backup og meta

သိထားဖို့လိုမယ့် ဝက်ခြံ breakout ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများ

သိထားဖို့လိုမယ့် ဝက်ခြံ breakout ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများ

ဝက်ခြံတွေက တစ်မျိုးမက အဖြူဆံလေးတွေ ထွက်တဲ့ဝက်ခြံ၊ ဆားဝက်ခြံနဲ့ အမျိုးမျိုးသော ဝက်ခြံတွေ ဖိစီးနေပြီလား! ဒီလို ဝက်ခြံတွေက တစ်မျိုးမက ထွက်နေတာအပြင် ဝက်ခြံတွေက တစ်လုံးပြီး တစ်လုံး အဆက်မပြတ် ထွက်ပြီး ဝက်ခြံတွေ Breakout ဖြစ်နေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ လိုနေပါပြီ။ ဒီလို ပြောရတာက ဒီဆောင်းပါးထဲမှာ သိထားဖို့လိုမယ့် ဝက်ခြံ breakout ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများ အကြောင်း ပြောပြပေးသွားမှာမို့ပါ။ 

ဝက်ခြံ breakout ဖြစ်တယ်ဆိုတာ 

ဝက်ခြံ breakoutဖြစ်တယ်ဆိုတာက ရုတ်တရက်ကြီး အစုလိုက် ထွက်လာတာ၊ အဆက်မပြတ်ထွက်လာတာမျိုးပါ။ မျက်နှာမှာသာမက အဆီဂလင်းရှိတဲ့ ရင်ဘတ်တွေ၊ ကျောတွေမှာပါ ထွက်လာတတ်ပါတယ်။

သိထားဖို့လိုမယ့် ဝက်ခြံ breakout ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများ

သိထားဖို့လိုမယ့် ဝက်ခြံ breakout ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများ က ဘာတွေ ဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

  • ဟော်မုန်းတွေ

အပျိုဖော်၊ လူပျိုဖော်ဝင်ချိန်မှာ ယောက်ျားလေးတွေမှာရော မိန်းကလေးတွေမှာပါ androgens ဟော်မုန်း ပမာဏ မြင့်တက်လာပြီး အဆီဂလင်းတွေမှာ အဆီတွေ ပိုထွက်ရှိစေပါတယ်။ ဒီလို အဆီတွေ ပုံမှန်ထက် ပိုထွက်လာတာက အရေပြားတွင်းပေါက်တွေကို ထိခိုက်စေပြီး ဘက်တီးရီးယားတွေ ပေါက်ဖွားမှုကို ဖြစ်စေနိုင်ပါတယ်။ 

လေဒီလေးတွေမှာတော့ ရာသီလာချိန်နဲ့ ကိုယ်ဝန်ဆောင်ချိန်တွေမှာ ဟော်မုန်းပြောင်းလဲမှု ဖြစ်နိုင်သလို သားဆက်ခြားနည်းလမ်းတွေကလည်း အဆီထွက်ရှိမှုကို ဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေတွေကပဲ ဝက်ခြံကို ဖြစ်စေနိုင်သလို ဝက်ခြံ breakout ဖြစ်တာကိုလည်း ဖြစ်စေတာပါ။ 

  • မျိုးရိုး

ဝက်ခြံ breakout ဖြစ်စေတဲ့ အကြောင်းအရင်း တစ်ခုကတော့ မျိုးဗီဇ လွှမ်းမိုးမှုပါ။ ဒီလိုမျိုး မျိုးရိုးရှိတာကလည်း ဝက်ခြံ breakout ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းပါ။ 

  • အဆီ အခြေခံထားတဲ့ အလှကုန်ပစ္စည်းတွေ

မိတ်ကပ်၊ အစိုဓာတ်ထိန်းခရင်မ်တွေ၊ လိုရှင်းတွေ နဲ့ ဆံသားအတွက် အသုံးပြုတဲ့ ပစ္စည်းတွေက ချွေးပေါက်တွေကို ပိတ်ဆို့စေနိုင်တဲ့ ဆာလဖိတ်၊ mineral oil၊ အုန်းဆီ၊ cocoa butter နဲ့ ဆီလီကွန် ပါဝင်နေတဲ့ အလှကုန်တွေ ကလည်း ချွေးပေါက်တွေကို ပိတ်ဆို့စေပြီး ဝက်ခြံတွေကို breakout ဖြစ်စေနိုင်ပါတယ်။ 

  • စိတ်ဖိစီးမှုနဲ့ စိုးရိမ်စိတ်များတာ

စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေနဲ့ စိတ်ခံစားမှုဆိုင်ရာ စိတ်ဖိစီးမှုတွေက ကိုယ်တွင်းမှာရှိတဲ့ ကော်တီစော နဲ့ အက်ဒရီနယ်လင်ဟော်မုန်း ပမာဏကို သက်ရောက်နေပြီး ဝက်ခြံတွေကို ပိုဆိုးစေပါတယ်။ ဒီလို စိတ်ဖိစီးမှု များတာတွေက ဝက်ခြံ breakout ဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ဟော်မုန်းတွေက အဆီဂလင်းတွေကို အဆီထွက်ရှိအောင် လှုံ့ဆော်စေပြီး ချွေးပေါက်တွေကို ပိတ်ဆို့စေနိုင်ပါတယ်။ 

  • ဆေးဝါးတွေ

Androgens၊ corticosteroids နဲ့ lithium တို့ပါဝင်နေတဲ့ ဆေးဝါးတွေကလည်း ဝက်ခြံတွေကို breakout ဖြစ်စေပါတယ်။ 

  • အစားအစာတွေ

သကြားဓာတ်ညွှန်းကိန်း (glycemic index) မြင့်တဲ့ အစားအစာတွေနဲ့ နို့တွေက ဝက်ခြံတွေကို ဖြစ်စေနိုင်ပါတယ်။ ဥပမာ နွားနို့၊ သကြားလုံး၊ အချိုကဲတဲ့ အစားအစာတွေ၊ ပေါင်မုန့်၊ အာလူး စတာတွေကလည်း ဝက်ခြံဖြစ်စေနိုင်ပါတယ်။ 

  • ဝက်ခြံကို ညှစ်တာ

ဖူးရောင်နေတဲ့ ဝက်ခြံတွေကို ညှစ်တာက ဘက်တီးရီးယား ပိုးဝင်ကူးစက်မှုကို ဖြစ်စေပြီး ဝက်ခြံတွေကို တစ်လုံးပြီး တစ်လုံးဆက်ဖြစ်စေပါတယ်။ ဝက်ခြံတွေကို ညှစ်တာက ပိုမို ရောင်ရမ်းစေပြီး အရေပြား နီမြန်းတာ အမာရွတ်ဖြစ်တာတွေကို ဖြစ်စေနိုင်ပါတယ်။ 

  • နေရောင်ခြည်နဲ့ အလွန်အကျွံ ထိတွေ့တာ

နေလောင်တာက အသားအရေကို ခြောက်သွေ့စေပြီး အဆီတွေ ပိုထွက်စေပါတယ်။ အဆီတွေကို ပိုထွက်စေတာက ဝက်ခြံကို ဖြစ်စေနိုင်ပါတယ်။ 

  • အရေပြားပေါ်မှာ ဖိအားရှိတာ

အရေပြားကို မကြာခဏ ထိတွေ့ ကိုင်တွယ်တာ၊ ဆဲလ်ဖုန်းတွေ၊ ဟူဒီတွေ၊ ဦးထုပ်တွေနဲ့ ကော်လာကျပ်ကျပ်တွေက ချွေးထွက်တာကို ဖြစ်စေပြီး အရေပြားမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားတာ၊ ချွေးပေါက်တွေ ပိတ်ဆို့တာကို ဖြစ်စေပြီး ဝက်ခြံတွေ ဖြစ်စေနိုင်ပါတယ်။ 

ဒါတွေအပြင် အိပ်ရေးပျက်တာ၊ ရေဓာတ်ဆုံးရှုံးတာ၊ ဆေးလိပ်အသောက်များတာတွေကြောင့်လည်း ဝက်ခြံတွေ ရုတ်တရက် အများကြီးထွက်လာတတ်ပါတယ်။

ကဲ ….. ဒီအချက်တွေကြောင့် အရေပြားပေါ်မှာ ဝက်ခြံတွေ မပြတ်တမ်း ထွက်ပြီး ဝက်ခြံတွေ ကန်ထွက်ခြင်း breakout ကို ဖြစ်စေနိုင်တာပါ။

မျက်နှာမှာ ဝက်ခြံမပြတ်တာ ဘာကြောင့်လဲ!

မျက်နှာမှာ ဝက်ခြံမပြတ်တာ ဒီအချက်တွေကြောင့်ပါ
  • ဟော်မုန်းပြောင်းလဲတာ
  • မျိုးရိုးရှိနေတာ
  • အဆီပါတဲ့ အလှကုန်တွေ သုံးနေတာ
  • စိတ်ဖိစီးတာ
  • စိုးရိမ်စိတ်များတာ
  • အချိုကဲ၊ အငန်ကဲ၊ အဆီပါဝင်မှု များတာတွေကို စားသုံးမိတာ
  • ဝက်ခြံကို ဆိတ်ဆွတာ၊ ညှစ်တာ
  • နေရောင်နဲ့ ထိတွေ့မှု များတာ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

References:

Things You Didn’t Know Caused Acne https://www.specialistsindermatology.com/blog/things-you-didnt-know-caused-acne Accessed Date 21 June 2023

Why Is My Face Breaking Out: 13 Surprising Causes of Acne and How to Treat It https://www.cosmopolitan.com/style-beauty/beauty/a32686/surprising-things-that-cause-acne/ Accessed Date 21 June 2023

DAILY ACTIONS YOU DIDN’T KNOW CAN CAUSE ACNE BREAKOUTS https://sublimelife.in/blogs/sublime-stories/daily-actions-you-didn-t-know-can-cause-acne-breakouts Accessed Date 21 June 2023

5 Things You Didn’t Know Cause Acne https://www.apexskin.com/2018/03/29/5-things-that-cause-acne/ Accessed Date 21 June 2023

10 Things that Cause Acne Breakouts You Don’t Know About https://reverehealth.com/live-better/10-things-that-cause-acne-breakouts/ Accessed Date 21 June 2023

ယခုပုံစံ

21/03/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Probiotics က ဝက်ခြံသက်သာစေမယ့် အဖြေများလား!

ဒါတွေက ဝက်ခြံ အမာရွတ်တွေ ဖြစ်စေနိုင်တယ်ဆိုတာ သိပြီးပြီလား!


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement