backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

Aquarius တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာအောင် နေထိုင်နည်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 06/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Aquarius တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာအောင် နေထိုင်နည်းများ

Aquarius တွေက ၁၁ခုမြောက် zodiac sign ဖြစ်ပြီး ဇန်နဝါရီ ၂၁နဲ့ ဖေဖော်ဝါရီ ၁၉ထိ အကျုံးဝင်ပါတယ်။ Air signဖြစ်တဲ့ Aquaလေးတွေက ခေတ်မီပြီး လွတ်လွတ်လပ်လပ် နေထိုင်တတ်သူတွေပါ။ တခြား signတွေလိုပဲ Aquarius တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ လည်း သီးသန့်ရှိနေပါတယ်။

Aquarius တွေရဲ့ အမူအကျင့်နဲ့ ကျန်းမာရေးပြဿနာများ

Aquaတွေက သွေးလည်ပတ်မှုစနစ်၊ အာရုံကြောစနစ်နဲ့ ခြေကျင်းဝတ်တို့ကို လွှမ်းမိုးထားပါတယ်။ ဒါကြောင့် သွေးကြောနဲ့ ဆိုင်တဲ့ရောဂါတွေ (ဥပမာ သွေးတိုး၊ ဆီးချို) အဖြစ်များပါတယ်။

အတွေးများတဲ့သူတွေဖြစ်တဲ့အတွက်လည်း အသက်ကြီးလာလေလေ ဦးနှောက်နဲ့ အာရုံကြောနဲ့ ဆိုင်တဲ့ရောဂါတွေ ဖြစ်လာနိုင်ခြေ များလေလေ ဖြစ်ပါတယ်။

ခြေကျင်းဝတ်ကို လွှမ်းမိုးထားတာကြောင့် ခြေထောက်ထိခိုက်တာ၊ ခြေပွတ်တိုင်လည်တာ၊ အရိုးကျိုးတာတွေ ဖြစ်တတ်ပါတယ်။

Aquarius တွေက ကျန်းမာရေးဂရုစိုက်တတ်တဲ့သူတွေဆိုပေမယ့် ပုံမှန်လုပ်ဖြစ်ဖို့ တွန်းအားတစ်ခုခုတော့ လိုပါတယ်။ ကျန်းမာရေးပြဿနာတွေ ကြုံရနိုင်တယ်ဆိုပေမယ့် ခြုံပြောရရင် အသက်ရှည်ကြတဲ့ Aquaလေးများပဲ ဖြစ်ပါတယ်။

Aquarius တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

သူတို့လေးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေကတော့

  • သွေးပေါင်ချိန်နဲ့ ပတ်သက်တဲ့ ပြဿနာတွေ
  • သွေးကြောကျဉ်းတာ
  • သွေးအားနည်းတာ
  • သွေးကြောထုံးတာ
  • အိပ်မပျော်တာ
  • စိုးရိမ်စိတ်များတာ
  • အာရုံကြောရောဂါ
  • ခြေကျင်းဝတ်ထိခိုက်တာ စတာတွေ ဖြစ်တတ်ပါတယ်။

ကံကောင်းတာက Aquarius တို့ရဲ့ အစာခြေစနစ်က အတော်ကို ဒူပေဒဏ်ပေခံပါသတဲ့။ ဒါကြောင့် ဘာစားစား စားလို့ဝင်ကြသူတွေလည်း ဖြစ်ပါတယ်။

Aquariusတို့ ကျန်းမာစေဖို့

  • ခြေကျင်းဝတ်ကို ဂရုစိုက်ပါ။

ခြေကျင်းဝတ်ကို စိုးမိုးတဲ့ ရာသီခွင်ဖြစ်တာကြောင့် တတ်နိုင်သမျှ ခြေကျင်းဝတ်မထိခိုက်အောင် နေထိုင်ပါ။ အမျိုးသမီးတွေအနေနဲ့ ဒေါက်ဖိနပ်ဝတ်တဲ့အခါ ခြေခေါက်လဲတာ၊ အရိုးကျိုးတာမျိုး မဖြစ်အောင် ဂရုစိုက်ပါ။ လေ့ကျင့်ခန်းလုပ်တဲ့အခါ၊ အားကစားလုပ်တဲ့အခါ ခြေကျင်းဝတ်မှာ အကာအကွယ်ဝတ်ပါ။ ခြေကျင်းဝတ်မှာ တစ်ခုခုထိခိုက်မိရင် မပေါ့ဆပါနဲ့။

  • သွေးတိုးနဲ့ ဆီးချို ဖြစ်စေနိုင်တဲ့ အစားအသောက်တွေကို ဂရုစိုက်ပါ။

သွေးလည်ပတ်မှုစနစ်ကို လွှမ်းမိုးထားတာကြောင့် သွေးတိုးတာ၊ ဆီးချိုရှိတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အသင့်စားအစားအစာတွေ၊ အာဟာရတန်ဖိုးမရှိတာတွေ၊ အချိုရည်တွေကို ရှောင်ပါ။ အသီးအရွက်၊ အသားငါး၊ အစေ့အဆန်တွေ စားပါ။

Aquarius တို့ရဲ့ biological cell saltက ဆိုဒီယမ်ကလိုရိုက်ပါ။ ဒါပေမယ့် သွေးတိုးတတ်တာကြောင့် သဘာဝအတိုင်း အသီးအရွက်တွေက ပါလာတဲ့ ဆိုဒီယမ်ကို ပိုပြီး အားကိုးသင့်ပါတယ်။ ဥပမာ ပြောင်းဖူး၊ ပဲသီး၊ နာနတ်သီး၊ သံပရာသီး၊ ဂရိတ်ဖရု၊ ဂေါ်ဖီထုပ် စတာတွေကနေ ရတဲ့ ဆိုဒီယမ်ကိုပါ။

  • ကော်ဖီလျှော့သောက်ပါ။

အာရုံကြောစနစ်ကို လွှမ်းမိုးထားတာကြောင့် နဂိုတည်းက အိပ်မပျော်တာ၊ စိုးရိမ်စိတ်များတာ၊ ဂနာမငြိမ်တာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကော်ဖီလျှော့သောက်ပါ။ ကော်ဖီအစား စိတ်တည်ငြိမ်စေတဲ့ ချာမိုမိုင်းရေနွေးကြမ်းတို့၊ mint teaတို့ သောက်ပေးပါ။

  • စိတ်တည်ငြိမ်အောင် နေပါ။

အာရုံကြောပြဿနာတွေ ကင်းဝေးစေဖို့ တရားမှတ်တာ၊ စိတ်ဖိစီးမှုလျှော့ချတာတွေ ပုံမှန်လုပ်ပေးပါ။

  • လေ့ကျင့်ခန်း လုပ်တဲ့အခါ မထိခိုက်ပါစေနဲ့။

Aquarius တွေက ကျန်းမာရေးလိုက်စားသလို လေ့ကျင့်ခန်းလည်း လုပ်တတ်ကြပါတယ်။ ဒါပေမယ့် ကိုယ်လုပ်တဲ့ လေ့ကျင့်ခန်းတွေက ကိုယ့်အတွက် ပြင်းလွန်းနေရင် နည်းနည်းသက်သာတဲ့ လေ့ကျင့်ခန်းကို ပြောင်းလုပ်ပါ။ (ကိုယ်က အရိုးကျိုးလွယ်တယ်ဆိုတာ သိတယ်ဟုတ်) ဘာကြောင့်ဒီလိုပြောရလဲဆိုတော့ Aquaတို့က ခေါင်းမာတော့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို ‘ငါလုပ်နိုင်ရမယ်’ဆိုပြီး အတင်းလုပ်တတ်ကြလို့ပါ။

  • ပုံမှန်အချိန်ပေးပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။

Aquarius လေးတွေက ကိုယ့်ကိုယ်ကို ချစ်ပေမယ့် အလုပ်များတဲ့သူတွေ ဖြစ်တာကြောင့် ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ မေ့နေတတ်ပါတယ်။ ဥပမာ အစားတော့ ပုံမှန်စားပေမယ့် ပြီးစလွယ် အာဟာရမဖြစ်တာတွေပဲ စားလိုက်တာမျိုး။ လေ့ကျင့်ခန်း လုပ်ပေမယ့် ပျက်လိုက် လုပ်လိုက် ဖြစ်နေတာမျိုးပေါ့။ ဒီလို မဖြစ်အောင် ကိုယ့်ကိုယ်ကို အချိန်ပေးပြီး ပိုပြီးဂရုစိုက်ဖို့ အကြံပြုချင်ပါတယ်။

Disclaimer: အထက်ပါ အကြောင်းအရာများက ဗဟုသုတအနေနဲ့သာ တင်ပြထားခြင်း ဖြစ်ပါတယ်။ တစ်ယောက်ချင်းစီရဲ့ ခန္ဓာကိုယ်က မတူညီတာကြောင့် ကျန်းမာရေးပြဿနာတစ်စုံတစ်ရာရှိမယ်ဆိုရင် ဆရာဝန်နဲ့သာပြသဖို့ အကြံပြုလိုပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 06/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement