အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen

နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် နေလောင်တာ၊ အရေပြားတွေ ပျက်စီးတာကိုတော့ သိထားကြမှာပါ။ နောက်ထပ် ပိုအရေးကြီးတဲ့အချက်က နေရောင်ခြည်မှာပါတဲ့ UVလှိုင်းတွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ အရေပြားကင်ဆာဖြစ်စေတဲ့ အချက်တွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးက ပါနေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို ကာကွယ်တာက အရေပြားကင်ဆာကို ကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Sunscreenတွေက အရေးကြီးလာပါပြီ။ Sunscreenတွေက နေရောင်ခြည်က UVလှိုင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် Sunscreenတွေကို ပုံမှန်လိမ်းတာက အရေပြားကင်ဆာကို ကာကွယ်နည်းတစ်မျိုးပါပဲ။ Sunscreenလိမ်းတာအပြင် နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်ဆောင်းမယ်၊ အဝတ်အစားကို လုံလုံခြုံခြုံဝတ်မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေက တော်တော်ကြီး နည်းသွားမှာ ဖြစ်ပါတယ်။ အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen Sunscreenနဲ့ ပတ်သက်လာရင် သိထားဖို့လိုတဲ့ ‘W’ ၅လုံး ရှိပါတယ်။ WHO (ဘယ်သူတွေ လိမ်းဖို့လိုသလဲ) နေရောင်တဲ့ထိတွေ့တဲ့ ဘယ်သူမဆို […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

ဝက်ခြံ

ဝက်ခြံကုသခြင်း

ဝက်ခြံတွေဟာမပျောက်ကင်းနိုင်ပါဘူး။ ဒါပေမဲ့ ကုသမှုနဲ့ ထိန်းချုပ်လို့တော့ရပါတယ်။ အရေပြားထိန်းသိမ်းမှု တွေပြုလုပ်တာ၊ သို့မဟုတ်၊ အဆီထုတ်လုပ်ခြင်းကိုကာကွယ်ပေးတဲ့ ကုသမှုတွေ၊ ဘက်တီးရီးယားတွေတိုးပွားလာခြင်းကိုကန့်သတ်ပေးနိုင်တဲ့ ကုသမှုတွေ၊ အရေပြားဆဲလ်တွေကိုဖယ်ရှားခြင်းနဲ့ ချွေးပေါက်တွေမပိတ်အောင်လုပ်ပေးခြင်းနည်းတွေကိုသုံးပြီး အစက်ပြောက်တွေ လျှော့ချဖို့ (သို့) ရှင်းလင်းသွားဖို့က ဝက်ခြံကုသခြင်း ရဲ့ ရည်ရွယ်ချက်ပါ။ အချို့သော ဝက်ခြံကုသခြင်းနည်းတွေဟာ ဆရာဝန်တွေရဲ့ညွှန်ကြားချက်အတိုင်းမဟုတ်တဲ့ ဆေးဆိုင်ကပေးတဲ့နည်းလမ်းတွေ ( OTC )ဖြစ်နေနိုင်ပြီးအချို့ကတော့ ဆရာဝန်တွေနဲ့ အရေပြားအထူးကုတွေရဲ့ညွှန်ကြားချက်အတိုင်းကုသတဲ့နည်းလမ်းတွေဖြစ်ပါတယ်။ Benzoyl Peroxide နဲ့ Salicylic acid တွေက ဝက်ခြံကုသခြင်းရဲ့ အသုံးအများဆုံးနည်းလမ်းတွေထဲမှာ ပါဝင်ပါတယ်။ Benzoyl Peroxide နဲ့ Salicylic acid နှစ်မျိုးလုံးဟာ ဝက်ခြံကိုအကောင်းဆုံးတိုက်ဖျက်ပေးနိုင်တဲ့ အရာတွေဖြစ်ပြီးဈေးကွက်ထဲမှာတော့ သက်ရောက်မှုအရှိဆုံးကုသမှုအဖြစ်ရပ်တည်နေပါတယ်။ ဝက်ခြံကုသပေးတဲ့ ဆေးဆိုင်အများစုမှာ ဒီ၂မျိုးထဲက တစ်မျိုးမဟုတ် တစ်မျိုးရှိကိုရှိပါတယ်။ ဒါပေမဲ့ သင်ဖြစ်နေတဲ့ ဝက်ခြံကိုဘယ်တစ်မျိုးကပျောက်ကင်းစေနိုင်တာလဲဆိုတာကိုရှင်းရှင်းလင်းလင်းပြောဖို့တော့ မဖြစ်နိုင်ပါဘူး။ တကယ်လို့သင်သုံးလိုက်တဲ့ တစ်မျိုးကမှားနေတယ်ဆိုရင်တော့ သင့်အခြေအနေကိုတကယ်ကိုပိုဆိုးသွားစေမှာပါ။ Benzoyl […]


