backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

Libra တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာအောင် နေထိုင်နည်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Libra တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာအောင် နေထိုင်နည်းများ

စက်တင်ဘာ ၂၄ကနေ အောက်တိုဘာ ၂၃ကြား မွေးဖွားသူတွေက Libra တွေပဲ ဖြစ်ကြပါတယ်။ ဒီ zodiac sign ပိုင်ရှင်တွေက အလုပ်ကြိုးကြိုးစားစား လုပ်တတ်ကြသလို အလုပ်ဖိအားဒဏ်ကိုလည်း ခံရပါတယ်။ တစ်ခါတလေတော့ အသွက်လွန်ပြီး ဂဏှာမငြိမ်တာတွေလည်း ရှိပါတယ်။ အလုပ်ပင်ပန်းတာကြောင့် အားနည်းပြီး အာရုံကြောပြဿနာတွေလည်း ကြုံရတတ်ပါတယ်။ အလုပ်ကြိုးစားလွန်းတဲ့ Libra တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ က ဘာတွေလဲဆိုတာ လေ့လာကြည့်ရအောင်။

Libra တွေရဲ့ အမူအကျင့်နဲ့ ကျန်းမာရေးပြဿနာများ

Libra တွေ လွှမ်းမိုးထားတဲ့ နေရာတွေကတော့ ခါး၊ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်း၊ အစာအိမ်၊ အရေပြားစတာတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေရာမှာ လက္ခဏာတစ်ခုခု ခံစားရတဲ့အခါ မပေါ့ဆသင့်ပါဘူး။

အထူးသဖြင့် အလုပ်ကြိုးစားလွန်းတဲ့ Libra လေးတွေက အထိုင်များပြီး ခါးနာတာ၊ ဆီးအောင့်ထားပြီး အလုပ်လုပ်တတ်တာကြောင့် ဆီးလမ်းကြောင်းပြဿနာတွေကို ခံစားရတတ်ပါတယ်။

Libra တွေ ကျန်းမာဖို့ဆိုရင် အရင်ဆုံးလုပ်ရမှာက အလုပ်လုပ်ချိန်နဲ့ အနားယူချိန်ကို သေချာ ခွဲခြားထားဖို့ပါပဲ။

Libra တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

Libra တွေက သူတို့ လွှမ်းမိုးရာနေရာတွေမှာ

  • ခါးနာတာ
  • ကျောက်ကပ်ပြဿနာ
  • ဆီးလမ်းကြောင်း ပြဿနာ (ဥပမာ ဆီးပိုးဝင်တာ)
  • အစာခြေစနစ်ပြဿနာ
  • အရေပြားရောဂါ
  • စိုးရိမ်စိတ်များတာ စတာတွေ ဖြစ်တတ်ပါတယ်။

Libraတို့ ကျန်းမာစေဖို့

  • အလုပ်လုပ်ချိန်နဲ့ နားချိန်ကို သေချာခွဲထားပါ။

Libra တွေရဲ့ ကျန်းမာရေးပြဿနာတွေကို ပိုဆိုးစေတဲ့အချက်က အလုပ်သရဲလေးတွေ ဖြစ်နေတာကြောင့်ပါ။ နားချိန်မှာ သေချာ မနားတဲ့အပြင် အလုပ်ရဲ့ ဖိစီးဒဏ်တွေကို ခံရတဲ့အခါ ကျန်းမာရေးထိခိုက်လွယ်ပါတယ်။ ဒါကြောင့် Libraလေးတွေကို အလုပ်လုပ်ချိန်မှာလုပ်၊ နားချိန်မှာနားဖို့ အကြံပေးလိုပါတယ်။ျ

  • လေ့ကျင့်ခန်း လုပ်ပါ။

Libraတွေက အထိုင်များတာကြောင့် ခါးနာတတ်ပါတယ်။ ခဏခဏလည်း ဖြစ်ပါတယ်။ ဒါကြောင့် ခါးတစ်ဝိုက် ကြွက်သားတွေ သန်မာစေမယ့် လေ့ကျင့်ခန်းတွေ၊ အကြောလျှော့လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။ အထိုင်မများပါစေနဲ့။

  • ဆီးမအောင့်ထားပါနဲ့။

ဆီးအောင့်ထားတာကြောင့် ဆီးကျင်တာ၊ ဆီးပိုးဝင်တာတွေ ဖြစ်လွယ်ပါတယ်။ ဒါကြောင့် Libra တို့ကို အကြံပေးချင်တာက ဆီးမအောင့်ထားပါနဲ့။ ရေများများသောက်ပါ။ ဆီးလမ်းကြောင်းမှာ ပုံမှန်မဟုတ်တဲ့ လက္ခဏာတစ်ခုခု ခံစားရရင် ဆရာဝန်နဲ့ ပြဖြစ်အောင်ပြပါ။

  • အာဟာရပြည့်အောင်စားပါ။

Libra တို့ရဲ့ biological cell saltက ဆိုဒီယမ် ဖော့စဖိတ် (sodium phosphate) ဖြစ်ပါတယ်။ ဒီသတ္တုဓာတ်က pHကို မျှတစေပြီး သွေးသန့်စေပါတယ်။ ဒီဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ စပျစ်သီး၊ အစေ့အဆန်၊ ပဲ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိမ်း၊ အုတ်ဂျုံ စတာတွေပဲ ဖြစ်ပါတယ်။

နေ့စဉ် စားတဲ့အခါမှာ ပရိုတင်းကြွယ်ဝအောင် စားပေးတာ၊ အဆီနဲ့ အချိုကို လျှော့စားတာက Libraတို့ကို ကျန်းမာစေမှာပါ။ ရေများများသောက်တာ၊ အသီးအနှံနဲ့ သစ်သီးဝလံတွေကိုလည်း ပါဝင်အောင် စားပေးရပါမယ်။

  • အိပ်ရေးဝဝအိပ်ပါ။

အလုပ်ထဲမှာ နှစ်မြုပ်တတ်တဲ့ Libra တို့ကို အိပ်ရေးဝဝအိပ်ဖို့ အကြံပေးချင်ပါတယ်။ Libraတို့ ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အကျင့်ဆိုးတွေက အိပ်ရေးမဝတာ၊ အသင့်စားအစားအစာတွေ စားလွန်းတာနဲ့ အရက်သောက်တာပါ။ ဒီ၃မျိုးက လွှမ်းမိုးတဲ့ နေရာတွေဖြစ်တဲ့ အသည်း၊ ကျောက်ကပ်နဲ့ အသားအရေတို့ကို ထိခိုက်စေလို့ပါ။ ဒီ၃ချက်ကို ရှောင်ဖြစ်အောင် ရှောင်ဖို့လည်း အကြံပြုလိုပါတယ်။

Disclaimer: အထက်ပါ အကြောင်းအရာများက ဗဟုသုတအနေနဲ့သာ တင်ပြထားခြင်း ဖြစ်ပါတယ်။ တစ်ယောက်ချင်းစီရဲ့ ခန္ဓာကိုယ်က မတူညီတာကြောင့် ကျန်းမာရေးပြဿနာတစ်စုံတစ်ရာရှိမယ်ဆိုရင် ဆရာဝန်နဲ့သာပြသဖို့ အကြံပြုလိုပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement