backup og meta

Gemini တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာအောင် နေထိုင်နည်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 06/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Gemini တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာအောင် နေထိုင်နည်းများ

    မေ၂၂ကနေ ဇွန်၂၁မှာ မွေးဖွားတဲ့သူတွေကတော့ Zodiac signတွေထဲက နာမည်ကြီး Gemini တွေပဲ ဖြစ်ပါတယ်။ Geminiတွေက တစ်ကြိမ်တည်းမှာ အလုပ်များစွာ multitask လုပ်တတ်ကြသလို အလုပ်နဲ့ ပတ်သက်ရင် လောဘကြီးသူတွေလည်း ဖြစ်ပါတယ်။ ဒီတော့ အလုပ်သရဲ Gemini တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ က ဘာတွေလဲဆိုတာ လေ့လာကြည့်ရအောင်။

    Gemini တွေရဲ့ အမူအကျင့်နဲ့ ကျန်းမာရေးပြဿနာများ

    Gemini တွေက အဆုတ်၊ လက်နဲ့ အာရုံကြောစနစ်ကို လွှမ်းမိုးထားပါတယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်တတ်ပါတယ်။ Multitaskလုပ်ပြီး အာရုံများတတ်တာကြောင့် စိုးရိမ်စိတ်များတာ၊ စိတ်ဖိစီးတာ၊ အိပ်မပျော်တာတွေလည်း ကြုံရတတ်ပါတယ်။

    အလုပ်ထဲမှာ ဆက်တိုက်ထိုင်ပြီး နစ်မြုပ်နေတတ်တာကြောင့် ကျန်းမာစေမယ့် အလေ့အကျင့်တွေလည်း သိပ်မရှိပါဘူး။ ဥပမာ လှုပ်လှုပ်ရှားရှားနေတာ၊ နေရောင်နဲ့ ထိတွေ့တာမျိုးပေါ့။ အထိုင်များပြီး အလုပ်ထဲမှာ တစ်ကုတ်ကုတ် လုပ်နေတာကြောင့်လည်း လက်နာတာ၊ လက်ပြင်ငုပ်တာ၊ အကြောတက်တာ၊ လက်ချောင်းတွေ နာတာ စတာတွေ ဖြစ်တတ်ပါသေးတယ်။

    Gemini တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

    သူတို့နဲ့ နေထိုင်မှုပုံစံနဲ့ အမူအကျင့်တွေကြောင့်

  • အအေးမိတာ
  • ချောင်းဆိုးတာ
  • အဆုတ်ပိုးဝင်တာ
  • ပန်းနာရင်ကျပ်
  • လက်ကိုက်တာ
  • လက်ချောင်းတွေနာတာ
  • ဇက်ကြောတက်တာ
  • ပုခုံးနာတာ
  • စိတ်ဖိစီးမှုများတာ
  • စိုးရိမ်စိတ်များတာ
  • အိပ်မပျော်တာ စတာတွေ ဖြစ်တတ်ပါတယ်။
  • Geminiတို့ ကျန်းမာစေဖို့

    • အနားယူပါ။

    Gemini တို့ရဲ့ လက်ပြဿနာနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာ အများစုက အလွန်အကျွံ အလုပ်လုပ်လို့ ဖြစ်ရတာပါ။ ဒါကြောင့် အလုပ်ချိန်မှာ အလုပ်လုပ်ပြီး နားချိန်မှာ နားပါ။ အလုပ်လုပ်နေရင်းနဲ့လည်း မကြာခဏ အနားယူဖို့ လိုအပ်ပါတယ်။

    • ခေါင်းအေးအေးထားပါ။

    အလုပ်များသူ၊ တစ်ချိန်တည်းမှာ အလုပ်အလွန်အကျွံ လုပ်သူတွေ ဖြစ်တာကြောင့် စိတ်ပင်ပန်းလွယ်ပါတယ်။ ဒါကြောင့် ခေါင်းအေးအေးထားပါ။ လုပ်ရမယ့် အလုပ်တွေကို ချရေးထားပြီး အစီအစဉ်တကျ လုပ်ပါ။

    • စိတ်ဖိစီးမှုတွေကို လျှော့ချပါ။

    စိတ်ပင်ပန်းတတ်သူဖြစ်တာကြောင့် အသက်ရှူလေ့ကျင့်ခန်းလုပ်တာ၊ ယောဂလုပ်တာ၊ အနားယူတာ စတဲ့ နည်းလမ်းတွေနဲ့ စိတ်ဖိစီးမှုကို ဖြေလျော့ဖို့ လိုပါတယ်။

    • လေ့ကျင့်ခန်းလုပ်ပါ။

    အလုပ်ထဲမှာ တကုတ်ကုတ် လုပ်နေတတ်သူဖြစ်တာကြောင့် လှုပ်လှုပ်ရှားရှားနေပေးဖို့ လိုပါတယ်။ လက်နဲ့ ပတ်သက်တဲ့ ပြဿနာတွေ၊ အညောင်းမိတာတွေ ကင်းစေဖို့ အလုပ်နားချိန်မှာ လက်လေ့ကျင့်ခန်းနဲ့ ခေါင်းလေ့ကျင့်ခန်းတွေကို လုပ်ပေးသင့်ပါတယ်။

    • အာဟာရပြည့်အောင် စားပါ။

    Gemini တွေရဲ့ biological cell saltက ပိုတက်ဆီယမ် ကလိုရိုက် (Potassium chloride) ဖြစ်ပါတယ်။ ပိုတက်ဆီယမ် ကလိုရိုက်က သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။ လေပြွန်ကို သန့်စေပြီး အဆုတ်ထဲကို လေကောင်းကောင်းဝင်စေပါတယ်။

    ဒီဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ ပန်းပွင့်စိမ်း၊ သခွားသီး၊ စပျစ်သီး၊ ငှက်ပျောသီး စတာတွေပဲ ဖြစ်ပါတယ်။

    ဒါ့ပြင် အာရုံကြောကို ကျန်းမာစေဖို့အတွက်ဆိုရင်တော့ လိမ္မော်သီး၊ သံပုရာသီး၊ အစေ့အဆန်၊ ငါး၊ စပျစ်သီး စတာတွေ စားပေးသင့်ပါတယ်။

    Gemini တွေက အလုပ်များတဲ့သူတွေ ဖြစ်တာကြောင့် အစားကို သေချာမစားဖြစ်ကြပါဘူး။ ဒါကလည်း သတိထားရမယ့် အချက်ပဲ ဖြစ်ပါတယ်။

    • အရက်၊ ကော်ဖီလျှော့သောက်ပါ။

    အလုပ်များပြီး စိတ်ဖိစီးတတ်သူတွေ ဖြစ်တာကြောင့် အရက်နဲ့ ဖြေတတ်ကြပါတယ်။ အလွန်အကျွံဆို ကျန်းမာရေးထိခိုက်နိုင်တာကြောင့် ဒါကို ဆင်ခြင်သင့်ပါတယ်။ စိုးရိမ်စိတ်များပြီး အိပ်ပျော်ဖို့ ခက်တဲ့သူတွေ ဖြစ်တာကြောင့်လည်း ကော်ဖီလျှော့သောက်ဖို့ အကြံပြုချင်ပါတယ်။

    Disclaimer: အထက်ပါ အကြောင်းအရာများက ဗဟုသုတအနေနဲ့သာ တင်ပြထားခြင်း ဖြစ်ပါတယ်။ တစ်ယောက်ချင်းစီရဲ့ ခန္ဓာကိုယ်က မတူညီတာကြောင့် ကျန်းမာရေးပြဿနာတစ်စုံတစ်ရာရှိမယ်ဆိုရင် ဆရာဝန်နဲ့သာပြသဖို့ အကြံပြုလိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 06/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement