backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

Taurus တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာအောင် နေထိုင်နည်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 06/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Taurus တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာအောင် နေထိုင်နည်းများ

ဧပြီ ၂၁ကနေ မေ၂၁ကြား မွေးဖွားသူများကတော့ Taurus လေးတွေပဲ ဖြစ်ကြပါတယ်။ Tarusလေးတွေက လူလည်းမာ၊ ခေါင်းလည်းမာတဲ့ Zodiac signဖြစ်ပါတယ်။ ကြီးကြီးမားမား ရောဂါတွေ မရှိကြပေမယ့် ဖျားနာပြီဆိုရင်လည်း ပြန်ကောင်းဖို့ တော်တော်အချိန်ယူရပါတယ်။ လေ့ကျင့်ခန်းလုပ်ရမှာ ပျင်းပြီး အစားအသောက်လည်း ခုံမင်တတ်တဲ့ Taurus တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ ကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

Taurus တွေရဲ့ အမူအကျင့်နဲ့ ကျန်းမာရေးပြဿနာများ

Taurus တွေက နေမကောင်းဖြစ်ခဲပေမယ့် ဖြစ်ရင် ပြန်ကောင်းဖို့ ကြာနေတာက ခေါင်းမာတတ်တဲ့ အကျင့်ကြောင့်ပါ။ တစ်ခုခုဆို တင်းခံပြီး သေချာကုသမှု မခံယူကြပါဘူး။

Taurusတွေက လည်ပင်း၊ နားနဲ့ မေးရိုးကို အဓိက လွှမ်းမိုးထားပါတယ်။ ဒါ့ပြင် မျိုးပွားအင်္ဂါ၊ ခါးနဲ့ ခြေကျင်းဝတ်အပေါ်မှာလည်း သက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် ဒီနေရာတွေမှာ အသေးစား ကျန်းမာထိခိုက်မှု မျိုးစုံဖြစ်တတ်ပါတယ်။

နောက်ပြီး လေ့ကျင့်ခန်းလုပ်ရမှာပျင်းတာ၊ အစားအသောက်တွေကို ကြိုက်နှစ်သက်တာကြောင့် အဝလွန်တဲ့ ပြဿနာလည်း ရှိပါတယ်။

Taurus တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

လည်ပင်းပိုင်းမှာဆိုရင်

  • မကြာခဏအအေးမိတာ
  • ပန်းနာရင်ကျပ်
  • အသက်ရှူလမ်းကြောင်း ပိုးဝင်တာ
  • လည်ချောင်းနာတာ
  • အာသီးရောင်တာ
  • ဇက်ကြောတက်တာ
  • သိုင်းရွိုက်ရောဂါတွေ ဖြစ်တတ်ပါတယ်။
  • နားမှာဆိုရင်လည်း

    • နားကိုက်တာ
    • နားပိုးဝင်တာတွေ ဖြစ်တတ်ပါတယ်။

    ဒါတွေအပြင် Taurus တွေက

    Taurusတို့ ကျန်းမာစေဖို့

    • လည်ပင်းတစ်ဝိုက်ကို အကြောလျှော့ပါ။

    Taurus တွေက လည်ပင်းနေရာကို လွှမ်းမိုးတဲ့အပြင် ခေါင်းမာတဲ့သူဖြစ်တာကြောင့် လည်ပင်းနားတစ်ဝိုက်က ကြွက်သားတွေ တင်းပြီး နာကျင်နေတတ်ပါတယ်။ ဒါကြောင့် လည်ပင်းနဲ့ ဇက်ကြောတစ်ဝိုက်ကို အကြောလျှော့ဖို့ လိုပါတယ်။

    • လေဝဝရှူပါ။

    အသက်ရှူလေ့ကျင့်ခန်းလုပ်တာ၊ လေဝဝရှူတာက စိတ်ထဲမှာ တင်းကျပ်နေတာကို ပြေလျော့စေသလို အဆုတ်ထဲကို လေဝင်လေထွက်ကောင်းစေတာကြောင့် ခဏခဏ နာမကျန်းဖြစ်တာကို လျော့ကျစေပါတယ်။

    • ကျန်းမာစေဖို့ အခြေခံအချက်တွေကို လိုက်နာပါ။

    အခြေခံအချက်ဆိုတာ လေ့ကျင့်ခန်းလုပ်တာရယ်၊ အာဟာရပြည့်အောင် စားတာရယ်ပါ။ Taurus တွေက အသက်ကြီးလာလေလေ ကျန်းမာရေးချို့ယွင်းနိုင်ခြေ များလေလေပါ။ လေ့ကျင့်ခန်းလုပ်ရမှာ ပျင်းပြီး စားပဲစားနေချင်ကြသူတွေ ဖြစ်တာကြောင့် ပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့၊ အာဟာရပြည့်အောင်စားဖို့ အကြံပေးလိုပါတယ်။

    • ကိုယ်နဲ့ သင့်တော်တာကို စားပါ။

    Taurus တွေရဲ့ biological cell saltက Sodium sulfate (ဆိုဒီယမ် ဆာလဖိတ်)ပါ။ သူက ခန္ဓာကိုယ်ရဲ့ အရည်ဓာတ်ကို မျှဝစေပါတယ်။ ဒီဓာတ်ကို အစိမ်းရောင် အညှောင့်တွေ၊ ကညွတ်၊ သခွားသီး၊ မုန်လာဥဖြူ၊ ပန်းပွင့်၊ ဖရုံသီးတွေမှာ ကြွယ်ဝစွာတွေ့ရပါတယ်။ ဒါ့ပြင်  ရေကို လုံလုံလောက်လောက် သောက်ဖို့လည်း လိုပါတယ်။

    Taurusတွေက အစားအစာနဲ့ ပတ်သက်ရင် စည်းကမ်းရှိဖို့ လိုပါတယ်။ စားရတာကို ကြိုက်တဲ့အပြင် စားတာတွေကလည်း အဆီတွေ၊ သကြားတွေ ဖြစ်တာကြောင့် ဝိတ်တက်နိုင်လို့ပါ။

    • လေကျင့်ခန်း လုပ်ပါ။

    အဝလွန်တတ်တဲ့ Taurus လေးတွေကို စည်းကမ်းတစ်ခုသတ်မှတ်ပြီး လေ့ကျင့်ခန်းလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။ လုပ်ရမှာ ပျင်းတယ်ဆိုရင်တောင် ကိုယ်နှစ်သက်တဲ့ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်း တစ်ခုခု လုပ်ကြည့်သင့်ပါတယ်။

    Disclaimer: အထက်ပါ အကြောင်းအရာများက ဗဟုသုတအနေနဲ့သာ တင်ပြထားခြင်း ဖြစ်ပါတယ်။ တစ်ယောက်ချင်းစီရဲ့ ခန္ဓာကိုယ်က မတူညီတာကြောင့် ကျန်းမာရေးပြဿနာတစ်စုံတစ်ရာရှိမယ်ဆိုရင် ဆရာဝန်နဲ့သာပြသဖို့ အကြံပြုလိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 06/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ad iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    ad iconadvertisement
    ad iconadvertisement