ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဦးရေပြားနဲ့ ဆံသားထိန်းသိမ်းမှုတွေက ဆံသားနဲ့ ပတ်သက်နဲ့ ဆံပင်ကြမ်းတာ၊ ကျွတ်တာတွေကို သက်သာစေသလို ဦးရေပြားနဲ့ ပတ်သက်တဲ့ ရောဂါတွေကိုလည်း ကာကွယ်ရာ ရောက်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ကိုယ်တိုင်တောင် မသိတဲ့ ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေအကြောင်း

ဆံသား အပါအဝင် ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေ အကြောင်းကို တော်တော်များများ သိထားတယ်လို့ ကိုယ့်ကိုယ့်ကိုယ် ယူဆနေပါသလား။ ဒါဆိုရင်တော့ နောက်ထပ် တစ်ကြိမ် စဉ်းစားပြီးမှ အဖြေပေးပါလို့ ပြောချင်ပါတယ်။ တကယ်ကတော့ အခု ဒီစာကို ဖတ်နေတဲ့ ပရိသတ်ကြီးရော ဒီစာကိုရေးတဲ့ ကျွန်တော် ကိုယ်တိုင်ပါ မွေးကတည်းက ဦးရေပြားမှာ ပါလာတဲ့ ဆံသား တွေနဲ့ ခန္ဓာကိုယ် အနှံ့မှာ ပေါက်တဲ့ အမွေးအမျှင် အကြောင်းကို မသိကြပါဘူး။ ကဲ .... ဒီနေ့တော့ ကိုယ်တိုင်တောင် မသိတဲ့ ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေအကြောင်း လေ့လာလိုက်ရအောင်နော်။ ကိုယ်တိုင်တောင် မသိတဲ့ ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေအကြောင်း ကိုယ်တိုင်တောင် မသိတဲ့ ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေအကြောင်း က ဘာတွေဖြစ်မလဲဆိုတာကို အတူတူ လေ့လာလိုက်ရအောင်နော်။ # ဆံပင်တွေကို အဓိကအားဖြင့် Keratin နဲ့ […]

ဆံသားနှင့် ဦးရေပြားကျန်းမာရေး ကို ရှာဖွေမည်။

ဆံသားနှင့် ဦးရေပြားကျန်းမာရေး

အရွယ်မတိုင်ခင် ဆံပင်ဖြူတာကို ဒီလိုကာကွယ်ပါ

ရွယ်တူသူငယ်ချင်းတွေက ဆံပင်မဖြူဘဲ ကိုယ်ကပဲဆံပင်တွေဖြူနေတာစဉ်းစားရလွန်းလို့လား၊ခေါင်းသုံးရလွန်းလို့လား။ ဆံပင်တွေအရွယ်မတိုင်ခင်ဖြူရတာခေါင်းသုံးရလွန်းလို့ဖြစ်နိုင်သလို ဒီအချက်တွေကြောင့်လည်း ဆံပင်ဖြူရတာပါ။ ဘာတွေကြောင့်များလဲ၊ ဆင်ခြင်ချင်တယ်လေဆိုရင် ဒီဆောင်းပါးလေးဖတ်ကြည့်နော် Helloဆရာဝန်ပရိသတ်ကြီးရေ....... ဆံပင်ဖြူတာက လူမျိုးစုတွေကိုလိုက်ပြီးတောင်ကွာခြားနိုင်တယ်ဆိုတာ သိပြီးပြီလား..... လူမျိုးစုတွေအလိုက် ဆံပင်ဖြူနိုင်ခြေက ကွာခြားမှုရှိနေပါတယ်။ ပျမ်းမျှပြောပြရမယ်ဆိုရင် အာဖရိကန်လူမျိုးတွေက အသက် ၄၀ နောက်ပိုင်းလောက်မှ ဆံပင်စဖြူတတ်ကြပြီး အမေရိကန်လူမျိုးတွေလည်း ထိုနည်းလည်းကောင်းပါပဲ အသက် ၄၀နောက်ပိုင်းလောက်မှ စပြီး ဆံပင်ဖြူတတ်ကြပါတယ်။ အာရှနွယ်ဖွားတွေကတော့ အသက် ၃၀လောက်ရောက်လာပြီဆိုရင် ဆံပင်စဖြူတတ်ကြပါတယ်။ ကိုယ်တွေကလည်း အာရှနွယ်ဖွားပါပဲ။ ဒါပေမယ့် အသက် ၂၀ကျော်စလောက်ကတည်းက ဆံပင်စဖြူနေပြီဆိုရင်တော့ အရွယ်မတိုင်ခင်ဆံပင်ဖြူနေတယ်လို့ဆိုရတော့မပေါ့။ ဆံပင်ဖြူတာအပေါ်မှာ သက်ရောက်နေသေးတဲ့နောက်တစ်ချက်က အသားအရောင်ပါ။ အသားဖြူတဲ့သူတွေက အသားညိုတဲ့သူတွေ အသားမဲတဲ့သူတွေ ဆံပင်ဖြူနိုင်ခြေပိုများပါတယ်။အသားဖြူတဲ့သူတွေဟာ အသက် ၃၀လောက်ရောက်လာရင်ကို ဆံပင်စဖြူလာပါတော့တယ်။ ရွယ်တူတွေထဲမှာ ကိုယ်ကပဲ ဘာလို့ ဆံပင်တွေဖြူနေရတာလဲ...... ရွယ်တူတွေ ဆံပင်မဖြူခင် ဆံပင်အရင်ဖြူတာ ဒီအချက်တွေကြောင့်ဖြစ်နိုင်ပါတယ်။ ဗီတာမင် ချို့တဲ့မှုကြောင့် ခန္ဓာကိုယ်မှာ ဗီတာမင် B6၊ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင်ဖြူသူတွေအတွက် အိမ်တွင်းကုထုံး

ဆံပင်ဖြူတာက အလှပျက်စေတယ်တဲ့အရာလား။ တစ်ခါတလေတာ့ဟုတ်ပါတယ်။ အထူးသဖြင့် အရွယ်မတိုင်ခင်ဆံပင်ဖြူရင်ပေါ့။ အရွယ်ရလာရင်ဆံပင်ဖြူမယ်ဆိုပေမယ့် အရွယ်မရောက်ခင်ဆံပင်ဖြူတာကတော်တော်လေးတော့ စိတ်ညစ်စေတဲ့အရာနော်။ ဆံပင်လေးများခပ်တင်းတင်းလေးစည်းလိုက်ရင် ဆံပင်ဖြူတွေက အတိုင်းသားပေါ်လာတော့တာပါပဲ။ ဒီပြဿနာကို စိတ်ညစ်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးဖတ်ရင်း အတူတူဖြေရှင်းရအောင်လား။ အသက် အရွယ်အလိုက်ဆံပင်ဖြူနိုင်ခြေ လူမျိုးစုတွေအလိုက်ဆံပင်ဖြူနိုင်ခြေက ကွာခြားမှုရှိနေပါတယ်။ ပျမ်းမျှပြောပြရမယ်ဆိုရင် အာဖရိကန်လူမျိုးတွေက အသက် ၄၀ နောက်ပိုင်းလောက်မှ ဆံပင်စဖြူတတ်ကြပါတယ်။ အမေရိကန်လူမျိုးတွေလည်း အသက် ၄၀နောက်ပိုင်းလောက်မှ စပြီး ဆံပင်ဖြူတတ်ကြပါတယ်။ အာရှနွယ်ဖွားတွေကတော့ အသက် ၃၀လောက်ရောက်လာပြီဆိုရင် ဆံပင်စဖြူတတ်ကြပါတယ်။ ဆံပင်ဖြူတာအပေါ်မှာ သက်ရောက်နေသေးတဲ့နောက်တစ်ချက်ကအသားအရောင်ပါ။ အသားဖြူတဲ့သူတွေက အသားညိုတဲ့သူတွေ အသားမဲတဲ့သူတွေ ဆံပင်ဖြူနိုင်ခြေပိုများပါတယ်။အသားဖြူတဲ့သူတွေဟာ အသက် ၃၀လောက်ရောက်လာရင်ကို ဆံပင်စဖြူလာပါတော့တယ်။ ဆံပင်ဖြူတာကို ကာကွယ်နိုင်လား...... ကာကွယ်နိုင်တယ်၊ လို့ပဲဆိုရပါမယ်။နေ့စဉ်နေထိုင်စားသောက်မှုပုံစံနဲ့ အလေ့အထတွေက ဆံပင်ဖြူနိုင်ခြေအပေါ်မှာ အများကြီးသက်ရောက်နေပါတယ်။ အာဟာရမပြည့်ဝတဲ့ စားသောက်မှုကြောင့် ဗီတာမင်ချို့တဲ့တာ စိတ်ဖိစီးမှုများတာကြောင့် Oxidative Stressတွေကြောင့် ဆံပင်ဆိုးဆေးတွေကြောင့် ဆံသားအတွက်သုံးတဲ့ပစ္စည်းတွေမှာပါတဲ့ ဓါတုပစ္စည်းတွေကြောင့် သောက်သုံးနေရတဲ့ဆေးဝါးတွေကြောင့် […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

နည်းမှန်လမ်းမှန်နဲ့ ခေါင်းလျှော်ကြမယ် ။

နည်းမှန်လမ်းမှန်နဲ့ ခေါင်းလျှော်ကြမယ် ။ ဒီ ခေါင်းစဉ်လေးဖတ်ပြီးတာနဲ့ ခေါင်းလျှော်တယ်ဆိုတာ ကိုယ်ငယ်ငယ်လေးထဲက လုပ်နေကျမို့ ဘာများခက်ခဲလို့ ဒီလိုဆောင်းပါးရေးရတာလဲဆိုတဲ့ အတွေးလေး ခေါင်းထဲ ရောက်မှာ ကျိန်းသေပါတယ်။ ဟုတ်ပါတယ်။ ဒီလို ငယ်ငယ်လေးထဲကလုပ်နေကျ၊ လွယ်ကူတဲ့ ကိစ္စတွေကိုပဲ တလွဲတွေ လုပ်နေတတ်ကြတာ လူတိုင်းနီးပါးပါ။ ဒီတော့ ခေါင်းလျှော်တဲ့ ကိစ္စမှာလည်း လွယ်လွယ်နဲ့ ပြီးစလွယ်လုပ်လိုက်ကြတာများပါတယ်။ ကြာလာတော့ ဆံသားတွေ ခြောက်သွေ့ အဖျားနှစ်ခွဖြစ်တာ၊ ဦးရေပြားဗောက်ထတာတွေ ဖြစ်လာပါတော့တယ်။ နည်းမှန်လမ်းမှန်နဲ့ ခေါင်းလျှော်ကြမယ် ။ နည်းမှန်လမ်းမှန်နဲ့ ခေါင်းလျှော်ကြမယ် ဆိုရာမှာ ( ၁ ) နည်းလေးကောင်းလေပါ။ ခေါင်းကို နေ့တိုင်း လျှော်တာမျိုးထက် တစ်ပတ်ကို ၂ ကြိမ် ၃ ကြိမ်လောက် ခွဲလျှော်တာက ပိုပြီး စနစ်ကျ ပါလိမ့်မယ်။ လူတော်တော်များများက ဆံပင် လေးပုံကျချင်လို့ အဆီပြန်နေတာ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ခေါင်း ချွေးထွက် လွန်းလို့ ဆံပင်တွေကပ်နေတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။

ခေါင်း ချွေးထွက် လွန်းလို့ မနေ့ကပဲ ခေါင်းလျှော်တယ်၊ ဒီနေ့ ဆံပင်တွေ ကပ်သွားတဲ့ အဖြစ်မျိုး လူတိုင်း ကြုံတွေ့ဖူးမှာပါ။ တကယ်တော့ ချွေးထွက်တယ် ဆိုတာ ကိုယ်တွင်းမှာ ရှိနေတဲ့ အပူတွေကို ချွေးအဖြစ် ပြောင်းလဲပြီး အပြင်ကို ထုတ်ပေးတဲ့အတွက် ကောင်းတဲ့ ကိစ္စပါ။ ဒါပေမယ့် အရမ်းကြီး ချွေးထွက်များ တဲ့အခါကျ ချွေးနဲ့ ပြင်ပက ဖုန်တွေ ရောသွားပြီး ဦးရေပြားမှာ ဂျီး( ချေး) တွေ များလာတာ၊ ခေါင်းယားတာနဲ့ ဆံပင်တွေ ကပ်သွားတဲ့ ပြဿနာတွေ ဖြစ်လာတော့ စိတ်ညစ်ရပြီပေါ့။ ဘာလို့ ကိုယ့်ကျမှ ပိုပြီး ဦးရေပြား ချွေးထွက် ရတာလဲ။ ဦးရေပြားမှာ ချွေးထွက် သန်တာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှု များတာ၊ ပူပန်စရာတွေ များတာ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင်ကျွတ်သူတိုင်း ဒါလေးတွေ သိထားသင့်တယ်နော်။

ဆံပင်ပါးတယ်၊ ဆံပင်ကျွတ်လွန်းပြီး ထိပ်ပြောင်နေတယ်၊ နဖူးပြောင်နေတယ်ဆိုတာဟာ လူတိုင်းရဲ့ စိတ်ကို အနှောင့်အယှက်ပေးနေတဲ့ ပြဿနာတစ်ခုပါ။ ဆံပင်ဆိုတာ အတိုဖြစ်ဖြစ် အရှည်ဖြစ်ဖြစ် ကျွတ်မှာပဲဆိုတဲ့ စကားလေးအတိုင်း ဆံပင်ကျွတ်တာက ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုဆိုပေမယ့် ပုံမှန်ထက်များတဲ့ ပမာဏနဲ့ ဆံပင်ကျွတ်နေရင်တော့ ဖြစ်ရိုးဖြစ်စဉ် တစ်ခုလို့ ပြောလို့မရတော့ပါဘူး။ ဆံပင်ကျွတ်သူတိုင်း  ဘာကြောင့် ဖြစ်ရတာလဲဆိုတာနဲ့ ဘယ်လိုသက်သာအောင် လုပ်လို့ရမလဲဆိုတာတွေကို သိထားဖို့ လိုလာပါပြီ။ ဆံပင်ကျွတ်သူတိုင်း ဒါလေးတွေ သိထားသင့်တယ်နော်။ ပုံမှန် ဆံပင်ကျွတ်နိုင်တဲ့ ပမာဏကဘယ်လောက်လဲ။ ပုံမှန်ထက်ကျော်ပြီး ဆံပင်ကျွတ်တာ မကောင်းဘူးဆိုတော့ ပုံမှန် ဆံပင်ကျွတ်တဲ့ပမာဏ ဘယ်လောက်ရှိလဲဆိုတာ သိထားဖို့လိုပါတယ်။ ပုံမှန်ဆို လူတစ်ယောက်ဟာ တစ်နေ့ကို ဆံပင် အပင် ၅၀ ကနေ ၁၀၀ ကြား ကျွတ်လေ့ရှိပါတယ်။ ဒီတော့ ၁၀၀ ထက်ကျော်လာပြီဆိုရင် ပုံမှန်ဖြစ်နေကျ ဆံပင်ကျွတ်တယ်လို့ ပြောလို့မရတော့ပါဘူး။ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံသားကျန်းမာရေးကိုလည်း မေ့မထားသင့်တဲ့ မိုးရာသီ ။ ။

နွေရာသီဆို ချွေးတွေထွက်၊ ဆံပင် တွေခဏလေး အဆီပြန်ပြီး လုံးသွားလို့၊ ဆောင်းရာသီကျတော့ ဦးရေပြား ခြောက်ြပီး ဗောက်ထလို့ ဆိုပြီး ကိုယ့်ဆံပင်လေးတွေ မပျက်စီးရေး ဂရုစိုက်ကြရတယ်မလား။ မိုးရာသီကတော့ နည်းနည်းတော်သေးတယ်ဆိုပြီးတော့ မထင်လိုက်ပါနဲ့။ မိုးရာသီရဲ့ စိုထိုင်းတဲ့ ရာသီဥတုကလည်း ဆံသားနဲ့ ဦးရေပြားတွေ ခြောက်သွေ့ပျက်စီးစေတဲ့ အထဲမှာ ထိပ်ဆုံးကပါပါတယ်။ ဒါ့ကြောင့်မိုးရာသီမှာလည်း ဆံသားကျန်းမာရေးကို အထူးဂရုစိုက်ပေးဖို့လိုပါတယ်။ ဘယ်လိုတွေ ဂရုစိုက်ရမလဲ ကြည့်ရအောင် ။ ။ မိုးရာသီမှာ ဆံသားကျန်းမာရေးအတွက်ဂရုစိုက်ပေးရမယ့် အချက်များ ။ ။ ( ၁ ) ဆံပင်ကို ခြောက်အောင်သုတ်ပါ။ မိုးရာသီဆိုတော့ အခန့်မသင့် မိုးမိသွားလို့ ဆံပင်တွေ ရွှဲစိုသွားတဲ့အခါမျိုးမှာ ဒီတိုင်း ခြောက်သွားမှာပဲဆိုပြီး ပစ်မထားလိုက်ပါနဲ့။ မိုးရေဆိုတာ လေထုနဲ့ ဖုန်တွေကိုဖြတ်ပြီး ဆင်းလာရတာကြောင့် ဖုန်မှုန့်တွေ ရောနေတတ်ပြီး ခေါင်းယားတာမျိုးတွေကိုဖြစ်စေတတ်ပါတယ်။ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင်တွေကျိုးတာ၊ ပြတ်တာ ဘာတွေလုပ်မိလို့လဲ

ဆံပင်တွေပျက်စီးနေပြီလို့ စပြီးသိလာတာ ဘယ်တုန်းကလဲ။ ဘီးဖြီးရတာ အဆင်မပြေတော့ လို့လား။ ခြောက်သွေ့၊ ဖွာပြီး ဖြီးလိုက်တိုင်း ပြတ်ထွက်ကုန်တာလား၊ ဆံပင် အဖျား နှစ်ခွ ကွဲတာလား။ အလိုလိုနေရင်းကို အလယ်ကနေ ကျိုးပြတ်ကုန်တဲ့ ဆံပင်တွေ ဖြစ်လာရင်တော့ ဆံသားပျက်စီးတာ သေချာနေပါပြီ။ အဖျားမှာလည်း ထက်ပိုင်းတွေကျိုးလို့။ ဒါဆို ဆံပင်တွေကျိုးတာ၊ ပြတ်တာ ဘာတွေလုပ်မိလို့လဲ ဆိုတာ ဆန်းစစ် လိုက်ရအောင်နော်။ ဆံပင်တွေကျိုးတာ၊ ပြတ်တာ ဘာတွေလုပ်မိလို့လဲ ဆံပင်တွေကျိုးတာ၊ ပြတ်တာ ဘာတွေလုပ်မိလို့လဲ ဆိုတော့ ဆံသားတွေ ကျိုးပြတ်တာဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေ ကိုယ့်မှာ ရှိနေလို့ပဲဖြစ်ရမယ်။ ဒီလို ဖြစ်နေတာကို ကုစားဖို့အတွက် အကြောင်းရင်းကို သိမှ ဖြစ်မယ်လေ။ ဘာတွေကြောင့် ဖြစ်နိုင်လဲဆိုတော့ - (၁) ဆံသား အလှအပ ပစ္စည်းတွေအသုံးများတာ ဆံပင်ကို ဆေးဆိုး၊ ကောက်၊ ဖြောင့်တာတွေ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ကျိုးပြတ်နေတဲ့ ဆံသားတွေအတွက် ဘယ်လိုဂရုစိုက်ပေးရမလဲ

မိန်းမတို့ဘုန်း ဆံထုံး တဲ့။ မြန်မာတွေရဲ့အမြင်မှာ ဆံကေသာအလှဟာ မိန်းကလေးတစ်ယောက်ရဲ့အလှတရားထဲ ၇၀ ရာခိုင်နှုန်းလောက်အရေးပါနေပါတယ်။ ဒါပေမဲ့လည်း ဆံပင်ဆိုတာ အသားအရေပဲ ပြဿနာတွေ များလှပါတယ်။ ဒီတစ်ခေါက်တော့ ကျိုးပြတ်နေတဲ့ ဆံသားတွေအတွက် ဘယ်လိုဂရုစိုက်ပေးရမလဲ ဆိုတာကို ပြောပြပေးပါမယ်။ ကျိုးပြတ်နေတဲ့ ဆံသားတွေအတွက် ဘယ်လိုဂရုစိုက်ပေးရမလဲ ဆံပင် ပုံစံနဲ့ မလိုက်တာနဲ့တင် ကိုယ့်ရုပ်ရည်အသွင်အပြင်က ပြောင်းကိုပြောင်းလဲသွားပါတယ်။ ဒီတော့ ဆံသား ပျက်စီးလာလို့ အရင်လိုမလှနိုင်တော့မှာကို မစိုးရိမ်ကြဘူးလား။ ဆံပင် ကျိုးပြတ်တာတွေ၊ ဆံသားပျက်စီးတာတွေကို ကုသဖြေရှင်းဖို့က ဗြူးရှင်းဆလွန်းတွေမှာ ခေါင်းထိုးအပ်လိုက်ရုံနဲ့ အရာရာပြည့်စုံပြီထင်နေတာလား။ ကုထုံးဘယ်လောက်ကောင်းကောင်း ကိုယ်တိုင်ဂရုစိုက်ဖို့လည်းလိုပါတယ်။ ကျိုးပြတ်နေတဲ့ ဆံသားတွေအတွက် ဘယ်လိုဂရုစိုက်ပေးရမလဲ ဆိုရင်တော့ အရင်ဆုံး - ဆံပင်နဲ့ပတ်သက်တဲ့ လုပ်နေကျအမူအကျင့်တွေကိုပြောင်းလဲပါ ဆံပင်အလှအပအတွက် ကိုယ်လုပ်နေကျအမူအကျင့်တွေကိုပြောင်းလဲပါ။ ဥပမာ ဆံပင်ဖြောင့်စက် မကြာခဏဆွဲတာ၊ ဓာတုပြင်းတဲ့ ဆေးတွေသုံးတာ၊ ဆံပင်ခြောက်ခံစက်သုံးတာတွေက ဆံသားကို ပျက်စီးစေပါတယ်။ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံကေသာလေး ကျော့ရှင်းလှပနေစေဖို့ သံလွင်ဆီလိမ်းပေးစို့

အရေပြားနဲ့ ဆံကေသာလေး အတွက် သံလွင်ဆီရဲ့ ကောင်းကျိုးတွေကိုတော့ လူတော်တော်များများ သိထားပြီး ဖြစ်မယ်ထင်ပါတယ်။ သံလွင်ဆီဟာ အလှအပရေးရာအတွက်သာမက ကျန်းမာရေးအတွက်လည်း ဆိုးကျိုးဒုက္ခ မဖြစ်စေတဲ့ မပြည့်ဝဆီ ဖြစ်ပါတယ်။ သံလွင်ဆီရဲ့ ဦးရေပြားဆိုင်ရာကောင်းကျိုးတွေ သံလွင်ဆီမှာ ဆံကေသာကို နူးညံ့ပျော့ပျောင်းစေတဲ့ အာဟာရဓာတ်တွေ၊ အက်ဆစ်ဓာတ်တွေ ပါဝင်ပါတယ်။ ခေါင်းလျှော်ပြီးနောက် ဆံသားပျော့ဆေးအဖြစ်နဲ့လည်း သံလွင်ဆီကို အသုံးပြုလို့ ရပါတယ်။ ဦးရေပြားကို အစိုဓာတ်ထိန်းပေးပြီး အေးမြစေတယ်။ အရေပြားအတွင်းထဲထိ စိမ့်ဝင်မှုအားကောင်းလို့ ဆံသားကို ကျန်းမာသန်စွမ်းပြီး နက်မှောင်စေတယ်။ ဆံပင်နှစ်ခွဖြစ်တာ၊ ဆံပင်တွေ ခြောက်ပြီး ပျက်စီးတာ၊ ဆံသားကျိုးကြေတာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အကယ်လို့ ဆံသားနဲ့ ဦးရေပြားအတွက် သံလွင်ဆီကို တစ်ခါမှ မသုံးဖူးဘူးဆိုရင် ဒီဆောင်းပါးလေးကနေ ဘယ်လိုအကျိုးရှိစွာ အသုံးပြုလို့ ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ၁။ သံလွင်ဆီကို အရင်ဆုံး လက်ပေါ်မှာ အနည်းငယ် လိမ်းကြည့်ပါ။ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင်တွေ ကျွတ်လွန်းလို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းနေပြီလား

ဆံပင်တွေ တနေ့တခြားပါးလာတာ သတိထားမိကြမှာပေါ့။ စဉ်းစားရတာ၊ ဦးနှောက်ခြောက်ရတာများလို့ ဆံပင်တွေကျွတ်ရတယ်လို့ပြောကြတယ်။ လူတစ်ယောက်မှာ တစ်နေ့ကို ဆံပင် အပင် ၅၀ ကနေ ၁၀၀ ကြားကျွတ်တာက ပုံမှန်ပါပဲ။ ဒါပေမယ့် ကိုယ့်ဆံပင်ကျွတ်တာ အဲဒီထက်ပိုတယ်လို့ထင်တယ်၊ မှန်ထဲကြည့်လိုက်ရင်လည်း အရင်နဲ့မတူတော့တာ သိလာတယ်၊ခေါင်းဖြီးလိုက်တိုင်း စိတ်ညစ်ရတာ တကယ်ပါပဲ။ လူတစ်ယောက်ရဲ့အသွင်အပြင်မှာ ဆံပင်ပုံစံက သိပ်ကိုအဓိကကျပါတယ်။ ဆံပင်ညှပ်ဆိုင်တွေ၊ စင်တာတွေ နဲ့ ဆံသားအလှပညာရှင်တွေ ဘာလို့ ဝင်ငွေတွေကောင်းနေတယ်ထင်ပါသလဲ။ယောကျာ်းလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ကိုယ်နဲ့လိုက်ဖက်တဲ့ ဆံပင်ပုံစံမရှိရင်၊ ဆံပင်ပျက်စီးနေရင်၊ ဆံပင်နည်းလွန်းရင် (ထိပ်ပြောင်လုလု) ဘယ်လောက်ချောနေပါစေ ကြည့်မကောင်းပါဘူး။ ဆံသားအလှအတွက် ညှပ်တယ်၊ ပုံသွင်းတယ်၊ အရောင်ဆိုးတယ် ဆိုတာ မလုပ်ဖူးတဲ့သူမရှိသလောက်ပါပဲ။ လူကြီးတွေတောင် ဆံပင်အနက်ဆိုးကြတာပဲ။လုပ်ငန်းခွင်မှာအောင်မြင်မှုအတွက်ဆိုလည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကရှိနေမှဖြစ်မှာ၊ အသွင်အပြင် ကြည့်ကောင်းနေဖို့ကလည်း အရေးပါတယ်လေ။ ဆံပင်တွေ ကျွတ်လွန်းလို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းနေပြီလား ဆံပင်ကျွတ်တယ်ဆိုတာ သဘာဝပဲဆိုပေမယ့် ဆံပင်ပါးလာတာက […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်