ဝက်ခြံ

ဝက်ခြံအမာရွတ်တွေအတွက် အကောင်းဆုံးအိမ်တွင်းဆေးဝါးများ

ဝက်ခြံအမာရွတ်တွေအတွက် အိမ်တွင်းဆေးဝါးတွေမှာ ရေခဲ၊ ခရမ်းချဉ်သီး၊ သခွားသီး၊ ကြက်ဥ၊ နနွင်း၊ ရှားစောင်းလက်ပတ်၊ ပန်းသီးရှာလကာရည်၊ သံပုရာရည်၊ ပျားရည်၊ ရေ၊ လာဗင်ဒါဆီနဲ့ အခြားသော ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေကို အသုံးပြုတာတွေပါဝင်ပါတယ်။ ဝက်ခြံအမာရွတ်တွေအတွက် အသုံးပြုတဲ့ အိမ်တွင်းဆေးဝါးတွေဟာ Infection (ပိုးဝင်ခြင်း) ပြင်းပြင်းထန်ထန်ဝင်ခြင်း သို့မဟုတ် ဝက်ခြံတွေကို ညှစ်ခြင်း၊ ကုတ်ခြင်း နဲ့ အနာတရဖြစ်စေခြင်းတွေအတွက် အသုံးဝင်ပါတယ်။ အမာရွတ် အသေးစားတွေကတော့ သူ့ဖာသာ ပျောက်သွားနိုင်ပြီး ထင်ရှားတဲ့အမာရွတ်တွေကတော့ တစ်ဘဝလုံးစာ ကျန်ရစ်နေမှာပါ။ အပျော့စား အမာရွတ်တွေကိုတော့ အိမ်မှာအသုံးပြုနေကျသဘာဝပစ္စည်းတွေနဲ့ အန္တရာယ်ကင်းကင်း ကုသ ပျောက်ကင်းစေနိုင်ပါတယ်။ ဝက်ခြံတွေဟာ ချွေးပေါက်ပိတ်ခြင်းနဲ့ ဒဏ်ရာအနာတရတွေ ရုတ်တရက် ဖြစ်ပွားခြင်းတွေကြောင့် ဖြစ်တတ်ပါတယ်။ ဝက်ခြံရှိခြင်းဟာ ဆယ်ကျော်သက် အရွယ်ကနေ အရွယ်ရောက်ပြီးသည်အထိ ရှက်စရာကောင်းပြီး သင့်ကိုယ်သင် ရုပ်ဆိုးတယ်လို့ ခံစားနေရစေနိုင်ပါတယ်။ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ခြောက်သွေ့သော ဆံသားများအတွက် အကောင်းဆုံး မီးဖိုချောင်သုံးပစ္စည်းများ

ခြောက်သွေ့သော ဆံသားများအတွက် အကောင်းဆုံး မီးဖိုချောင်သုံးပစ္စည်းများ ကျန်းမာသန်စွမ်းပုံမပေါက်ဘဲ မွဲခြောက်ခြောက်ဖြစ်နေသည့်အပြင် ခြောက်သွေ့တဲ့ဆံပင်တွေဟာ ဆံပင်ကျွတ်ခြင်းနဲ့ ဗောက်ထခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် ခြောက်သွေ့နေတဲ့ဆံပင်ရှိရင် အမြန်ဆုံးထိန်းသိမ်းသင့်တာပေါ့။ ဆံပင်တွေရဲ့ အပြင်လွှာတွေဟာ လုံလောက်တဲ့အစိုဓါတ်ကို မထိန်းသိမ်းနိုင် မစုပ်ယူနိုင်တော့တဲ့အခါမှာ ဆံပင်တွေ ခြောက်လာပါတယ်။ ရလဒ် အနေနဲ့တော့ ကြွပ်ဆတ်ပြီး စွမ်းအားမရှိတဲ့ပုံ ပေါက်လာတော့တာပါပဲ။ ဒါကလည်း ဖျားနာခြင်း၊ အာဟာရ လိုအပ်ခြင်း ပြင်းထန်တဲ့ ဆံပင်အလှကုန် တွေသုံးစွဲခြင်း ၊ ခေါင်းလျှော်များခြင်း၊ ကလိုရင်း ပါတဲ့ ရေနဲ့အထိအတွေ့များခြင်းနဲ့ အပူပေးထားတဲ့ ဆံပင်ပုံဖော်ကိရိယာတွေ အသုံးများခြင်း သို့မဟုတ် ဆံပင်ဆေးဆိုးခြင်း စတဲ့ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ သင့်ဆံပင်ကို ကောင်းကောင်းဂရုစိုက်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားတာ၊ သင့်ဆံပင်အမျိုးအစားအတွက် သင့်လျော်ကောင်းမွန်တဲ့ ဆံပင်အလှကုန် တွေသုံးတာ နဲ့ ဆေးဆိုင်တွေမှာဝယ်လို့ရတဲ့ ပျော့ဆေးတွေကိုသုံးတာက သင့်ဆံပ င်ခြောက်သွေ့ခြင်းမှ […]


ဝက်ခြံ

ခြောက်သွေ့တဲ့အသားအရေက ဝက်ခြံဖြစ်စေနိုင်သလား

ခြောက်သွေ့တဲ့ အသားအရေက ဝက်ခြံဖြစ်စေနိုင်သလား။ လူတွေက ဝက်ခြံဆိုရင် အဆီပြန်တာနဲ့ တွဲမြင်နေလေ့ရှိပါတယ်။ ဒါပေမဲ့ ခြောက်သွေ့တဲ့ အသားအရေကလည်း ဝက်ခြံဖြစ်စေတဲ့ အကြောင်းရင်းဖြစ်နိုင်ပါသေးတယ်။ ဝက်ခြံတွေဟာ သင့်မွှေးညှင်းပေါက်တွေ ပိတ်တိုင်းမှာ ဖြစ်လေ့ ရှိပါတယ်။ အဆီက ဖြစ်လေ့ဖြစ်ထရှိတဲ့ တရားခံပေမဲ့လည်းဆဲလ်သေတွေ ၊ အလှကုန်တွေ အညစ်အကြေးတွေနဲ့ ဘက်တီးရီးယားတွေကလည်း သင့်ချွေးပေါက်တွေကိုပိတ်စေပြီး ဝက်ခြံတွေအစုလိုက်ဖြစ်စေတဲ့ အကြောင်းရင်းတွေပါပဲ။ ခြောက်သွေ့တဲ့ အသားဆိုတာက များသောအားဖြင့် ပျက်စီးနေတဲ့အသားအရေကို ဆိုလိုပါတယ်။ သင့်အရေပြားဟာ နာကျင်နိုင်ဖွယ်ရှိတဲ့ အခြေအနေတွေ (ဘက်တီးရီးယား၊ ဗိုင်းရပ်စ် နဲ့ မှိုတွေကဲ့သို့သော)ကို မဖြစ်စေဖို့နဲ့ ဆဲလ်တွေရဲ့ ဖြစ်ပျက်မှုတွေကို ပုံမှန်ဖြစ်နေအောင် ထိန်းသိမ်းဖို့အတွက် Lipid layer ပေါ်မှာမှီခိုနေရပါတယ်။ သင့်အရေပြား ခြောက်သွေ့လာပြီဆိုရင် အထက်ပါအရာတွေကိုလုပ်ဆောင်ဖို့ ကန့်သတ်ခံလိုက်ရပါပြီ။ အရေပြားပေါ်မှာ ဆဲလ်တွေစုပုံလာစေပြီး ဒါတွေက အလွယ်တကူ နာကျင် ရောင်ရမ်းစေပါတယ်။ […]


ဝက်ခြံ

ဝက်ခြံတွေကိုထိန်းချုပ်ဖို့ပြောင်းလဲသင့်တဲ့အနေအထိုင် ဆယ်ချက်

ဝက်ခြံတွေကိုချေမှုန်းဖို့ဆိုရာမှာ လိုးရှင်းတွေကို ထိုင်လိမ်းနေရုံနဲ့လည်း မပြီးသေးပါဘူး။ သင့်ရဲ့ နေ့စဉ်နေထိုင် သွားလာ စားသောက်မှုလေးတွေကို အနည်းငယ် ပြုပြင်ပြောင်းလဲလိုက်မယ်ဆိုရင်လည်း သိသိသာသာ အကျိုးရှိတာကို တွေ့မြင်ရမှာပါ။ အိပ်ရေးဝဝအိပ်ပါ။ ဖိအားတွေများတဲ့အခါမှာ ခန္ဓါကိုယ်ကနေပြီး glucocorticoid လို့ခေါ်တဲ့ စတီးရွိုက်ဟော်မုန်းတမျိုးကို ထုတ်ပေးပါတယ်။ ဒီဟော်မုန်းဟာ အရေပြားရဲ့တည်ဆောက်ပုံနဲ့ လုပ်ငန်းဆောင်တာတွေကို ဝင်ရောက်နှောင့်ယှက်တဲ့အတွက်ဝက်ခြံတွေကို ပိုဆိုးစေပါတယ်။ အိပ်ရေးဝဝအိပ်ပြီး မျက်နှာလှလှလေးပိုင်ဆိုင်ဖို့ဆိုရင် ညအိပ်တဲ့အခါ airconကို ၁၈ဒီဂရီကနေ ၂၂ဒီဂရီလောက် အတွင်းမှာထားပြီး အိပ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ အေးမြတဲ့ခန္ဓါကိုယ် အပူချိန်ကသင့်ကို အလွယ်တကူ အိပ်ပျော်သွားစေလို့ပါ။ အစားအသောက်ကိုစနစ်တကျမှန်မှန်ကန်ကန်စားပါ။ အချို့အစာအစာတွေဟာေ သွးထဲမှာရှိတဲ့သကြားဓါတ်ကို အလျင်အမြန်တက်စေပြီး နောက်ဆက်တွဲအနေနဲ့ အင်ဆူလင်ဟော်မုန်းတွေပါ အများအပြားထွက်ရှိလို့ လာပါလိမ့်မယ်။ သွေးထဲမှာ အင်ဆူလင်ဓါတ်များလာရင် မွေးညင်းပေါက်လေးတွေကို ပိတ်ဆို့စေတဲ့ ဆဲလ်တွေ ပိုပြီးများလာပါတယ်။ ဒါ့အပြင်အင်ဆူလင်ဟာ အဆီဂလင်းကိုလည်း အလုပ်ပိုလုပ်စေတဲ့အတွက် အဆီတွေပါ ပုံမှန်ထက်ပိုပြီးထွက်လာဦးမှာပါ။ ဒါကြောင့် သင့်အနေနဲ့ […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

အိမ်မှာ လက်သည်းသန့်စင်ခြင်း ကောင်းကောင်းပြုလုပ်နိုင်ရန်အတွက် အဆင့်၁၀ဆင့်

သင့်နေ့စဉ်လုပ်ငန်းဆောင်တာတွေရဲ့ ၅၀%ကို သင့်ခန္ဓါကိုယ်ရဲ့အခြားသော အစိတ်အပိုင်းတွေနဲ့စာရင် သင့်လက်တွေက ပိုပြီးလုပ်ဆောင် ပေးနေရတာပါ။ ဒီအသုံးများတဲ့ ခန္ဓါကိုယ် အစိတ်အပိုင်းလေးကို ဂရုစိုက်ဖို့ ကျွန်မတို့ ဘယ်လောက် စဉ်းစားပေးခဲ့ကြပါသလဲ။ အထူးသဖြင့် ကျွန်မတို့ အမျိုးသမီးတွေပေါ့။ သူတို့ဟာ ပန်းကန်ဆေးတာကစ ကြမ်းတိုက်တာ အဆုံးအိမ် အလုပ်တွေလုပ်ရင်း ကျွန်မတို့ရဲ့ လက်ချောင်းလေးတွေဟာ အသားအရေနဲ့ တည့်သည်ဖြစ်စေ မတည့်သည်ဖြစ်စေ chemical အမျိုးမျိုးနဲ့ ပုံမှန်နီးပါး ထိတွေ့နေကြရတာမဟုတ်လား။ သင့်ရဲ့ ပုံပန်းသဏ္ဍာန်ကို ဖော်ပြတဲ့ နေရာမှာ Manicure ကောင်းကောင်း လုပ်ထားခြင်းကလည်း တကယ်ကို အရေးပါပါတယ်။ ဒီနေရာမှာပဲ လက်သည်းတွေကို စွဲလမ်း တပ်မက်ခြင်း အစပြုတော့တာပါပဲ။ အောက်မှာဖော်ပြထားတဲ့ လက်သည်းနဲ့ လက်တွေအတွက် ရိုးရှင်းတဲ့ အလှအပဆိုင်ရာ နည်းလမ်းတွေက သင့်ရဲ့ပုံစံကို ပိုပြီးကြည့်ကောင်းလာစေရုံသာမက သင့်လက်သည်းတွေကို ကျန်းမာသန်စွမ်းတဲ့ ပုံစံလည်း ပေါက်စေပါတယ်။ သင်ကိုယ်တိုင် […]


အသားအရေ ထိန်းသိမ်းခြင်း

မျက်နှာသစ်တာနဲ့ပတ်သက်ပြီး လွဲမှားနေတဲ့ အမှားကြီး ၁၀ချက်

မျက်နှာသစ်တာနဲ့ပတ်သက်ပြီး လွဲမှားနေတဲ့ အမှားကြီး ၁၀ချက်   ၁။ မှားယွင်းတဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်မိခြင်း မှန်ကန်တဲ့ မျက်နှာသစ်ဆေးဟာ သင့်မျက်နှာမှာရှိတဲ့ အညစ်အကြေး၊မိတ်ကပ်တွေနဲ့ ဂျီးညှော်တွေကိုပဲ လုံးဝပြောင်စင် အောင် သန့်စင်ပေးတာဖြစ်ပြီး သင့်မျက်နှာမှာ သဘာဝအတိုင်းရှိရမယ့်အဆီ ဒါမှမဟုတ် အရေပြားဆဲလ် အကောင်း တွေကို တော့ မထိခိုက်စေရပါဘူး။ အဆိုပါအာနိသင်ရှိတဲ့ ကုန်ပစ္စည်းမျိုးကိုပဲ ရွေးချယ်သင့်တဲ့အပြင် မျက်နှာသစ်ဆေးဟာ အရမ်းမပျော့ သင့်သလို(မျက်နှာကို၂ခါလောက် ဆေးပစ်ဖို့လိုတဲ့ဟာမျိုး ဒါမှမဟုတ် လုံးဝပြောင်စင်သွားအောင် ခပ်ကြမ်းကြမ်း သစ်ပစ်ဖို့ လိုတဲ့ဟာမျိုး) အရမ်းလည်း မပြင်းသင့်ပါဘူး (အရမ်းပြင်းလွန်းရင်လည်း အရေပြားကို နီရဲပျက်ဆီးစေတဲ့အပြင် ရေခြောက်သွားရင်လည်း မျက်နှာက တင်းတင်းကြီးဖြစ်ပြီး ကျန်နေခဲ့ပါလိမ့်မယ်)   ၂။ မျက်နှာခဏခဏသစ်ခြင်း ယေဘုယျအားဖြင့် တနေ့ကို တကြိမ် ဒါမှမဟုတ် နှစ်ကြိမ်လောက် မျက်နှာသစ်တာဟာ လုံလောက်ပါတယ်။ ဒီထက် အကြိမ်ရေ ပိုများများသစ်မယ်ဆိုရင်တော့ အရေပြားကို ထိခိုက်စေတဲ့အပြင် […]


အခြားအရေပြားပြဿနာများ

Heloma (အသားမာတက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Heloma (အသားမာတက်ခြင်း) ကဘာလဲ။ အသားမာတက်ခြင်း ဆိုတာ အရေပြား ပေါ်ကထူထဲတဲ့ အလွှာတစ်ခုကိုခေါ်တာပါ။ အရေပြားက မတန်တဆဖိအားတစ်ခုကို အချိန်ကြာကြာ ခဏခဏခံရတဲ့အခါ ဖြစ်ပေါ်တတ်ပါတယ်။ အများအားဖြင့် သင့်ခြေနဲ့ လက်မှာဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ သေးငယ်ပေမယ့် နာကျင်မှုပေးနိုင်ပါတယ်။ Heloma (အသားမာတက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အသက်အရွယ်မရွေး ဖြစ်လေ့ရှိပါတယ်။ ဖြစ်ပွားနိုင်ချေ အခြေအနေတွေကို လျော့ချခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ အခြားအချက်အလက်များသိလိုပါက ဆရာဝန်နှင့်ဆွေးနွေးပါ။ လက္ခဏာများHeloma (အသားမာတက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ လက္ခဏာအများစုကတော့ • ထူထဲလာတဲ့ အရေပြားအလွှာ • မာကျောလာတဲ့အဖုအကျိတ် • အရေပြားအောက်မှာ နာတာတာ၊ မာကျောကျောဖြစ်နေတာ • ခြောက်သွေ့နေတဲ့ အရေပြား စတာတွေဖြစ်ပါတယ်။ စာရင်းထဲမပါဝင်တဲ့ လက္ခဏာတွေရှိနိုင်ပါတယ်။ ရောဂါလက္ခဏာနဲ့ပတ်သက်ပြီးသင့်မှာ စိုးရိမ်ပူပန်မှုတွေရှိနေပါက ဆရာဝန်နှင့်တိုင်ပင်ပါ။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အသားမာနေရာက နာတာတွေ ရောင်တာတွေ ဖြစ်တယ်ဆိုရင် ပြသသင့်ပါတယ်။ တကယ်လို့ သင့်မှာဆီးချိုရှိပြီး အသားမာလည်း တက်မယ်ဆိုရင် မြန်မြန်ပြသင့်ပါတယ်။ မလိုလားအပ်တဲ့ အခြားပြသနာတွေ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

Dandruff (ဗောက်ထခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Dandruff (ဗောက်ထခြင်း) ကဘာလဲ။ ဗောက်ဆိုတာ ကြာရှည် ဦးရေပြားပေါ်မှာ ဖြစ်လေ့ရှိတဲ့ ဦးရေပြားဆဲလ်အသေလေးတွေ အချပ်လိုက်ဖြစ်နေခြင်းကို ခေါ်ပါတယ်။ သည်ဗောက်ဖတ်တွေဟာ သင့်ပခုံးပေါ်တောင် ကျလာနိုင်ပြီး တစ်ခါတစ်ရံ ခြောက်သွေ့ယားယံခြင်းကို ခံစားရနိုင်ပါတယ်။ Dandruff (ဗောက်ထခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ် လက္ခဏာများDandruff (ဗောက်ထခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ဗောက်ရောဂါ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ မြင်လွယ်သိလွယ်ပါတယ်။ အဖြူရောင်ချောကျိကျိ အရေပြားဆဲလ်သေ အချပ်တွေဟာ သင့်ဆံပင်နဲ့ ပခုံးပေါ်မှာ တွေ့ရမှာဖြစ်ပါတယ်။ အပူလှုံခြင်းဟာအရေပြားကို ခြောက်သွေ့စေတဲ့အတွက် မိုးတွင်းနဲ့ ဆောင်းရာသီမှာ ပိုဆိုးလာနိုင်ပါတယ်။ နွေရာသီရောက်ရင် ပြန်ကောင်းလာမှာဖြစ်ပါတယ်။ Cradle cap လို့ခေါ်တဲ့ အဆီဂလင်းလေးတေရောင်ပြီး ဖြစ်တဲ့ ဗောက်ရောဂါဟာ ကလေးတွေမှာ အဖြစ်များပါတယ်။ မွေးကင်းစကလေးတွေမှာ […]


အခြားအရေပြားပြဿနာများ

Systemic Lupus Erythematosus (အရေပြားလေးဖက်နာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Systemic Lupus Erythematosus (အရေပြားလေးဖက်နာ) ကဘာလဲ။ Systemich lupus erythematosus (SLE) ဆိုသည်မှာ connective tissues များကိုရောင်ရမ်းစေပြီး ကိုယ်အင်္ဂါအများအပြားကို ထိခိုက်စေသောရောဂါဖြစ်ပါသည်။ SLE သည် ခုခံအားစနစ်၌ပြဿနာရှိနေပြီး ကိုယ်ခန္ဓါအတွင်းအင်္ဂါများကို တိုက်ခိုက်သည့်အခါ ဖြစ်ပေါ်လာသောရောဂါဖြစ်သည်။ အဆစ်များ၊ အရေပြား၊ အဆုတ်၊ နှလုံး၊ သွေးကြောများ၊ ကျောက်ကပ်၊ အာရုံကြောစနစ်နှင့် သွေးဆဲလ်များကို ထိခိုက်နိုင်၏။ SLE သည် သွေးကြောများကိုကျဉ်းသွားစေသည့် Raynaud ဖြစ်စဉ်ကိုဖြစ်စေနိုင်ပြီး လက်ချောင်းများ၊ ခြေချောင်းများ၊ နားရွက်များနှင့် နှာခေါင်းတို့ အရောင်ပြောင်းပြီး နာကျင်ခြင်းကိုဖြစ်ပေါ်စေသည်။ Systemic Lupus Erythematosus (အရေပြားလေးဖက်နာ) က ဘယ်လောက် အဖြစ်များသလဲ SLE သည် လူ ၂၀၀၀ တွင်တစ်ယောက်နှုန်းဖြစ်နေပြီး မိန်းမများကယောက်ျားများထက် ၅ ဆပိုဖြစ်နိုင်သည်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်စဉ်နှင့် ရာသီလာစဉ်တွင် […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း