backup og meta

Capricorns တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာအောင် နေထိုင်နည်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 04/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Capricorns တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာအောင် နေထိုင်နည်းများ

    သင်က ဒီဇင်ဘာ ၂၂ (၂၃)နဲ့ ဇန်နဝါရီ ၁၉(၂၀) ကြားမှာ မွေးတဲ့သူဆိုရင် Capricorns တစ်ယောက်ဖြစ်သွားပါပြီ။ Capricornsတွေက မွေးလာတည်းက ခံနိုင်ရည်အားကောင်းကောင်းနဲ့ မွေးလာတဲ့သူတွေမို့လို့ တော်ရုံတန်ရုံဆို ဒူပေဒဏ်ပေ ခံနိုင်တဲ့ သူတွေလည်း ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် အသက်ရှည်တဲ့သူတွေပါ။ အသက်ရလာတဲ့ သူတွေကြားမှာ ကျန်းမာရေးကောင်းတဲ့သူတွေလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Capricorns တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ လည်း ရှိနေပါတယ်။

    Capricorns တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

    Capricorns တွေက အရိုးအဆစ်၊ သွား၊ ဒူးနဲ့ အရေပြားကို လွှမ်းမိုးထားပါတယ်။ ဒါကြောင့် ဒါနဲ့ ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာတွေ အဖြစ်များပါတယ်။ ဒါ့ပြင် သူတို့တွေက အလုပ်ကို ပင်ပင်ပန်းပန်းနဲ့ အားကြိုးမာန်တက် လုပ်တတ်သူတွေဆိုတော့ အရိုးနဲ့ ဆိုင်တဲ့ ထိခိုက်မှုတွေ၊ ဒဏ်တွေ အဖြစ်များပါတယ်။ လူက နာကျင်ပင်ပန်းနေရင်တောင် အနားယူဖို့ သတိရကြတဲ့သူတွေ မဟုတ်ပါဘူး။

    ဒါ့ပြင် ခေါင်းမာတတ်တဲ့ Capricornsလေးတွေက တစ်ခုခုဆို ဆရာဝန်ပြဖို့လည်း ဝန်လေးတတ်ကြပါသတဲ့။ ဒါကြောင့် တစ်ခုခုဆို ဒဏ်ဖြစ်ပြီး ပျောက်ဖို့ ကြာနေတာပါ။

    Capricorns တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများကတော့

  • အဆစ်နာတာ
  • ဒူးနာတာ
  • လေးဖက်နာအဆစ်ရောင်ရောဂါ
  • တခြားအရိုးရောဂါတွေ
  • ဆီးကျောက်တည်တာ
  • အစာခြေစနစ်ပြဿနာ
  • အရေပြားမှာဆို နှင်းခူနာ စတာတွေ ဖြစ်ပဲတယ်။
  • Capricornsတို့ ကျန်းမာစေဖို့

    Capricorns တွေက နဂိုတည်းက အသက်ရှည်ပြီး ကျန်းမာတဲ့ zodiac signတွေပါ။ ဒါပေမယ့် သူတို့မှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေကို ကာကွယ်နိုင်ဖို့ အောက်ပါအချက်တွေကို လိုက်နာဖို့ လိုပါတယ်။

    •  နားနားနေနေလုပ်ပါ။

    အလုပ်ဇွဲကြီးတဲ့သူတွေ ဖြစ်တာကြောင့် အလုပ်ထဲမှာ နစ်မြုပ်ပြီး ကျန်းမာရေး ထိခိုက်တတ်ပါတယ်။ စားချိန်တန်စား၊ နားချိန်တန်နားပါ။ အလုပ်လုပ်မယ့်အချိန် အနားယူမယ့်အချိန်ကို သေချာသတ်မှတ်ထားပါ။

    • လေ့ကျင့်ခန်းလုပ်ပါ။

    အရိုးအဆစ်ပြဿနာတွေ ဖြစ်နိုင်တာကြောင့် လေ့ကျင့်ခန်းတစ်ခုခုကို ပုံမှန်လုပ်ပေးပါ။ ဒါပေမယ့် ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကိုတော့ ရှောင်ပါ။ တွန်းတွန်းတိုက်တိုက် အားကစားနည်းတွေ၊ ဖိနပ်အမြင့်စီးတာတွေကို ဂရုစိုက်ပါ။

    • အသားအရေထိန်းသိမ်းပါ။

    Capricorns တွေက အရေပြားပြဿနာ (အထူးသဖြင့် နှင်းခူနာ) ဖြစ်တတ်တဲ့အတွက် အရေပြားကို အစိုဓာတ်ထိန်းပေးဖို့ လိုပါတယ်။ ပုံမှန် Skincareဖို့ လိုပါတယ်။

    • ဒါတွေစားပါ။

    Capricornsတွေရဲ့ biological cell saltက ကယ်ဆီယမ် ဖော့စဖရိတ်ပါ။ ဆိုလိုတာက သူက ကယ်ဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးဖို့လိုပါတယ်။ ဒါမှလည်း အရိုးနဲ့ သွားတွေ ကျန်းမာစေမှာပါ။

    ကယ်ဆီယမ် ဖော့စဖရိတ် ကြွယ်ဝတဲ့ အစားအစာတွေကတော့ ဂေါ်ဖီထုပ်၊ မုန်လာဥ၊ အစေ့အဆန်၊ ပန်းပွင့်စိမ်း၊ ပြောင်းဖူး၊ စပျစ်သီး၊ အုတ်ဂျုံ၊ အာလူး စတာတွေပဲ ဖြစ်ပါတယ်။ ဒါ့ပြင် ပရိုတင်းကြွယ်ဝတဲ့ အသားတွေ၊ ပဲတွေလည်း စားရပါမယ်။ အရိုးနဲ့ သွားအတွက် ကယ်ဆီယမ်ရအောင် နို့နဲ့နို့ထွက်ပစ္စည်းတွေကို စားပေးပါ။  နေ့စဉ်အစားအစာတွေထဲမှာ ခုပြောခဲ့တာတွေကို ပါဝင်အောင် စားပေးဖို့ လိုပါတယ်။

    • ဒါတွေကို ရှောင်ပါ။

    Capricorns တွေက အစားအသောက်နဲ့ပတ်သက်ရင်လည်း အစွဲအလမ်းကြီးပါတယ်။ တစ်မျိုးဆို တစ်မျိုးစွဲစားလေ့ ရှိပါတယ်။ ဒါက အာဟာရမမျှတတာမျိုး ဖြစ်တတ်တော့ အစုံစားပေးဖို့ လိုပါတယ်။ နောက်ပြီး တစ်ခါတည်းနဲ့ အများကြီးစားတာကိုလည်း ရှောင်ရပါမယ်။ အရက်စွဲလွယ်တာကြောင့် လျှော့သောက်သင့်ပါတယ်။

    အရေပြားပြဿနာဖြစ်လွယ်တဲ့အတွက် အချိုနဲ့ ချောကလက်တွေကို သင့်တင့်ရုံသာစားပါ။ အစာခြေစနစ်ပြဿနာတွေ ကြုံရနိုင်တဲ့အတွက် အပူအစပ်တွေ လျှော့စားဖို့ လိုပါတယ်။

    Disclaimer: အထက်ပါ အကြောင်းအရာများက ဗဟုသုတအနေနဲ့သာ တင်ပြထားခြင်း ဖြစ်ပါတယ်။ တစ်ယောက်ချင်းစီရဲ့ ခန္ဓာကိုယ်က မတူညီတာကြောင့် ကျန်းမာရေးပြဿနာတစ်စုံတစ်ရာရှိမယ်ဆိုရင် ဆရာဝန်နဲ့သာပြသဖို့ အကြံပြုလိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 04/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement