ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဦးရေပြားနဲ့ ဆံသားထိန်းသိမ်းမှုတွေက ဆံသားနဲ့ ပတ်သက်နဲ့ ဆံပင်ကြမ်းတာ၊ ကျွတ်တာတွေကို သက်သာစေသလို ဦးရေပြားနဲ့ ပတ်သက်တဲ့ ရောဂါတွေကိုလည်း ကာကွယ်ရာ ရောက်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ကိုယ်တိုင်တောင် မသိတဲ့ ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေအကြောင်း

ဆံသား အပါအဝင် ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေ အကြောင်းကို တော်တော်များများ သိထားတယ်လို့ ကိုယ့်ကိုယ့်ကိုယ် ယူဆနေပါသလား။ ဒါဆိုရင်တော့ နောက်ထပ် တစ်ကြိမ် စဉ်းစားပြီးမှ အဖြေပေးပါလို့ ပြောချင်ပါတယ်။ တကယ်ကတော့ အခု ဒီစာကို ဖတ်နေတဲ့ ပရိသတ်ကြီးရော ဒီစာကိုရေးတဲ့ ကျွန်တော် ကိုယ်တိုင်ပါ မွေးကတည်းက ဦးရေပြားမှာ ပါလာတဲ့ ဆံသား တွေနဲ့ ခန္ဓာကိုယ် အနှံ့မှာ ပေါက်တဲ့ အမွေးအမျှင် အကြောင်းကို မသိကြပါဘူး။ ကဲ .... ဒီနေ့တော့ ကိုယ်တိုင်တောင် မသိတဲ့ ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေအကြောင်း လေ့လာလိုက်ရအောင်နော်။ ကိုယ်တိုင်တောင် မသိတဲ့ ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေအကြောင်း ကိုယ်တိုင်တောင် မသိတဲ့ ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေအကြောင်း က ဘာတွေဖြစ်မလဲဆိုတာကို အတူတူ လေ့လာလိုက်ရအောင်နော်။ # ဆံပင်တွေကို အဓိကအားဖြင့် Keratin နဲ့ […]

ဆံသားနှင့် ဦးရေပြားကျန်းမာရေး ကို ရှာဖွေမည်။

ဆံသားနှင့် ဦးရေပြားကျန်းမာရေး

လက်လှမ်းမီရာက ဆံသားထိန်းသိမ်းမှုပစ္စည်းများ

ဆံသား ကျန်းမာရေးကို ထိန်းသိမ်းချင်တယ်။ ဘာတွေနဲ့ ထိန်းသိမ်းရမလဲ မသိဘူး ဆိုတဲ့သူလေးတွေရှိလား...... ဒါဆိုရင်တော့ ဆံသား ကျန်းမာအောင် ထိန်းသိမ်းပေးနိုင်မယ့် လက်လှမ်းမီရာက ဆံသားထိန်းသိမ်းမှုပစ္စည်းများ အကြောင်း ပြောပြပေးပါရစေလား............... လက်လှမ်းမီရာက ဆံသားထိန်းသိမ်းမှုပစ္စည်းများ က ဘာတွေများလဲ......... လက်လှမ်းမီရာက ဆံသားထိန်းသိမ်းမှုပစ္စည်းများ က ဘာတွေလဲဆိုတော့ ဆန်ဆေးရည် ဆန်ဆေးရည်ကို ဒီအတိုင်းသွန်ပစ်မယ့်အစား ဆံသားကျန်းမာရေးအတွက် အသုံးပြုပေးလို့ရပါတယ်။ ဆန်ဆေးရည်မှာ ပရိုတင်း ၁၆ ရာခိုင်နှုန်းပါဝင်ပြီး ဆံသားကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဆန်ဆေးရည်မှာပါတဲ့ အဆီဓာတ်က ၊ ကာဗိုဟိုက်ဒရိတ်၊ inositol နဲ့ phytic အက်ဆစ်တို့က ဆံပင်ကဆဲလ်တွေကို ကျန်းမာစေပြီး အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ဆံပင်လျှော်ပြီးတဲ့အခါ အသန့်ခံထားတဲ့ ဆန်ဆေးရည်ကို လောင်းချပြီး ဆေးပေးတာက ဆံပင်ကျွတ်တာနဲ့ ဆံပင်မဖြူအောင် ကာကွယ်ပေးနိုင်ပါတယ်။ ကြက်ဥ ကြက်ဥကလည်း ဆံသားကို ကျန်းမာစေနိုင်ပါတယ်။ ကျိုးပျက်ခြောက်သွေ့နေတဲ့ ဆံသားတွေကို အားဖြည့်ပေးပါတယ်။ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ခေါင်းဖြီးတာက တကယ်လိုအပ်လား ...........

မနက်ခင်း အိပ်ရာက ထတဲ့အချိန်၊ အပြင်မသွားခင်နဲ့ ညနေ ရေချိုးပြီးချိန်တွေမှာ ခေါင်းဖြီးလား။ ဒါမှမဟုတ် တစ်နေ့လုံးနေမှ တစ်ကြိမ်ပဲ ခေါင်းဖြီးတာလား....... ခေါင်းကို လုံးဝမဖြီးဘဲနေလား......  ခေါင်းဖြီးတာက တကယ်လိုအပ်လား ........... ခေါင်းဖြီးတာက အလှအပအတွက်တင် မဟုတ်ပါဘူး။ ဆံသားနဲ့ ဦးရေပြားကိုပါ ကျန်းမာစေတာပါ။ ဘယ်လိုတွေများ အကျိုးထူးစေလဲ သိချင်ရင် ဒီဆောင်းပါးလေးက အဆင်ပြေစေမှာပါနော်။ ခေါင်းဖြီးတာက တကယ်လိုအပ်လား ........... ခေါင်းဖြီးတာက တကယ်လိုအပ်လား ........... ဆိုတော့ ခေါင်းပုံမှန်ဖြီးပေးတာကြောင့် အိပ်ပျော်စေတယ် ခေါင်းဖြီးတာက စိတ်ရော ကိုယ်ပါ လန်းဆန်းစေပြီး အင်အားပြည့်စေဖို့ အထောက်အပံ့ပေးပါတယ်။ ညဘက်မှာ ကောင်းကောင်း အိပ်ပျော်ချင်တယ်ဆိုရင်တော့ မအိပ်ခင်မှာ ခေါင်းဖြီးပါတဲ့။ ဆံပင်ကို နဖူးစပ်က အဖျားထိရောင်အောင် သေချာလေး ဖြီးပေးပါ။ ဒီလိုဖြီးပေးတာက ဆံပင်တွေကို ရှင်းစေသလို ညဘက် ကောင်းကောင်းအိပ်ပျော်စေဖို့လည်း အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။ ဆံပင်မှာ ကပ်တွယ်နေတဲ့အရာတွေကို […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင်အဖျား နှစ်ခွတွေကို ဒီလိုဖြေရှင်းပါ

ဆံပင်ကလည်း ထိန်းသိမ်းစောင့်ရှောက်ဖို့လိုတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဆံပင်ကို သေချာဂရုစိုက်မှာ ကျန်းမာသန်စွမ်းတဲ့ ဆံသားကို ပိုင်ဆိုင်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ ဆံပင် အဖျားနှစ်ခွဖြစ်တာကို သက်သာစေမယ့် နည်းလမ်းလေးတွေကို ပြောပြပေးပါရစေ။ ဆံပင် အဖျားနှစ်ခွဆိုတာ ဘာလဲ................ ဆံပင် အဖျားနှစ်ခွဆိုတာ ဆံသားရဲ့ အဖျားမှာ ဆံပင်က တစ်ခုထဲမဟုတ်ဘဲ နှစ်ခုကွဲနေတာမျိုး တစ်ခါတလေ ၃ ခွ၊ ​၄ ခွလောက်အထိ ကွဲနေတာမျိုးတွေတောင်ရှိတတ်ပါတယ်။ အဖျားတွေက ခြောက်ဖွာပြီး ဒီလိုလေးတွေ ကွဲနေတာကို ဆံပင် အဖျား နှစ်ခွဖြစ်တယ်၊ လို့ ခေါ်တာပါ။ ဘာတွေကြောင့် ဆံပင် အဖျားနှစ်ခွ ဖြစ်ရတာလဲ....... ဆံပင် အဖျား နှစ်ခွဖြစ်ရတဲ့ အကြောင်းအရင်းက တစ်ခုမကရှိနိုင်ပါတယ်။ အပူချိန် ပြင်းပြင်းနဲ့ ထိတွေ့တာ ဖုန်မှုန့် နဲ့ ညစ်ညမ်းတဲ့အရာတွေနဲ့ အချိန်ကြာမြင့်စွာ ထိတွေ့တာ ဆံပင်ကို ခဏခဏလျှော်တာ ဓာတုပစ္စည်းပါတဲ့ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

အပူဒဏ်ကြောင့် ကျိုးကြေသွားတဲ့ ဆံသားတွေကို ပြုပြင်ဖို့ဆိုရင်

ဒီဘက်ခေတ်မှာ ဆံသားကို အပူပေးပြီး ဖြောင့်လိုက်၊ ကောက်လိုက် လုပ်တာတွေ သိပ်ကို များလာပြီနော်။ မိန်းကလေးတွေတင်မကဘဲ ယောက်ျားလေးတွေပါ အလှအပကို လိုက်စားလာတဲ့ ခေတ်ကို ရောက်လာပြီလေ။ ဆံသားနဲ့ ဦးရေပြားဆိုတာ အရမ်းကို နူးညံ့တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း ဖြစ်တာကြောင့် မကြာခဏဆိုသလို အပူပေးနေမယ်ဆိုရင်တော့ ပျက်စီးကျိုးကြေလာမှာ၊ ဦးရေပြားက ခြောက်သွေ့လာမှာ အသေအချာပဲပေါ့။ မကြာခဏ အပူပေးလို့ ဆံသားပျက်စီးတဲ့အခါ ဘာတွေလုပ်တတ်လဲ။ ဆံသားကို မကြာခဏ အပူပေးတဲ့အခါ ဦးရေပြားမှာ ရှိတဲ့ မွေးညှင်းပေါက်တွေဟာ ခြောက်သွေ့လာပြီး အာဟာရဓာတ်နဲ့ အဆီတွေဟာ ခမ်းခြောက်လာပါတယ်။ အဲ့ဒီအခါ ဆံသားတွေ ခြောက်လာမယ်၊ ကိုင်လိုက်ရင် ကြွပ်ဆတ်ဆတ် ဖြစ်လာမယ်၊ ဆံပင်နှစ်ခွဖြစ်မယ်၊ ဆံပင်အချင်းချင်း ငြိပြီး အထုံးလိုမျိုး ဖြစ်လာမယ်၊ ကျိုးကြေပြီး ဆံပင်တွေ အများကြီး ကျွတ်လာမယ်။ ဒါက […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံသားနဲ့ ဦးရေပြားအတွက် Botox ပေါင်းတင်ဆေး

Botox ကို အသားအရေ အရမ်း ဂရုစိုက်တတ်တဲ့သူတွေ တော်တော်များများ သိထားကြမှာပါ။ အရေးအကြောင်းတွေကို ပြေလျော့စေဖို့၊ ငယ်ရွယ်နုပျိုစေဖို့၊ အသားအရေ တင်းတင်းရင်းရင်း ဖြစ်စေဖို့အတွက် Botox ဆေးတွေ ထိုးကြပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရှိတဲ့ အရေပြားတွေအတွက် Botox ထိုးလို့ ရသလို ဆံသားနဲ့ ဦးရေပြားအတွက် သီးသန့် Botox ဆေးတွေလည်း ရှိပါတယ်။ ဆေးအမျိုးအစားရော သုံးပုံသုံးနည်းရော မတူပေမဲ့ အသက်အရွယ်ကြောင့် ဆံပင်ကျွတ်လာတာ၊ ဦးရေပြား လျော့တိလျော့ရဲ ဖြစ်လာတာမျိုးကို ကာကွယ်ပေးဖို့အတွက် အသုံးပြုကြပါတယ်။ ဘာကွာခြားမှု ရှိလဲ။ အရေပြားမှာ အသုံးပြုတဲ့ Botox ထိုးဆေးလိုမျိုးတော့ Botulinum Toxin ဆိုတဲ့ အဓိက ပစ္စည်းတစ်မျိုး မပါဝင်ပါဘူး။ သူ့ကို Botox လို့ ခေါ်ရခြင်းဟာ အရေပြားမှာ အသုံးပြုတာနဲ့ ရည်ရွယ်ချက်ချင်း၊ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံသားကျန်းမာဖို့ ခေါင်းလျှော်ရည် အပျော့စားကို ရွေးချယ်တော့မယ်ဆိုရင်

ခေါင်းလျှော်ရည် အပျော့စားဆိုတာ ဘာလဲ။ သူ့ထဲမှာ ပါဝင်တဲ့ ဓာတ်ပစ္စည်းတွေဟာ တခြားခေါင်းလျှော်ရည်တွေနဲ့ ယှဉ်လိုက်ရင် တော်တော်လေးကို ပျော့တယ်။ အဲ့တော့ ဆံသားနဲ့ ဦးရေပြားကိုလည်း အရမ်း မပျက်စီးစေနိုင်တော့ဘူးပေါ့။ ဦးရေပြား အမျိုးမျိုး၊ ဆံသားပြဿနာ ရှိသူတွေအတွက်ဆိုရင် တော်တော် အသုံးဝင်ပါတယ်။ တွေ့ကရာ ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ချလိုက်တာထက် ဒီလို မပြင်းတဲ့ ဆပ်ပြာနဲ့ လျှော်မယ်ဆိုရင်တော့ ရေရှည်မှာ ကိုယ့်ဆံသားနဲ့ ဦးရေပြားအတွက် မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်မှာပါ။ ဘယ်လိုလူတွေအတွက် အသင့်လျော်ဆုံးလဲ။ • နေ့တိုင်းလိုလို ခေါင်းလျှော်တတ်တဲ့သူတွေ • ဓာတ်ပစ္စည်း သို့မဟုတ် အပူဒဏ်ကြောင့် ပျက်စီးနေတဲ့ ဆံသားပိုင်ရှင်တွေ • ခြောက်ပြီး ကြွပ်ဆတ်ဆတ် ဖြစ်နေတဲ့ ဆံပင်သားတွေ • အရမ်း ပျော့လွန်းပြီး အထိခိုက် မခံနိုင်တဲ့ ဆံနွယ်မျိုးတွေ • ဗောက်အရမ်း ထတဲ့သူတွေ • မကြာခဏ ဆံသား […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ခေါင်းလျှော်ပေးခြင်းကနေ ရနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

လူတော်တော်များများက နေ့တိုင်းနီးပါး ရေချိုးကြပေမယ့် ခေါင်းလျှော်ဖို့ကျ မေ့နေတတ်ပါတယ်။ ခေါင်းကနေ့တိုင်းလျှော်ဖို့ မလိုဘူးဆိုပေမယ့် အနည်းဆုံး တစ်ပတ်ကို ၂ ကြိမ်လောက်တော့ လျှော်ပေးသင့်ပါတယ်။ အကြောင်းကတော့ ဆံသားတွေ မှာလည်း ရောဂါပိုးတွေ ကပ်တွယ်နေနိုင်တာကြောင့်ပါ။ ခေါင်းလျှော်ပေးခြင်း နဲ့ ကျန်းမာရေး ခေါင်းကို တလျှော်၊ ကင်ပွန်းသီးနဲ့ပဲ ဖြစ်ဖြစ် အလွယ်တကူလျှော်လို့ရတဲ့ Shampoo နဲ့ပဲဖြစ်ဖြစ် ပုံမှန်လေးလျှော်ပေးသင့်ပါ တယ်။ ဒီလို လျှော်ပေးတာကြောင့် ဘယ်လို အကျိုးကျေးဇူးတွေများ ရနိုင်သလဲ…. ဆံသားတွေ ကျန်းမာစေနိုင်တယ် ဆံပင်ကို ပုံမှန်လျှော်ပေးတာက ဆံသားတွေ ကျိုးတာပျက်တာနဲ့ မွဲခြောက်ခြောက်ဖြစ်တာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးရာ ရောက်ပါတယ်။ ခေါင်းလျှော်တဲ့အခါမှာ ခပ်ကြမ်းကြမ်းပွတ်လျှော်တာမျိုး မလုပ်ဖို့တော့ လိုပါမယ်။ စိတ်ကြည်လင် လန်းဆန်းစေတယ် ခေါင်းလျှော်လိုက်တဲ့အခါ စိတ်လက်ပေါ့ပါးသွားတာမျိုး ခံစားဖူးကြမယ်ထင်ပါတယ်နော်။ ခေါင်းပေါ့သွားတာပဲလို့တောင် ပြောဖူးမှာပါ။ တွေးရကြပ်လာတဲ့အခါ၊ စိတ်ရှုပ်လာတဲ့အခါမျိုးမှာ ခေါင်းလျှော်လိုက်ပါ စိတ်သက်သာရာ ရပါလိမ့်မယ်။ ခေါင်းချွေးနံ့ ကင်းစေတယ် တစ်နေ့တာ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဘာလို့ ဆံပင်တွေ ကျွတ်နေတာလဲ

ဆံပင်လေးတစ်ချက်လောက် ဖြီးလိုက်ရုံနဲ့ ဆံနွယ်စတွေ အထွေးလိုက်ပါလာတာမျိုး ကြုံဖူးကြမှာပါ။ အမျိုးသားထုတွေကတော့ များသောအားဖြင့် သိပ်ပြီး ဂရုမစိုက်ကြပေမယ့် မမ တွေကတော့ ဆံပင်တွေ ကျွတ်လာပြီဆိုရင် စိုးရိမ်ရ ပူပန်ရ စိတ်ညစ်ရတတ်တာ သဘာဝပါပဲ။ ကိုကို တွေ အနေနဲ့လည်း မမ တွေ လောက် စိတ်မပူရရင်တောင်မှ နဖူးပြောင်တာတွေ ထိပ်ပြောင်တာတွေ ဖြစ်မှာကိုတော့ စိုးရိမ်တတ်ကြပါတယ်။ တစ်ခုရှိတာက ဆံပင်ဆိုတာမျိုးက သူ့အလိုလိုနေရင်းကို ကျွတ်တတ်တဲ့အရာဆိုတာကို မမေ့ပါနဲ့နော်။ ပုံမှန်အခြေအနေမှာ တစ်နေ့ကို ဆံပင် အချောင်း ၁၀၀ ဝန်းကျင် ကျွတ်လေ့ရှိပါတယ်။ ဒါပေမယ့် တစ်ချို့အခြေအနေတွေမှာတော့ ကျန်းမာရေးပြဿနာတွေကြောင့်လည်း ဆံပင်ကျွတ်နိုင်ပါတယ်။ ဒါကြောင့် ဘယ်လို ကျန်းမာရေးအခြေအနေတွေမှာ ဆံပင်ကျွတ်နိုင်လဲဆိုတာကို ပြောပြချင်ပါတယ်။ ဆံပင်ကျွတ်စေတဲ့ အကြောင်းအရင်းများ ဆံပင်ကျွတ်တာ စောစောသိဖို့ လိုတယ် ဆံပင်ကျွတ်တာက လူတိုင်း အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

သင့်ဆံပင်က ပြောပြနေတဲ့ သင့်ကျန်းမာရေး

ဆံသားလေးတွေက လှလိုက်တာ၊ ဆံပင်လေးက သန်လိုက်တာလို့ ချီးမွမ်းခံရရင် လူတိုင်းနီးပါး (အထူးသဖြင့် အမျိုးသမီးတွေ) က သိပ်သဘောကျတတ်ကြပါတယ်။ ဆံပင်သန်သန်၊ ဆံလုံးထွားထွား၊ စိုစိုပြေပြေလှလှပပရှိနေတာကလည်း အမျိုးသမီးတို့အတွက်တော့ အလှတပါးပဲမဟုတ်လား။ ခုခေတ်မှာ ဆံပင်တွေကို စိတ်ကြိုက်ပုံသွင်းကြ၊ အရောင်တွေဆိုးကြ၊ ဒီဇိုင်းသစ်တွေ ဘယ်လိုဖန်တီးနေကြသည်ဖြစ်ပါစေ ဆံသားလှလှလေးတွေပိုင်ဆိုင်ထားတဲ့ အမျိုးသမီးလေးတွေကတော့ လူတိုင်းရဲ့ သဘောကျနှစ်ခြိုက်မှုကို ခံနေကြရစမြဲပါပဲ။ ဆံပင်လှလှလေးတွေ ပိုင်ဆိုင်ထားတာက အလှတရားကိုပိုင်ဆိုင်ထားရုံတင်မကပါဘူး။ သင့်ကျန်းမာသန်စွမ်းနေတယ်ဆိုတာကိုလည်း သွယ်ဝိုက်တဲ့နည်းလမ်းနဲ့ ပြသနေတာဖြစ်ပါတယ်။ မကျန်းမာတဲ့လူတွေ၊ ကျန်းမာရေးပြဿနာရင်ဆိုင်နေရသူတွေဟာ ဆံပင်ရဲ့ ကောင်းခြင်းတွေကို ပိုင်ဆိုင်ထားကြခြင်းမရှိတာကို သတိထားကြည့်ရင် မြင်သာပါလိမ့်မယ်။ တကယ်တော့ ဆံသားပျက်စီးတာတွေ၊ ဆံပင်ကျွတ်တာတွေ၊ ထိပ်ပြောင်တာတွေဟာ ကိုယ့်ခန္တကိုယ်ကြီးရဲ့ ပျက်စီးယိုယွင်းနေမှုတွေကို သူတို့ တတ်နိုင်သလောက် သတိပေးနေကြတာသာဖြစ်ပါတယ်။ သတိထားပြီးသာ ကြည့်မယ်ဆိုရင် ဒီလို ဆံသားပျက်စီးမှုတွေကနေတဆင့် ကိုယ့်ရဲ့ ဘယ်အစိတ်အပိုင်းတွေ ကျန်းမာရေးယိုယွင်းနေတယ်ဆိုတာကို သိစေနိုင်ပါလိမ့်မယ်။ ဆံပင်ဘယ်လိုပျက်ဆီးရင် ကိုယ့်ခန္တာကိုယ်က ဘယ်လိုဝေဒနာတွေ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံနွယ်လေးတွေ စိတ်ကူးထားတဲ့အတိုင်းဖြစ်လာစေဖို့ ဘာတွေစားမလဲ

သူ့ဆံပင်လေးက နက်မှောင်နေတာပဲ။ ထူထူထဲထဲလေးနော်။ ငါလည်း သူ့လိုလှပတဲ့ ဆံနွယ်လေးတွေ ပိုင်ဆိုင်ချင်လိုက်တာလို့ စိတ်ကူးနေတဲ့ လေဒီလေးတွေ များရှိလား။ ဒါဆိုရင်တော့ စိတ်ကူးထားတဲ့အတိုင်း ဆံသားလေးလှပစေဖို့ ဘာတွေစားပေးရင်ရမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ ဆံနွယ်လေးတွေ စိတ်ကူးထားတဲ့အတိုင်းဖြစ်လာစေဖို့ ဒါတွေစားပါ ဆံနွယ်လေး နက်မှောင်လှပနေမှုကလည်း သင့်ကို အလှတိုးစေမယ့်အရာတစ်ခုပါ။ ဒီတော့ ဆံနွယ်လေးကို စိတ်ကူးထားတဲ့အတိုင်းလှပနေစေဖို့ဆိုရင် ဆံသားတောက်ပြောင် စေဖို့ ဆံသားတောက်ပြောင်စေဖို့အတွက် omega-3 fatty acids ကြွယ်ဝစွာပါဝင်နေတဲ့ ဆယ်လ်မွန်၊ ဆာဒင်း၊ မက်ကာရယ် တို့လိုမျိုးငါးတွေစားပေးပါ။ ခန္ဓာကိုယ်က ဒီအဆီကိုမထုတ်လုပ်နိုင်တာကြောင့် အစားအစာကနေ အဓိကရယူရမှာပါ။ ဒီအဆီက ရောဂါတွေကနေ ကာကွယ်ပေးသလို ဆံသားကို သန်စွမ်းစေပြီး နက်မှောင် တောက်ပြောင်စေမှာပါ။ ဆံပင်သန် စေဖို့ ဆံပင်သန်ချင်တယ်ဆိုရင်တော့ ဒိန်ချဉ်သောက်တာက အဆင်အပြေဆုံးဖြစ်မှာပါ။ အကြောင်းကတော့ ဒိန်ချဉ်မှာ ပရိုတင်း ပြည့်ဝစွာပါဝင်နေပြီး ဦးရေပြားကို သွေးစီးဆင်းမှုကောင်းအောင် ထောက်ပံ့ပေးနိုင်တာကြောင့် ဆံသားကို […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်