ဝက်ခြံ

ဝက်ခြံ သည် အဖြစ်များသည့် အရေပြားပြဿနာ ဖြစ်သည့်အတွက် ဝက်ခြံမဖြစ်အောင် နေထိုင်သားသောက်ပုံများ၊ ဝက်ခြံအမာရွတ်သက်သာအောင် ကုသနည်းများကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဝက်ခြံ

ဝက်ခြံအတွက် အသုံးမပြုသင့်တဲ့ အိမ်တွင်းနည်းလမ်းများ

အိမ်တွင်းနည်းလမ်းဆိုတာက သဘာဝပစ္စည်းတွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေကို ဆိုလိုတာပါ။ Home remedies တွေပေါ့။ ဒါတွေက သဘာဝကရတယ်ဆိုပေမယ့် အန္တရာယ်ကင်းတာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် ဝက်ခြံထွက်လာတဲ့အခါ ဝက်ခြံကို အိမ်ကရှိတဲ့ ပစ္စည်းတွေနဲ့ ဟိုတို့ ဒီအုံလုပ်တတ်သူတွေအတွက် ဝက်ခြံအတွက် အသုံးမပြုသင့်တဲ့ အိမ်တွင်းနည်းလမ်းများ က ဘာတွေလဲဆိုတာ သိထားဖို့ လိုပါတယ်။ ဝက်ခြံအတွက် အသုံးမပြုသင့်တဲ့ အိမ်တွင်းနည်းလမ်းများ (၁) သွားတိုက်ဆေး ဝက်ခြံပေါ်လာရင် သွားတိုက်ဆေးတို့တာက လူကြီးတွေလက်ထက်တည်းက လုပ်လာတဲ့ အကျင့်တစ်ခုပါ။ ပိုးသေစေတယ်ဆိုတဲ့ ယူဆချက်ပေါ့။ တချို့ လေ့လာချက်တွေအရလည်း Triclosanလို့ခေါ်တဲ့ ဓာတုပစ္စည်းက ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားကို သေစေတယ်ဆိုတဲ့ အဆိုပြုချက်တွေလည်း ရှိနေပါတယ်။ တကယ့်လက်တွေ့မှာတော့ Triclosanကို ရေရှည်အသုံးပြုမယ်ဆိုရင် စိတ်ချရမှုနဲ့ ပိုးသတ်ဆေး ယဉ်ပါးတာတွေ ဖြစ်နိုင်လို့ US အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက ၂၀၁၇မှာ ဆပ်ပြာ၊ သွားတိုက်ဆေး […]

ဝက်ခြံ ကို ရှာဖွေမည်။

ဝက်ခြံ

ဝက်ခြံအမာရွတ်တွေအတွက် အကောင်းဆုံးအိမ်တွင်းဆေးဝါးများ

ဝက်ခြံအမာရွတ်တွေအတွက် အိမ်တွင်းဆေးဝါးတွေမှာ ရေခဲ၊ ခရမ်းချဉ်သီး၊ သခွားသီး၊ ကြက်ဥ၊ နနွင်း၊ ရှားစောင်းလက်ပတ်၊ ပန်းသီးရှာလကာရည်၊ သံပုရာရည်၊ ပျားရည်၊ ရေ၊ လာဗင်ဒါဆီနဲ့ အခြားသော ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေကို အသုံးပြုတာတွေပါဝင်ပါတယ်။ ဝက်ခြံအမာရွတ်တွေအတွက် အသုံးပြုတဲ့ အိမ်တွင်းဆေးဝါးတွေဟာ Infection (ပိုးဝင်ခြင်း) ပြင်းပြင်းထန်ထန်ဝင်ခြင်း သို့မဟုတ် ဝက်ခြံတွေကို ညှစ်ခြင်း၊ ကုတ်ခြင်း နဲ့ အနာတရဖြစ်စေခြင်းတွေအတွက် အသုံးဝင်ပါတယ်။ အမာရွတ် အသေးစားတွေကတော့ သူ့ဖာသာ ပျောက်သွားနိုင်ပြီး ထင်ရှားတဲ့အမာရွတ်တွေကတော့ တစ်ဘဝလုံးစာ ကျန်ရစ်နေမှာပါ။ အပျော့စား အမာရွတ်တွေကိုတော့ အိမ်မှာအသုံးပြုနေကျသဘာဝပစ္စည်းတွေနဲ့ အန္တရာယ်ကင်းကင်း ကုသ ပျောက်ကင်းစေနိုင်ပါတယ်။ ဝက်ခြံတွေဟာ ချွေးပေါက်ပိတ်ခြင်းနဲ့ ဒဏ်ရာအနာတရတွေ ရုတ်တရက် ဖြစ်ပွားခြင်းတွေကြောင့် ဖြစ်တတ်ပါတယ်။ ဝက်ခြံရှိခြင်းဟာ ဆယ်ကျော်သက် အရွယ်ကနေ အရွယ်ရောက်ပြီးသည်အထိ ရှက်စရာကောင်းပြီး သင့်ကိုယ်သင် ရုပ်ဆိုးတယ်လို့ ခံစားနေရစေနိုင်ပါတယ်။ […]


ဝက်ခြံ

ခြောက်သွေ့တဲ့အသားအရေက ဝက်ခြံဖြစ်စေနိုင်သလား

ခြောက်သွေ့တဲ့ အသားအရေက ဝက်ခြံဖြစ်စေနိုင်သလား။ လူတွေက ဝက်ခြံဆိုရင် အဆီပြန်တာနဲ့ တွဲမြင်နေလေ့ရှိပါတယ်။ ဒါပေမဲ့ ခြောက်သွေ့တဲ့ အသားအရေကလည်း ဝက်ခြံဖြစ်စေတဲ့ အကြောင်းရင်းဖြစ်နိုင်ပါသေးတယ်။ ဝက်ခြံတွေဟာ သင့်မွှေးညှင်းပေါက်တွေ ပိတ်တိုင်းမှာ ဖြစ်လေ့ ရှိပါတယ်။ အဆီက ဖြစ်လေ့ဖြစ်ထရှိတဲ့ တရားခံပေမဲ့လည်းဆဲလ်သေတွေ ၊ အလှကုန်တွေ အညစ်အကြေးတွေနဲ့ ဘက်တီးရီးယားတွေကလည်း သင့်ချွေးပေါက်တွေကိုပိတ်စေပြီး ဝက်ခြံတွေအစုလိုက်ဖြစ်စေတဲ့ အကြောင်းရင်းတွေပါပဲ။ ခြောက်သွေ့တဲ့ အသားဆိုတာက များသောအားဖြင့် ပျက်စီးနေတဲ့အသားအရေကို ဆိုလိုပါတယ်။ သင့်အရေပြားဟာ နာကျင်နိုင်ဖွယ်ရှိတဲ့ အခြေအနေတွေ (ဘက်တီးရီးယား၊ ဗိုင်းရပ်စ် နဲ့ မှိုတွေကဲ့သို့သော)ကို မဖြစ်စေဖို့နဲ့ ဆဲလ်တွေရဲ့ ဖြစ်ပျက်မှုတွေကို ပုံမှန်ဖြစ်နေအောင် ထိန်းသိမ်းဖို့အတွက် Lipid layer ပေါ်မှာမှီခိုနေရပါတယ်။ သင့်အရေပြား ခြောက်သွေ့လာပြီဆိုရင် အထက်ပါအရာတွေကိုလုပ်ဆောင်ဖို့ ကန့်သတ်ခံလိုက်ရပါပြီ။ အရေပြားပေါ်မှာ ဆဲလ်တွေစုပုံလာစေပြီး ဒါတွေက အလွယ်တကူ နာကျင် ရောင်ရမ်းစေပါတယ်။ […]


ဝက်ခြံ

Acne (ဝက်ခြံ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Acne (ဝက်ခြံ) ကဘာလဲ။ သင်ဟာ ဆယ်ကျော်သက်တစ်ယောက်နီးပါးဖြစ်နေပြီ ဆိုလျှင် သင့်မှာ ဝက်ခြံပေါက်နိုင်ချေ အလွန်များပါတယ်။ ဆယ်ကျော်သက်မရောက်ခင် အရွယ် ၁၀ ယောက်မှာ ၈ ယောက်က တခြား ဆယ်ကျော်သက်အရွယ် နှင့် လူကြီးတွေနဲ့ အတူ ဝက်ခြံရှိနိုင်ပါတယ်။ တကယ်တော့ အမေရိကန်ပြည်ထောင်စု၏ လူဦးရေ ၁၇ သန်းလောက်မှာ ဝက်ခြံရှိကြပါတယ်။ ဝက်ခြံက ကလေးတစ်ယောက်ကနေ လူကြီးတစ်ယောက်ဖြစ်လာတဲ့ သင်္ကတအနေနဲ့ လူသိများပါတယ်။ သို့သော်လည်း သင့်ကိုယ်သင် မှန်ထဲကြည့်လိုက်တဲ့ အခါ မေးစေ့မှာ ဝက်ခြံကြီး ပေါက်နေတယ်ဆိုလျှင် အတော်နေရခက်ပါတယ်။ သတင်းကောင်းကတော့ ဝက်ခြံအကြောင်းလေ့လာပြီး သာမာန်နည်းလမ်း ရိုးရိုးလေးတွေ လိုက်လုပ်ရုံနဲ့ သင့်မျက်နှာ အတွက် စိုးရိမ်စရာ မလိုလောက်တော့ပါဘူး။ ဝက်ခြံဆိုတာက အဖုပုံစံအမျိုးမျိုး အနေနဲ့ ပေါ်လာတဲ့ အရေပြားဆိုင်ရာ အခြေအနေတစ်ခုပါ။ ၎င်းတို့မှာ ထိပ်ဖြူ၊ ထိပ်နက်၊ […]


ဝက်ခြံ

ဝက်ခြံတွေပျောက်ကင်းစေပြီး ကျန်းမာလှပတဲ့အရေပြားပိုင်ဆိုင်နိုင်ဖို့ Rosehip oil ရဲ့ ကောင်းကျိုး (၉)ခု

ပထမဆုံးမေးခွန်းက Rosehip oil ဆိုတာဘာလဲဆိုတာပါ။ Rosehip oil ဆိုတာက Rosehip အစေ့ကနေ ထုတ်ယူထားတဲ့ အဆီဖြစ်ပါတယ်။ ဒီအစေ့က ချီလီနိုင်ငံမှာ အများဆုံး အလေ့ကျပေါက်တဲ့ နှင်းဆီမျိုးစိတ်တစ်ခုဖြစ်တဲ့ rosa canina အမျိုးအစားကနေ ရရှိတာဖြစ်ပါတယ်။ ဒီအဆီမှာ အသားအရေအတွက်ကောင်းကျိုးများစေတဲ့ ဗီတာမင်တွေ၊ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အကျိုးပြုအက်ဆစ်အဆီဓာတ်တွေပြည့်ဝစွာပါဝင်နေပြီး ရောဂါပိုးတွေကို တိုက်ဖျက်ပေးနိုင်တာနဲ့ ရောင်ရမ်းမှုတွေကိုလျှော့ချပေးနိုင်တဲ့ အာနိသင်တွေပါဝင်ပါတယ်။ ဒီဆောင်းပါးမှာတော့ rosehip oil ရဲ့ ဝက်ခြံတွေပျာက်ကင်းစေနိုင်တဲ့ အာနိသင်နဲ့ အရေပြားအလှအပအတွက် ကောင်းကျိုးတွေအကြောင်းကို ရှင်းပြပေးရင်း အသားအရေပြဿနာရှိနေသူတွေအတွက် ဘယ်လိုအကျိုးရှိနိုင်တယ်ဆိုတာကို ပြောပြပေးမှာပါ။ ၁။ ဝက်ခြံကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုတွေကို လျော့ကျစေတယ်။ ဝက်ခြံပေါက်တတ်တဲ့သူတွေအတွက် အသားရေထိန်းသိမ်းရေးပစ္စည်းရွေးချယ်ရတာ တကယ်ခက်ပါတယ်။ တည့်တာမတည့်တာ၊ ဝက်ခြံတွေ ပိုဆိုးလာနိုင်တာမျိုးတွေရှိတော့ အတော်လေးသတိထားရွေးရတယ်။ သတင်းကောင်းကတော့ Rosehip oil မှာ ရောင်ရမ်းမှုတွေကို လျော့ကျစေတဲ့ ဓာတ်တွေပါဝင်တယ်။ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG