ဝက်ခြံ

ဝက်ခြံ သည် အဖြစ်များသည့် အရေပြားပြဿနာ ဖြစ်သည့်အတွက် ဝက်ခြံမဖြစ်အောင် နေထိုင်သားသောက်ပုံများ၊ ဝက်ခြံအမာရွတ်သက်သာအောင် ကုသနည်းများကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဝက်ခြံ

ဝက်ခြံအတွက် အသုံးမပြုသင့်တဲ့ အိမ်တွင်းနည်းလမ်းများ

အိမ်တွင်းနည်းလမ်းဆိုတာက သဘာဝပစ္စည်းတွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေကို ဆိုလိုတာပါ။ Home remedies တွေပေါ့။ ဒါတွေက သဘာဝကရတယ်ဆိုပေမယ့် အန္တရာယ်ကင်းတာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် ဝက်ခြံထွက်လာတဲ့အခါ ဝက်ခြံကို အိမ်ကရှိတဲ့ ပစ္စည်းတွေနဲ့ ဟိုတို့ ဒီအုံလုပ်တတ်သူတွေအတွက် ဝက်ခြံအတွက် အသုံးမပြုသင့်တဲ့ အိမ်တွင်းနည်းလမ်းများ က ဘာတွေလဲဆိုတာ သိထားဖို့ လိုပါတယ်။ ဝက်ခြံအတွက် အသုံးမပြုသင့်တဲ့ အိမ်တွင်းနည်းလမ်းများ (၁) သွားတိုက်ဆေး ဝက်ခြံပေါ်လာရင် သွားတိုက်ဆေးတို့တာက လူကြီးတွေလက်ထက်တည်းက လုပ်လာတဲ့ အကျင့်တစ်ခုပါ။ ပိုးသေစေတယ်ဆိုတဲ့ ယူဆချက်ပေါ့။ တချို့ လေ့လာချက်တွေအရလည်း Triclosanလို့ခေါ်တဲ့ ဓာတုပစ္စည်းက ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားကို သေစေတယ်ဆိုတဲ့ အဆိုပြုချက်တွေလည်း ရှိနေပါတယ်။ တကယ့်လက်တွေ့မှာတော့ Triclosanကို ရေရှည်အသုံးပြုမယ်ဆိုရင် စိတ်ချရမှုနဲ့ ပိုးသတ်ဆေး ယဉ်ပါးတာတွေ ဖြစ်နိုင်လို့ US အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက ၂၀၁၇မှာ ဆပ်ပြာ၊ သွားတိုက်ဆေး […]

ဝက်ခြံ ကို ရှာဖွေမည်။

ဝက်ခြံ

အာရှလူမျိုးများရဲ့ အသားအရေမှာ ဝက်ခြံပေါက်တဲ့အခါ ဘယ်လိုကုသမလဲ

ရာသီဥတုကွဲပြားမှု၊ ပတ်ဝန်းကျင်ဆိုင်ရာနှင့် အခြားသောအရာများ၏ ကွဲပြားမှုများကြောင့် ကျွန်ုပ်တို့ အာရှလူမျိုးများ၏ အသားအရေဟာ အခြားနေရာမှ လူမျိုးများနှင့် ကွဲပြားရခြင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ဝက်ခြံနှင့် ပတ်သက်ပြီး နောက်ထပ်ပြုလုပ်ရမယ့် အရာတွေအများကြီး ရှိပါတယ်။ အခြားလူမျိုးများရဲ့ အသားအရေ များအတွက် ထုတ်လုပ်ပေးထားသော အလှကုန်တွေဟာ အာရှလူမျိုးများရဲ့ အသားအရေတွက် အသုံးဝင်မှာ မဟုတ်ပါဘူး။ ကျွန်ုပ်တို့ အာရှအသားအရေပေါ်မှာ ဝက်ခြံပေါက်တဲ့အခါ ကုသနိုင်မယ့် နည်းလမ်းအချို့ကို အောက်မှာ ဖော်ပြပေးထားပါတယ်။ အာရှလူမျိုးများရဲ့ အသားအရေဆိုင်ရာ ကွာခြားချက်တွေက ဘာတွေလဲ။ အရေပြားဟာ ပတ်ဝန်းကျင် ရာသီဥတုနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြုပြင်နေထိုင်ရပြီး အရေပြားထဲမှ ရောင်ခြယ်ဖွဲ့စည်းပုံများကြောင့် အာရှလူမျိုးများရဲ့ အသားအရေဟာ အခြားလူမျိုးများထက်စာရင် အဆီပိုပြန်ပြီး ရောင်ခြယ်ပါဝင်နှုန်းမြင့်ပါတယ်။ အာရှအသားအရေဟာ သဘာဝမှာကိုက အဆီပိုထုတ်တဲ့ အတွက်ဝက်ခြံ ပိုဖြစ်လွယ်ပါတယ်။ အများစုကိုကြည့်ရင် အာရှလူမျိုးများ ဝက်ခြံပေါက်တဲ့အခါ နီရဲပြီး မာထန်တဲ့အဖုအထစ်တွေ […]


ဝက်ခြံ

သက်ကြီးဝက်ခြံပေါက်ရခြင်း အကြောင်း ၅ ချက်

ဝက်ခြံဆိုတာ အရွယ်ရောက်ပြီးသူများ အတွက် နာကျင်မှုဖြစ်စေရုံသာမက အရှက်ရမှုတွေလဲ ဖြစ်စေနိုင်ပါတယ်။ နိုင်ငံတကာ အရေပြားသိပ္ပံဌာနအရ အရွယ်ရောက်လူဦးရေရဲ့ ၄၀-၅၅ % ဟာ ဝက်ခြံပေါက်နေကြပြီး ဆယ်ကျော်သက်အရွယ်တုန်းက ဝက်ခြံပျောက်စေခဲ့တဲ့ ကုထုံးတွေတောင် လူနာအများစု အတွက် အခုချိန်မှာ အကျုံးမဝင်တာ ( သို့) ပိုဆိုးစေနေတာကို တွေ့နေရပါတယ်။ ဒီအခြေအနေဟာ ဘာလို့ အရွယ်ရောက်ပြီးသူတွေမှာ ဝက်ခြံပေါက်ရတာလဲဆိုတဲ့ မေးခွန်းကို ပိုပြီးမေးလာစရာ ဖြစ်လာစေခဲ့ပါတယ်။ အချို့လူကြီးပိုင်းတွေမှာဆိုရင် အသက် ၃၀၊ ၄၀ ကနေ ၅၀ ထိတောင် ဝက်ခြံပေါက်လို့ကောင်းတုန်း ရှိနေပါသေးတယ်။ အရွယ်ရောက်ပြီးနောက်ပိုင်းမှ ပေါက်သော ဝက်ခြံကို အရေးပြာဆရာဝန်များက သက်ကြီးဝက်ခြံဟု ခေါ်ဝေါ်ညွှန်းဆိုကြသည်။ ဒီဝက်ခြံဟာ အမျိုးသားတွေထက် အထူးသဖြင့် သွေးဆုံးပြီးသူ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဝက်ခြံပေါက်စေဖို့ အတွက် အကြောင်းပြချက် အချို့ကတော့ ဟော်မုန်းအဆင့်များ […]


ဝက်ခြံ

ဝက်ခြံပိုပေါက်စေတဲ့ အကြောင်းအရာ ၇ ချက်

လူတိုင်းလိုလို ဘဝမှာ တစ်ကြိမ်တစ်ခါတော့ ဝက်ခြံပေါက်ကြစမြဲဖြစ်ပါတယ်။ “ငါဘာလို့တခြားသူတွေထက် ဝက်ခြံပိုပေါက်နေတာလဲ” ဒါမှမဟုတ် “ဘာလို့ တချို့တွေမှာ ဝက်ခြံမပေါက်တာလဲ” ဆိုပြီး ကိုယ့်ဘာသာ မေးခွန်းထုတ်ကြည့်ကြဖူးလား။ ဒါဟာ မေးခွန်းကောင်းတစ်ခုဖြစ်ပြီး သင့်အတွက် အဖြေကိုတော့ ဒီဆောင်းပါးမှာ ဆက်လက်ဖော်ပြပေးသွားမှာပါ။ ဟော်မုန်းပြောင်းလဲခြင်းများ ဟော်မုန်းပြောင်းလဲတာဟာ ဝက်ခြံပိုပေါက်စေတဲ့ အဓိကအတွေ့အများဆုံးအကြောင်းအရာတစ်ခုဖြစ်ပါတယ်။ ဟော်မုန်းပြောင်းလဲမှုက လူပျိုအပျိုဝင်စအချိန် ဒါမှမဟုတ် အရွယ်ရောက်ပြီးသူတွေမှာတောင်မှ ဖြစ်နိုင်ပါတယ်။ လူပျို အပျိုဖော်ဝင်ချိန် ပျိုဖော်ဝင်ချိန်မှာ Androgen (အန်ဒရိုဂျင်) လို့ခေါ်တဲ့ လိင်ဟော်မုန်းတွေဟာ သင့်ခန္ဓါကိုယ်မှာ တိုးပွားလာပါတယ်။ ဒီလိုတိုးပွားလာတာဟာ သင့်အရေပြားမှာ ရှိတဲ့ အဆီအိတ်တွေကို အဆီပိုထုတ်လာအောင် လှုံ့ဆော်ပေးပါတယ်။ လုံလောက်တဲ့ သဘာဝအဆီဟာ အရေပြားကိုကာကွယ်ပေးပြီး စိုစွတ်မှုကိုဖြစ်စေပါတယ်။ လိုတာထက် ပိုလာရင်တော့ အရေပြားဆဲလ်အဟောင်းတွေနဲ့ရောပြီး ချွေးပေါက်တွေကို ပိတ်စေကာ ဝက်ခြံအဖြစ်ပေါ်လာနိုင်ပါတယ်။ အရွယ်ရောက်ပြီးချိန် အမျိုးသမီးတွေမှာ ရာသီလာ စဉ်၊ ကိုယ်ဝင်ဆောင်စဉ် သို့မဟုတ် ဟော်မုန်းကုသမှုခံယူစဉ်တွေမှာ ဟော်မုန်းပြောင်းလဲမှုတွေဖြစ်စေပါတယ်။ […]


ဝက်ခြံ

အဖြစ်များသော ဝက်ခြံအမျိုးအစား (၅)မျိုးနှင့်ကုသဖြေရှင်းနည်းများ

ဝက်ခြံအမျိုးအစား အမျိုးမျိုးကွဲပြားသည်ကို သင်သိပါသလား။ သင့်ဝက်ခြံသည် မည်သည့်ဝက်ခြံအမျိုးအစားဖြစ်သည်ကို သိပါ သလား။ တစ်ခါတရံတွင် သင့်ဝက်ခြံကို ပျောက်ကင်းအောင် ကုသရန် ခက်ခဲပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင့်ဝက်ခြံအမျိုးအစားအတွက် သင့်လျော်သောဖြေရှင်းနည်းကို အသုံးမပြုသောကြောင့် ဖြစ်ပါသည်။ အဖြစ်များသော ဝက်ခြံအမျိုးအစားနှင့် ကုသနည်းများကိုအောက်တွင် ဖော်ပြထားပါ သည်။ ဝက်ခြံအမျိုးအစားများ ဆားဝက်ခြံအမည်းဆံနှင့် ဝက်ခြံဖြူ (အဆီဖုဝက်ခြံ) ဝက်ခြံသည် အဆီနှင့် အရေပြားဆဲ(လ်) အသေများ စုပေါင်းပြီး ချွေးပေါက်ထိပ်တွင် ပိတ်ဆို့ရာမှ ဖြစ်ပေါ်လာသည်။ ထိုဆဲလ်အသေနှင့် အဆီလုံးများသည် အရေပြားအောက်တွင် ရှိနေပါက ဝက်ခြံဖြူဖြစ်ပြီး Close comedo ဟုခေါ် သည်။ Close comedoသည် အရေပြားပေါ်တွင် ပေါ်လာပြီး လေနှင့်ထိတွေ့၍ အမဲရောင်ဖြစ်သွားပါက open comedo (သို့) အမည်းဆံဟုခေါ်သည်။ အညစ်အကြေးများကြောင့် အမည်းရောင် ဖြစ်သွားခြင်းမဟုတ်ပါ။ Papules တစ်ခါတရံတွင် ဝက်ခြံသည် […]


ဝက်ခြံ

ဝက်ခြံအမာရွတ်တွေ ဘယ်လိုဖြစ်လာသလဲ

လူတိုင်းအတွက် ဝက်ခြံသည် စိုးရိမ်ပူပန်ရသော ကိစ္စရပ်ဖြစ်ပါသည်။ ဝက်ခြံပျောက်သွားသည့်တိုင်အောင် ဝက်ခြံထက်ပျောက်ကင်းရန် ပိုကြာသော အမာရွတ်ကျန်ခဲ့နိုင်ပါသည်။ ဝက်ခြံအမာရွတ် မည်သို့ဖြစ်ပေါ်နိုင်သလဲ သိထားခြင်းအားဖြင့် ကာကွယ်ခြင်းများပြုလုပ်နိုင်ပါသည်။   ဝက်ခြံအမာရွတ်သည်မည်သို့ဖြစ်ပေါ်လာသနည်း။ လူတိုင်းသိထားသည်မှာ ချွေးပေါက်ပိတ်လျှင် ဝက်ခြံဖြစ်ပေါ်နိုင်ပါသည်။ ချွေးပေါက်ပိတ်လျှင် အဆီ၊ အညစ်အကြေး၊ ဘက်တီးပိုးမွှားများပေါက်ပွား၍ ရောင်ရမ်းခြင်းများဖြစ်ပေါ်နိုင်ပါသည်။ ဝက်ခြံကို မကိုင်ရ၊ သူ့ဟာသူပျောက်ကင်းသည်အထိစောင့်ရမည်ဟု ပြောကြသည်။ သို့သော် အရေပြားဆရာဝန်အချို့သည် ထိုအဆိုကို မှားယွင်းသည်ဟုဆိုကြသည်။ ကုသမှုမယူလျှင် အဆီဝက်ခြံ ကဲ့သို့သော ဝက်ခြံအချို့သည် အမည်းစက်နှင့် အမာရွတ်များကျန်ခဲ့နိုင်ပါသည်။ ဝက်ခြံများကို မှားယွင်းစွာညှစ်မိလျှင် အမာရွတ်ကျန်ခဲ့နိုင်ပါသည်။ ရောင်ရမ်းမှုများလေလေ အမာရွတ်ဖြစ်နိုင်ချေများလေလေ ဖြစ်ပါသည်။ သို့သော် ဆားဝက်ခြံနှင့် အဆီဖုများသည် အမာရွတ်မဖြစ်ပေါ်နိုင်ပါ။ ထို့ကြောင့် မကြာမကြာ အရေပြားဆရာဝန်ထံသို့သွား၍ ဝက်ခြံကုသမှုခံယူရပါမည်။ ကာကွယ်မှုယူထားရပါမည်။   ဝက်ခြံအမာရွတ်အမျိုးအစားများမှာ အဘယ်နည်း။ ဝက်ခြံကိုညှစ်ထုတ်ပြီးပါက အမာရွတ်ကျန်နိုင်ပါသည်။ တစ်ခါတစ်ရံ အမာရွတ်များ ခုံးတက်လာပါက အသားတက်သော အမာရွတ်မျိုးဖြစ်ပေါ်နိုင်ပါသည်။ သို့သော် ရှားပါသည်။ […]


ဝက်ခြံ

ဝက်ခြံထွက်ခြင်းနှင့် စိတ်ခံစားမှုအကြောင်း

ဝက်ခြံထွက်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုများရှိပြီး စိတ်ခံစားမှုအပေါ်များစွာ လွှမ်းမိုးထားပါတယ်။ အများစုဟာ ဆယ်ကျော်သက်အရွယ်မှာ ဝက်ခြံထွက်ခြင်းပြဿနာနှင့် ကြုံတွေ့ရတတ်တဲ့အတွက် ဝက်ခြံထွက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့စိတ်ခံစားမှုများနှင့် ဝက်ခြံထွက်လာရင် ဘယ်လိုကိုင်တွယ်သင့်တယ်ဆိုတာ နားလည်သိရှိဖို့အရေးကြီးပါတယ်။ ဝက်ခြံထွက်ခြင်းကြောင့် ဖြစ်ပေါ်လာသောစိတ်ခံစားမှုများ ဝက်ခြံထွက်ခြင်းဟာ အလွန်အဖြစ်များတဲ့ အရေပြားပြဿနာတစ်ခုဖြစ်ပြီး ခံစားရသူတွေကို စိတ်ပျက်စေပါတယ်။ ဒီအချက်ဟာ ဆယ်ကျော်သက် လူငယ်တွေအတွက် ပိုမိုဆိုးရွားစေပါတယ်။ ဆယ်ကျော်သက် လူငယ်တွေဟာ ပုံပန်းသွင်ပြင်ကို အင်မတန်ဂရုစိုက်တတ်ကြပြီး ရွယ်တူများနှင့် ယှဉ်တတ်တဲ့အလေ့အကျင့်ဟာ သဘာဝပါ။ ရွယ်တူသူငယ်ချင်းများကြား ကိုယ်တစ်ဦးတည်း ဝက်ခြံပေါက်တယ်ဆိုရင် လွန်စွာရှက်တတ်၊ မဝံ့မရဲဖြစ်ပြီး အကြောက်အရွံ့ကြီးတတ်ပါတယ်။ ဒါဟာ ဘဝအတွက် ဆိုးရွားတဲ့သက်ရောက်မှုရှိပြီး စစ်မှန်တဲ့ ပုံပန်းသွင်ပြင်ကို ဖုံးကွယ်တတ်ကြပါတယ်။ ဝက်ခြံထွက်သူတချို့ဟာ မျက်နှာကိုဖုံးဖို့အတွက် ဆံပင်ရှည်ထားတတ်ကြပြီး တချို့ကတော့ ဝက်ခြံအဖုအထစ်အချိုင့်တွေကို ဖုံးကွယ်ဖို့ မိတ်ကပ်ထူထူကြီးတွေ လိမ်းတတ်ကြပါတယ်။ ဆယ်ကျော်သက်လူငယ်တွေဟာ ဘေးပတ်ဝန်းကျင်ရဲ့ အမြင်နှင့်သုံးသပ်ချက်များကို အရမ်းဂရုစိုက်တတ်ကြပါတယ်။ အမှတ်မထင်နောက်ပြောင်လိုက်ခြင်းကိုပင် […]


ဝက်ခြံ

လူကြီး ဝက်ခြံပေါက်ရခြင်း အကြောင်းအရင်း (၅) ဖြာ

လူအများစုသည်ဆယ်ကျော်သက်အရွယ် ကျော်လာသည့်တိုင် ဝက်ခြံအမြောက်အမြား ပေါက်နေကြပါတယ်။ လူကြီးဝက်ခြံဆိုတာဟာ တွေ့ရများတဲ့ အရေပြားပြဿနာတစ်ခုပါ။ လေ့လာမှုများအရ ဝက်ခြံပေါက်ခြင်းသည် အသက် (၁၀)နှစ်မှ (၂၉)နှစ်ကြား လူရွယ်များရဲ့တစ်ဝက်လောက်မှာ တွေ့ရှိရပါတယ်။ ဤဆောင်းပါးတွင် လူကြီးဝက်ခြံပေါက်ခြင်းရဲ့အကြောင်းအရင်း (၅)ဖြာကို ဆွေးနွေးမှာဖြစ်ပါတယ်။ ရာသီပန်းပွင့်ချိန်ပြောင်းလဲတတ်သောဟော်မုန်းဓါတ်များ ဝက်ခြံဟာအသက် (၂၀)မှ (၄၀)နှစ်ကြား အမျိုးသမီးများမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ရာသီပေါ်နေချိန်မှာ ခန္ဓါကိုယ်တွင်းဟော်မုန်းဓါတ်များအပြောင်းအလဲရှိလို့ဖြစ်ပါတယ်။ များသောအားဖြင့် ရာသီမပေါ်ခင် (သို့) ရာသီပေါ်ချိန်အစမှာ ဝက်ခြံပေါက်ခြင်းဟာ ပိုမိုဆိုးရွားတတ်ပါတယ်။ ခန္ဓါကိုယ်တွင်းဟော်မုန်းများထွက်ခြင်းကြောင့်ဖြစ်တဲ့ ဝက်ခြံများဟာမဖြစ်အောင်ကာကွယ်ဖို့ ခက်ခဲပါတယ်။ သို့သော်လည်း ဝက်ခြံပျောက်ကင်းစေရန် ဆေးဝါးများ အသုံးပြုနိုင်ပါတယ်။ ဆေးအချိုးအစားအနည်းငယ်သာ ပါသောOestrogen (သို့) Progesterone ကိုယ်ဝန်တားဆေးများ၊ ကျားဟော်မုန်းဓါတ် လျော့နည်းစေသောandrogen ဆန့်ကျင်ဆေးဝါးများ ဖြစ်တဲ့ Spironolactone (သို့) နှစ်မျိုးပေါင်းထားသောဆေးများကို အသုံးပြုနိုင်ပါတယ်။ ဖော်ပြပါသောက်ဆေးများကိုသင့်တော်တဲ့လိမ်းဆေးများနှင့် တွဲသုံးရင် ပိုမိုအဆင်ပြေကောင်းမွန်ပါတယ်။ စိတ်ဖိစီးမှုရှိချိန်ထွက်လာသောဟော်မုန်းများ(stress hormones) Stress […]


ဝက်ခြံ

ဝက်ခြံကို မှန်ကန်သော နည်းလမ်းနှင့် ဘယ်လိုညှစ်ထုတ်ကြမလဲ။

ကဲ..ဝန်ခံကြပါစို့။ ကျွန်ုပ်တို့မျက်နှာပေါ်မှာ ဝက်ခြံထွက်လာတဲ့အခါ ဒီဝက်ခြံတွေကို ညှစ်ချင်စိတ်က တားဆီးလို့မရနိုင်ပါဘူး။ ကျွန်ုပ်တို့ရဲ့ လက်တွေကို နူးညံ့တဲ့ မျက်နှာနှင့် ဝေးဝေးမှာထားခြင်းဟာ အကောင်းဆုံးလို့ သိထားသော်လည်း တကယ်လို့ ဝက်ခြံတွေဟာ ဘယ်လိုနည်းနဲ့မှ သင်တားဆီးလို့မရအောင် စိတ်ညစ်စရာကောင်းလာခဲ့ရင်တော့ ၎င်းတို့ကို မှန်ကန်သော နည်းလမ်းနဲ့ ညှစ်ထုတ်ပေးသင့်တယ် ဆိုတာဦးစွာ သိသင့်ပါတယ်။   ဝက်ခြံဟာ ညှစ်ထုတ်ဖို့ အချိန်ကျပြီလားဆိုတာ သိရပါမယ်။ သင့်မျက်နှာပေါ်မှာ မကြာသေးခင်ကမှ ပေါ်လာတဲ့ ဝက်ခြံကိုသင် ညှစ်ထုတ်နိုင်မှာမဟုတ်ပါဘူး။ အမှန်ကတော့ ဝက်ခြံကို အဆင်ပြေပြေ ညှစ်ထုတ်ဖို့ရာအတွက် အဆံလေးပေါ်လာမှသာ ရပါလိမ့်မယ်။ ဒီလိုဖြစ်ဖို့ရာ ဝက်ခြံပေါက်နေတဲ့ နေရာကို ရေနွေးဖိကပ်ပေးခြင်းအားဖြင့် လှုံ့ဆော်နိုင်ပါတယ်။ ဝက်ခြံရဲ့အလယ်မှာ ရှိတဲ့ပြည်ဖု လိုမျိုး အဖြူရောင်အဆံလေးကို သင်တွေ့ရပြီ ဆိုရင်တော့ ၎င်းကို ညှစ်ထုတ်ဖို့ အချိန်ကျပါပြီ။ အရေပြားအောက်ခြေမှာ နက်နက်နဲနဲ ရှိနေတဲ့ အနီရောင် ဝက်ခြံတွေကိုတော့ […]


ဝက်ခြံ

ဝက်ခြံပေါက်ခြင်းနှင့် စိတ်ဖိစီးမှု ဘယ်လို ဆက်စပ်နေသလဲ

ကျွန်ုပ်တို့အများစုသည် ကိုယ်တွေးထားသည်ထက်ပို၍ စိတ်ဖိစီးမှုများသောဘဝများတွင် နေထိုင်နေကြရပါသည်။ အလုပ်တွင်သာမက မိသားစုတွင်ပါ အလုပ်များသောသူများသည် ဖိအားများသော ဘဝတွင်နေထိုင်ကြရသည်။ လေ့လာမှုအများစုတွင် စိတ်ဖိစီးမှုနှင့် နေမကောင်းဖြစ်ခြင်းတို့ ဆက်စပ်မှုရှိကြောင်း ဖော်ပြကြသည်။ စိတ်ဖိစီးမှုကို ဖြေဖျောက်ရန် ကျွန်ုပ်တို့သုံးကြသော နည်းလမ်းများသည်လည်း မကောင်းသောကျန်းမာရေးရလဒ်များဖြစ်လာစေသည်။ ထိုအခြေအနေများတွင် ဝက်ခြံပေါက်ခြင်းသည်လည်း ကျွန်ုပ်တို့ကို စိတ်ဖိစီးမှုများစေသော အကြောင်းရင်းတစ်ရပ်ဖြစ်လာပြန်သည်။ သို့သော် စိတ်ဖိစီးမှုသည် ဝက်ခြံပေါက်ခြင်းကို ဖြစ်စေသလား ဟူသောမေးခွန်းကို မူ မဟုတ်ပါ ဟုဖြေရပေမည်။ စိတ်ဖိစီးမှုသည် အဘယ်နည်း။ ကျွန်ုပ်တို့သည် စိုးရိမ်ပူပန်ရသော အခြေအနေတော်တော်များများ နှင့် ထိုအခြေအနေများအတွက် ကျွန်ုပ်တို့၏ တုံ့ပြန်မှုများကို ဖုံးကွယ်ရန် စိတ်ဖိစီးမှု ဆိုသော စကားလုံးကို သုံးကြသည်။ အကြမ်းမျဉ်းအားဖြင့် စိတ်ပိုင်းဆိုင်ရာဖိအားပေးမှုများကို ဆိုလိုခြင်းဖြစ်ပါသည်။ စိတ်ဖိစီးမှုသည် လူတစ်ယောက်နှင့်တစ်ယောက်ကြားကွာခြားနိုင်ပါသည်။ ဥပမာ လမ်းပေါ်တွင်သွားလာနေချိန်တွင် လူတစ်ယောက်သည် ကားမောင်းရခြင်းကို သက်တောင့်သက်သာဖြစ်ပြီး […]


ဝက်ခြံ

ဝက်ခြံပေါက်နေစဉ် ရှောင်သင့်သော အစားအစာများ

ဝက်ခြံရှိနေရင် ဆေးသောက်စရာမလိုဘဲ ကုနိုင်တဲ့နည်းတွေ အများကြီး ရှိပါတယ်။ အကောင်းဆုံးကတော့ စားသောက်ပုံကို ပြောင်းလဲပစ်တာပါပဲ။ ဝက်ခြံနဲ့ အစားအသောက်နဲ့ ဆက်စပ်မှုရှိတယ်ဆိုတာ ပြသထားတဲ့ လေ့လာမှုတွေ အများကြီး ရှိပါတယ်။ ဝက်ခြံဖြစ်စေတဲ့ အစားအစာတွေကိုရှောင်ကြဉ်ခြင်းဟာ ဝက်ခြံလျော့နည်းစေရုံတင်မကပဲ ဝက်ခြံထွက်ခြင်းကိုပါ ထိန်းချုပ်နိုင်ပါတယ်။ အောက်ဖော်ပြပါ အစားအစာတွေကတော့ ရှောင်ကြဉ်သင့်တဲ့ အစားအစာ ခြောက်ခု ဖြစ်ပါတယ်။ ၁။ ချောကလက် ချောကလက်ဟာ ဝက်ခြံကိုဖြစ်စေတယ်လို့ ကြားဖူးပါလိမ့်မယ်။ အမှန်ကတော့ ချောကလက်က တိုက်ရိုက်တော့ ဝက်ခြံမဖြစ်စေပါဘူး။ ချောကလက်က ဝက်ခြံဖြစ်စေတယ်ဆိုတာကို ပြနိုင်တဲ့ သက်သေ အလွန်နည်းပါးပါတယ်။ တကယ်ကတော့ သူ့မှာ သကြားဓါတ်နဲ့ အဆီဓါတ်များစွာ ပါဝင်တာမို့ ကိုယ်ခန္ဓါမှာ အဆီထွက်ခြင်းကို အားပေးပါတယ်။ ပြီးတော့ ချွေးပေါက်တွေကို ပိတ်စေတာမို့ ရောင်ရမ်းခြင်းတွေ ဖြစ်ပြီး ဝက်ခြံပေါက်လာပါ လိမ့်မယ်။ ဒါဟာ ချောကလက်မစားသင့်ဘူးလို့ မဆိုလိုပါဘူး။ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်