ဝက်ခြံ

ဝက်ခြံ သည် အဖြစ်များသည့် အရေပြားပြဿနာ ဖြစ်သည့်အတွက် ဝက်ခြံမဖြစ်အောင် နေထိုင်သားသောက်ပုံများ၊ ဝက်ခြံအမာရွတ်သက်သာအောင် ကုသနည်းများကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဝက်ခြံ

ဝက်ခြံအတွက် အသုံးမပြုသင့်တဲ့ အိမ်တွင်းနည်းလမ်းများ

အိမ်တွင်းနည်းလမ်းဆိုတာက သဘာဝပစ္စည်းတွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေကို ဆိုလိုတာပါ။ Home remedies တွေပေါ့။ ဒါတွေက သဘာဝကရတယ်ဆိုပေမယ့် အန္တရာယ်ကင်းတာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် ဝက်ခြံထွက်လာတဲ့အခါ ဝက်ခြံကို အိမ်ကရှိတဲ့ ပစ္စည်းတွေနဲ့ ဟိုတို့ ဒီအုံလုပ်တတ်သူတွေအတွက် ဝက်ခြံအတွက် အသုံးမပြုသင့်တဲ့ အိမ်တွင်းနည်းလမ်းများ က ဘာတွေလဲဆိုတာ သိထားဖို့ လိုပါတယ်။ ဝက်ခြံအတွက် အသုံးမပြုသင့်တဲ့ အိမ်တွင်းနည်းလမ်းများ (၁) သွားတိုက်ဆေး ဝက်ခြံပေါ်လာရင် သွားတိုက်ဆေးတို့တာက လူကြီးတွေလက်ထက်တည်းက လုပ်လာတဲ့ အကျင့်တစ်ခုပါ။ ပိုးသေစေတယ်ဆိုတဲ့ ယူဆချက်ပေါ့။ တချို့ လေ့လာချက်တွေအရလည်း Triclosanလို့ခေါ်တဲ့ ဓာတုပစ္စည်းက ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားကို သေစေတယ်ဆိုတဲ့ အဆိုပြုချက်တွေလည်း ရှိနေပါတယ်။ တကယ့်လက်တွေ့မှာတော့ Triclosanကို ရေရှည်အသုံးပြုမယ်ဆိုရင် စိတ်ချရမှုနဲ့ ပိုးသတ်ဆေး ယဉ်ပါးတာတွေ ဖြစ်နိုင်လို့ US အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက ၂၀၁၇မှာ ဆပ်ပြာ၊ သွားတိုက်ဆေး […]

ဝက်ခြံ ကို ရှာဖွေမည်။

ဝက်ခြံ

ဝက်ခြံပျောက်ဖို့ ပျားရည်ကိုဘယ်လိုအသုံးချကြမလဲ

ဝက်ခြံပျောက်ဖို့ ပျားရည်ကိုဘယ်လိုအသုံးချကြမလဲ ..... ဝက်ခြံတွေဆိုတာ အရေပြားပေါ်မှာရှိတဲ့ မွေးညှင်းပေါက်တွေနဲ့ အဆီထုတ်ပေးနိုင်တဲ့ ဂလင်းတွေ ရောင်ရမ်းတတ်တဲ့ အရေပြားရောဂါတစ်မျိုးပါ။ အရေပြားပေါ်မှာအထူးသဖြင့် မျက်နှာပေါ်မှာ ဝက်ခြံဖုတွေနဲ့ ပြည်ဖုလေးတွေ ပေါက်လာတာကိုခေါ်ပါတယ်။ ပျားရည်ဟာ နည်းလမ်းပေါင်းများစွာနဲ့ ဝက်ခြံတွေဖြစ်မလာအောင် သေချာပေါက် ကာကွယ်ပေးနိုင်ပါတယ်။ ပျားရည်ဆိုတာ ဝက်ခြံတေ ွပျောက်စေရုံသာမကဘဲ အခြားအလှအပပြဿနာတွေကိ ုဖြေရှင်းပေးနိုင်တဲ့ သဘာဝရဲ့ လျှို့ဝှက်အလှကုန်ပစ္စည်းတစ်ခုပါပဲ။ သူ့မှာ သဘာဝပိုးသတ်နိုင်တဲ့ အာနိသင်၊စေးကပ်ကပ်သဘာဝ၊ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ၊ ရောင်ရမ်းခြင်းမဖြစ်စေတဲ့အရာ၊ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ၊ အစိုဓါတ်ဖြည့်ပေးနိုင်စွမ်း၊ ရေဆွဲနိုင်စွမ်း (osmotic effect)နဲ့ လျင်မြန်စွာ ကုသပေးနိုင်တဲ့ အစွမ်းသတ္တိတွေ ပါဝင်ပါတယ်။ ဒီအရာတွေက ဝက်ခြံကုသရာမှာအခြားအရာတွေထက် ပိုပြီးထိရောက်လျင်မြန်စွာနဲ့ သဘာဝကျကျ အကျိုးရှိရှိ ကုသပေးနိုင်ပါတယ်။ ဝက်ခြံတွေကုသနိုင်ဖို့ ပျားရည်ကဘယ်လိုလုပ်ဆောင်ပေးသလဲ။ ပျားရည်ဟာ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကိုသတ်ပေးတဲ့ သဘာ၀ ပိုးသတ်ဆေးအဖြစ် လုပ်ဆောင်ပေးပါတယ်။ […]


ဝက်ခြံ

ဝက်ခြံတွေရှိနေစဉ်မှာ ဘယ်လိုချေးချွတ်မလဲ

ဘယ်လိုချေးချွတ်မလဲ။ ဝက်ခြံဆိုတာ အဖြစ်များတဲ့အရေပြားပြဿနာတစ်ခုပါ။ ဝက်ခြံတွေက ခန္ဓါကိုယ်အပေါ်ပိုင်း မျက်နှာ၊ ရင်ဘတ်၊ လည်ပင်း၊ ကျောနဲ့ ပုခုံးစတာတွေမှာ အဖြစ်များပါတယ်။ ဝက်ခြံဖြစ်ရခြင်းအကြောင်းရင်းကတော့ အရေပြားရဲ့ အဆီဂလင်းတွေက ဆီတွေအများကြီးကိုထုတ်ပေးပြီး အဲဒီ ဆီတွေက ချွေးပေါက်တွေကိုပိတ်စေကာ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေပေါက်ဖွားပျော်မွေ့ဖို့ ကြားခံနယ်ကို ပြည့်စုံစွာဖွံ့ဖြိုးလာစေလို့ဖြစ်ပါတယ်။ ချေးချွတ်ခြင်းက အသားအရေရဲ့မျက်နှာပြင်ပေါ်မှာရှိတဲ့ ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အသားအရေကို ပိုပြီးကြည့်ကောင်းလာစေကာ ချွေးပေါက်ပိတ်နေတာကိုလည်းလျော့နည်းစေပါတယ်။   အမျိုးအစားများ ချေးချွတ်ခြင်း (Exfoliation) ဟာ ဓါတုဆေးသုံးတာလည်းဖြစ်နိုင်သလို သဘာဝပစ္စည်းတွေသုံးတာလည်းဖြစ်နိုင်ပါတယ်။ ဓါတုဆေးသုံးချေးချွတ်ခြင်းမှာတော့ glycolic acid ကဲ့သို့သော ဓါတုပစ္စည်းတွေကို ဆဲလ်သေတွေရှိနေတဲ့ အရေပြားအပေါ်ယံလွှာကို ပျော်ဝင်စေခြင်းအားဖြင့် ဖယ်ရှားပေးပါတယ်။ ဓါတုဆေးသုံးချေးချွတ်ခြင်း ဟာ chemical peels (ဓါတုဆေးသုံးချေးချွတ်နည်းတစ်မျိုး) ပုံစံပါပဲ။ Physical exfoliation (ရုပ်ပိုင်းဆိုင်ရာချေးချွတ်ခြင်း) မှာတော့ သဘာဝပစ္စည်း တွေဖြစ်တဲ့ sugar granules (သကြားခဲ)တွေလိုပစ္စည်းတွေကို ဆဲလ်သေတွေရှိတဲ့ အရေပြားအပေါ်ယံလွှာကိုဖယ်ရှားဖို့သုံးပါတယ်။ အသားအရေကိုထိခိုက်စေနိုင်တဲ့ […]


ဝက်ခြံ

ဝက်ခြံကြောင့်ကျန်ရစ်ခဲ့တဲ့ အမဲစက်တွေကိုဘယ်လိုဖယ်ရှားမလဲ

ဝက်ခြံကြောင့်ကျန်ရစ်ခဲ့တဲ့ အမဲစက်တွေကို ဘယ်လိုဖယ်ရှားမလဲ။ ဝက်ခြံတွေ အစုလိုက်ပေါက်တာနဲ့တင် လုံလောက်ပါပြီ။ ဒါပေမဲ့ဝက်ခြံတွေ ပျောက်သွားတာ ကြာလှနေတာတောင် ဘုတွေဒစ်တွေနဲ့ အမှတ်တွေကျန်ရစ်ခဲ့တာကြီးက ပိုဆိုးပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ ဒါတွေကိုကွယ်ပျောက်သွား အောင် ဖယ်ရှားပေးနိုင်တဲ့ ကုသနည်းတွေရှိနေပါတယ်။ ဒါပေမဲ့ ပထမဆုံး သင့်ကိုယ်သင် ဘာနဲ့ရင်ဆိုင်နေရတာလဲဆိုတာတော့ သိဖို့လိုအပ်ပါတယ်။ ဝက်ခြံပေါက်ပြီး အမဲစက်တွေကျန်ရစ်ခဲ့တာနဲ့ ဝက်ခြံအမာရွတ်တွေက အတော်ကြီးကို ကွဲပြားခြားနားပါတယ်။ ဒါကြောင့် ကာကွယ်ခြင်း ကနေ ကုသခြင်းအထိ လုပ်ဆောင်နိုင်ဖို့ သင်ကဘာဖြစ်နေတာလဲဆိုတာနဲ့ ဘယ်လိုကုသရမလဲ ဆိုတာသိသင့်ပါတယ်။ လူတွေဟာ အမဲစက်တွေနဲ့ ဝက်ခြံအမာရွတ်တွေကို မှားလေ့ရှိကြပေမဲ့ သူတို့ကတကယ်တမ်းအတော်ကြီးကိုကွာခြားကြတာပါ။ အနီရောင် သို့မဟုတ် အညိုရောင် အသားရောင်ခြယ်တွေများလာခြင်းတွေ ဝက်ခြံနောက်မှာ ကပ်လိုက်လာတာက ယာယီ ရောင်ရမ်းခြင်းကြောင့်ပါ။ ဒီအမှတ်တွေက လအနည်းငယ် ကြာတတ်ပြီး သူ့အလိုလို ပျောက်ကင်းသွားတတ်ပါတယ်။ တကယ့် ဝက်ခြံအမာရွတ်တွေကတော့ မကုသမချင်း […]


ဝက်ခြံ

ဝက်ခြံကြောင့် ဖြစ်တဲ့ အမာရွတ်တွေ ပျောက်စေမယ့် အစားအစာများ

ဝက်ခြံအမာရွတ်တွေအတွက် စားသောက်သင့်သောအစားအစာများ ချောမွတ်တဲ့ အသားအရည်တွေကို အမြန်ဆုံးပြန်လည်ပိုင်ဆိုင်စေဖို့ ဝက်ခြံအမာရွတ်တွေကို ကုသပေးဖို့ လိုအပ်ပါတယ်။ ဒီအမာရွတ်တွေကို သဘာဝနည်းလမ်းနဲ့ ကုသမယ်ဆိုရင်တော့ အသားအရည် ကို ပြန်လည်ကောင်းမွန်စေပြီး အာဟာရတွေပါဝင်တဲ့ စားစရာအမျိုးမျိုးကို စားပေးရမှာပါ။ အမြန်ဆုံး ပြန်ကောင်းလာဖို့အတွက် ဆိုရင်တော့ အစားအစာတွေကို အစီအစဉ်တကျ ညီညီမျှမျှ စားသောက်ရမှာပါ။   (၁)Zinc (ဇင့်) အသားအရည် ကျန်းမာရေးအတွက် အရေးကြီးတဲ့ လိုအပ်ချက်တစ်ခုဖြစ်တဲ့ ဇင့် က မရှိမဖြစ် အရေးပါပါတယ်။ သူက ဒဏ်ရာတွေကို ကုသတဲ့နေရာမှာ အထောက်အကူ ပြုပေးနိုင်ပါတယ်။ ပရိုတိန်းမြင့်မားစွာ ပါဝင်တဲ့ စားစရာတွေဖြစ်တဲ့ အမဲသား၊ ဝက်သား ၊ ငါး၊ နွားပေါက်သား၊ သိုးသားနဲ့ ကြက်သား ၊ ကြက်ဥစသည်တွေမှာ ဇင့် ဓါတ် မြောက်များစွာ ပါဝင်ပါတယ်။ zinc ဓါတ်ကို ပိုပြီးရရှိ […]


ဝက်ခြံ

ဝက်ခြံ နဲ့ အမဲစက် တွေကို သက်သာလျော့ပါးစေမယ့် အိမ်တွင်းဆေးဝါးများ

ဝက်ခြံ နဲ့ အမဲစက် တွေဆိုတာ မိန်းကလေးတိုင်းအတွက်တော့ အကြီးမားဆုံး ရန်သူပါပဲ။ ဝက်ခြံပေါက်ပြီးလို့ပျောက်သွားရင်တောင်မှ သူ့ရဲ့ စိတ်ပျက်ဖွယ် အကျိုးသက်ရောက်မှုတွေက ကျန်နေပါသေးတယ်။ ဝက်ခြံတွေဟာ နာကျင်မှုတွေ၊ တဖြည်းဖြည်းနဲ့ဖျော့သွားနိုင်တဲ့ သို့မဟုတ် ပိုဆိုးလာနိုင်တဲ့ အနီရောင်ဖုတွေနဲ့ ပျောက်ကင်းအောင် နှစ်အတန်ကြာ အချိန်ယူရတဲ့ အညိုရင့်ရောင် အစက်အပြောက်တွေ ကျန်ရှိစေနိုင်ပါတယ်။ ဝက်ခြံအစက်အပြောက်တွေဟာ ဝက်ခြံပျောက်သွားပေမဲ့ ရောင်ခြယ်ပစ္စည်းတွေက အဲ့ဒီနေရာမှာ ကျန်နေပြီးအမဲစက်တွေ ဖြစ်လာအောင်လုပ်နေတဲ့ အချိန်တွေမှာ ဖြစ်တတ်ပါတယ်။ ဓါတုပစ္စည်းတွေကို အသုံးပြုမယ့်အစား အချို့ အိမ်တွင်းသုံးပစ္စည်း လေးတွေကို ဆေး အဖြစ် စမ်းသုံးကြည့်ပါ။ အိမ်တွင်းဆေးဝါးကို အသုံးပြုခြင်းဟာ ဓါတုပစ္စည်းတွေကို အခြေခံထုတ်လုပ်ထားတဲ့ ပစ္စည်းတွေထက် အများကြီး ဈေးပိုချိုပြီး သင့်အခြေအနေကို ဘေးထွက်ဆိုးကျိုးမရှိဘဲ ပိုကောင်းလာအောင် ကုသပေးနိုင်ပါတယ်။ သင့်အသားအရည်ကို ဂရုစိုက်ခြင်းဟာ အရမ်းကိုအရေးကြီးပါတယ်။ သင့်အသားအရည်က အမဲစက်တွေ အညိုစက်တွေနဲ့ ဝက်ခြံအမာရွတ်တွေ မျက်နှာပေါ် မကျန်တော့အောင် […]


ဝက်ခြံ

ခြောက်သွေ့တဲ့အသားအရေက ဝက်ခြံဖြစ်စေနိုင်သလား

ခြောက်သွေ့တဲ့ အသားအရေက ဝက်ခြံဖြစ်စေနိုင်သလား။ လူတွေက ဝက်ခြံဆိုရင် အဆီပြန်တာနဲ့ တွဲမြင်နေလေ့ရှိပါတယ်။ ဒါပေမဲ့ ခြောက်သွေ့တဲ့ အသားအရေကလည်း ဝက်ခြံဖြစ်စေတဲ့ အကြောင်းရင်းဖြစ်နိုင်ပါသေးတယ်။ ဝက်ခြံတွေဟာ သင့်မွှေးညှင်းပေါက်တွေ ပိတ်တိုင်းမှာ ဖြစ်လေ့ ရှိပါတယ်။ အဆီက ဖြစ်လေ့ဖြစ်ထရှိတဲ့ တရားခံပေမဲ့လည်းဆဲလ်သေတွေ ၊ အလှကုန်တွေ အညစ်အကြေးတွေနဲ့ ဘက်တီးရီးယားတွေကလည်း သင့်ချွေးပေါက်တွေကိုပိတ်စေပြီး ဝက်ခြံတွေအစုလိုက်ဖြစ်စေတဲ့ အကြောင်းရင်းတွေပါပဲ။ ခြောက်သွေ့တဲ့ အသားဆိုတာက များသောအားဖြင့် ပျက်စီးနေတဲ့အသားအရေကို ဆိုလိုပါတယ်။ သင့်အရေပြားဟာ နာကျင်နိုင်ဖွယ်ရှိတဲ့ အခြေအနေတွေ (ဘက်တီးရီးယား၊ ဗိုင်းရပ်စ် နဲ့ မှိုတွေကဲ့သို့သော)ကို မဖြစ်စေဖို့နဲ့ ဆဲလ်တွေရဲ့ ဖြစ်ပျက်မှုတွေကို ပုံမှန်ဖြစ်နေအောင် ထိန်းသိမ်းဖို့အတွက် Lipid layer ပေါ်မှာမှီခိုနေရပါတယ်။ သင့်အရေပြား ခြောက်သွေ့လာပြီဆိုရင် အထက်ပါအရာတွေကိုလုပ်ဆောင်ဖို့ ကန့်သတ်ခံလိုက်ရပါပြီ။ အရေပြားပေါ်မှာ ဆဲလ်တွေစုပုံလာစေပြီး ဒါတွေက အလွယ်တကူ နာကျင် ရောင်ရမ်းစေပါတယ်။ […]


ဝက်ခြံ

ဝက်ခြံတွေကိုထိန်းချုပ်ဖို့ပြောင်းလဲသင့်တဲ့အနေအထိုင် ဆယ်ချက်

ဝက်ခြံတွေကိုချေမှုန်းဖို့ဆိုရာမှာ လိုးရှင်းတွေကို ထိုင်လိမ်းနေရုံနဲ့လည်း မပြီးသေးပါဘူး။ သင့်ရဲ့ နေ့စဉ်နေထိုင် သွားလာ စားသောက်မှုလေးတွေကို အနည်းငယ် ပြုပြင်ပြောင်းလဲလိုက်မယ်ဆိုရင်လည်း သိသိသာသာ အကျိုးရှိတာကို တွေ့မြင်ရမှာပါ။ အိပ်ရေးဝဝအိပ်ပါ။ ဖိအားတွေများတဲ့အခါမှာ ခန္ဓါကိုယ်ကနေပြီး glucocorticoid လို့ခေါ်တဲ့ စတီးရွိုက်ဟော်မုန်းတမျိုးကို ထုတ်ပေးပါတယ်။ ဒီဟော်မုန်းဟာ အရေပြားရဲ့တည်ဆောက်ပုံနဲ့ လုပ်ငန်းဆောင်တာတွေကို ဝင်ရောက်နှောင့်ယှက်တဲ့အတွက်ဝက်ခြံတွေကို ပိုဆိုးစေပါတယ်။ အိပ်ရေးဝဝအိပ်ပြီး မျက်နှာလှလှလေးပိုင်ဆိုင်ဖို့ဆိုရင် ညအိပ်တဲ့အခါ airconကို ၁၈ဒီဂရီကနေ ၂၂ဒီဂရီလောက် အတွင်းမှာထားပြီး အိပ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ အေးမြတဲ့ခန္ဓါကိုယ် အပူချိန်ကသင့်ကို အလွယ်တကူ အိပ်ပျော်သွားစေလို့ပါ။ အစားအသောက်ကိုစနစ်တကျမှန်မှန်ကန်ကန်စားပါ။ အချို့အစာအစာတွေဟာေ သွးထဲမှာရှိတဲ့သကြားဓါတ်ကို အလျင်အမြန်တက်စေပြီး နောက်ဆက်တွဲအနေနဲ့ အင်ဆူလင်ဟော်မုန်းတွေပါ အများအပြားထွက်ရှိလို့ လာပါလိမ့်မယ်။ သွေးထဲမှာ အင်ဆူလင်ဓါတ်များလာရင် မွေးညင်းပေါက်လေးတွေကို ပိတ်ဆို့စေတဲ့ ဆဲလ်တွေ ပိုပြီးများလာပါတယ်။ ဒါ့အပြင်အင်ဆူလင်ဟာ အဆီဂလင်းကိုလည်း အလုပ်ပိုလုပ်စေတဲ့အတွက် အဆီတွေပါ ပုံမှန်ထက်ပိုပြီးထွက်လာဦးမှာပါ။ ဒါကြောင့် သင့်အနေနဲ့ […]


ဝက်ခြံ

ဝက်ခြံအကြောင်း သိကောင်းစရာများ

ဝက်ခြံဆိုတာက တော်တော်များများမှာ ဖြစ်တတ်တဲ့ အရေပြား ပြဿနာ တစ်ခုပါ။ ဒီတစ်ခေါက်တော့ ဝက်ခြံအကြောင်း သိကောင်းစရာများ ကို ပြောပြပေးချင်ပါတယ်။ ဝက်ခြံအကြောင်း သိကောင်းစရာများ အချို့လူတွေက တစ်ခါတလေမှသာ ဝက်ခြံ အနည်းငယ် ပေါက်တတ်ပေမဲ့ အချို့လူတွေကတော့ နီရဲဖူးရောင်နေတဲ့ ဝက်ခြံတွေကြောင့် မျက်နှာသစ်ဖို့တောင် နာကျင်နေတာမျိုးကို ခံစားနေကြရပါတယ်။ သင်ဟာ ဝက်ခြံပေါက်တဲ့ ပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေရသည်ဖြစ်စေ သင့်နဖူးမှာ ပေါက်တတ်တဲ့ whiteheads (ဝက်ခြံပုန်း) တွေအကြောင်း သိချင် နေသည်ဖြစ်စေ ဒီမှာသင်သိသင့်တဲ့ အချက် ၆ ချက်ကို ဖော်ပြပေးထားပါတယ်။ ဘယ်သူတွေက ဝက်ခြံပေါက်နိုင်ခြေပိုများသလဲ။ ဝက်ခြံတွေဟာ သင့်အသားအရေမှာရှိတဲ့ အဆီဂလင်းတွေဟာ ပိုလျှံနေတဲ့အဆီတွေ ဆဲလ်သေတွေနဲ့ အညစ်အကြေးတွေ ပိတ်ဆို့နေတဲ့အခါ ဖြစ်တတ်ပါတယ်။ ဘက်တီးရီးယားတွေ ဝင်သွားတာနဲ့ ချွေးပေါက်တွေ မွေးညှင်းပေါက်တွေဟာ ရောင်ရမ်းလာပြီး ဝက်ခြံ စဖြစ်ပါတော့တယ်။ လူအများစုက ဝက်ခြံတွေဟာ ဆယ်ကျော်သက်တွေမှာပဲ […]


ဝက်ခြံ

ဆယ်ကျော်သက်အရွယ် ဝက်ခြံတွေကို တိုက်ထုတ်ဖို့ အဆင့်၆ဆင့်

ဆယ်ကျော်သက်အရွယ် ဝက်ခြံတွေကို တိုက်ထုတ်ဖို့ အဆင့်၆ဆင့် အောက်မှာဖော်ပြထားတဲ့ အဆင့်တွေက သင်အပါအဝင် ဆယ်ကျော်သက်တွေအားလုံး သိထားသင့်တဲ့ အသားအရေကို ဖြူစင်ကြည်လင်စေတဲ့ နည်းတွေဖြစ်ပါတယ်။ သင်ထင်ထားတာထက် အများကြီး လွယ်ကူ အဆင်ပြေတာကို တွေ့ရ ပါလိမ့်မယ်။ အဆင့် ၁။ ။ အရမ်းကြီး မပြင်းတဲ့.မျက်နှာသစ်ဆေးတွေကိုပဲ အသုံးပြုပါ။ နီရဲရောင်ရမ်းတာတွေကို လျှော့ချပေးပြီး အသားအရေကို ပြန်လည်ကောင်းမွန်စေဖို့နဲ့ အဆီပြန်တာကို ထိန်းသိမ်းထားဖို့အတွက်ဆိုရင် မျက်နှာကို မျက်နှာသစ်ဆေး အပျော့စားနဲ့ တနေ့ကို နှစ်ကြိမ် သစ်ပေးပါ။ ကိုယ်တိုက်ဆပ်ပြာတွေ၊ မျက်နှာသစ် ဆပ်ပြာတုံးတွေဟာ အသားအရေကို အလွန်အမင်း ခြောက်သွေ့စေရုံသာမက ချွေးပေါက်တွေကိုလည်း ပိတ်စေတာမို့ သူတို့ကို မျက်နှာသစ်ဖို့အတွက် မသုံးသင့်ပါဘူး။ ခပ်ပြင်းပြင်း မျက်နှာသစ် ဆေးတွေကိုလည်း ရှောင်ကျဉ်သင့်ပါတယ်။ ဝက်ခြံဆိုတာ ကြမ်းကြမ်း ပွတ်တိုက်ပစ်ရုံနဲ့ ပျောက်သွား တတ်တာမျိုး မဟုတ်ပါဘူး။ အဆင့် ၂.။ […]


ဝက်ခြံ

ဝက်ခြံတွေကိုကာကွယ်ပေးမယ့်အဆင့်ရှစ်ဆင့်

ဝက်ခြံတွေကိုကာကွယ်ပေးမယ့်အဆင့်ရှစ်ဆင့် သင့်မှာ ဝက်ခြံတွေထွက်နေပြီဆိုရင် ဘယ်လောက်တောင် စိတ်အနှောင့်အယှက် ဖြစ်ရလဲဆိုတာ သင်အသိဆုံးပါ။ သာယာလှတဲ့ မနက်ခင်းလေးမှာ သင်နိုးလာမယ်၊ ငှက်ကလေးတွေကလည်း ကျီကျီကျာကျာ တေးသီလို့ သင်ကြည်နူးနေတုန်းမှာပဲ မျက်နှာကို အမှတ်မထင် စမ်းကြည့်မိလိုက်တဲ့အခါ ဝက်ခြံတွေထွက်နေတာကို သိလိုက်ရတယ်ဆိုရင်အတော်ကို စိတ်ပျက်စရာကောင်းမယ်ဆိုတာ တွေးကြည့်ဖို့တောင်မလိုပါဘူး။ ဝက်ခြံတွေ မျက်နှာပေါ်ရောက်မလာခင် စောစောစီးစီး ကြိုတင်ကာကွယ်လို့ ရမယ်ဆိုရင်ကော ဘယ်လိုလဲ။ အောက်မှာ ဖော်ပြမယ့် အချက်လေးတွေကို ဂရုတစိုက် လိုက်နာမယ်ဆိုရင် ဝက်ခြံတွေကို ကာကွယ်ပြီးသား ဖြစ်သွားမှာပါ။ မျက်နှာသစ်ပါ။ တစ်နေ့နှစ်ခါ မျက်နှာသစ်ပါ။ မိတ်ကပ်ဖျက်ဖို့လည်း မမေ့ပါနဲ့။ ကိုယ့်အသားအရေနဲ့ လိုက်ဖက်တဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်ပါ (အဆီပြန်တတ်တဲ့သူဆိုရင် ဂျယ်လ်အမျိုးအစား၊ အသားအရေခြောက်သွေ့တတ်တဲ့ သူဆိုရင် ခရင်မ်အမျိုးအစားစသဖြင့်ပေါ့)။ မျက်နှာကို စနစ်တကျ သစ်ပေးခြင်းအားဖြင့် မျက်နှာမှာရှိတဲ့ ချွေးပေါက်တွေကို ပိတ်ဆို့စေမယ့် အညစ်အကြေးတွေ၊ ဂျီးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ တကယ်လို့ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်