backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သင့်အသားအရောင်နဲ့လိုက်ဖက်မယ့် အကောင်းဆုံးအောက်ခံမိတ်ကပ်ကို ဘယ်လိုရွေးမလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သင့်အသားအရောင်နဲ့လိုက်ဖက်မယ့် အကောင်းဆုံးအောက်ခံမိတ်ကပ်ကို ဘယ်လိုရွေးမလဲ

သင့်အသားအရည်ပေါ်လိုက်ပြီး အကောင်းဆုံး အောက်ခံမိတ်ကပ် (foundation) ရွေးချယ်ခြင်း

သင့်အသားအရောင်ပေါ်လိုက်ပြီး အောက်ခံမိတ်ကပ် ရွေးချယ်တာအပြင် သင့်အသားအရည်အတွက် အကောင်းဆုံးဖြစ်ပြီး သင့်အကြိုက်နဲ့ လည်းကိုက်ညီမဲ့ အမျိုးအစားကို ရွေးချယ်ဖို့လည်းအရေးကြီးပါတယ်။

ဥပမာ-သင်က အဆီပြန်တတ်တယ်ဆိုရင် အသားခြောက်တဲ့လူတွေ ညွှန်းလိုက်တဲ့ အောက်ခံမိတ်ကပ်ကို သင်သုံးချင်မှာမဟုတ်ပါဘူး။ တကယ်လို့သင့်မှာ ဝက်ခြံတွေရှိနေရင် သို့မဟုတ် rosacea ကဲ့သို့ မျက်နာနီတတ်သော အရေပြားရောဂါတစ်မျိုး ဖြစ်နေမယ်ဆိုရင် အနည်းငယ်သာ ဖုံးပေးနိုင်မဲ့ အောက်ခံမိတ်ကပ်( sheer coverage foundation)ကို အသုံးပြုလိုမှာမဟုတ်ပါဘူး။ တကယ်လို့ သင်ဟာ ပုံမှန်အသားအရည်ရှိပြီး အသားရောင်ကလည်း ညီနေမယ်ဆိုရင် ထူပိန်းပိန်းဖြစ်နေမယ့် အောက်ခံမိတ်ကပ်မျိုးကို သုံးလိုမှာမဟုတ်ပါဘူး။

ဒီလိုဆိုအောက်ခံမိတ်ကပ်အမျိုးမျိုးကဘာတွေလဲ၊ သင်ဘယ်လိုရွေးချယ်မလဲ။

အောက်မှာ ဖော်ပြထားတာတွေကတော့ သင်မိတ်ကပ်ဝယ်တဲ့အခါ တွေ့နိုင်မဲ့ အမျိုးအစားတွေပါ။ သင့်အသားအရည် အမျိုးအစားကို နားလည်ခြင်း၊ coverage လုပ်လိုတဲ့ အနေအထားကို သိရှိထားခြင်းနဲ့ သင့်အကြိုက်ကိုလိုက်ပြီး ရွေးချယ်ခြင်းက သင်နဲ့အသုံးတည့်မဲ့ အောက်ခံမိတ်ကပ်ကိုရွေးချယ်နိုင်မဲ့ သော့ချက်တွေပါ။

အောက်ခံမိတ်ကပ် ၅မျိုးရှိပါတယ်။ တစ်ခုချင်းစီဟာအသားအရည်ပုံစံတစ်မျိုးစီအတွက် အထူးဖော်စပ်ထုတ်လုပ်ထားတာတွေပါ။

(၁) Cream Foundation(မိတ်ကပ်ခရင်မ်) : ဒီအမျိုးအစားတွေကပုံမှန်အသားအရည်၊ ပေါင်းစပ်အသားအရည်နဲ့ ခြောက်သွေ့တဲ့ အသားအရည်အတွက်ပါ။ အသားအရောင်မညီတဲ့လူတွေနဲ့ heavier coverage ကိုလိုအပ်တဲ့အမျိုးသမီးတွေအတွက်ပိုပြိးသင့်တော်ပါတယ်။

  • Coverage (ဖုံးကွယ်နိုင်စွမ်း) : Medium to full
  • လိမ်းပြီးသွားရင် : စိုထိုင်းထိုင်းနဲ့ ပြောင်ပြောင်ဝင်းဝင်းလေးနေပါတယ်။
  • ဘာလုပ်ပေးနိုင်သလဲ : အသားရောင်မညီတာတွေနဲ့ အပြစ်အနာအဆာတွေကိုဖုံးကွယ်ပေးပြီးလိမ်းပြီးတဲ့အချိန်မှာ ချောမွတ်နေစေပါတယ်။
  • အသုံးပြုပုံ : မိတ်ကပ်ဖော့ (သို့) foundation brush ကိုသုံးပြီးလိမ်းပါ။

(၂) Liquid Foundation (မိတ်ကပ်ရည်) : အသားအရည်မျိုးစုံအသုံးပြုလို့ရပါတယ်။ ခြောက်သွေ့တဲ့အသားအရည်နဲ့ ၂၅ပတ်ဝန်းကျင် အသားအရည်တွေအတွက်ပိုပြီးအသုံးတည့်ပါတယ်။

  • Coverage : Light to Medium
  • လိမ်းပြီးသွားရင် : ထုတ်လုပ်တဲ့ပုံစံပေါ်မူတည်ပြီးစိုထိုင်းထိုင်းနေတာ, နူးညံ့ချောမွတ်နေတာသို့မဟုတ် matte typeမျိုးလည်း ဖြစ်နိုင်ပါတယ်။
  • ဘာလုပ်ပေးနိုင်သလဲ : မညီညာတဲ့အသားရောင်တွေနဲ့ အခြားအရာတွေကိုညီညာချောမွတ်သွားစေပါတယ်။ အသားအရည်ကိုလည်း အစိုဓါတ်ပြန်လည်ဖြည့်တင်းပေးပါတယ်။
  • အသုံးပြုပုံ : မိတ်ကပ်ဖော့ (သို့) အောက်ခံမိတ်ကပ် brushကိုသုံးပြီးလိမ်းပါ။

(၃) Pressed powder foundation(မိတ်ကပ်မှုန့်) : အဆီပြန်တဲ့အသားအရည်အတွက် အသုံးဝင်ပါတယ်။

  • Coverage : Light to medium
  • လိမ်းပြီးသွားရင် : Matte
  • ဘာလုပ်ပေးနိုင်သလဲ : အသားရောင်မညီတာတွေနဲ့ အပြစ်အနာအဆာတွေကိုဖုံးပေးပြီးအဆီတွေကိုစုပ်ယူပေးပါတယ်။
  • အသုံးပြုပုံ : brushကိုအသုံးပြုပေးပါ။ brush အမွှေးပိုထူလေမိတ်ကပ်သားအသားထဲစိမ့်ဝင်လေပါပဲ။

(၄) Mineral Foundation (သဘာဝပစ္စည်းများနှင့်သာပြုလုပ်ထားသော Foundation) : အဆီပြန်တဲ့ အသားအရည်မှလွဲပြီး အခြားအသားအရည် အားလုံးအတွက် အသုံးဝင်ပါတယ်။ ထိခိုက်လွယ်သော အရေပြားနဲ့ rosacea (မျက်နှာနီတတ်သူများအတွက်) ရှိသူများအတွက် ပိုပြီးအသုံးတည့်ပါတယ်။

  • Coverage : Light to Medium
  • လိမ်းပြီးသွားရင် : Matte
  • ဘာလုပ်ပေးနိုင်သလဲ : အသားအရောင်မညီတာတွေကိုညီစေပြီးအစိုဓါတ်ဖြည့်တင်းပေးပါတယ်။ အဆီတွေကိုစုပ်ယူပေးပြီး အဆီပြန်တာကိုကာကွယ်ပေးပါတယ်။
  • အသုံးပြုပုံ : Kabuki brush ကိုအသုံးပြုပြီးပုတ်လိမ်းပေးပါ။

(၅) Tinted Moisturizer : ပုံမှန်နဲ့ ခြောက်သွေ့သောအသားအရည်ရှိသူများအတွက်အသုံးဝင်ပါတယ်။ ရေဓါတ်ဖြည့်ပေးဖို့ ပိုပြီး လိုအပ်နေသူများနဲ့ မိတ်ကပ်အနည်းငယ်သာ အသုံးပြုလိုသူများအတွက် ပိုပြီးသင့်တော်ပါတယ်။

  • Coverage : Sheer to Light
  • ဘာလုပ်ပေးနိုင်သလဲ : အသားအရောင်အနည်းငယ်မညီတာကိုညှိပေးပါတယ်။ မိတ်ကပ်မလိမ်းထားတဲ့ပုံပေါက်နေအောင် စွမ်းဆောင်နိုင်ပါတယ်။
  • အသုံးပြုပုံ : foundation brush ကိုအသုံးပြုပါ။

သင့်အသားအရည်က ဘယ်အမျိုးအစားပဲ ဖြစ်နေပါစေ။ သင့်မှာ ရွေးချယ်စရာတွေ အများကြီးရှိပါတယ်။ သင့်အတွက် အကောင်းဆုံးဖြစ်မဲ့ တစ်ခုကို ရွေးချယ်ပြီး ဒီနေ့အတွက် အလှပဆုံးပြင်ဆင်လိုက်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement