backup og meta

ကိုယ့်အိမ်မှာပဲခြေသည်းလက်သည်းကိုအလှဆုံးပုံဖော်နိုင်ဖို့အဆင့်၇ဆင့်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 23/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ့်အိမ်မှာပဲခြေသည်းလက်သည်းကိုအလှဆုံးပုံဖော်နိုင်ဖို့အဆင့်၇ဆင့်

    ကိုယ့်အိမ်မှာပဲခြေသည်းလက်သည်းကိုအလှဆုံးပုံဖော်နိုင်ဖို့အဆင့်၇ဆင့်

    ဆိုင်မှာခြေသည်းလက်သည်းညှပ်ရတာပုံဖော်ရတာဟာအလှအပအတွက်အရေးကြီးသလိုပျော်ဖို့လည်းကောင်းပါတယ်။ ဒါပေမယ့်ဆိုင်သွားဖို့အချိန်ဒါမှမဟုတ်ပိုက်ဆံကသင့်ဆီမှာအမြဲတမ်းရှိချင်မှရှိနေမှာပါ။ ဒီလိုအခြေအနေမျိုးနဲ့ရင်ဆိုင်ရပြီဆိုရင်သင့်ဆီမှာပစ္စည်းကိရိယာလေးတွေစုံစုံလင်လင်ရှိရုံနဲ့ဆိုင်သွားစရာမလိုဘဲကိုယ့်ဖာသာအိမ်မှာခြေသည်းလက်သည်းအလှဆင်နိုင်ပါပြီ။

    လိုအပ်တဲ့ပစ္စည်းကိရိယာလေးတွေက

    • acetone ဓါတ်မပါတဲ့လက်သည်းဖျက်ဆေးနဲ့ဂွမ်းလုံးလေးတွေ
    • လက်သည်းခြေသည်းပုံဖော်တဲ့ကိရိယာလေး (nail file)
    • ဖော့တုံးလေးတွေ
    • လက်ကိုဂျီးချွတ်ဖို့သကြားနဲ့လုပ်ထားတဲ့ scrub
    • လက်သည်းပြင်ရာမှာသုံးတဲ့သွားကြားထိုးတံအရွယ်တုတ်ချောင်းလေးတွေ (Orangewood stick)
    • Moisturizer
    • လက်သည်းခွံတဝိုက်ကိုအစိုဓါတ်ပေးဖို့သုံးတဲ့အဆီလေးတမျိုး(cuticle oil လို့ခေါ်တယ်၊ လက်သည်းနီလိုပဲ ပုလင်းသေးသေးလေးနဲ့)
    • လက်သည်းဆိုးဆေးလေးတွေ (အောက်ခံ၊အရောင်၊အပေါ်လွှာ)

    အဆင့်၁။ ။ အရင်ဆိုးထားတဲ့ လက်သည်းဆိုးဆေးတွေကို အရင်ဖျက်ပါ။

    ပထမဆုံးအဆင့်အနေနဲ့acetoneမပါဝင်တဲ့လက်သည်းဖျက်ဆေးကိုသုံးပြီးလက်သည်းဆိုးဆေးအဟောင်းတွေကိုဖယ်ရှားပစ်ပါ(acetoneကအရမ်းပြင်းပါတယ်)။ ပြီးရင်လက်သည်းညှပ်နဲ့ပုံဖော်ကိရိယာလေး(nail file) ကို သုံးပြီး လက်သည်းကို လိုချင်တဲ့ပုံစံနဲ့ အရှည်ဖြစ်အောင်ပုံဖော်ပါ။ ဒီနေရာမှာ ပြောစရာရှိတာက သင့်ရဲ့နူးညံ့လှတဲ့ လက်သည်းလေးတွေကို အကောင်းဆုံးပုံဖော်နိုင်ဖို့နဲ့ အောက်ကခံထားတဲ့ ဘုတ်ပြားကိုမထိခိုက်စေဖို့ ဖန်နဲ့လုပ်ထားတဲ့ပုံဖော်ကိရိယာကို သုံးသင့်ပါတယ်။ အဲ့ဒီနောက်မှာဖော့တုံးလေးတွေကိုသုံးပြီး လက်သည်းခွံလေးတွေကို ပြောင်ချောသွားအောင် လုပ်ပေးရပါမယ်။ ပိုပြီးတောက်ပြောင်စေဖို့အတွက် ပိုနူးညံ့ညီညာတဲ့ ဖော့တုံးလေးကိုသုံးပြီးထပ်လုပ်နိုင်ပါတယ်။

    အဆင့်၂။ ။ ခြေ၊လက်တွေကိုရေထဲမှာစိမ်ပြီးဂျီးချွတ်ပါ။

    လက်တွေကိုရေထဲမှာ၂မိနစ်၃မိနစ်လောက် ၊ခြေထောက်ဆိုရင် ၅မိနစ်လောက်စိမ်ထားပါ။ အခုဆိုရင် ဂျီးချွတ်ချိန်ရောက်ပါပြီ။ အိမ်မှာအလွယ်တကူရနိုင်တဲ့ သကြားစားပွဲတင်ဇွန်း တစ်ဇွန်းစာကို ကလေးတွေကိုယ်လိမ်းတဲ့ baby oil gel စားပွဲတင်ဇွန်းတဇွန်းနဲ့ ရောသမပြီး ခြောက်သွေ့နေတဲ့ ဆဲလ်အသေတွေကို တိုက်ချွတ်ဖယ်ရှားပစ်ပါ။ ဒီလိုလုပ်ပေးခြင်းအားဖြင့် အနံ့လေးလည်းမွှေးသွားတဲ့အပြင် အရေပြားဟာ ပိုးသားလေးလိုနူးညံ့တောက်ပသွားမှာပါ။ ပြီးရင်တော့ ရေပြန်ဆေးပြီး ခြောက်အောင်သုတ်ရပါမယ်။

    အဆင့်၃။ ။ လက်သည်းခြေသည်း အောက်ခြေက အရေပြားပါးပါးလေးတွေကို (ခြေပန်းကုံး၊လက်ပန်းကုံးလို့လည်းခေါ်တယ်) ဂရုစိုက်ပါ။

    အဲ့ဒီအရေပြားပါးပါးလေးတွေကို အဆီအနည်းငယ် ပွတ်ပေးခြင်းအားဖြင့် နူညံ့လာအောင်လုပ်ပါ။ အခုဆိုရင် ခြေပန်းကုံး၊ လက်ပန်းကုံးလေးတွေဟာနူးညံ့အိစက်နေပါပြီ။ ဒီအချိန်မှာပိုပြီးလှပသွားစေဖို့အတွက်တုတ်ချောင်းလေးတွေ(orangewood stick) နဲ့အသာအယာလိုက်ဖိပေးရပါမယ်။ လက်သည်းခွံအောက်က အညစ်အကြေးလေးတွေကို ဖယ်ထုတ်ဖို့လည်း ဒီတုတ်ချောင်းလေးတွေကို သုံးနိုင်ပါတယ်။ ကဲအခု တကယ်ပျော်ဖို့ကောင်းတဲ့အပိုင်းကို ရောက်လာပါပြီ။ မာဆတ် လုပ်ကြမယ် ။ နှိပ်နယ်ကြမယ်လေ။ ဗီတာမင်များများပါတဲ့ moisturizer တစ်မျိုးမျိုးကိုယူပြီး အောက်ခြေ အရေပြား လေး တွေပေါ်ကို အသာအယာ သုတ်ပေးပါ။ လက်တင်မကဖူးနော် ဖနောင့်တို့ ၊ခြေဖဝါးတို့ ၊ခြေပန်းကုံး တို့ကို လည်းနှိပ်နယ် ပေးဖို့မမေ့စေနဲ့ဦး။ ဟုတ်ပြီ။ နောက်တဆင့်ကိုမတက်ခင် acetone မပါတဲ့ လက်သည်း ဖျက်ဆေးလေးနဲ့ ခုနက လက်ပန်းကုံးလေးတွေမှာ သုတ်ထားတဲ့ အဆီလေးတွေနဲ့ moisturizer တွေကို ပြန်လိုက်ဖျက်ပေးပါ။ လက်သည်းဆိုးဆေး ကြာကြာခံဖို့အဓိကသော့ချက်က သန့်ရှင်းနေတဲ့ လက်သည်းလေးတွေ ဆိုတာလည်း မမေ့နဲ့ဦးနော်။

    အဆင့်၄။ ။ အောက်ခံဆေးဆိုးဖို့ မမေ့စေနဲ့။

    လက်သည်းခွံ မျက်နှာပြင်လေး ပိုပြီးညီညီညာညာရှိဖို့အတွက် အောက်ခံဆေး အရင်ဆိုးပေးဖို့မမေ့နဲ့နော်။ ပါးပါးလေး တစ်လွှာဆိုးရင်လုံလောက်ပါတယ်။

    အဆင့်၅။ ။ ကြိုက်ရာအရောင်ရွေးပြီး လက်သည်းဆိုးပေတော့။

    လက်သည်းဆိုးတဲ့အခါ ခပ်ပါးပါးနှစ်လွှာဆွဲပါ။ တစ်လွှာဆွဲပြီး ခြောက်ပြီဆိုတော့မှ နောက်တစ်လွှာထပ်ဆွဲပါ။ ဆိုင်က တကယ့်ကျွမ်းကျင်သူတွေလုပ်သလို လုပ်ဖို့ဆိုရင် (ဒါကအရေးအကြီးဆုံးပဲ ဟုတ်တယ်မလား) လက်သည်းဆိုးဆေးကို ဆွဲတဲ့အခါလက်သည်း အလည်ခေါင်တည့်တည့်မှာ အပေါ်ကနေအောက်ကို အရင်ဆွဲချပါ ။ ပြီးတော့မှ ဘေးဘယ်ညာနှစ်ဖက်ကိုလည်း ခုနကလိုထပ်ပြီးဆွဲချရပါမယ်။ အဓိကအချက်က လက်သည်းဆိုးဆေးဆိုးတဲ့အခါ အလွှာလေးတွေကို တတ်နိုင်သမျှ ပါးပါးလေးဆွဲရပါမယ်။ ဒီလိုပါးပါးလေးဆွဲခြင်းအားဖြင့် ကြာကြာလည်းခံသလို မြန်မြန်လည်းခြောက်စေပါတယ်။

    အဆင့်၆။ ။ အရောင်တင်ပါ။

    အပေါ်လွှာတစ်ဆင့်ထပ်တင်တာဟာအရောင်ပိုတောက်ပအောင်လုပ်တယ်ဆိုတာထက်ပိုပါတယ်။ အပေါ်လွှာထပ်တင်လိုက်တဲ့အတွက်အောက်ကဆိုးခဲ့တဲ့အလွှာမှာနည်းနည်းမသေမသပ်မညီမညာတာမျိုးတွေရှိခဲ့ရင်လည်း ပြန်ညှိပြီးသားဖြစ်သွားလို့အဆင်ပြေလှပါတယ်။ အပေါ်လွှာအတွက်တော့တစ်ထပ်ဆွဲရင်ရပါပြီ။ နောက်ရက်တွေမှာလည်းအပေါ်လွှာလေးထပ်ထပ်တင်ပေးမယ်ဆိုရင်သင့်လက်သည်းနီ၊ခြေသည်းနီလေးက တစ်ပတ်တာလုံးသစ်လွင်လှပနေမှာပါ။

    အဆင့်၇။ ။ စိတ်အေးအေးထားပြီးနှပ်နေပါ။ ဘာကိုမှလျှောက်မကိုင်ပါနဲ့။

    ကဲလက်သည်းခြေသည်းတွေ အလှဆင်လို့တော့ပြီးပြီ။ အခုလုပ်ရမှာက ဘာမှမလုပ်ဖို့ပါပဲ။ နောက်ဆုံးပိတ် အိတ်နဲ့လွယ်ဖို့ ပြီးပြည့်စုံစွာ အဆုံးသတ်ဖို့ဆိုရင် လက်သည်းကိုခြောက်အောင် လုပ်ပေးတဲ့ အရည်လေးတွေကို လက်သည်းပေါ် သုံးလေးစက်လောက်ချပေးပါ။ ဒါက လုပ်ကိုလုပ်ရမယ်ရယ်တော့ မဟုတ်ပါဖူး။ သင့်သဘောပါ။ ဒါပေမယ့် ဒီလို အစက်လေးတွေချပေးလိုက်ရင် လက်သည်းက ခါတိုင်းထက် ပိုပြီးမြန်မြန်ခြောက်သွားမှာ ကတော့ အသေအချာပါပဲ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 23/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement
    advertisement iconadvertisement