backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဝက်ခြံတွေပျောက်ဖို့ ရှားစောင်းလက်ပက် ကို ဘယ်လိုသုံးရမလဲ


Wathun Myat Chal မှ ရေးသားသည်။ · 15/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဝက်ခြံတွေပျောက်ဖို့ ရှားစောင်းလက်ပက် ကို ဘယ်လိုသုံးရမလဲ

ဝက်ခြံတွေပျောက်ဖို့ ရှားစောင်းလက်ပက်ကို ဘယ်လိုသုံးရမလဲ ဆိုတာ ပြောပြချင်ပါတယ်။

ဝက်ခြံဆိုတာ ချွေးပေါက်တွေမှာ အဆီပိုတွေ၊ ဆဲလ်သေတွေနဲ့ ဘက်တီးရီးယားတွေ ပိတ်ဆို့နေခြင်းကြောင့် အဖြစ်များတဲ့ အရည်ပြား ပြဿနာတစ်ခုပါ။ မျက်နှာ၊ ရင်ဘတ်နဲ့ ကျောမှာ နီရဲနေတဲ့ ဝက်ခြံတွေပုံစံမျိုး ပေါက်လေ့ရှိပါတယ်။

ရှားစောင်းလက်ပတ်ဟာ ဝက်ခြံတွေအတွက် လူကြိုက်များဆုံးနဲ့ ရှေးအကျဆုံးဆေးတစ်မျိုးပါပဲ။ သူက ဝက်ခြံကိုကုသပေးရုံမကဘဲ အပူလောင်တာ ၊ နေလောင်တာစတာတွေကို ကုသပေးနိုင်ပြီး ၊ အသေးစားထိခိုက်ဒဏ်ရာရရှိမှုတွေကိုပါ သက်သာပျောက်ကင်း စေနိုင်ပါတယ်။

သူဟာ cactus-like မျိုးနွယ်ထဲကအပင်တစ်မျိုးဖြစ်ပြီး သူ့အရွက်မှာ ကြည်လင်စေးပျစ်တဲ့အနှစ်တွေပါပါတယ်။ ဒီအနှစ်တွေကို ဒဏ်ရာရှိတဲ့နေရာတွေမှာလိမ်းပေးခြင်းအားဖြင့် အရည်ပြားပြဿနာတွေကို ပိုမိုလျင်မြန်စွာ ပျောက်ကင်းစေနိုင်ပါတယ်။

ရှားစောင်းလက်ပက်မှာ anti-bacterial, anti-inflammatory, astringent, pain inhibitor (နာကျင်မှုကိုလျှော့ချပေးသော) စတဲ့ ဂုဏ်သတ္တိတွေအပြင် အမာရွတ်ကိုလျှော့ချပေးပြီး ဆဲလ်တွေရဲ့ကြီးထွားမှုကိုအားပေးကာ ဝက်ခြံကို သဘာဝကျပြီး ထိရောက်မှုရှိရှိ ပျောက်ကင်းစေနိုင်တဲ့ coagulating agent တွေလည်းပါဝင်ပါတယ်။ သူ့မှာ မရှိမဖြစ်လိုအပ်တဲ့ vitamins နဲ့ သတ္တုဓါတ်တွေ၊ ပရိုတိန်း၊ အမိုင်နိုအက်ဆစ်နဲ့ immune system ကို မြှင့်တင်ပေးနိုင်တဲ့ enzyme တွေပါဝင်ပါတယ်။ ဒီလို Immune system ကို မြှင့်တင် လိုက်ခြင်းအားဖြင့် အသားအရည်နဲ့ ခန္ဓါကိုယ်က လုပ်ဆောင်ရမယ့် functionတွေကို မှန်ကန်လျင်မြန်စွာလုပ်ဆောင်နိုင်လာပါလိမ့်မယ်။

ဝက်ခြံတွေပျောက်ဖို့ ရှားစောင်းလက်ပက်က တကယ်တမ်း ဘယ်လိုကုသပေးသလဲ။

• ရှားစောင်းလက်ပက်မှာ gibberellins နဲ့ polysaccharides လို့ခေါ်တဲ့ ဟော်မုန်းတွေပါဝင်ပြီး ရှားစောင်းဟာ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သတ်ပေးတဲ့ anti-bacterial အနေနဲ့ အလုပ်လုပ်ပါတယ်။

• သူက ချွေးပေါက်တွေကိုပိတ်ဆို့စေပြီး ဘက်တီးရီးယားပိုးဝင်ရောက်ခြင်းဖြစ်စေနိုင်တဲ့ အဆီပို အညစ်အကြေး ဆဲလ်သေ စတာတွေကိုဖယ်ရှားပေးနိုင်တဲ့သဘာဝastringent တစ်ခုပါ။

• ဆဲလ်ကြီးထွားမှုကိုအားပေးတာကြောင့် ပျက်စီးနေတဲ့အသားအရည်တွေကို အလျင်အမြန်ပြန်ကောင်းလာစေနိုင်ပြီး အမာရွတ်တွေကိုလည်း လျော့နည်းသွားစေပါတယ်။

• သူဟာ ဝက်ခြံကြောင့်ဖြစ်တဲ့ နီရဲရောင်ယမ်းခြင်းနဲ့နာကျင်ခြင်းကို လျှော့ချပေးနိုင်တဲ့ anti- inflammatory အနေနဲ့လည်း လုပ်ဆောင်ပေးပါသေးတယ်။

• ဝက်ခြံပေါက်တဲ့နေရာတွေက နာကျင်မှုကို လျှော့ချပေးနိုင်တဲ့ Pain inhibitor အဖြစ်လုပ်ဆောင်ပေးပြီး အသားအရည်ရဲ့ နက်ရှိုင်းတဲ့အလွှာတွေကိုထိုးဖောက်ကာ နာကျင်မှုကိုတားဆီးပေးရင်း ရောင်ယမ်းခြင်းကိုလည်း သက်သာစေပါတယ်။

• အမာရွတ်တွေကို ထိရောက်စွာလျှော့ချပေးနိုင်ပါသေးတယ်။ ရှားစောင်းလက်ပတ်အနှစ်ထဲမှာပါဝင်တဲ့ antioxidants တွေက နာကျင်မှုကိုလျှော့ချပေးပြီး အသားအရည်ကိုပြန်လည်ကောင်းမွန်လာစေပါတယ်။ ဇင့်၊ ဗီတာမင် Cနဲ့ E တွေပါဝင်ခြင်းကလည်း အရည်ပြားပေါ်က အမာရွတ်တွေကို အမြန်ဆုံး ပျောက်ကွယ်သွားအောင် ကူညီပေးပါတယ်။

ဝက်ခြံကုသဖို့ ရှားစောင်းလက်ပပ်ကိုဘယ်လိုသုံးမလဲ။

ဝက်ခြံကုသနိုင်ဖို့ ရှားစောင်းလက်ပတ်ကို နည်းအမျိုးမျိုး နဲ့ အသုံးပြုကြပါတယ်။ ကုသပျောက်ကင်းနိုင်မယ့် နည်းလမ်းတွေကိုလည်း အာက်မှာဖော်ပြထားပေးပါတယ်။ သင့်ခြံထဲမှာ ရှားစောင်းလက်ပတ်တွေစိုက်ထားတာက ပိုကောင်းတာပေါ့။ မျက်နှာမှာပေါက်တဲ့ ဝက်ခြံအပြင် ကျော၊ ရင်ဘတ်နဲ့ ဦးရည်ပြား စတာတွေမှာပေါက်တဲ့ဝက်ခြံတွေကိုလည်း ရှားစောင်းက ကုသပျောက်ကင်းစေနိုင်တယ်လေ။

Remedy 1 – ရှားစောင်းလက်ပပ်

• လတ်ဆတ်တဲ့ ရှားစောင်းလက်တံတစ်ခုကိုယူပြီး gel တွေထုတ်လိုက်ပါ။

• Gel ကို ဝက်ခြံပေါက်နေတဲ့ နေရာတိုင်းမှာ ပွတ်တိုက်ပေးပါ။

• ဝက်ခြံတွေပျောက်သွားဖို့အတွက် တစ်ရက် ၂ကြိမ် သို့မဟုတ် တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ်တော့ လုပ်ပေးသင့်ပါတယ်။

Remedy 2 – ရှားစောင်းလက်ပပ်နဲ့ ရှောက်သီး

• လတ်ဆတ်တဲ့ ရှားစောင်းလက်တံတစ်ခုကိုယူပြီး gel တွေထုတ်လိုက်ပါ။(လက်တံကို ဖြတ်ပြီး အနှစ်တွေကို ခြစ်ထုတ် (ညှစ်ထုတ်)လိုက်ပါ)

• Gel တွေကို ပိုကောင်းလာစေဖို့အတွက် blender ထဲထည့်ပါ။

• ရှောက်ရည် သို့မဟုတ် သံပုရာရည်အနည်းငယ်ထည့်ပြီး သမသွားအောင် ထပ်ပြီး blendပေးပါ။

• ရလာတဲ့ lotionကို ခွက်ထဲထည့်ပြီး ရေခဲသေတ္တာထဲထည့်ထားပါ။

• အိပ်ရာမဝင်ခင်တိုင်း face mask အနေနဲ့ မျက်နှာပေါ်ညတိုင်းလိမ်းပြီး အိပ်ပါ။

• တစ်ညလုံးထားပြီး နောက်တစ်ရက်နံနက်မှာ ဆေးကြောလိုက်ပါ။

• ဒီနည်းလမ်းကို ဝက်ခြံနဲ့ အမာရွတ်တွေ သက်သာပျောက်ကင်းလာတဲ့အထိ ပုံမှန်လုပ်ပေးပါ။

Remedy 3- ရှားစောင်းလက်ပပ်၊ ပျားရည် နဲ့ နနွင်း

• လတ်ဆတ်တဲ့ ရှားစောင်းလက်ပတ်gel ထဲကို နနွင်းမှုန့်အနည်းငယ်၊ ပျားရည်၊ နွားနို့နဲ့ နှင်းဆီရည်အနည်းငယ်ထည့်ပါ။

• သမအောင်ရောမွှေပြီး ဝက်ခြံပေါက်နေတဲ့ နေရာတွေမှာ လိမ်းပေးပါ။

• ၁၅မိနစ်မှ မိနစ် ၂၀ထိထားပြီး ရေနဲ့သန့်စင်အောင် သေချာဆေးကြောပါ။

• ဝက်ခြံတွေမကြာခင်ပျောက်ကင်းသွားအောင် ဒီနည်းလမ်းကို ပုံမှန်လေးဆက်လုပ်ပေးပါ။

ဝက်ခြံအတွက် ရှားစောင်းလက်ပတ် mask

• လတ်ဆတ်တဲ့ ရှားစောင်း gel ကိုယူပြီး ရေထဲမှာ မိနစ်အနည်းငယ်ခန့်ပြုတ်ပါ။

• Paste တစ်ခုရသည်အထိ blend ပြီး ပျားရည်အနည်းငယ်ထည့်ပါ။

• သမအောင်ရောမွှေပြီး သင့်အသားပေါ်မှာ mask တစ်ခုလို လိမ်းပါ။ (လိမ်းနေစဉ်မှာ ညင်သာစွာပွတ်ပေးပါ)

• မိနစ်၂၀ခန့်ထားပြီး ရေအေးနဲ့ဆေးချပါ။

• ဝက်ခြံပြဿနာတွေကင်းရှင်းသွားအောင် ဒီmask ကို ပုံမှန်လေး လိမ်းပေးပါ။

ဝက်ခြံတွေပျောက်ဖို့ ဘယ်ရှားစောင်းလက်ပက်က အကောင်းဆုံးဖြစ်မလဲ။

ရှားစောင်းလက်ပတ်ပင်ရဲ့ လက်တံတွေကရတဲ့ ရှားစောင်းလက်ပပ်အနှစ်ကိုသာ အမြဲတမ်းအသုံးပြုပါ။ သူ့မှာက ဝက်ခြံတွေကို ကုသနိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ အရာတွေအားလုံးပါဝင်ပါတယ်။ ဒါ့အပြင် သင့်အသားအရည်ကို နာကျင်ယောင်ယမ်းခြင်းနဲ့ အသားအရည် ထိခိုက်စေတဲ့ toxins တွေကနေလည်းကာကွယ်ပေးနိုင်ပါသေးတယ်။ လတ်ဆတ်တဲ့ ရှားစောင်းလက်ပတ်ကို ဝက်ခြံတွေကင်းဖို့လုံလောက်တဲ့ ပမာဏထိသုံးသင့်တယ်လို့လည်း အကြံပြုထားပါတယ်။

ဝက်ခြံကုသမှုအတွက် ရှားစောင်းလက်ပပ်ဖျော်ရည်က အထောက်အကူဖြစ်သလား။

သေချာတာပေါ့။ သူ့မှာ ဒဏ်ရာရထားတဲ့ အရည်ပြားကို ကုသပေးနိုင်တဲ့ စွမ်းအင်ရှိတယ်လေ။ ရှားစောင်းgel ကို external use အဖြစ်သုံးပြီး ရှားစောင်းဖျော်ရည်ကိုတော့ Internal use အတွက်သုံးနိင်တယ်လို့ ဆိုကြပါတယ်။ ဒါက ချွေးပေါက်ပိတ်တာတွေကို ဖယ်ရှားပေးနိုင်ပြီး သွေးသားသန့်စင်စေတဲ့အပြင် နာကျင်ရောင်ယမ်းမှုတွေကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် ဝက်ခြံဖြစ်စေနိုင်မယ့် ရောဂါပိုးဝင်တာကိုလည်း ကာကွယ်ပေးနိုင်သေးတယ်လေ။ ရှားစောင်းလက်ပတ်ဖျော်ရည်ဟာ ဝက်ခြံတွေကိုကုသပေးရုံမက အဆုတ်ကင်ဆာ၊  အမျိုးအစား ၂ ဆီးချိုulcerative colitis စတာတွေကို ကုသတဲ့နေရာမှာ ကူညီပေးနိုင်တာမို့ တစ်ရက်ကို တစ်ခေါက်တော့ ရှားစောင်းလက်ပတ် ဖျော်ရည် အနည်းငယ်သောက်သုံးသင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Wathun Myat Chal မှ ရေးသားသည်။ · 15/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement