ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဦးရေပြားနဲ့ ဆံသားထိန်းသိမ်းမှုတွေက ဆံသားနဲ့ ပတ်သက်နဲ့ ဆံပင်ကြမ်းတာ၊ ကျွတ်တာတွေကို သက်သာစေသလို ဦးရေပြားနဲ့ ပတ်သက်တဲ့ ရောဂါတွေကိုလည်း ကာကွယ်ရာ ရောက်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ကိုယ်တိုင်တောင် မသိတဲ့ ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေအကြောင်း

ဆံသား အပါအဝင် ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေ အကြောင်းကို တော်တော်များများ သိထားတယ်လို့ ကိုယ့်ကိုယ့်ကိုယ် ယူဆနေပါသလား။ ဒါဆိုရင်တော့ နောက်ထပ် တစ်ကြိမ် စဉ်းစားပြီးမှ အဖြေပေးပါလို့ ပြောချင်ပါတယ်။ တကယ်ကတော့ အခု ဒီစာကို ဖတ်နေတဲ့ ပရိသတ်ကြီးရော ဒီစာကိုရေးတဲ့ ကျွန်တော် ကိုယ်တိုင်ပါ မွေးကတည်းက ဦးရေပြားမှာ ပါလာတဲ့ ဆံသား တွေနဲ့ ခန္ဓာကိုယ် အနှံ့မှာ ပေါက်တဲ့ အမွေးအမျှင် အကြောင်းကို မသိကြပါဘူး။ ကဲ .... ဒီနေ့တော့ ကိုယ်တိုင်တောင် မသိတဲ့ ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေအကြောင်း လေ့လာလိုက်ရအောင်နော်။ ကိုယ်တိုင်တောင် မသိတဲ့ ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေအကြောင်း ကိုယ်တိုင်တောင် မသိတဲ့ ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေအကြောင်း က ဘာတွေဖြစ်မလဲဆိုတာကို အတူတူ လေ့လာလိုက်ရအောင်နော်။ # ဆံပင်တွေကို အဓိကအားဖြင့် Keratin နဲ့ […]

ဆံသားနှင့် ဦးရေပြားကျန်းမာရေး ကို ရှာဖွေမည်။

ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ကိုယ့် ဆံသား ကို ကိုယ်တိုင်ပျက်စီးမိစေတဲ့ အမူအကျင့်များ

ဆံပင်ဆိုတာမျိုးက အမျိုးသမီးတစ်ယောက်ရဲ့ ကောင်းခြင်းလက္ခဏာတွေထဲမှာ တစ်ပါးအပါဝင်ဖြစ်နေတဲ့ အရာပါ။ ဆံနွယ်လှလှလေးတွေကို ပိုင်ဆိုင်ထားတယ်ဆိုတာကိုက ဆွဲဆောင်မှုတစ်မျိုးမဟုတ်လား။ ဒီလို အလှတရားတစ်ခုဖြစ်တဲ့ ဆံသား တွေကို ထိန်းသိမ်းရတာက လွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။ ဒီကြားထဲ ကိုယ်တိုင် မသိလိုက်ပဲ ပြုမူနေတဲ့ အပြုအမူမှားတွေကြောင့် ဆံပင်တွေ ပိုပိုပျက်စီးရတတ်တာကလည်း ရှိနေပါသေးတယ်။ ကဲ ဘယ်လိုအမှားတွေက ကိုယ့်ရဲ့ ဆံသားကိုပျက်စီးနေစေတာလဲဆိုတာကို ကြည့်ကြရအောင်။ ဆံသား ကို ပျက်စီးစေသော အလေ့အထများ ဆံပင်ဖြီးလွန်းတာ - သိုးဆောင်း စကားပုံတစ်ခုရှိတယ်။ တစ်နေ့ကို အခါ ၁၀၀ ဖြီးသင်ပါတဲ့။ တကယ်တော့ ဒီစကားက ယုံတမ်းတစ်ခုသက်သက်ပါ။ တစ်နေ့တစ်နေ့ ဆံပင်မကြာခဏဖြီးသင်နေတာဟာ ကိုယ့်ဆံသားကို ဆုံးရှုံးစေဖို့ ကိုယ်တိုင်ပြုလုပ်နေတာသာဖြစ်ပါတယ်။ လေတွေ အရမ်းမမှုတ်နဲ့ - Hair Dryer နဲ့ ခဏခဏ မှုတ်တာကလည်း ကောင်းလှတယ်တော့မဟုတ်ပါဘူး။ ခေါင်းလျှော်ပြီးရင် […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ညအိပ်တဲ့အခါ ဆံပင်ကို စည်းသင့်၊ မစည်းသင့်

တစ်နေ့တာလုံးမှာ အလုပ်တွေကို ပင်ပင်ပန်းပန်း လုပ်ပြီးတဲ့အခါ အိမ်ပြန်ရောက်ပြီဆိုရင် ဆံပင်ကို ခပ်မြင့်မြင့်လေးစည်း ဒါမှမဟုတ် ခပ်မြင့်မြင့်လေးထုံးပြီး ရေချိုး အနားယူပြီး ဒီအတိုင်း အိပ်ရာဝင်လိုက်တယ်ဆိုတဲ့ လေဒီလေးတွေ ရှိလား။ ဒါဆိုရင်တော့ ညအိပ်တဲ့အခါ ဆံပင်ကို စည်းသင့်၊ မစည်းသင့် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ လိုနေပါပြီ။ ညအိပ်တဲ့အခါ ဆံပင်ကို စည်းသင့်၊ မစည်းသင့် မျက်နှာကို ဆံပင်တွေ ထိမိရင် ဝက်ခြံ ဖြစ်မှာလည်း စိုးတယ်။ ဆံပင်တွေနဲ့ လုံးထွေးပြီးလည်း မအိပ်ချင်လို့ပါ။ မနက်နိုးလာရင် ဆံပင်တွေ ရှုပ်ပွနေမှာကို မကြိုက်ဘူးလေဆိုတဲ့ အကြောင်းအမျိုးမျိုးနဲ့ ဆံပင်ကို အိပ်ရာမဝင်ခင်မှာ စည်းပြီးမှ အိပ်တယ်၊ ထုံးပြီးမှ အိပ်တယ် ဆိုရင်တော့ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ https://hellosayarwon.com/respiratory-health/common-cold/wet-hair-can-illness/ ညအိပ်တဲ့အခါ ဆံပင်စည်း မအိပ်သင့်ပါ ညဘက် အိပ်တဲ့အခါ ဆံပင်စည်း မအိပ်သင့်ပါဘူး။ ဒီလိုပြောရတာက ဆံပင်ကို […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

နေ့စဉ် ခေါင်းမလျှော်သင့်တဲ့ အကြောင်းအရင်းများ

ခေါင်းလျှော်တယ်ဆိုတာက တစ်ကိုယ်ရေသန့်ရှင်းရေးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ဆံသားလေးတွေ လှပဖို့ သန့်စင်ဖို့နဲ့ ဦးခေါင်းသန့်စင် လန်းဆန်းနေဖို့ ခေါင်းလျှော်ပေးဖို့ လိုအပ်ပါတယ်။ လူတွေက ကိုယ်တိုင်ပဲဖြစ်ဖြစ် ဆိုင်မှာပဲဖြစ်ဖြစ်၊ ဆပ်ပြာနဲ့ပဲဖြစ်ဖြစ်၊ ခေါင်းလျှော်ရည်နဲ့ပဲဖြစ်ဖြစ်၊ တရော်ကင်ပွန်းလို သဘာဝနည်းလမ်းတွေနဲပဲဖြစ်ဖြစ် ပုံစံမျိုးစုံ၊ နည်းလမ်းမျိုးစုံနဲ့ ခေါင်းလျှော်တတ်ကြပါတယ်။ နည်းလမ်းစုံကြသလို အလေ့အထတွေလည်း မတူတတ်ကြပါဘူး။ လူတချို့က ခေါင်းခဏခဏ လျှော်ရတာကို မနှစ်သက်တတ်ကြပေမယ့် လူအများစုကတော့ ခေါင်းမကြာခဏလျှော်ရတာကို သဘောကျတတ်ကြပါတယ်။ ဒီလူတွေထဲကမှ တချို့က နေ့စဉ်ခေါင်းလျှော်ရတာကို သဘောကျတတ်ကြပြီး၊ တကယ်လည်း နေ့စဉ် ခေါင်းလျှော်တတ်ကြပါတယ်။ ဒါက ကျန်းမာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ကောင်းမွန်တဲ့ အလေ့အထတော့မဟုတ်ပါဘူး။ နေ့စဉ် ဘာလို့ ခေါင်းမလျှော်သင့်တာလဲ နေ့စဉ် ခေါင်းလျှော်မယ်ဆိုရင် ကျန်းမာရေးကိုထိခိုက်နိုင်သလို တခြားသော ဆိုးကျိုးတွေလည်း ကြုံရစေနိုင်ပါတယ်။ ဒါတွေက ဘာတွေလဲဆိုတာကို ဆက်ပြီးလေ့လာကြည့်ရအောင်။ ၁။ သဘာဝအဆီဓာတ် လျော့ပါးစေတယ် ဦးရေပြားမှာ အဆီပြန်နေတာမျိုးက ကောင်းမွန်တဲ့ကိစ္စမဟုတ်ပါဘူး။ ဒါပေမယ့် […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

သင့်ဆံပင်နဲ့ ကိုက်ညီတဲ့ Hair Brush ကို ဘယ်လိုရွေးချယ်အသုံးပြုမလဲ

မိမိတို့ရဲ့ ဆံနွယ်တွေကို လှပပြီး ကျန်းမာသန်စွမ်းတဲ့ ဆံကေသာလေးတွေဖြစ်အောင် ထိမ်းသိမ်းစောင့်ရှောက်ဖို့ဆိုရင် ဘယ်လို Hair Brush မျိုးတွေကို အသုံးပြုနေလဲဆိုတဲ့ အချက်က အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်နေတတ်ပါတယ်။ ဒီတော့ သင့်ဆံပင်နဲ့ ကိုက်ညီတဲ့ Hair Brush ကို ဘယ်လိုရွေးချယ်အသုံးပြုမလဲ ဆိုတာ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ သင့်ဆံပင်နဲ့ ကိုက်ညီတဲ့ Hair Brush ကို ဘယ်လိုရွေးချယ်အသုံးပြုမလဲ ကိုယ့်ဆံပင်အမျိုးအစားနဲ့ မလိုက်ဖက်တဲ့ Hair Brush မျိုးတွေကို အသုံးပြုနေမိမယ်ဆိုရင် ဆံသားပျက်စီးတာ၊ ဆံပင်ကျွတ်တာ၊ ဘီးဖြီးရာမှာ နာကျင်တာနဲ့ ဦးရေပြားထိခိုက်တာတွေ ဖြစ်တတ်ပါတယ်။ ကဲ ... ဒီတော့ ဆံပင်နဲ့ ကိုက်ညီတဲ့ Hair Brush ကို ဘယ်လိုရွေးချယ်အသုံးပြုမလဲ ဆိုတာ ဆက်ပြောပြမယ်နော်။ “ခေါင်းဖြီးတာပဲ၊ ဘီးတစ်ချောင်းရှိရင် ပြီးတာပဲ” လို့ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံသား ကျန်းမာရေးအတွက် အမျိုးမျိုး အသုံးဝင်တဲ့ Probiotic လေး

Probiotic ဆိုတာ ဘာလဲ သိကြရဲ့လား။ Probiotic ဆိုတာ အစာခြေစနစ်အတွင်းက အကျိုးပြုဘက်တီးရီးယားလေးတွေပေါ့။ အစာခြေစနစ် ကျန်းမာအောင် အထောက်အကူပြုပေးတာပါ။ ဒိန်ချဉ်၊ ကင်မ်ချီ တို့လိုမျိုး အစားအစာတွေမှာ ပါဝင်နေတတ်ကြပါတယ်။ အစာအိမ်နဲ့ အူနံရံတွေက အာဟာရတွေကို စုပ်ယူမှုကောင်းအောင်လုပ်ဆောင်ပေးတယ်၊ ဝမ်းမှန်စေတယ်၊ အစာအိမ်အူလမ်းကြောင်းပြဿနာတွေကို သက်သာစေတယ်။ အခုပြောပြမယ့် ဒိန်ချဉ်က အစာခြေစနစ်အတွက် ကောင်းတယ်၊ အာဟာရဓာတ်တွေ ပါလို့ အသားအရေ အတွက်ပါ ကောင်းတယ်၊ အခုဆံပင်အတွက် ဆိုလည်း အားဖြည့်ပေးမယ့် ဆေးစွမ်းကောင်းတစ်လက် ဖြစ်နေပြန်ပါတယ်။ ဆံပင် အတွက် ဘာတွေ ကောင်းလဲဆိုတော့ ဦးရေပြားမှာ မှိုပိုး သန့်စင်စေတဲ့ အာနိသင်ကြောင့် ဗောက်ပျောက်စေတယ် ဆံသားကို အစိုဓာတ် ကြာကြာထိန်းပေးနိုင်တယ် ဦးရေပြား ကျန်းမာရေးကို အားဖြည့်ပေးပြီး ဆံပင်အမြစ်အိတ်မှာ ပိတ်ဆို့ခြင်းကို သက်သာစေတယ် (ရလဒ်အနေနဲ့ ဆံပင်ကျွတ်သက်သာစေတယ်) အဆီထွက်ရှိမှုကို […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ကိုယ့် ဆံပင် ကိုယ် အနံ့မခံနိုင်လောက်အောင် ဖြစ်ရတဲ့ အကြောင်းရင်း

ချွေးထွက်ထွက် မထွက်ထွက်၊ ရာသီဥတု ပူပူ မပူပူ ခေါင်းချွေး ထွက်တတ်တဲ့သူတွေရှိပါတယ်။ ခေါင်းချွေးထွက်က ကိစ္စမရှိပေမယ့် ခေါင်းချွေးနံ့က ပြင်းနေရင် ပြဿနာရှိနေပါပြီ။ လှုပ်ရှားလိုက်တိုင်း ကိုယ့် ဆံပင် က ခေါင်းချွေးနံ့ထွက်နေတာ အတော်ဆိုးပါတယ်။ လူကြားထဲ သွားလာရတာ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတော့ဘူး၊ သူများတွေများ နံမလား၊ နှာခေါင်းရှုံ့ခံရမလား တထိတ်ထိတ်နဲ့ပေါ့။ ဘာကြောင့် ဒီလောက် အနံ့ပြင်းရတာလဲ ခေါင်းမှန်မှန် မလျှော်လို့ ခေါင်းမလျှော်ဘဲ နေလေ ဦးရေပြားမှာ အဆီတွေပိုပြန်လေ ဖြစ်ပါတယ်။ ခေါင်းမလျှော်ဘဲ ၃ ရက်ကျော်လာပြီဆိုရင် ဖြစ်လာတဲ့အဆီတွေကြောင့် ဦးရေပြားမှာသဘာဝအတိုင်းရှိနေတဲ့ ဘက်တီးရီးယားတွေ သေဆုံးပြီး အနံ့ဆိုးတွေ ဖြစ်လာစေပါတယ်။ ခေါင်း ခဏခဏ လျှော်လွန်းလို့ ခေါင်းလျှော်တယ် ဆိုလည်း ခဏခဏ လျှော်လွန်းတာက မကောင်းပါဘူး။ ဆံသားကို ပျက်စီးစေပြီး ဦးရေပြားကို ခြောက်သွေ့သွားစေပါတယ်။ ခေါင်းလျှော်လိုက်ရင် ဆံပင် […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆိုင်မသွားဘဲ အိမ်မှာပဲ ဆံပင် ပေါင်းတင်ကြမယ်

ဆံနွယ်လေးတွေ လှပနေဖို့ မိန်းကလေးတိုင်း မျှော်လင့်ကြတာပေါ့။ ငွေအကုန်ကျခံပြီးတောင် ဆိုင်သွားသွားပြီး ဆံပင် ပုံလှလှလေး ရအောင် အပ်ရတာလေ။ ဆံနွယ်လေးတွေ ထူဖို့၊ ပျော့ပျောင်းဖို့၊ ပုံကျလှပဖို့၊ အရောင် လှဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ပေါ့။ ဆံပင် ပျော့ပျောင်းလှပဖို့တော့ ဆံပင်ပျော့ဆေးတွေ သုံးကြတာပေါ့။ ဆိုင်မှာ လျှော်ရင် ပိုသုံးပါသေးတယ်။ ဒါပေမယ့် ဆံပင်ပျော့ဆေးကို တံဆိပ်အမျိုးမျိုးနဲ့ တွေ့ရတတ်တာကြောင့် အရည်အသွေး မကောင်းတဲ့ ဆံပင်ပျော့ဆေးတွေ ကြုံခဲ့ရင် ကောင်းကျိုးထက် ဓာတုပစ္စည်းတွေကြောင့် ဆံသားပျက်စီးတာသာ အဖတ်တင် ပါလိမ့်မယ်။ ဒီလိုမဖြစ်ရအောင် အိမ်မှာပဲ လွယ်လွယ်ကူကူ ကိုယ်တိုင်ပြုလုပ်လို့ ရတဲ့ သဘာဝဆံပင်ပျော့ဆေး လေးတွေ ဖော်ပြပေးလိုက်ပါတယ်။ ကြက်ဥ အနှစ် + ဗီနီဂါ ကြက်ဥက ဆံသားထဲမှာ အစိုဓာတ် ထိန်းပေးနိုင်တဲ့ lecithin ကြွယ်ဝပါတယ်။ ဗီနီဂါက […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင် ပါးနေလား ဒါတွေ စားပါ

ဆံပင်တွေ သိပ်ကျွတ်တာပဲ ခုနောက်ပိုင်း။ အရင်ကထက် ပိုပိုပြီး ပါးလာတယ်၊ ဦးရေပြားတောင် မြင်နေရတယ်။ ကိုယ့်မှာ ဆံပင် အလှအပလည်း ဘာမှ မလုပ်ရဲဘူး။ တော်ကြာ ဆေးဆိုးလိုက်၊ ကောက်လိုက်မှ ရှိစုမဲ့စုလေး အထွေးလိုက် ကျွတ်ကုန်မှဖြင့်နော်… ဒီလိုမျိုး ကြုံတွေ့ရတဲ့ သူတွေထဲ မိန်းကလေးတွေတင်မကဘဲ ယောကျာ်းလေးတွေ လည်း ပါနေမှာပဲ။ ဘာလို့ဆို ဆံပင်ကျွတ်စေနိုင်တဲ့ အကြောင်းရင်းတွေက ယောကျာ်း၊ မိန်းမ အားလုံးနဲ့ ဆိုင်နေတာကိုး။ ဘာကြောင့် ဆံပင် ပိုကျွတ်လာရလဲ အကြောင်းရင်း အမျိုးမျိုး ရှိနိုင်ပါတယ် - အလုပ်ပင်ပန်းတဲ့ဒဏ် (စိတ်ဖိစီးမှုနဲ့ အိပ်ရေးပျက်တာ အပါအဝင်) ကလေးမွေးဖွားခြင်း/ ကိုယ်ဝန်ဆောင်ခြင်း (ဟော်မုန်းမညီမျှမှုကြောင့်) ခွဲစိတ်ကုသမှု သန္ဓေတားဆေးသောက်သုံးခြင်း ဦးရေပြားမှာ ရောဂါပိုးဝင်ခြင်း အာဟာရညီညွတ်အောင် မစားတာ ( အထူးသဖြင့် ပရိုတင်းစားသုံးမှုနည်းတာ) ဆံပင်ပြုပြင်မှုများလွန်းတာ၊ အရောင်ဆိုးလွန်းတာ ဆေးလိပ်သောက်တာ မျိုးဗီဇကြောင့် […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဦးရေပြား အဆီပြန်ခြင်းအတွက် ဖြေရှင်းဖို့ နည်းလမ်းကောင်းများ

အသားအရေနဲ့ ပတ်သက်လာရင် ပုံမှန်ဖြစ်နေတဲ့ အသားအရေပိုင်ရှင်တွေက လွဲလို့ ကျန်တဲ့ အမျိုးအစားတွေက တော်တော် ဒုက္ခရောက်ပါတယ်။ အသား ခြောက်လွန်းတော့လည်း ဆောင်းတွင်းလို အေးတဲ့အချိန်မှာ အသားက ကြမ်းပြီး ခြောက်၊ အဆီတွေ ရွှဲပြန်နေတော့လည်း ပူလွန်းတဲ့ အချိန်မှာ လူက ယားကျိကျိနဲ့ နေလို့ ထိုင်လို့ မကောင်းတော့ဘူးပေါ့။ ဦးရေပြားဆိုတာလည်း ခန္ဓာကိုယ်ရဲ့ အရေပြားထဲက တစ်ခုဖြစ်တာကြောင့် အဆီပြန်လွန်းတာလည်း ရှိနိုင်သလို ခြောက်သွေ့တာလည်း ဖြစ်နိုင်ပါတယ်။ ခုဆောင်းပါးမှာတော့ လိုတာထက် ပိုပြီး ဦးရေပြား အဆီပြန်လွန်းတာ၊ ဆံပင်တွေက ဆီတွေရွှဲပြီး ဦးရေပြား ယားယံတာ၊ ဗောက်ထတဲ့ သူတွေအတွက် အသင့်တော်ဆုံး ဖြစ်မယ့် နည်းလမ်းကောင်းတွေကို ပြောပြပေးချင်ပါတယ်။ ၁။ ခေါင်း မကြာခဏ လျှော်ပေးပါ။ ပုံမှန်အားဖြင့် တစ်ရက် သို့မဟုတ် နှစ်ရက်ခြား တစ်ကြိမ် […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံသား ထိန်းသိမ်းနည်း လမ်းညွှန်

လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာဖြစ်တဲ့ ဆံသားကျန်းမာလှပမှာလည်း ကြော့မော့လှပတဲ့သူတစ်ယောက်ဖြစ်တော့မှာပေါ့။ မျက်နျာကို ထိန်းသိမ်းသလို ဆံသားကိုလည်း ကျန်မာသန်စွမ်းနေစေဖို့ ထိန်းသိမ်းမှုလုပ်ဖို့လိုပါမယ်။ ဒီတော့ ကျန်းမာသန်စွမ်းတဲ့ ဆံသားကို ပိုင်ဆိုင်စေဖို့ ဘယ်လို ထိန်းသိမ်းမှုတွေ လုပ်ရမလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်လား........... ဆံသားလေးတွေ ကျန်းမာနေစေဖို့ ဆံသားလေးတွေ ကျန်းမာသန်စွမ်းနေစေဖို့ ဒီအချက်လေးတွေကို လိုက်နာဖို့လိုပါမယ်။ ဆံပင်ကို ပေါင်းတင်ပါ ဆံပင်ကို ပေါင်းတင်ပါဆိုလို့ ဘယ်လိုပေါင်းဆေးတွေဝယ်ရမလဲဆိုပြီး တွေးမနေနဲ့နော်။ သဘာဝ ပစ္စည်းတွေဖြစ်ကြတဲ့ ရှားစောင်းလက်ပပ် လိုမျိုုးအရာတွေကို အသုံးပြုပေးလို့ရပါတယ်။ ခေါင်းလျှော်ပြီးစ ဆံပင်မခြောက်တခြောက်အနေအထားမှာ ဆံသားကိုရော ဦးရေပြားကိုပါ ရှားစောင်းလက်ပပ် ဂျယ်လီသား လိမ်းပေးရုံပါ။ ခေါင်းပုံမှန်လျှော်ပါ ခေါင်းလျှော်တာက ဆံသားကိုရော ဦးရေပြားကိုပါ ကျန်းမာစေနိုင်ပါတယ်။ ခေါင်းကို နေ့တိုင်းမဟုတ်ရင်တောင် အနည်းဆုံး ၂ ရက်ခြားတစ်ခါလောက်လျှော်ပေးပါ။ ခေါင်းလျှော်တဲ့အခါမှာလည်း အရမ်းကုတ်မလျှော်မိဖို့ သတိထားပါ။ ခေါင်းလျှော်တဲ့အခါတိုင်း ရေကို စင်နေအောင် ဆေးချဖို့လိုပါမယ်။ ဒါမှ ဆံသားတွေ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်