backup og meta

ဝက်ခြံတွေကိုကာကွယ်ပေးမယ့်အဆင့်ရှစ်ဆင့်


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝက်ခြံတွေကိုကာကွယ်ပေးမယ့်အဆင့်ရှစ်ဆင့်

    ဝက်ခြံတွေကိုကာကွယ်ပေးမယ့်အဆင့်ရှစ်ဆင့်

    သင့်မှာ ဝက်ခြံတွေထွက်နေပြီဆိုရင် ဘယ်လောက်တောင် စိတ်အနှောင့်အယှက် ဖြစ်ရလဲဆိုတာ သင်အသိဆုံးပါ။ သာယာလှတဲ့ မနက်ခင်းလေးမှာ သင်နိုးလာမယ်၊ ငှက်ကလေးတွေကလည်း ကျီကျီကျာကျာ တေးသီလို့ သင်ကြည်နူးနေတုန်းမှာပဲ မျက်နှာကို အမှတ်မထင် စမ်းကြည့်မိလိုက်တဲ့အခါ ဝက်ခြံတွေထွက်နေတာကို သိလိုက်ရတယ်ဆိုရင်အတော်ကို စိတ်ပျက်စရာကောင်းမယ်ဆိုတာ တွေးကြည့်ဖို့တောင်မလိုပါဘူး။

    ဝက်ခြံတွေ မျက်နှာပေါ်ရောက်မလာခင် စောစောစီးစီး ကြိုတင်ကာကွယ်လို့ ရမယ်ဆိုရင်ကော ဘယ်လိုလဲ။ အောက်မှာ ဖော်ပြမယ့် အချက်လေးတွေကို ဂရုတစိုက် လိုက်နာမယ်ဆိုရင် ဝက်ခြံတွေကို ကာကွယ်ပြီးသား ဖြစ်သွားမှာပါ။

    မျက်နှာသစ်ပါ။

    တစ်နေ့နှစ်ခါ မျက်နှာသစ်ပါ။ မိတ်ကပ်ဖျက်ဖို့လည်း မမေ့ပါနဲ့။ ကိုယ့်အသားအရေနဲ့ လိုက်ဖက်တဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်ပါ (အဆီပြန်တတ်တဲ့သူဆိုရင် ဂျယ်လ်အမျိုးအစား၊ အသားအရေခြောက်သွေ့တတ်တဲ့ သူဆိုရင် ခရင်မ်အမျိုးအစားစသဖြင့်ပေါ့)။ မျက်နှာကို စနစ်တကျ သစ်ပေးခြင်းအားဖြင့် မျက်နှာမှာရှိတဲ့ ချွေးပေါက်တွေကို ပိတ်ဆို့စေမယ့် အညစ်အကြေးတွေ၊ ဂျီးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ဒီနေ့ အရမ်းပင်ပန်း လာတဲ့အတွက် အိပ်ယာထဲကထပြီး မျက်နှာသစ်ဖို့ အားအင်မရှိတော့ဖူးဆိုရင်တောင် မိတ်ကပ်ဖျက်တဲ့ တစ်ရှူးလေးတွေကို အိပ်ယာဘေးဆောင်ထားပြီး အနည်းဆုံးတော့တစ်ရှူးနဲ့ ပွတ်ကာမျက်နှာပေါ်ကဂျီးတွေနဲ့ အညစ်အကြေးတွေကို ဖယ်ရှား ပစ်သင့်ပါတယ်။ မျက်နှာမသစ်ဘဲဒီလိုမျိုး တစ်ရှူးလေးနဲ့ပဲ ပွတ်တာက ကောင်းတဲ့အကျင့်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် သင့်အနေနဲ့ အိပ်ယာက ဘယ်လိုမှမထနိုင်တော့ဘူးဆိုရင် ဘာမှမလုပ်တာထက်စာရင်တော့ တစ်ရှူးလေးနဲ့ ပွတ်ဖော်ရတာတော်ပါသေးတယ်။

    ပေါင်းတင်ပစ္စည်းသုံးပါ။

    နွေရာသီတွေမှာ ဆိုရင်နေရောင်နဲ့ ပိုပြီးထိတွေ့ရတဲ့အတွက် သင့်အသားအရေက ပိုပြီးခြောက်သွေ့ပါလိမ့်မယ်။ ဒါ့ကြောင့် မျက်နှာပေါ်ပါးပါးသုတ်လိမ်းပြီး ပြန်ခွာပစ်ရတဲ့ပေါင်းတင်ပစ္စည်းလေးတွေကိုသုံးရင်မမှားပါဘူး။Glycolic acid နဲ့ salicylic acid တို့ပါဝင်တဲ့ ပေါင်းတင်ပစ္စည်းတွေကို ဈေးကွက်ထဲမှာ ဈေးနှုန်အစားစားနဲ့ အလွယ်တကူဝယ်ယူနိုင်တဲ့ အတွက် အိမ်မှာ ကိုယ့်ဖာသာ အလွယ်တကူ ပေါင်းတင်နိုင်ပါတယ်။ ဒီပစ္စည်းလေးတွေဟာ မျက်နှာပေါ်က မွေးညင်း ပေါက်လေးတွေကို တင်းတင်းရင်းရင်းရှိစေတဲ့ အပြင်အသားအရေကိုလည်း ဝင်းလက်တောက်ပစေပါတယ်။

    နေလောင်ခံ ခရင်မ်ကို နေ့စဉ်သုံးပါ။

    နွေရာသီတွေမှာဆိုရင် SPF များများပါတဲ့နေလောင်ခံခရင်မ်တွေက ိုအသုံးပြုရပါမယ်။ နေရောင်ခြည်ပြင်းပြင်းဟာ အသားအရေကို အင်မတန်ဒုက္ခပေးနိုင်ပြီး တကယ်လို့ သင်ဟာအပေါ်က အချက်မှာပြောခဲ့သလို ပေါင်းတင်တာ မျိုးလုပ်ထားမယ် ဆိုရင်သင့်ရဲ့ လှပချောမွတ်တောက်ပတဲ့ မျက်နှာလေးကို အလွယ်တကူ မထိခိုက်ရလေအောင် နေလောင်ခံခရင်မ်ကို ကျိန်းသေပေါက်အသုံးပြုဖို့အကြံပေးချင်ပါတယ်။

    အသားအရေထိန်းသိမ်းတဲ့ အလှကုန်ပစ္စည်းတွေကို အချိန်မှန်မှန်အသုံးပြုပေးပါ။

    သင့်အရေပြားကလည်း နာရီကြည့်တတ်တယ်ဆိုရင် မအံ့ဩသွားပါနဲ့။ ထူးဆန်းကောင်းထူးဆန်းနေပေမယ့် ဒါအမှန်တရားပါ။ အရေပြားရဲ့ pH ကအချိန်နဲ့အမျှပြောင်းလဲနေပါတယ်။ နေ့ဖက်မှာဆိုရင်သင့်အရေပြားရဲ့ pH တန်ဖိုးက ၅.၃လောက်ရှိပါတယ် (ဘာလို့လဲဆိုတော့ microfloraလို့ခေါ်တဲ့ လူ့အရေပြားမှာသဘာဝအတိုင်းရှိနေတဲ့ ဘက်တီးရီးယားလေးတွေဟာနေ့အချိန်မှာအများဆုံး အလုပ်လုပ်ပါပြီး အရေပြားကလည်း နေပူဒါဏ်ကို ကာကွယ်ဖို့ အတွက် sebum လို့ခေါ်တဲ့အဆီဓါတ်တစ်မျိုးကိုထုတ်ပေးလို့ပါ)။ ဒီလိုအချိန်မျိုးမှာ နေလောင်ခံခရင်မ်ကို သုံးပေးခြင်းအားဖြင့် နေလောင်ဒါဏ်ကို ကာကွယ်ပေးရုံသာမက ခန္ဓါကိုယ်ကနေလည်း sebum တွေ အလွန်အကျွံ ထုတ်မပေးအောင် တားဆီးပေးနိုင်ပါတယ်။ ညဖက်ရောက်တဲ့အခါမှာတော့အရေပြားဆဲလ်အသစ်တွေတဖန်ပြန်ဖြစ်ပေါ်တဲ့အချိန်ဖြစ်ပြီးအရေပြားရဲ့ pH ဟာအနည်းငယ်ကျသွားကာ၄.၉လောက်ပဲရှိပါတော့တယ်။ ဒါ့ကြောင့်ညဖက်မှာအရေပြားဆဲလ်အသစ်တွေ ဖြစ်ပေါ်တာကိုအားပေးတဲ့ retinol ကိုအခြေခံတဲ့အလှကုန်ပစ္စည်းတွေကိုအသုံးပြုတာအကောင်းဆုံးပဲ ဖြစ်ပါတယ်။

    အစားအသောက်ကို မှန်ကန်မျှတစွာစားပါ။ ရေများများသောက်ပါ။ အစားအသောက်က အလွန်ပဲအရေးကြီးလှပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ အချိုတွေအစားများတဲ့ ကောလိပ်ကျောင်းသားတွေဟာ ဝက်ခြံပိုထွက်ကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ သင်အနေနဲ့ဝက်ခြံတွေ ခဏခဏထွက်လေ့ရှိတယ်ဆိုရင် အချိုတွေကိုအရမ်းမစားသင့်ပါဘူး ။ နို့ထွက်ပစ္စည်းတွေဟာလည်းဝက်ခြံထွက်စေတဲ့အတွက်သတိထားရပါမယ်။ တကယ်လို့သင်ဟာမနက်စာကို cereal အစေ့လေးတွေနဲ့နွားနို့သောက်လေ့ရှိတယ်ဆိုရင် ဗာဒံစေ့က တဆင့်ထုတ်လုပ်ထားတဲ့ နို့ကိုပြောင်းပြီး သောက်ကြည့် သင့်ပါတယ်။

    နောက်ထပ်အရေးကြီးတဲ့ အချက်က ကိုလာတို့လို အချိုရည်တွေသောက်မယ့်အစား သဘာဝဖျော်ရည်တွေကိုပဲ သောက်သင့်ပါတယ်။ သဘာဝဖျော်ရည်တွေဟာ အဟာရတန်ဖိုးမြင့်မားစွာပါဝင်ပြီး အယ်လ်ကာလိုင်းဓါတ်ကို အမြန်ဆုံးဖြည့်ပေးနိုင်ကာ ဈေးကွက်ထဲမှာလည်း စက္ကူဗူးလေးတွေအနေနဲ့ ဝယ်ယူရရှိနိုင်ပါတယ်။ ဂက်စ်ပါတဲ့အချိုရည်ဆိုရင် ဘယ်လိုအချိုရည်မျိုးကိုမဆို ရှောင်ပြီးရေကိုသာ တတ်နိုင်သမျှများများေ သာက်သင့်ပါတယ်။

    ဗီတာမင်အားဆေးတွေသောက်ပါ။

    ဗီတာမင် B3 နဲ့ကယ်လ်ဆီယမ်ဓါတ်တို့ဟာ ကျန်းမာရေးအတွက်ကော အသားအရေအတွက်ပါ အထူးအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်၊စိတ်ဖိစီးမှုတွေများလာရင် အသားအရေကို ထိခိုက်ပျက်စီးစေတဲ့ အက်စစ်ဓါတ်တွေခန္ဓါကိုယ်မှာ များပြားစုပုံလာပါတယ်။ ဗီတာမင် B3ဟာ ဗီတာမင်ဓါတ်ချို့တဲ့ခြင်းအတွက် အရမ်းအကျိုးရှိပြီး အရေပြားမှာရှိတဲ့ ဘက်တီးရီးယားတွေကိုပါထိန်းချုပ်ပေးတဲ့အတွက် ဝက်ခြံကုသရာမှာအရေးပါလှပါတယ် အသားအရေကို ကာကွယ်ပေးဖို့အရေပြားကထုတ်ပေးတဲ့ အချို့သောဓါတ်တွေအလုပ်လုပ်ဖို့အတွက်ဗီတာမင် B3လိုအပ်ပါတယ် ။ ဒါ့ကြောင့် သင့်မှာအသားအရေနဲ့ပတ်သက်တဲ့ ပြဿနာတစုံတရာရှိနေပြီဆိုရင် ဗီတာမင်Bကို ထိပ်ဆုံးမှာထားပြီး ရွေးချယ်သင့်ပါတယ်။

    အိပ်ယာခင်းပုံမှန်လဲပါ။

    အိပ်ယာခင်းတွေနဲ့ခေါင်းအုံးစွပ်၊ဖက်လုံးစွပ်တွေမှာ အရေပြားပေါ်က မွေးညင်းပေါက်တွေကို ပိတ်ဆို့စေတတ်တဲ့ အဆီတွေ ကပ်နေလေ့ရှိတဲ့အတွက် သူတို့ကိုမကြာခဏလဲလှယ်ပေးရပါမယ်။ တကယ်လို့ သင်အိပ်တဲ့အခါမှာ ပက်လက်လှန် အိပ်ပြီးဒူးအောက်မှာ ဖက်လုံး ဒါမှမဟုတ်ေ ခါင်းအုံးတစ်လုံး ထားအိပ်မယ်ဆိုရင် အိပ်နေတုန်းမှာ ဘေးဘယ်ညာကို သိပ်မစောင်းဖြစ်တော့ဘဲနိုးလာရင်လည်း ပက်လက်အနေအထားပဲ ရှိနေမှာဖြစ်တဲ့အတွက် အစွပ်တွေကိုလည်း မျက်နှာက အဆီတွေ သိပ်ပေမှာ မဟုတ်တော့ပါဘူး။

    စိတ်ဖိစီးမှုကိုတတ်နိုင်သမျှလျှော့ချပါ။

    ဒါဟာ အရမ်းအရေးကြီးပါတယ်။ စိတ်ဖိစီးမှုကိုလျှော့ချခြင်းအားဖြင့် စိတ်ဖိစီးရင် ခန္ဓါကိုယ်ကထွက်လာတတ်တဲ့ အက်စစ်တွေကိုလည်း ထိန်းချုပ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ အားကစားလုပ်တာ၊ တရားထိုင်တာ၊ ယောဂကျင့်တာတွေကို မိမိနှစ်သက်ရာလုပ်ပေးမယ်ဆိုရင ်စိတ်ဖိစီးမှုကို ကာကွယ်ပေးနိုင်တဲ့အတွက် စိတ်ဖိစီးမှုရဲ့နောက်ဆက်တွဲ ပြဿနာတွေကိုပါ ကြိုတင်ဖြေရှင်းပြီး ဖြစ်သွားပါပြီ။ အနည်းဆုံး ရပ်ကွက်ထဲလမ်းတစ်ပတ်လောက်တော့ ပတ်လျှောက်လိုက်ပါ။ စိတ်ဖိစီးမှုကို ရင်ဆိုင်ဖို့ဆိုရင် ခန္ဓါကိုယ်ကdopamineဆိုတဲ့ အရာလေးကိုထုတ်ပေးဖို့ အင်မတန် အရေးကြီးပြီး တရားထိုင်ခြင်းဟာ dopamine အများဆုံးထုတ်ပေးနိုင်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement