backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

Pisces တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာအောင် နေထိုင်နည်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 06/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Pisces တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာအောင် နေထိုင်နည်းများ

Zodiac signတွေထဲမှာ နောက်ဆုံးရာသီခွင်ကတော့ ပိစိလို့ ချစ်စနိုးခေါ်ကြတဲ့ Pisces တွေပဲဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂၀ကနေ မတ် ၂၀အတွင်း မွေးဖွားသူတွေ အကျုံးဝင်ပါတယ်။ Piscesတွေက ကျန်းမာရေးနဲ့ ပတ်သက်လာရင် နူးနူးညံ့ညံ့နဲ့ သိပ်ပြီး ခံနိုင်ရည် မရှိကြပါဘူး။ ဒီတော့ Pisces တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ဘယ်လိုကျန်းမာအောင် နေထိုင်ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

Pisces တွေရဲ့ အမူအကျင့်နဲ့ ကျန်းမာရေးပြဿနာများ

Pisces တွေက စိတ်နုတဲ့ သူတွေလည်း ဖြစ်ပါတယ်။ စိတ်နုတာကြောင့် ရုပ်ကျန်းမာရေးမှာပါ လာပြီး ထိခိုက်တာမျိုး ရှိတတ်ပါတယ်။ ဒါ့ပြင် သူတို့က ကိုယ်ခံအားနည်းတာကြောင့် မကြာခဏဆိုသလို ဖျားနာတာတွေ ဖြစ်ကြပါတယ်။

ခြေထောက်၊ စိတ်ခံစားချက်တွေကို ထိန်းချုပ်ထားတဲ့ သာလမတ်စ်၊ အသက်ရှူလမ်းကြောင်း စတာတွေကို လွှမ်းမိုးထားပါတယ်။ ဒါကြောင့် ဒါတွေနဲ့ ပတ်သက်ပြီး ကျန်းမာရေး ပြဿနာတွေ ခံစားရတတ်ပါတယ်။ ဥပမာ စိတ်ခံစားချက်နဲ့ ပတ်သက်ရင် စွဲလမ်းလွယ်တာမျိုးက အစားအသောက်၊ အရက်သေစာ စတာတွေမှာပါ လာပြီးသက်ရောက်တတ်ပါတယ်။

Pisces တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

  • ခြေထောက်ပြဿနာ
  • ခြေထောက်မှာဆိုရင် ဘူနီယွန်အရိုးအတက်ထွက်တာ၊ ခြေဖနောင့်နာတာ၊ အသားမာတက်တာ၊ ခြေထောက်သဲဝဲစားတာ စတာတွေ ဖြစ်တတ်ပါတယ်။

    • စိတ်ခံစားချက်ပြဿနာ
    • Pisces တွေက စိတ်ခံစားလွယ်တာကြောင့် ကျန်းမာရေးကိုပါ ထိခိုက်တတ်ပါတယ်။ စိုးရိမ်စိတ်များတာ၊ မေ့တတ်တာတွေလည်း ဖြစ်တတ်ပါသေးတယ်။ Junk foodတွေကို စွဲစွဲလမ်းလမ်း စားတတ်တာကြောင့်လည်း ဝိတ်တက်ပြီး ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ပါတယ်။

      • အသက်ရှူလမ်းကြောင်းပြဿနာ

      Piscesတွေက ခုခံအား ကျတတ်တာကြောင့် မကြာခဏဆိုသလို ဖျားနာတတ်တယ်ဆိုတာပြောပြီးပါပြီ။ ဖျားနာတာအပြင် အသက်ရှူလမ်းကြောင်း ပိုးဝင်တာ၊ ထိပ်ကပ်နာ၊ အအေးမိ၊ တုပ်ကွေး စတာတွေလည်း ခဏခဏ ဖြစ်တတ်ပါသေးတယ်။

      Piscesတို့ ကျန်းမာအောင် နေထိုင်နည်းများ

      • ကိုယ်ခံအားကောင်းအောင် နေထိုင်ပါ။
      • မကြာခဏဖျားနာတတ်တဲ့ Pisces လေးတွေက ခုခံအားကောင်းအောင် ဂရုစိုက်ဖို့ လိုပါတယ်။ အာဟာရပြည့်အောင် စားတာ၊ အိပ်ရေးဝဝအိပ်တာ၊ လက်ဆေးတာ၊ စိတ်ဖိစီးမှု လျှော့ချတာတွေ လုပ်ပေးသင့်ပါတယ်။

        • အာဟာရပြည့်အောင် စားသောက်ပါ။

        Pisces တွေရဲ့ biological cell saltက ferrum phosphate တစ်နည်းအားဖြင့် သံဓာတ်ပါ။ ဆိုလိုတာက သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေက Pisces တို့နဲ့ သင့်တော်ပါတယ်။ အနီရောင်အသားတွေ၊ ဘယ်ရီသီးတွေ၊ စပျစ်သီး၊ ငှက်ပျောသီး၊ ဟင်းနုနွယ်၊ ပင်လယ်စာ၊ အာလူး စတာတွေ စားပေးပါ။

        သတိထားရမှာက ဘာကိုပဲဖြစ်ဖြစ် အလွန်အကျွံ မစားဖို့ပါ။ စွဲလမ်းတတ်တဲ့ Piscesတွေက တစ်ခုခုဆို အများကြီး စားတတ်တာကြောင့် သတိလေးနဲ့ ထိန်းစားဖို့ လိုပါတယ်။ အထူးသဖြင့် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ junk foodတွေကိုပေါ့။ နောက်ပြီး အရက်နဲ့ ကော်ဖီကိုလည်း လျှော့သောက်ဖို့ လိုပါတယ်။

        Water signsဖြစ်တဲ့အတွက် နဂိုတည်းက ရေဓာတ်ကို ဆွဲလွယ်ပြီး ဖောလွယ်ပါတယ်။ ဒါကြောင့် ဆားပါတာတွေကို လျှော့စားပါ။

        • စိတ်ဖိစီးမှုလျှော့ချပါ။
        • စိတ်ခံစားချက်ပြင်းထန်ပြီး စိုးရိမ်တတ်တဲ့ Piscesတွေကို အကြံပေးလိုတာကတော့ တရားထိုင်ဖို့ပါ။ နောက်ပြီး အိပ်ရေးဝအောင် အိပ်ပါ။ စိတ်ဖိစီးမှုသက်သာစေသလို ခုခံအားကိုလည်း ကောင်းစေပါတယ်။

          • ခြေထောက်အတွက် လေ့ကျင့်ခန်းလုပ်ပါ။

          ခြေထောက်သန်မာစေဖို့ ယောဂနဲ့ တခြားသင့်တော်တဲ့ လေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်ပေးဖို့လည်း အကြံပြုချင်ပါတယ်။

          Disclaimer: အထက်ပါ အကြောင်းအရာများက ဗဟုသုတအနေနဲ့သာ တင်ပြထားခြင်း ဖြစ်ပါတယ်။ တစ်ယောက်ချင်းစီရဲ့ ခန္ဓာကိုယ်က မတူညီတာကြောင့် ကျန်းမာရေးပြဿနာတစ်စုံတစ်ရာရှိမယ်ဆိုရင် ဆရာဝန်နဲ့သာပြသဖို့ အကြံပြုလိုပါတယ်။

          မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

          Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



          မှ အချက်အလက် စစ်ဆေးထားပါသည်။

          Dr. Htet Htet Zaw Win


          Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 06/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

          ad iconadvertisement

          ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

          ad iconadvertisement
          ad iconadvertisement