ဆံပင်သန်ချင်တယ်ဆိုရင်တော့ ဒိန်ချဉ်သောက်တာက အဆင်အပြေဆုံးဖြစ်မှာပါ။ အကြောင်းကတော့ ဒိန်ချဉ်မှာ ပရိုတင်း ပြည့်ဝစွာပါဝင်နေပြီး ဦးရေပြားကို သွေးစီးဆင်းမှုကောင်းအောင် ထောက်ပံ့ပေးနိုင်တာကြောင့် ဆံသားကို သန်စွမ်းစေမှာပါ။ နောက်တစ်ချက်က ဒိန်ချဉ်မှာ ဆံပင်ပါးတာ၊ ဆံပင်ကျွတ်တာကို ကာကွယ်ပေးနိုင်တဲ့ ဗီတာမင် တစ်မျိုးဖြစ်တဲ့ ဗီတာမင် B5 ပါဝင်နေပါတယ်။
ကျိုးပျက်လွယ်မှုကို သက်သာစေဖို့
ဆံပင်ကဖြီးလိုက်တိုင်း ကျိုးပျက်လွယ်ပြီး ထိန်းသိမ်းရခက်နေတယ်ဆိုရင်တော့ ဗီတာမင် A၊ သံဓာတ်၊ ဘီတာကယ်ရိုတင်း၊ ဖောလိတ် နဲ့ ဗီတာမင် C တို့ပြည့်ဝဖို့လိုနေပါပြီ။ ဒီအာဟာရတွေပြည့်စုံမှ ဦးရေပြားကကျန်းမာပြီး ဆံသားတွေကို အာဟာရပြည့်အောင်ဖြည့်ပေးနိုင်မှပါ။ ဒါမှလည်း ဆံသားကျိုးပျက်လွယ်တာကို သက်သာစေနိုင်မှာပေါ့။ ဒီတော့ အစိမ်းရင့်ရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေဖြစ်ကြတဲ့ ဟင်းနုနွယ်၊ ကိုက်လန်တို့လိုမျိုး အသီးအရွက်တွေကို စားပေးပါ။
ဆံပင်ပြတ်တာ သက်သာစေဖို့
ဆံပင်တွေအရင်းကနေပြတ်တာ၊ တဝက်ကနေ ပြတ်တာမျိုးတွေဖြစ်နေတယ်ဆိုရင်တော့ ဗီတာမင် C လိုအပ်ချက်ရှိနေပါပြီ။ အကြောင်းကတော့ ဗီတာမင် C ကဆံသားပြတ်တာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို မာလကာသီးတစ်လုံးစားပေးပါ။
ဆံပင်ကျွတ်တာ သက်သာစေဖို့
ခေါင်းဖြီးလိုက်တိုင်း ဆံပင်တွေကျွတ်နေတယ်ဆိုရင်တော့ သံဓာတ်ပြည့်ဝမှု လိုအပ်နေပါပြီ။ ဒါကြောင့် ဆံပင်ကျွတ်တာကိုကင်းစေချင်တယ်ဆိုရင်တော့ သံဓာတ်ဖြည့်ထားတဲ့ cereal၊ ပဲပိစပ်၊ ပဲနီလေး၊ အမဲသား၊ အသည်း နဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေကို စားပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။