backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

Sagittaruis တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာအောင် နေထိုင်နည်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Sagittaruis တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာအောင် နေထိုင်နည်းများ

နိုဝင်ဘာ ၂၃ရက်ကနေ့ကနေ ဒီဇင်ဘာ ၂၂ရက်ကြား မွေးဖွားတဲ့ zodiac sign ပိုင်ရှင်တွေက Sagittarius တွေပဲ ဖြစ်ကြပါတယ်။ ငယ်ရွယ်စဉ်ကာလတွေမှာ Sagittarius တွေက အင်ပြည့်အားပြည့်နဲ့ အလုပ်လုပ်နိုင်ကြပြီး အနာရောဂါလည်း ကင်းကြပါတယ်။ သူတို့ကို ကြည့်လိုက်ရင် အမြဲတက်ကြွပြီး အားအင်ပြည့်ဝနေတာကို တွေ့ရမှာပါ။ ဒီလို သွက်လက်တဲ့ Sagittarius တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ က ဘာတွေလဲဆိုaတာ လေ့လာကြည့်ရအောင်။

Sagittarius တွေရဲ့ အမူအကျင့်နဲ့ ကျန်းမာရေးပြဿနာများ

Sagittarius တွေက သွက်သွက်လက်လက် ရှိကြသူတွေပါ။ သွက်လက်ခြင်းရဲ့ တစ်ဖက်စွန်းမှာတော့ အလျင်စလို လုပ်တတ်တာကြောင့် မတော်တဆ ထိခိုက်မှုတွေ ဖြစ်တတ်ပါတယ်။ ဒီလို အလျင်စလို လုပ်တတ်တဲ့ အကျင့်က အားကစားဝါသနာပါတဲ့ Sagittarius တွေကို မကြာခဏထိခိုက်မှုတွေ ဖြစ်စေမှာပါ။

Sagittarius တို့ လွှမ်းမိုးထားတဲ့ ကိုယ်တွင်းအင်္ဂါတွေကတော့ အသည်း၊ ကျောက်ကပ်၊ ခန္ဓာကိုယ်အောက်ပိုင်းနဲ့ အမြင်အာရုံပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေရာတွေမှာ ကျန်းမာရေးပြဿနာတွေ ဖြစ်တတ်ပါတယ်။ အရက်အလွန်အကျွံသောက်တတ်တဲ့အကျင့်၊ အစားအလွန်အကျွံစားတတ်တဲ့ အကျင့်ကြောင့် အသည်းနဲ့ ပတ်သက်တဲ့ ပြဿနာတွေ ဖြစ်တတ်ပါတယ်။

မတော်တဆ ထိခိုက်မှုတွေ ဖြစ်တတ်တဲ့ Sagittarius တွေက အမြင်အာရုံ ဝါးတဲ့အခါ ပိုပြီး ထိခိုက်နိုင်ခြေ များပါတယ်။

Sagittarius တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

Sagittarius တွေက သူတို့ လွှမ်းမိုးတဲ့နေရာအလိုက်

  • အမြင်အာရုံပြဿနာ
  • အသည်းနဲ့ ဆိုင်တဲ့ ရောဂါတွေ
  • အသည်းရောင်တာ
  • အသည်းခြောက်တာ
  • ခြေထောက်အဆစ်တွေ ရောင်တာ စတာတွေ ဖြစ်တတ်ပါတယ်။

Sagittariusတို့ ကျန်းမာစေဖို့

  • အစားအသောက် အနေအထိုင် ဆင်ခြင်ပါ။

Sagittarius တွေက ကိုယ့်ရဲ့ အစားအသောက် အနေအထိုင်လေးကိုသာ ထိန်းမယ်ဆိုရင် တော်တော်လေး ကျန်းမာပြီး အသက်ရှည်နိုင်တဲ့ သူများတွေ ဖြစ်ပါတယ်။ ကိုယ်နဲ့ မတည့်တာကို မစားနဲ့။ ဘယ်ဟာကိုပဲဖြစ်ဖြစ် အလွန်အကျွံ မလုပ်ဘူးဆိုရင် ကျန်းမာနိုင်ပါတယ်။

  • စိတ်ကို ငြိမ်အောင်ထားပါ။

အလျင်စလို လုပ်တတ်တဲ့ အကျင့်က စိတ်မတည်ငြိမ်ရင် ပိုအမှားများပြီး ထိခိုက်တတ်ပါတယ်။ ဒါကြောင့် စိတ်တည်ငြိမ်အောင် အသက်ရှူလေ့ကျင့်ခန်းလုပ်တာ၊ ယောဂကျင့်တာတွေ လုပ်ပေးပါ။

  • အရက်အလွန်အကျွံ မသောက်ပါနဲ့။

Sagittarius တွေက အရက်စွဲလွယ်ပါတယ်။ ဒါကြောင့် အရက်ကို အလွန်အကျွံမသောက်ဖို့ လိုပါတယ်။ အရက်တင်မကဘဲ အသည်းကို ထိခိုက်စေမယ့် ဆေးဝါးတွေ သောက်သုံးတာ၊ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့တာကို ရှောင်သင့်ပါတယ်။

  • အာဟာရပြည့်အောင် စားသောက်ပါ။

Sagittarius တွေရဲ့ Biological cell saltက silica ဖြစ်ပါတယ်။ ဒီဓာတ်က ဦးနှောက်ရဲ့ လုပ်ဆောင်ချက်နဲ့ သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။ ဒါ့ပြင် ဒီဓာတ်ချို့တဲ့တဲ့အခါ ဆံပင်ကျွတ်တာ၊ လက်သည်းတွေ ကျွတ်ဆတ်တာ၊ နုံးပြီး အားမရှိတာတွေ ခံစားရပါတယ်။

Silica ကြွယ်ဝတဲ့ အစားအစာတွေကတော့ အသီးအရွက်နဲ့ သစ်သီးဝလံတွေ၊ ပန်းသီး၊ ဘယ်ရီသီး၊ အုတ်ဂျုံ၊ ဘတ်စတီမာဆန်၊ ကောက်နှံ စတာတွေပဲ ဖြစ်ပါတယ်။ ပရိုတင်း ပြည့်ဝအောင်လည်း စားပါ။ ရေလည်း များများသောက်ပါ။

အသည်းကို ထိခိုက်စေနိုင်တဲ့ အဆီအစိမ့်တွေ၊ အချိုတွေကိုလည်း ရှောင်ဖို့ အကြံပြုချင်ပါတယ်။

Disclaimer: အထက်ပါ အကြောင်းအရာများက ဗဟုသုတအနေနဲ့သာ တင်ပြထားခြင်း ဖြစ်ပါတယ်။ တစ်ယောက်ချင်းစီရဲ့ ခန္ဓာကိုယ်က မတူညီတာကြောင့် ကျန်းမာရေးပြဿနာတစ်စုံတစ်ရာရှိမယ်ဆိုရင် ဆရာဝန်နဲ့သာပြသဖို့ အကြံပြုလိုပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement