Premium

Virgo တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာအောင် နေထိုင်နည်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 21/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Virgo တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာအောင် နေထိုင်နည်းများ

    သြဂုတ် ၂၂ကနေ စက်တင်ဘာ ၂၃ကြား မွေးဖွားတဲ့ zodiac signတွေက Virgo တွေပဲ ဖြစ်ပါတယ်။ Virgoတွေက အလုပ်ကို သေသေချာချာ လုပ်တတ်ပြီး အနည်းငယ် ရှေးရိုးဆန်ပါတယ်။ ဒီတော့ တစ်ခါတလေမှာ စာအုပ်ကြီးလို ဖြစ်နေတာပေါ့။ ဒီလိုအမူအကျင့်က သူ့ရဲ့ ကျန်းမာရေးအခြေအနေကို သက်ရောက်မှု ရှိနိုင်ပါတယ်။ Virgo တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ ကတော့ ဒီလိုပါတဲ့။

    ဆောင်းပါးအဆုံးကို သွားမည်။

    ဤဆောင်းပါးသည် Hello ဆရာဝန်အဖွဲ့ဝင်များအတွက်သာဖြစ်သည်။ ဆောင်းပါးကို အဆုံးထိ ဖတ်ရှုန်ုင်ရန် စာရင်းသွင်းပါ။

    Virgo တွေရဲ့ အမူအကျင့်နဲ့ ကျန်းမာရေးပြဿနာများ

    Virgoတွေက အလုပ်ကြိုးစားကြပြီး အလုပ်ကို ထမင်းမေ့ ဟင်းမေ့လုပ်တတ်ကြသူများ ဖြစ်ပါတယ်။ သူတို့ရဲ့ လွှမ်းမိုးရာ ကိုယ်တွင်းအစိတ်အပိုင်းတွေက အစာခြေစနစ်နဲ့ အာရုံကြောစနစ်ပဲ ဖြစ်ပါတယ်။ နှစ်ခုလုံးက အလုပ်ထဲမှာ နစ်မြုပ်လေလေ ရောဂါတိုးနိုင်တဲ့ နေရာတွေပဲ ဖြစ်ပါတယ်။

    ဒါ့ပြင် Virgoတွေက ကိုယ်အလေးချိန်နဲ့ ပတ်သက်ပြီး ရုန်းကန်ရတဲ့ သူတွေလည်း ဖြစ်ပါတယ်။ ဝိတ်ကျရင်လည်း ကျလို့၊ တက်ရင်လည်း တက်လို့ ကိုယ်လိုချင်တဲ့ ပုံစံရအောင် ကြိုးစားနေရပါတယ်။ ဒီတော့ အစားလျော့တာ၊ တိုးစားတာတွေ လုပ်ရပါတယ်။ ဒါကလည်း သူရဲ့ လွှမ်းမိုးရာ အစာခြေစနစ်ကို ပြဿနာဖြစ်စေပါတယ်။

    Virgo တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

    Virgoတွေ မကြာခဏ ကြုံရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကတော့

    • ရင်ပူတာ
    • လေပွတာ
    • အစာဓာတ်မတည့်တာ
    • အစာမကြေတာ
    • အစာအိမ်ရောင်တာ
    • အစာအိမ်အနာဖြစ်တာ
    • အသည်းရောဂါ
    • အူလမ်းကြောင်းရောဂါ
    • စိတ်ဖိစီးမှုများတာ
    • စိတ်ပင်ပန်းတာတွေ ဖြစ်တတ်ပါတယ်။

    Virgoတို့ ကျန်းမာစေဖို့

    • စိတ်ဖိစီးမှု လျှော့ချပါ။

    Virgo တွေက အလုပ်နဲ့ ပတ်သက်ရင် စည်းကမ်းကြီးတာရော၊ ကိုယ်အလေးချိန်နဲ့ ပတ်သက်ရင် အစွဲအလမ်းကြီးတာရောကြောင့် စိတ်ဖိစီးတာ၊ စိုးရိမ်စိတ်များတာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ စိတ်အေးအေးထားပါ။ စိတ်ဖိစီးပြီး တင်းကျပ်လာရင် ကျန်းမာတဲ့ နည်းလမ်းနဲ့ ဖြေလျှော့ပါ။

    ဘာလို့လည်းဆိုတော့ Virgoတွေက စိတ်ညစ်လို့ အစားတွေ အများကြီး စားမိရင် ဒါမှမဟုတ် ဘာမှမစားဘဲ နေမိရင် အစာအိမ်ပြဿနာတွေ ဖြစ်လာနိုင်လို့ပါ။ နောက်တစ်ခုက စိတ်ဖိစီးမှုတွေက အစာအိမ်ပြဿနာတွေ (ဥပမာ အစာအိမ်ရောင်တာ၊ IBS)ကို ပိုဆိုးစေတာကြောင့် တတ်နိုင်သမျှ စိတ်ဖိစီးမှု နည်းအောင် နေသင့်ပါတယ်။

    • အာဟာရပြည့်အောင် စားသောက်ပါ။

    Virgoတွေရဲ့ biological cell saltက ပိုတက်ဆီယမ် ဆာလဖိတ် (Potassium sulphate) ဖြစ်ပါတယ်။ ပိုတက်ဆီယမ် ဆာလဖိတ်က ဆဲလ်တွေကို ကျန်းမာစေပြီး ကြွက်သားတည်ဆောက်မှုကို အားပေးပါတယ်။ ဒီသတ္တုဓာတ်ကို အစိမ်းရောင်ရှိတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ၊ အစေ့အဆန်တွေ၊ အုတ်ဂျုံ၊ ဒိန်ချဉ်၊ ငှက်ပျောသီးနဲ့ ချဉ်တဲ့ အသီးတွေကနေ ရနိုင်ပါတယ်။

    • အစာအိမ်ပြဿနာတွေ မဖြစ်အောင် အစားအသောက်ကို ဂရုစိုက်ပါ။

    Virgo တွေရဲ့ အစာခြေစနစ်က ထိလွယ်ရှလွယ်ဖြစ်တာကြောင့် အစားအသောက်ကို ဂရုစိုက်ဖို့ လိုပါတယ်။ အပူအစပ်နဲ့ ဆီကြော်၊ အရက် စတာတွေကို တတ်နိုင်သမျှ ရှောင်ပါ။ ကိုယ်နဲ့ မတည့်တာတွေ ရှိရင်လည်း သေချာမှတ်ထားပြီး ရှောင်ပါ။

    ဆေးသောက်မယ်ဆိုရင်လည်း ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ပါ။ အလုပ်ကြိုးစားတတ်တဲ့ Virgoတွေကို အလုပ်များပေမယ့် အချိန်မှန်မှန်စားဖို့၊ သေချာအချိန်ပေးပြီး အာဟာရရှိတာတွေကို စားဖို့ အကြံပြုချင်ပါတယ်။

    Disclaimer: အထက်ပါ အကြောင်းအရာများက ဗဟုသုတအနေနဲ့သာ တင်ပြထားခြင်း ဖြစ်ပါတယ်။ တစ်ယောက်ချင်းစီရဲ့ ခန္ဓာကိုယ်က မတူညီတာကြောင့် ကျန်းမာရေးပြဿနာတစ်စုံတစ်ရာရှိမယ်ဆိုရင် ဆရာဝန်နဲ့သာပြသဖို့ အကြံပြုလိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 21/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement
    advertisement
    advertisement