်အောင် လိင်ဆက်ဆံဖော် မများပါစေနဲ့။ အကာအကွယ်သုံးပါ။ ပုံမှန်မဟုတ်တဲ့ လက္ခဏာတစ်ခုခု ခံစားရရင် ဆရာဝန်နဲ့ ပြသပါ။

  • အစားအသောက် ဂရုစိုက်ပါ။

Scropio တွေရဲ့ biological cell saltက ကယ်ဆီယမ် ဆာလဖိတ် (Calcium sulphate) ဖြစ်ပါတယ်။ ပျက်စီးနေတဲ့ တစ်ရှူးတွေကို ပြုပြင်ပေးပြီး တစ်ရှူးအသစ်တွေ ဖြစ်စေတဲ့ အာနိသင်ရှိပါတယ်။ ကူးစက်ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါက ပိုးဝင်ကူးစက်လွယ်တဲ့ ခါးအောက်ပိုင်းအင်္ဂါရပ်တွေအတွက် လိုအပ်ပါတယ်။

ဒီသတ္တုဓာတ်ကို ဘလူးဘယ်ရီ၊ ပန်းဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ မုန်လာဥနီ၊ အုန်းသီး၊ ထောပတ်သီး စတာတွေကနေ ရနိုင်ပါတယ်။ ဝမ်းဝရုံပဲ စားပါ။ အလွန်အကျွံမစားပါနဲ့။ အဆီ၊ အချိုနဲ့ အငန်တွေကိုလည်း လျှော့စားပါ။ အရက်စွဲလွယ်ပြီး အရက်မူးလာပြီး မကောင်းတဲ့ဘက်ကို ပိုရောက်သွားတတ်တာကြောင့် အလွန်အကျွံ မသောက်ဖို့ လိုပါတယ်။

Water sign ဖြစ်တာကြောင့် ရေဓာတ်က Scorpio တို့အတွက် မရှိမဖြစ်လိုပါတယ်။ ရေများများသောက်တာက ဝမ်းချုပ်တာ၊ ဆီးလမ်းကြောင်း ပိုးဝင်တာ ဖြစ်နိုင်ခြေ နည်းစေပါတယ်။ အစားအသောက်တွေကို သေချာဂရုစိုက်တာက Scorpioတို့ကို ပိုကျန်းမာစေမှာပါ။

Disclaimer: အထက်ပါ အကြောင်းအရာများက ဗဟုသုတအနေနဲ့သာ တင်ပြထားခြင်း ဖြစ်ပါတယ်။ တစ်ယောက်ချင်းစီရဲ့ ခန္ဓာကိုယ်က မတူညီတာကြောင့် ကျန်းမာရေးပြဿနာတစ်စုံတစ်ရာရှိမယ်ဆိုရင် ဆရာဝန်နဲ့သာပြသဖို့ အကြံပြုလိုပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement