ဆားဝက်ခြံတွေက အတော်လေး အလှပျက်စေပြီး ညှစ်ထုတ်ပစ်ချင်စရာလည်း ကောင်းလှပါတယ်။ ဒီလို ညှစ်ထုတ်လိုက်တာကတော့ ကောင်းလှတယ် မဟုတ်ပါဘူး။ ဆားဝက်ခြံက ညှစ်လိုက်ရုံနဲ့ ထွက်သွားတာ မဟုတ်ပါဘူး။ ရိုးရိုးဝက်ခြံတွေထက်တောင် ညှစ်ရခက်ပါသေးတယ်။ Tapeတွေ သုံးပြီး ခွာလိုက်လို့ ထွက်လာတဲ့ အဆံတွေက ဆားဝက်ခြံတွေဆိုတာထက် sebaceous filamentsလို့ ခေါ်တဲ့ အဆီမျှင်လေးတွေပါ။
ဆားဝက်ခြံတွေကို မရမက ညှစ်ထုတ်တာက လက်ရောင်လိုက်ပြီး ရောင်ရမ်းတာ၊ ပိုးတွေတာတွေကိုသာ ဖြစ်စေနိုင်ပါတယ်။
မိတ်ကပ်တွေ လိမ်းတာက ဆားဝက်ခြံတွေကို အခြားသူတွေ မမြင်အောင် အတော်အသင့်တော့ ဖုံးနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်သုံးတဲ့အမျိုးအစားက ချွေးပေါက်ပိတ်စေတာတွေ ဖြစ်ရင်၊ မိတ်ကပ်ကို သေချာမဖျက်နိုင်ဘူးဆိုရင်တော့ ဆားဝက်ခြံတွေကို ပိုဆိုးစေမှာပါ။
- ခေါင်းအုံးစွပ်ကို ပုံမှန် မလဲတာ
ခေါင်းအုံးစွပ်တွေက မျက်နှာနဲ့ အများဆုံး ထိတွေ့မိတဲ့အရာပါ။ ဒီလို အများဆုံး ထိတွေ့မိတဲ့အရာက သန့်ရှင်းရေး အားနည်းမယ်ဆိုရင် မျက်နှာမှာ ဆားဝက်ခြံတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ၃ ရက် တစ်ကြိမ် ဒါမှမဟုတ် ၂ ရက် တစ်ကြိမ်လောက် ခေါင်းအုံးစွပ်ကို ပုံမှန်လေး လဲလှယ်ပေးပါ။ ဒီလို လဲလှယ်ပေးတာက ဆားဝက်ခြံကိုရော အခြားသော ဝက်ခြံတွေကိုပါ သက်သာစေမှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။