ဝက်ခြံ

ဝက်ခြံ သည် အဖြစ်များသည့် အရေပြားပြဿနာ ဖြစ်သည့်အတွက် ဝက်ခြံမဖြစ်အောင် နေထိုင်သားသောက်ပုံများ၊ ဝက်ခြံအမာရွတ်သက်သာအောင် ကုသနည်းများကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဝက်ခြံ

ဝက်ခြံအတွက် အသုံးမပြုသင့်တဲ့ အိမ်တွင်းနည်းလမ်းများ

အိမ်တွင်းနည်းလမ်းဆိုတာက သဘာဝပစ္စည်းတွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေကို ဆိုလိုတာပါ။ Home remedies တွေပေါ့။ ဒါတွေက သဘာဝကရတယ်ဆိုပေမယ့် အန္တရာယ်ကင်းတာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် ဝက်ခြံထွက်လာတဲ့အခါ ဝက်ခြံကို အိမ်ကရှိတဲ့ ပစ္စည်းတွေနဲ့ ဟိုတို့ ဒီအုံလုပ်တတ်သူတွေအတွက် ဝက်ခြံအတွက် အသုံးမပြုသင့်တဲ့ အိမ်တွင်းနည်းလမ်းများ က ဘာတွေလဲဆိုတာ သိထားဖို့ လိုပါတယ်။ ဝက်ခြံအတွက် အသုံးမပြုသင့်တဲ့ အိမ်တွင်းနည်းလမ်းများ (၁) သွားတိုက်ဆေး ဝက်ခြံပေါ်လာရင် သွားတိုက်ဆေးတို့တာက လူကြီးတွေလက်ထက်တည်းက လုပ်လာတဲ့ အကျင့်တစ်ခုပါ။ ပိုးသေစေတယ်ဆိုတဲ့ ယူဆချက်ပေါ့။ တချို့ လေ့လာချက်တွေအရလည်း Triclosanလို့ခေါ်တဲ့ ဓာတုပစ္စည်းက ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားကို သေစေတယ်ဆိုတဲ့ အဆိုပြုချက်တွေလည်း ရှိနေပါတယ်။ တကယ့်လက်တွေ့မှာတော့ Triclosanကို ရေရှည်အသုံးပြုမယ်ဆိုရင် စိတ်ချရမှုနဲ့ ပိုးသတ်ဆေး ယဉ်ပါးတာတွေ ဖြစ်နိုင်လို့ US အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက ၂၀၁၇မှာ ဆပ်ပြာ၊ သွားတိုက်ဆေး […]

ဝက်ခြံ ကို ရှာဖွေမည်။

ဝက်ခြံ

ဝက်ခြံအကြောင်းသိသင့်တဲ့အချက်ငါးချက်

ဝက်ခြံဆိုတာဘာလဲ ဝက်ခြံပေါက်တယ်ဆိုတာကြီးထွားဖွံ့ဖြိုးတဲ့ဖြစ်စဉ်မှာပုံမှန်ဇီဝကမ္မဗေဒကိစ္စတခုဖြစ်ပါတယ်။ ကလေးဘဝကနေကြီးကောင်ဝင်လာပြီ၊လူပျိုဖော်အပျိုဖော်စဝင်လာပြီဆိုရင်ဝက်ခြံတွေစထွက်လာပါပြီ။ သားတို့သမီးတို့ငယ်ငယ်တုန်းကပထမဆုံးဝက်ခြံပေါက်တုန်းကဆိုရင်အဖေအမေဆီ၊အကိုတွေအမတွေဆီဒါမှမဟုတ်သူငယ်ချင်းတွေဆီပြေးပြီးဘာလုပ်ရမလဲလို့အလန့်တကြားမေးကောင်းမေးခဲ့ဖူးပါလိမ့်မယ်။ ဒါပေမယ့်အဲ့သလိုမျိုးတခြားသူတွေကိုမမေးခင်၊ဒါမှမဟုတ်ဝက်ခြံကိုအားပါးတရညှစ်မထုတ်ခင်ဝက်ခြံနဲ့ပတ်သက်ပြီးသားတို့သမီးတို့သိထားတယ်လို့ထင်ပေမယ့်မှားယွင်းနေတဲ့အချက်ကလေးတွေကိုဖတ်ကြည့်လိုက်ပါဦး။   အမှား။။ ဝက်ခြံပေါက်ရင်ညှစ်ထုတ်လိုက်တာအကောင်းဆုံးပဲ။ အမှန်။။ မှန်ရှေ့ကနေအခုခွာလိုက်ပါ။ တချို့လူတွေကမင်းကိုပြောပါလိမ့်မယ်၊ဝက်ခြံပေါက်ရင်ညှစ်ထုတ်လိုက်တာပိုကောင်းတယ်၊ဒါမှမသိသာတော့မှာ၊မြန်မြန်သက်သာသွားမှာစသဖြင့်ပေါ့။ ဒါတွေအကုန်လုံးကအမှားတွေချည်းပါပဲ။ ဝက်ခြံကိုညှစ်တာ၊ကလိနေတာ၊ဆိတ်ဆွနေတာဟာရောဂါပိုးမွှားတွေကိုမင်းရဲ့အရေပြားဟိုးအောက်ထဲကိုအားပါးတရထိုးထည့်နေသလိုဖြစ်စေတာကြောင့်မသက်သာစေတဲ့အပြင်ပိုပြီးနီလာ၊နာလာစေမှာဖြစ်ပြီးအခန့်မသင့်ရင်အနာဆိုးဆိုးရွားရွားတောင်ဖြစ်သွားနိုင်ပါတယ်။ ပြီးတော့ဝက်ခြံညှစ်ခြင်းဟာဘယ်တော့မှမပျောက်တော့မယ့်အမာရွတ်တွေကိုလည်း ဖြစ်စေမှာပါ။ တကယ်လို့ဝက်ခြံပေါက်တာဟာသားတို့သမီးတို့အလှပြရမယ့်အခမ်းအနားတခုနဲ့တိုက်တိုက်ဆိုင်ဆိုင်ကြီးဖြစ်နေတယ်ဆိုရင်ဖေဖေမေမေတို့နဲ့တိုင်ပင်ပြီး ပြနေကျမိသားစုဆရာဝန်ဒါမှမဟုတ်အရေပြားနဲ့အလှအပရေးရာဆရာဝန်နဲ့ ပြနိုင်ပါတယ်။ ဆရာဝန်ကကူညီပေးမှာပါ။   အမှား။။ စိတ်ဖိစီးမှုများရင်ဝက်ခြံပေါက်တယ်။ အမှန်။။ မနက်ဖြန်ဖြေရမယ့်စာမေးပွဲဒါမှဟုတ်နောက်အပတ်မှာကစားရမယ့်အားကစားပွဲကြီးဟာသားတို့သမီးတို့အသားအရေကိုဒုက္ခပေးမယ်လို့စိုးရိမ်ပူပန်နေပါသလား။ မပူပါနဲ့။ ကလေးဘဝရဲ့စိတ်ဖိစီးမှုလောက်နဲ့တော့ဝက်ခြံမပေါက်ပါဘူး။ အကယ်၍သားတို့သမီးတို့အနေနဲ့တကယ့်အကြီးစားစိတ်ဖိစီးမှုတွေကြုံရတဲ့အခါကျရင် (ဥပမာ။။ အိမ်ပြောင်းရတာ၊မိဘတွေအိမ်ထောင်ရေးအဆင်မပြေတာ) သားတို့သမီးတို့ခန္ဓါကိုယ်ကနေဆီဘမ်(sebum)လို့ခေါ်တဲ့အဆီတမျိုးကိုပိုပြီးထုတ်ပေးပါလိမ့်မယ်။ ဒါပေမဲ့ဒီလိုအခြေအနေမျိုးမှာတောင်ဝက်ခြံကျိန်းသေပေါက်ထွက်ပြီလို့ပြောလို့မရသေးဖူးနော်။   အမှား။။ နေပူဆာလှုံရင်ဝက်ခြံပျောက်တယ်။ အမှန်။။ နေပူဆာလှုံတာနဲ့ဝက်ခြံနဲ့ဘာမှမဆိုင်ပါဘူး။ နေလောင်ပြီးခဏလောက်အသားညိုသွားရင်ဝက်ခြံကသိပ်မသိသာတော့တာမျိုးတော့ရှိတာပေါ့။ ဒါပေမယ့်နေလောင်တာပျောက်သွားပြီးအသားပြန်ဖြူလာရင်သားတို့သမီးတို့ရဲ့ဝက်ခြံကရှိနေဦးမှာပဲ။ ဒါ့အပြင်လုံလောက်တဲ့အကာအကွယ်မပါဘဲနေရောင်ထဲမှာအကြာကြီးနေမယ်ဆိုရင်အသားအရေကိုခြောက်သွေ့ထိခိုက်စေပါတယ်။ နောက်ဆက်တွဲအနေနဲ့အသက်ကြီးလာတဲ့အခါအရေးအကြောင်းတွေပေါ်လာတာ၊အရေပြားကင်ဆာစတာတွေကိုပါ ဖြစ်ဖို့အခွင့်အလမ်းကပိုများလာမှာအသေအချာပါပဲ။ သားတို့သမီးတို့အပြင်မထွက်ခင်တိုင်း SPF(Sun protection factor) အနည်းဆုံး၃၀ပါတဲ့နေလောင်ခံခရင်မ်ကိုလည်းလိမ်းဖို့မမေ့ကြပါနဲ့။ နေလောင်ခံခရင်မ်လိမ်းတဲ့အခါ ဝက်ခြံမဖြစ်စေပါ (nonacnegenic)လို့ ဗူးမှာအမှတ်အသားပါတဲ့ခရင်မ်ကို ရွေးလိမ်းကြပါ။ အဓိပ္ပါယ်ကချွေးပေါက်တွေကိုမပိတ်စေတဲ့အတွက်ဝက်ခြံကိုပိုမဆိုးစေဖူးဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ ဒါ့အပြင်လှပပြီးမြင်သူတိုင်းငေးရမယ့်အသားအရေမျိုးကိုပိုင်ဆိုင်စေဖို့အတွက်အပြင်ထွက်တိုင်းထွက်တိုင်းမှာဦးထုပ်ဆောင်းဖို့ဒါမှမဟုတ်နေကာမျက်မှန်တပ်ဖို့မမေ့ကြပါနဲ့။ ပြီးတော့ကမ်းခြေမှာဒါမှမဟုတ်ရေကူးကန်ဘေးမှာခုံလေးချပြီးရုပ်ရှင်ထဲကလိုနေပူဆာလှုံချင်တယ်ဆိုရင်သားတို့သမီးတို့သိထားရမှာကအဲ့ဒီလိုလုပ်တာကပိုက်ဆံကုန်တယ်၊ပျင်းဖို့လည်းကောင်းတယ်၊ ပြီးတော့အဓိကအချက်ကဒီလိုနေဆာလှုံတာဟာအရေပြားကင်ဆာဖြစ်ဖို့အခွင့်အလမ်းလည်းပိုများတယ်ဆိုတာပါပဲ။   အမှား။။ မျက်နှာခဏခဏသစ်ရင်ဝက်ခြံမဖြစ်ဘူး။ အမှန်။။ မျက်နှာကိုပုံမှန်သစ်ပေးခြင်းဟာမျက်နှာမှာရှိတဲ့အညစ်အကြေးတွေ၊ပိုလျှံနေတဲ့အဆီတွေနဲ့အရေပြားဆဲလ်အဟောင်းတွေကိုဖယ်ရှားပေးတဲ့အတွက်ယေဘုယျအားဖြင့်ကောင်းတယ်လို့ပြောလို့ရပါတယ်။ ဒါပေမဲ့လိုတာထက်ပိုပြီးမျက်နှာခဏခဏသစ်တာ၊မျက်နှာအရေပြားကိုကြမ်းကြမ်းတမ်းတမ်းပွတ်တိုက်တာတွေဟာမျက်နှာအရေပြားကိုခြောက်သွေ့စေပြီးပျက်စီးစေတဲ့အတွက်ဝက်ခြံကိုပိုဆိုးစေဖို့ပဲရှိပါတယ်။ ဒါဆိုရင်အသားအရေထိန်းသိမ်းဖို့အကောင်းဆုံးနည်းလမ်းကဘာတွေလဲ။ ယေဘုယျအားဖြင့်မျက်နှာကိုတစ်နေ့နှစ်ခါထက်ပိုမများစေဘဲဆပ်ပြာအပျော့စားဒါမှာမဟုတ်မျက်နှာသစ်ဆေးနဲ့ညင်သာစွာသစ်ပေးသင့်ပါတယ်။ မျက်နှာသစ်ပြီးတဲ့အခါမှာမျက်နှာကိုနူးညံ့တဲ့မျက်နှာသုတ်ပုဝါလေးနဲ့မျက်နှာကိုအသာအယာတို့ပေးရပါမယ်။ ဂျီးချွတ်ပွတ်တိုက်တာသားတို့သမီးတို့ရဲ့ဝက်ခြံကိုပိုဆိုးစေတဲ့အတွက်ရှောင်ကြဉ်ရပါမယ်။ အရက်ပြန်ပါဝင်တဲ့အလှကုန်ပစ္စည်းတွေဟာလည်းအသားအရေကိုခြောက်သွေ့ထိခိုက်စေတဲ့အတွက်အသုံးမပြုသင့်ပါဘူး။   အမှား။။ ဝက်ခြံမထွက်ချင်ရင်မိတ်ကပ်မလိမ်းနဲ့။ အမှန်။။ ငယ်ရွယ်နုပျိုသူတွေအဖို့မိတ်ကပ်မလိမ်းဘဲနဲ့လည်းကြည့်လို့ကောင်းပါတယ်။ ဒါပေမဲ့မိတ်ကပ်တွေ၊အလှကုန်တွေသုံးရတာကြိုက်တယ်ဆိုရင် "အဆီဓါတ်မပါဝင်ပါ"၊ "ချွေးပေါက်မပိတ်စေပါ"၊"ဝက်ခြံကိုပိုမဆိုးစေပါ" […]


ဝက်ခြံ

ဝက်ခြံဆိုးတွေကို ဘယ်လိုကုသမလဲ။

ဝက်ခြံဆိုတာဟာ လူတော်တော်များ အထူးသဖြင့် လူပျိုဖော်အပျိုဖော်ဝင်တဲ့လူငယ်တွေမှာ အဖြစ်များတဲ့ အရေပြားပြသနာတစ်ခုပါ။ အဲဒီဝက်ခြံတွေဟာ အသက်ကြီးလာတဲ့အခါ ပျောက်သွားကြပါတယ်။ ဒါပေမဲ့ အချို့လူတွေမှာ ဝက်ခြံတွေက သူတို့ရဲ့ အသွင်အပြင်တွေကို ဆိုးဝါးသွားစေတဲ့အထိ ဆိုးဝါးသွားတတ်ကြပါတယ်။ ဒါကြောင့် အဲဒီဆိုးဝါးလှတဲ့ ဝက်ခြံတွေကို ဘယ်လိုကိုသရမလဲ သိဖို့ အရမ်းအရေးကြီးပါတယ်။ ဝက်ခြံဆိုးတွေဆိုတာ ဘာလဲ။ ဝက်ခြံဆိုးတွေဆိုတာ ပြည်တွေနဲ့ ဝက်ခြံတွေကိုဆိုလိုတာပါ။ ယင်းဟာ ဝက်ခြံတွေထဲမှာ အဆိုးဝါးဆုံးဝက်ခြံတစ်ခုဖြစ်ပါတယ်။ အနီရောင် နာကျင်သော ဘုကြီးတွေဟာ မျက်နှာ၊ ကျောကုန်း၊ လက်အပေါ်ဘက်နဲ့ ပခုံးတွေမှာတောင်မှပေါက်နေပြီးရင်တော့ ဝက်ခြံဆိုးတွေ ဖြစ်ဖို့များနေပါပြီ။ အခြားမပြင်းထန်တဲ့ ဝက်ခြံတွေနဲ့ မတူဘဲ ပြည်ဘုဝက်ခြံတွေက အဆီတွေနဲ့ အရေပြားဆဲလ်အသေတွေဟာ ချွေးပေါက်တွေနဲ့ မွေးညင်းပေါက်တွေမှာ စုပုံလာတဲ့အခါမှာ ဖြစ်ပေါ်လာကြတာပါ။ ယောက်ျားလေးအများစုဟာ ယင်းဝက်ခြံဆိုးတွေကို လူပျိုဖော်ဝင်ချိန်မှာ ခံစားကြရပါတယ်။ ဒါပေမဲ့လည်း အချို့ယောက်ျားလေးတွေမှာတော့ ဟော်မုန်းဖောက်ပြန်တာကြောင့် အသက်ကြီးတဲ့အချိန်ထိ […]


ဝက်ခြံ

ဆယ်ကျော်သက်အရွယ်ဝက်ခြံပေါက်ခြင်း၊ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားတွေ့ရမလဲ

အပျိုဖော်၊ လူပျိုဖော်ဝင်ရင် ဆယ်ကျော်သက် အတော်များများဟာ ဝက်ခြံပေါက်ခြင်းကို ခံစားရကြပါတယ်။ ဆယ်ကျော်သက်အရွယ်ကျော်လွန် သွားတာနဲ့ အမျှ ဝက်ခြံတွေဟာ သဘာဝအတိုင်း ပျောက်သွားကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဝက်ခြံပေါက်ခြင်းဟာ အလွန်ဆိုးဝါးပြီး ဆေးကုသဖို့ လိုအပ်တဲ့ အခြေအနေမျိုးတွေ ရှိနိုင်ပါတယ်။   ဆယ်ကျော်သက်တွေမှာ ဘာလို့ ဝက်ခြံပေါက်တာလဲ။ ဆယ်ကျော်သက်တွေဟာ လူပျိုဖော်၊ အပျိုဖော်ဝင်ချိန်တွေမှာ အဆီထွက်ခြင်း ပိုမိုများပြားလာပြီး ချွေးပေါက်တွေ ပိတ်နိုင်ပါတယ်။ အဆီဟာ ဟော်မုန်းနဲ့ လူပျိုဖော်ဝင်ချိန်မှာ တိုးလာတဲ့ ဟော်မုန်း androgens တွေကြောင့် ပိုထွက်တာ ဖြစ်ပါတယ်။   ဆယ်ကျော်သက်အရွယ် ပေါက်တဲ့ ဝက်ခြံ အမျိုးအစားတွေက ဘာတွေလဲ။ ဝက်ခြံတွေကို မျက်နှာ၊ နောက်ကျော၊ လည်ပင်း၊ ပုခုံးတွေမှာ အတွေ့များတတ်ပြီး အမျိုးအစားတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ Whiteheads - သူတို့ဟာ အဆီတွေ ချွေးပေါက်အတွင်း ဖြစ်ပေါ်လာလို့ ဖြစ်တာဖြစ်ပြီး […]


ဝက်ခြံ

ဝက်ခြံဖုတွေကြောင့်နီမြန်းနေတာတွေ ညတွင်းချင်း သက်သာအောင် ဘယ်လိုလုပ်မလဲ

ဝက်ခြံကြောင့် အသားနီမြန်းခြင်းကို မြန်မြန်ပျောက်အောင် လုပ်ချင်တဲ့ အကြောင်းရင်းတစ်ခုကတော့သင့်မှာအရေးကြီးတဲ့ ပွဲ (သို့) အစည်းအဝေးတစ်ခုခုရှိတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီအခါသင့်ကိုဘေးကလူတွေ ဝက်ခြံကြောင့် နီမြန်းခြင်းကိုငေးကြည့်နေမှာကိုလိုလားမှာမဟုတ်ပါဘူး။ ဒီလိုပဲမျက်နှာမှာအနီရောင်အကွက်တွေကြောင့် ရှက်ကိုးရှက်ကန်း ဖြစ်ချင်မှာလဲမဟုတ်ပါဘူး။ Tetracycline၊ doxycycline၊ minocycline၊ erythromycin စတဲ့ ပိုးသတ်ဆေးတွေဟာဝက်ခြံကြောင့် နီမြန်းခြင်းကိုလျော့ကျစေမှာ ဖြစ်ပေမယ့် ဒီရလဒ်ကို မြင်ရဖို့ အချိန်တော့ ယူရမှာပါ။ ဝက်ခြံကြောင့် နီမြန်းခြင်းဆိုတာဘာလဲ။ ဝက်ခြံကြောင့် နီမြန်းခြင်းဆိုတာအမာရွတ်ထင်ခြင်းမဟုတ်ပါဘူး။ သူဟာရောင်ရမ်းမှုတစ်ခုသာ ဖြစ်ပါတယ်။ ဝက်ခြံကြောင့် နီမြန်းခြင်းကိုဘယ်လိုများရခဲ့ပါသလဲ။ သူဟာအဆီတွေ မွေးညင်းပေါက်တွေနဲ့ နံရံတစ်လျှောက် ဖြတ်သန်းသွားရာကစတင်ဖြစ်ပေါ်ပါတယ်။ ချွေးပေါက်တွေထဲမှာအဆီဟာဆဲလ်အသေတွေနဲ့ ပေါင်းပြီးချွေးပေါက်ပိတ်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါကပဲဝက်ခြံ ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေကိုပွားစေပြီးတော့ ရောင်ရမ်းခြင်းနဲ့ နီမြန်းခြင်းကို ဖြစ်စေပြီးတစ်ရှူးတွေကိုပျက်စီးစေတဲ့ Free radicals တွေကိုထုတ်ပေးပါတယ်။ တကယ်လို့ ဒီလိုတွေ မဖြစ်ဘူးဆိုရင်တော့ အနီကွက်ဟာသူ့ဘာသာသူပျောက်ကင်းသွားပါလိမ့်မယ်။ ဒါပေမယ့်လည်းတစ်နှစ်ကျော်တဲ့အထိအရောင် မပြောင်းလဲဘူးဆိုရင်တော့ အမာရွတ်ဖြစ်ကောင်ဖြစ်နိုင်ပါတယ်။ […]


ဝက်ခြံ

ဝက်ခြံကြောင့် ဖြစ်တဲ့ အမာရွတ်တွေ ပျောက်စေမယ့် အစားအစာများ

ဝက်ခြံအမာရွတ်တွေအတွက် စားသောက်သင့်သောအစားအစာများ ချောမွတ်တဲ့အသားအရည်တွေကိုအမြန်ဆုံးပြန်လည်ပိုင်ဆိုင်စေဖို့ ဝက်ခြံအမာရွတ်တွေကိုကုသပေးဖို့လိုအပ်ပါတယ်။ ဒီအမာရွတ်တွေကို သဘာဝနည်းလမ်းနဲ့ကုသမယ်ဆိုရင်တော့ အသားအရည်ကိုပြန်လည်ကောင်းမွန်စေပြီး အာဟာရတွေပါဝင်တဲ့ စားစရာအမျိုးမျိုးကိုစားပေးရမှာပါ။ အမြန်ဆုံးပြန်ကောင်းလာဖို့အတွက်ဆိုရင်တော့ အစားအစာတွေကိုအစီအစဉ်တကျ ညီညီမျှမျှစားသောက်ရမှာပါ။ Zinc (ဇင့်) အသားအရည်ကျန်းမာရေးအတွက်အရေးကြီးတဲ့လိုအပ်ချက်တစ်ခုဖြစ်တဲ့ ဇင့်ကမရှိမဖြစ်အရေးပါပါတယ်။ သူကဒဏ်ရာတွေကို ကုသတဲ့နေရာမှာအထောက်အကူပြုပေးနိုင်ပါတယ်။ ပရိုတိန်းမြင့်မားစွာပါဝင်တဲ့စားစရာတွေဖြစ်တဲ့ အမဲသား၊ ဝက်သား ၊ ငါး၊ နွားပေါက်သား၊ သိုးသားနဲ့ ကြက်သား ၊ကြက်ဥစသည်တွေမှာဇင့် ဓါတ်မြောက်များစွာပါဝင်ပါတယ်။ zinc ဓါတ်ကိုပိုပြီးရရှိစားသောက်နိုင်ဖို့အတွက် အနီရောင်အသားတွေကိုများများစားပေးပါ။ မြေပဲနဲ့ မြေပဲထောပတ်တွေမှာလဲဇင့် ဓါတ်တွေပါဝင်ပါတယ်။ ပဲအမျိုးမျိုးမှာလဲလုံလောက်တဲ့ဇင့် ဓါတ်တွေရှိပါတယ်။ ကုလားပဲ၊ ပဲနီလေး၊ ထောပတ်ပဲ၊ black beanနဲ့ ပဲလိပ်ပြာစတဲ့ပဲတွေမှာဇင့်တွေအလုံအလောက်ပါဝင်ပါတယ်။ ပဲဟင်းကတော့ တကယ်ကိုဇင့်ဓါတ်ကြွယ်ဝတဲ့ဟင်းပါ။ ပဲငါးပိနဲ့ အခြားပဲအမျိုးမျိုးမှာလည်းဇင့်ဓါတ်တွေပါဝင်ပါတယ်။ ပဲပုပ်(soy)ကိုအခြေခံထားတဲ့စားစရာတွေဖြစ်တဲ့ တိုဟူး၊ မီဆို ၊ tempeh ၊ soy cheese နဲ့ meatless entrée ကိုလည်းသင်စားသုံးနိုင်ပါတယ်။ […]


ဝက်ခြံ

သင့်ကို အံအားသင့်စေမယ့် ဝက်ခြံထွက်ရခြင်း အကြောင်းရင်းအချို့ကို ယခုပဲကြည့်လိုက်ပါ

ဝက်ခြံတွေက တကယ်စိတ်ညစ်စရာပါ။ ဒါပေမယ့် သင့်ခန္ဓါကိုယ်တွင်းမှာ မတူညီတဲ့ဟော်မုန်းတွေကို တုံ့ပြန်တတ်တဲ့ မျိုးရိုးဗီဇတွေနဲ့အတူ သင်နေ့စဉ်လုပ်နေကျ လုပ်ငန်းဆောင်တာတွေကလည်း ဝက်ခြံထွက်စေနိုင်တာ သို့မဟုတ် ဝက်ခြံပေါက်နေရင်တောင် ပိုဆိုးစေတာမျိုးကို ဖြစ်စေနိုင်ပါတယ်။ အချို့သော အံ့အားသင့်ဖွယ်ကောင်းတဲ့ အဓိကအချက်တွေကို အောက်မှာဖော်ပြထားပါတယ။် ကဲ ဝက်ခြံထွက်လွယ်တဲ့ အသားအရေပိုင်ရှင်လေးတို့ ကြည့်လိုက်ရအောင်။ ဝက်ခြံတွေထွက်လာရခြင်းရဲ့ အဖြစ်အများဆုံးအကြောင်းရင်းတွေကို နားလည်ထားရမှာက ပထမဆုံးနဲ့ အရေးအကြီးဆုံးအချက်ဖြစ်ပြီး ဒီလိုနားလည်တာကပဲ ဝက်ခြံတွေကို ရင်ဆိုင်နိုင်စေမှာဖြစ်ပါတယ်။ နိုင်ငံတကာလေ့လာသူများရဲ့ သုံးသပ်ချက်အရ ဝက်ခြံဖြစ်ရခြင်းအကြောင်းရင်းတွေထဲက အဖြစ်အများဆုံးအကြောင်းရင်း ၁၁ချက် ကို ဖော်ပြထားပေးပါတယ်။ • ဝက်ခြံပေါက်ရခြင်း အကြောင်းရင်း ၁ : မျက်နှာကို ထိကိုင်ခြင်း ဒါကတော့ အတော်အံ့သြဖို့ကောင်းပါတယ်။ ဒါပေမယ့် သင့်မျက်နှာကို တစ်နေ့လုံးအဆက်မပြတ် ထိနေကိုင်နေခြင်းက ခန္ဓါကိုယ်တစ်ခုလုံးမှာ အညစ်ပတ်ဆုံး ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခု ဖြစ်သွားစေနိုင်ပါတယ်။ ဒါဟာ ကျွန်တော်တို့အများစု သတိမမူဘဲ လုပ်မိတတ်ကြတဲ့ အရာတစ်ခုဖြစ်ပြီး […]


ဝက်ခြံ

ဝက်ခြံတွေကို မသိသာအောင်ဘယ်လိုလုပ်မလဲ။

ဝက်ခြံတွေအတွက် စိတ်ညစ်နေစရာမလိုပါဘူး။ ဝက်ခြံအများစုဟာ OTC ဆေး(ဆေးစာမလိုဘဲ အပြင်မှာဝယ်လို့ရတဲ့ဆေး)တွေ သို့မဟုတ် ဆရာဝန် ညွှန်ကြားချက်အရသောက်ရတဲ့ဆေးတွေနဲ့ ပျောက်ကင်းသွားနိုင်သလို သူ့အလိုလို လည်းပျောက်ကင်းသွားနိုင်ပါတယ်။ အဲ့ဒီအချိန်မှာ ဘုဒစ်တွေဖြစ်နေတဲ့မျက်နှာကို မသိသာအောင် အချို့အရာလေးတွေကိုလုပ်ကြည့်ပါ။ အဆီပြန်တဲ့အသားအရည်အတွက်ထုတ်ထားပြီး သင့်အသားအရောင်နဲ့ ကိုက်ညီတဲ့ မိတ်ကပ်ပစ္စည်းအနည်းငယ်ကိုသုံးပါ။ ဝက်ခြံတွေကင်းစပြုလာတဲ့အချိန်မှာ ဒါတွေကိုသေချာအသုံးပြုခြင်းက ဝက်ခြံတွေကို ဖုံးကွယ်ထားပေးနိုင်ပါတယ်။ အဆင့် ၁ အဆီမပါဝင်တဲ့ moisturizer အနည်းငယ်ကို လက်ချောင်းထိပ်လေးတွေပေါ်တင်ပြီး သင့်မျက်နှာပေါ်လိမ်းပေးပါ။ ဒါက ဝက်ခြံပျောက်ကင်းစေတဲ့ပစ္စည်းတွေကြောင့်ဖြစ်တဲ့ အသားခြောက်ခြင်းကို သက်သာစေပါတယ်။ မျက်နှာသစ်ပြီးတိုင်း Moisturizer တစ်ရက် ၂ကြိမ်သုံးပေးခြင်းက သင့်အသားအရည်ကို ကြည့်ရတာချောမွေ့လင်းလက်နေစေပါတယ်။ ဒါက ဝက်ခြံတွေကို မသိသာအောင်လုပ်ပေးနိုင်ပါတယ်။ အဆင့် ၂ Concealer ပဲစေ့ခန့်ညှစ်ယူပြီး လက်ချောင်းထိပ်လေးတွေနဲ့ ဝက်ခြံတွေပေါ်မှာ တစ်ချက်ချင်းစီပုတ်ပေးပါ။ စုတ်တံအသေးလေးနဲ့ ဝက်ခြံတစ်လုံးစီပေါ်မှာ concealer တွေ ပြန့်သွားအောင်လုပ်ပါ။ သင့်အောက်ခံမိတ်ကပ်အရောင်ထက် တစ်ဆင့်လျော့ပြီး အဆီမပါတဲ့concealer cream […]


ဝက်ခြံ

ဝက်ခြံ အမာရွတ် တွေ မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ

ဝက်ခြံ အမာရွတ် များ မဖြစ်အောင် ကာကွယ်နိုင်မည့် နည်းလမ်းများကို ပြောပြလိုပါသည်။ လူတိုင်းအတွက် ဝက်ခြံသည် စိုးရိမ်ပူပန်ရသော ကိစ္စရပ်ဖြစ်ပါသည်။ ဝက်ခြံပျောက်သွားသည့်တိုင်အောင် ဝက်ခြံထက်ပျောက်ကင်းရန် ပိုကြာသော အမာရွတ်ကျန်ခဲ့နိုင်ပါသည်။ ဝက်ခြံအမာရွတ်မည်သို့ဖြစ်ပေါ် နိုင်သလဲ သိထားခြင်းအားဖြင့် ကာကွယ်ခြင်းများပြုလုပ်နိုင်ပါသည်။ ဝက်ခြံအမာရွတ် မည်သို့ဖြစ်ပေါ်လာသနည်း လူတိုင်းသိထားသည်မှာ ချွေးပေါက်ပိတ်လျှင် ဝက်ခြံဖြစ်ပေါ်နိုင်ပါသည်။ ချွေးပေါက်ပိတ်လျှင် အဆီ အညစ်အကြေး ဘက်တီးရီးယား ပိုးမွှားများ ပေါက်ပွား၍ ရောင်ရမ်းခြင်းများဖြစ်ပေါ်နိုင်ပါသည်။ ဝက်ခြံကို မကိုင်ရ သူ့ဟာသူ ပျောက်ကင်းသည်အထိ စောင့်ရမည်ဟု ပြောကြသည်။ သို့သော် အရေပြားဆရာဝန် အချို့သည် ထိုအဆိုကို မှားယွင်းသည်ဟု ဆိုကြသည်။ ကုသမှုမယူလျှင် အဆီဝက်ခြံ ကဲ့သို့သော ဝက်ခြံ အချို့သည် အမည်းစက်နှင့် အမာရွတ်များကျန်ခဲ့နိုင်ပါသည်။ ဝက်ခြံများကို မှားယွင်းစွာညှစ်မိလျှင် အမာရွတ်ကျန်ခဲ့နိုင်ပါသည်။ ရောင်ရမ်းမှုများလေလေ အမာရွတ်ဖြစ်နိုင်ချေများလေလေ ဖြစ်ပါသည်။ သို့သော် ဆားဝက်ခြံနှင့် အဆီဖုများသည် အမာရွတ်မဖြစ်ပေါ်နိုင်ပါ။ ထို့ကြောင့် […]


ဝက်ခြံ

အနီမှတ်တွေနဲ့ ဝက်ခြံအမာရွတ်တွေကို ဘယ်လိုကုသမလဲ

အနီမှတ်တွေနဲ့ ဝက်ခြံအမာရွတ်တွေကိုဘယ်လိုကုသမလဲ။ ဝက်ခြံထွက်ပြီးဖြစ်လာတဲ့ အသားအရေအရောင်ပြောင်းခြင်းကို သေချာပေါက်ကုသပေးနိုင်တယ်လို့ ပြောထားတဲ့ အလှကုန်ပစ္စည်းတွေဟာ အချို့သောကိစ္စရပ်တွေမှာအချို့သော ခြွင်းချက်တွေကြောင့်ပြောထားတဲ့အတိုင်းကုသပျောက်ကင်းစေနိုင်မှာမဟုတ်ပါဘူး။ ဒီဆေးတွေထဲမှာ အသားအရေနေလောင်တဲ့ဒဏ်ကိုလျှော့ချပေးနိုင်တဲ့ (အသားညိုစေခြင်းကိုလျှော့ချပေးနိုင်တဲ့) hydroquinone ပါဝင်တဲ့ အသားဖြူစေတဲ့ ကုသမှုတွေ၊ မယ်လ်နင် (ဆံပင် အသားအရေနဲ့ မျက်လုံးအတွက် ရောင်ခြယ်ပစ္စည်း)ထုတ်လုပ်မှုကိုနှေးကွေးစေတဲ့ကုသမှုတွေ ပါဝင်မှာပါ။ ဒါပေမဲ့ ဝက်ခြံရဲ့ ပန်းရောင်သို့မဟုတ် အနီရောင်အမှတ်တွေဟာမယ်လ်နင်နဲ့ဆက်စပ်နေခြင်းမရှိပါဘူး။ ဆိုလိုတာက Hydroquinone နဲ့ အခြားသောအသားဖြူစေတဲ့ ပစ္စည်းတွေကိုသုံးတာက လုံးဝထိရောက်မှာမဟုတ်ပါဘူး။ ခြွင်းချက်အနေနဲ့ ဝက်ခြံတွေပေါက်ပြီးနောက် ကျန်ခဲ့တဲ့အမှတ်ကအညိုရောင်ဖြစ်နေတာမျိုးလိုရှိရင်းစွဲအသားအရည်ထက် ညိုနေတာမျိုးတွေကိုတော့ hydroquinoeသုံးပေးခြင်းအားဖြင့် ပျောက်ကွယ်သွားစေနိုင်ပါတယ်။ အိမ်မှာကုသနိုင်တဲ့ နည်းလမ်းတွေထဲမှာတော့ သံပုရာရည်သို့မဟုတ် အခြားသော အက်ဆစ်ပါဝင်တဲ့ သစ်သီးတွေကို မျက်နှာပေါ် ပွတ်တိုက်ခြင်းမျိုး လုံးဝမလုပ်ပါနဲ့။ သူတို့တွေက အရေပြားကို မှန်ကန်စွာချေးချွတ်မပေးနိုင်တဲ့အပြင် သူတို့ရဲ့ အက်ဆစ်ရည်တွေက အရေပြားကိုပျက်စီးစေနိုင်တာကြောင့် ကုသရမယ့်အချိန်ကိုပိုပြီးရှည်ကြာစေပါတယ်။ ဒါကြောင့် ဒီအရာကိုတော့ လုံးဝမလုပ်လိုက်ပါနဲ့။ ဒီပြဿနာကို […]


ဝက်ခြံ

ဝက်ခြံတွေပျောက်ဖို့ ရှားစောင်းလက်ပက် ကို ဘယ်လိုသုံးရမလဲ

ဝက်ခြံတွေပျောက်ဖို့ ရှားစောင်းလက်ပက်ကို ဘယ်လိုသုံးရမလဲ ဆိုတာ ပြောပြချင်ပါတယ်။ ဝက်ခြံဆိုတာ ချွေးပေါက်တွေမှာ အဆီပိုတွေ၊ ဆဲလ်သေတွေနဲ့ ဘက်တီးရီးယားတွေ ပိတ်ဆို့နေခြင်းကြောင့် အဖြစ်များတဲ့ အရည်ပြား ပြဿနာတစ်ခုပါ။ မျက်နှာ၊ ရင်ဘတ်နဲ့ ကျောမှာ နီရဲနေတဲ့ ဝက်ခြံတွေပုံစံမျိုး ပေါက်လေ့ရှိပါတယ်။ ရှားစောင်းလက်ပတ်ဟာ ဝက်ခြံတွေအတွက် လူကြိုက်များဆုံးနဲ့ ရှေးအကျဆုံးဆေးတစ်မျိုးပါပဲ။ သူက ဝက်ခြံကိုကုသပေးရုံမကဘဲ အပူလောင်တာ ၊ နေလောင်တာစတာတွေကို ကုသပေးနိုင်ပြီး ၊ အသေးစားထိခိုက်ဒဏ်ရာရရှိမှုတွေကိုပါ သက်သာပျောက်ကင်း စေနိုင်ပါတယ်။ သူဟာ cactus-like မျိုးနွယ်ထဲကအပင်တစ်မျိုးဖြစ်ပြီး သူ့အရွက်မှာ ကြည်လင်စေးပျစ်တဲ့အနှစ်တွေပါပါတယ်။ ဒီအနှစ်တွေကို ဒဏ်ရာရှိတဲ့နေရာတွေမှာလိမ်းပေးခြင်းအားဖြင့် အရည်ပြားပြဿနာတွေကို ပိုမိုလျင်မြန်စွာ ပျောက်ကင်းစေနိုင်ပါတယ်။ ရှားစောင်းလက်ပက်မှာ anti-bacterial, anti-inflammatory, astringent, pain inhibitor (နာကျင်မှုကိုလျှော့ချပေးသော) စတဲ့ ဂုဏ်သတ္တိတွေအပြင် အမာရွတ်ကိုလျှော့ချပေးပြီး ဆဲလ်တွေရဲ့ကြီးထွားမှုကိုအားပေးကာ ဝက်ခြံကို သဘာဝကျပြီး ထိရောက်မှုရှိရှိ ပျောက်ကင်းစေနိုင်တဲ့ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်