backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

Cancer တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာအောင် နေထိုင်နည်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 06/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Cancer တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာအောင် နေထိုင်နည်းများ

ဇွန် ၂၂ကနေ ဇူလိုင် ၂၂ကြား မွေးဖွားသူတွေကတော့ Cancerလေးတွေပဲ ဖြစ်ကြပါတယ်။ ဒီ Zodiac sign ပိုင်ရှင်တွေက စိတ်ခံစားချက်တွေကို သိမ်းဆည်းမျိုသိပ်ထားတတ်ကြသူများ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ရဲ့ ပင်ပန်းမှုတွေက ရုပ်ကျန်းမာရေးမှာ လာပြီး ထင်ဟပ်တတ်ပါတယ်။ စိတ်ကြောင့် Cancer တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ က ဘာတွေလဲဆိုတာ လေ့လာကြည့်ရအောင်။

Cancer တွေရဲ့ အမူအကျင့်နဲ့ ကျန်းမာရေးပြဿနာများ

ပြောခဲ့သလိုပဲ Cancer တွေက စိတ်ခံစားချက်တွေကို မျိုသိပ်ထားတတ်ကြသူတွေပါ။ မျက်နှာမှာ မပေါ်အောင် ထိန်းသိမ်းနိုင်စွမ်း ရှိပါတယ်။ မျိုသိပ်ထားရတာတွေ များလာတဲ့အခါ ရုပ်ကျန်းမာရေးမှာပါ ထိခိုက်လာပါတယ်။

Cancer တွေက ရင်သား၊ ရင်ဘတ်နဲ့ အစာခြေစနစ်ကို လွှမ်းမိုးထားပါတယ်။ စိတ်နဲ့ အစာအိမ်နဲ့ ဆက်စပ်နေတာမို့လို့ စိတ်ဖိစီးမှုတွေ များလေလေ အစာအိမ်ပြဿနာတွေ ပိုပြီး ခံစားရလေလေ ဖြစ်ပါတယ်။ လွမ်းတာရှိရင် စားစရာနဲ့ ဖြေကြတတ်သူတွေ ဖြစ်တာကြောင့်လည်း ဝိတ်တက်တဲ့ ပြဿနာကို ကြုံရတတ်ပါတယ်။

စိတ်နဲ့ ရုပ်နဲ့ ဆက်စပ်သူတွေ ဖြစ်တာကြောင့် စိတ်မှာ ခံစားရသမျှက မျက်နှာမှာ မပေါ်ပေမယ့် ကျန်းမာရေးမှာ ပေါ်နေတတ်ပါတယ်။

Cancer တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

Cancerတွေက သူတို့လွှမ်းမိုးထားတဲ့ နေရာတွေအလိုက်

ခြုံပြောရရင် စိတ်ဖိစီးတာကြောင့် ခံစားရတတ်တဲ့ ဝေဒနာတွေ ဖြစ်နေတာကို တွေ့ရမှာပါ။

Cancerတို့ ကျန်းမာစေဖို့

စိတ်ခံစားချက်ပြင်းထန်လွန်းတဲ့ Cancer တို့ ကျန်းမာစေဖို့ဆိုရင်

  • စိတ်ခံစားချက်တွေကို မျိုသိပ်မထားပါနဲ့။

ဗီဇအရ မျိုသိပ်ထားတတ်တယ်ဆိုပေမယ့် တစ်ခါတလေမှာတော့ ဖွင့်ထုတ်ဖို့ လိုအပ်ပါတယ်။ သိမ်းထားတာများလေလေ ကျန်းမာရေးထိခိုက်တာ များလေလေပါ။ အကြောင်းရင်း မယ်မယ်ရရ မရှိဘဲ ဗိုက်တွေအောင့်၊ ရင်ဘတ်တွေအောင့်တာ မျိုသိပ်ထားတာကြောင့် ဖြစ်တတ်ပါတယ်။

  • စိတ်အလိုလိုက်ပြီး မစားပါနဲ့။
  • စိတ်ညစ်လည်း စား၊ ပျော်လည်း စားသူတွေဖြစ်တာကြောင့် ကိုယ်အလေးချိန်တက်နိုင်ပါတယ်။ ဒီလိုမျိုး အလွန်အကျွံစားတာကလည်း အစာအိမ်ထိခိုက်စေနိုင်တာကြောင့် ဆင်ခြင်သင့်ပါတယ်။ နောက်ပြီး ကိုယ်အလေးချိန်တက်လာပြန်ရင်လည်း စိတ်ညစ်တတ်ကြသူတွေက Cancer လေးတွေပဲ ဖြစ်ပါတယ်။

    • လေ့ကျင့်ခန်း လုပ်ပါ။

    မျိုသိပ်ထားတာတွေကို လေ့ကျင့်ခန်းနဲ့ ဖွင့်ထုတ်လိုက်တာကလည်း နည်းလမ်းကောင်းတစ်ခုပါ။ စိတ်ဖိစီးမှု သက်သာစေသလို ကိုယ်အလေးချိန်လည်း ကျစေပါတယ်။

    • အစားအသောက် ဂရုစိုက်ပါ။
    • Cancer တွေရဲ့ biological cell saltကတော့ ကယ်ဆီယမ် ဖလိုရိုက် (Calcium fluoride) ပဲ ဖြစ်ပါတယ်။ ဒီဓာတ်ကို ဥ၊ ဂျုံ၊ ကီဖာ၊ ဒိန်ချဉ်၊ ပင်လယ်စာ စတာတွေကနေ ရနိုင်ပါတယ်။ အစာခြေစနစ် ပြဿနာရှိတတ်တာကြောင့် အပူအစပ်နဲ့ ဆီကြော်တွေကို ရှောင်ဖို့ လိုပါတယ်။ ကိုယ်နဲ့ မတည့်တဲ့ အစားအစာတွေ ရှိမယ်ဆိုရင်လည်း သတိထားပြီး ရှောင်ရပါမယ်။

      နောက်ပြီး အရက်လည်း လျှော့သင့်ပါတယ်။ စိတ်ညစ်တာတွေကို အရက်နဲ့ ဖြေတာက ရေရှည်မှာ ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ အစာအိမ်ကိုလည်း ဒုက္ခပေးတတ်ပါတယ်။

      • စိတ်ဖိစီးမှု ဖြေလျော့ပါ။

      စိတ်ခံစားချက်တွေကို မျိုသိပ်ထားရာကနေ စိတ်ဖိစီးတာ၊ အိပ်မပျော်တာတွေ ဖြစ်တတ်တာကြောင့် စိတ်ဖြေလျော့ဖို့ လိုပါတယ်။ တရားထိုင်တာ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်တာ၊ ဝါသနာပါတာလေးတွေနဲ့ ဖြေလျော့ဖို့ အကြံပြုလိုပါတယ်။

      Disclaimer: အထက်ပါ အကြောင်းအရာများက ဗဟုသုတအနေနဲ့သာ တင်ပြထားခြင်း ဖြစ်ပါတယ်။ တစ်ယောက်ချင်းစီရဲ့ ခန္ဓာကိုယ်က မတူညီတာကြောင့် ကျန်းမာရေးပြဿနာတစ်စုံတစ်ရာရှိမယ်ဆိုရင် ဆရာဝန်နဲ့သာပြသဖို့ အကြံပြုလိုပါတယ်။

      မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

      Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



      မှ အချက်အလက် စစ်ဆေးထားပါသည်။

      Dr. Htet Htet Zaw Win


      Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 06/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

      ad iconadvertisement

      ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

      ad iconadvertisement
      ad iconadvertisement